Monday, July 15, 2013

မြန်မာနိုင်ငံတွင် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသော သားငှက်တောရိုင်း တိရစ္ဆာန် မျိုးစိတ်ပေါင်း ၁၀၀ ကျော်ရှိ

0 comments

ဇူလိုင်လ ၁၅ ရက်


7.14.10
ရှားပါးမျိုးစိတ်ဖြစ်သော ရွှေသမင်များကို ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်း၌ ထိန်းသိမ်းထားသည်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသော သားငှက်တောရိုင်း တိရစ္ဆာန် မျိုးစိတ်ပေါင်း ၁၀၀ ကျော်ရှိ ကြောင်း အပြည်ပြည်ဆိုင်ရာ သဘာဝနှင့် သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့၊ သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန၏ စာရင်းများအရ သိရသည်။
ထို့ပြင် နိုင်ငံတော် အစိုးရကလည်း ဘေးမဲ့တောများ သတ်မှတ်၍ ရှားပါးမျိုစိတ်ဖြစ်သော ရွှေသမင်များ ထိန်းသိမ်းရေး အတွက် ရွှေသမင် ဘေးမဲ့တောများ ပြုလုပ်ထိန်းသိမ်းလျက် ရှိကြောင်း သိရသည်။ နတ်ချစ်တောင်တွင်လည်း ရွှေသမင်များအား ခြံလှောင်စနစ်ဖြင့် မွေးမြူနိုင်ရန် ဧရိယာနှစ်ဧကအား ခြံစည်းရိုး ခတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မှတ်တမ်းတင် ထားရှိသော သားငှက်တိရစ္ဆာန် မျိုးစိတ်များ အနက်မှ နို့တိုက်သတ္တ၀ါ မျိုးစိတ် ၅၀၊ တွားသွားသတ္တ၀ါ မျိုးစိတ် ၂၆ မျိုးနှင့် ငှက်မျိုးစိတ် ၄၆ မျိုးတို့ အတွက် ထိန်းသိမ်း ကာကွယ်မှုများ တိုးမြှင့်လုပ်ဆောင်မှု မရှိပါက မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်လာနိုင်ကြောင်း ယင်းဌာန၏ စာရင်းများအရ သိရသည်။
ရှားပါးတိရစ္ဆာန်များအနက် လက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင်နှင့် သားငှက် ထိန်းသိမ်းရေးဌာနမှ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ပေါင်း ၉၈ မျိုး၊ သာမန် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် ၆၁ မျိုးနှင့် ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် ၁၅ မျိုးရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ် ၃၀ ကျော် ကာလအတွင်း ပုပ္ပါးတောင် ဥယျာဉ်တွင် မျောက်မျက်ကွင်းဖြူ ၂၅ ကောင် ရှိခဲ့သော်လည်း ယင်းမျိုးစိတ်များကို လူမှုအဖွဲ့အစည်းများ၏ ထိန်းသိမ်းမှု ပြုလုပ်ခဲ့ရာ ငါးနှစ်တာ ကာလအတွင်း ကောင်ရေ ၁၅၀ အထိ တိုးပွားခဲ့ကြောင်း သိရသည်။ ယခု လက်ရှိအချိန်၌ ၁၀၀ ၀န်းကျင်သာ ရှိတော့ကြောင်း၊ ပြန်လည်ထိန်းသိမ်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌ ဦးအုန်း၏ ပြောပြချက်များအရ သိရသည်။
မြန်မာနိုင်ငံတွင်သာ ကျန်ရှိနေသည့် ကမ္ဘာ့မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး တိရစ္ဆာန်များကို လူမှုအဖွဲ့အစည်းများမှ ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသည်။
EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here