Friday, July 26, 2013

ဒေါ်စုအား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မီတီဝင် သတ်မှတ် ပေးသင့်ဟု RCSS ဆို

0 comments
ဇူလိုင်လ ၂၆ ရက်


                                    RCSS ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်


 မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် အတွင်းသို့ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင် လာသည်ကို ကြိုဆိုကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့မှ ပြောခွင့် ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

“ ဒေါ်အောင်ဆန်းစုကြည် ကို ကျနော်တို့လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ တွေ့ဆုံနိုင်ဖို့ အစိုးရဘက်က တရားဝင် ခန့်အပ် ပေးသင့်တယ်” ဟု ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ(MPC) မှ ကျင်းပသော မြန်မာ့ ငြိမ်းချမ်းရေး အခြေအနေ ဆွေးနွေးပွဲ အစည်းအဝေးသို့ တက်ရောက် ခဲ့သည်။

RCSS သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဖွဲ့ဝင် မဟုတ်ပေ။ သို့သော်လည်း RCSS နည်းတူ UNFC သည်လည်း မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထဲသို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြား တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များ ပါဝင်လာရန် လိုလားကြောင်း ဆိုခဲ့ပါသည်။

http://www.phophtawnews.org/burmese/index.php/news/internal-news/item/494-unfc.html

အစိုးရသည် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မြင့်တင်သည့် အစီအစဉ် တရပ် အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက် နေ့၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟို ကော်မီတီ အသစ်ကို နှတ်ထွက် ခဲ့သူများ နေရာတွင် အစားထိုး ပြင်ဆင် ဖွဲ့စည်း ခဲ့ပါသည်။ သို့သော် ယခင် ချမှတ်ခဲ့သော လမ်းညွှန်မူ (၈) ချက် အတိုင်း ဖြစ်ပြီး ပြောင်းလဲထားခြင်း မတွေ့ ရပေ။ http://www.president-office.gov.mm/issues/peace/id-3702

သို့သော် နည်းဗျူဟာများ ပြောင်းလဲ လာဖွယ် ရှိနေကြောင်း၊ အစိုးရသည် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းစဉ် ထဲသို့ ဒေါ်အောင်ဆန်းစုကြည်အား မိတ်ဆက် လာသော်လည်း ဗဟို ကော်မီတီ အဖွဲ့ဝင် ထဲသို့ ထည့်သွင်းခြင်း မရှိပေ။ ဤသို့ ကြောင့် အစိုးရသည် နည်းဗျူဟာ ပြောင်းသော်လည်း မဟာဗျူဟာ ပြောင်းလဲမှု မရှိသည်ကို ညွှန်ပြနေသည်ဟု UNFC က ရှုမြင် ပါသည်။

http://www.phophtawnews.org/burmese/index.php/news/internal-news/item/449-2013-07-02-10-12-38.html

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအ၀င် တိုင်းရင်းသား ပါတီမျာသည် အများအားဖြင့် (၂၀၀၈) အခြေခံ ဥပဒေကို လက်မခံကြပေ။ အစိုးရ ဖက်ကလည်း ပြုပြင် ပြောင်းလဲ ပေးရန်အတွက် ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲရေး ကော်မီတီကို လွှတ်တော်က ဖွဲ့ရတော့မည်ဟု ဆိုပါသည်။

တိုင်းရင်းသား များကမူ (၂၀၀၈) အခြေခံ ဥပဒေကို ပြုပြင် ပြောင်းလဲရေးထက် ဖက်ဒရယ် ပြည်ထောင်စုကို ရှေ့ရှုသည့် ဖွဲ့ စည်းပုံမျိုးကို ရေးဆွဲရန် လိုလားသဖြင့် အစိုးရနှင့် နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးသည့် အခါ တင်ပြရန် ပြင်ဆင်နေပါသည်။

အစိုးရသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဌ ဖြစ်လာတော့မည်။ ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း တည်ဆောက် ရပါမည်။ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက် ရာတွင် တိုင်းရင်းသား များကသာ ငြိမ်းချမ်းရေးကို တကယ် မလိုလား သူတွေအဖြစ် အပြစ်ပုံလိုသည့် အဖြစ်မျိုးထက် တကယ့် ငြိမ်းချမ်းရေး အစစ်အမှန်ကို တည်ဆောက် သင့်သည် ဟု တိုင်းရင်းသား နိုင်ငံရေး သမားများက ဆိုပါသည်။

Phophtaw News Association

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here