Monday, July 15, 2013

ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥပဒေ လူမှုကူညီရေးအသင်းမှ ဦးစီး၍ ဥပဒေပညာပေးသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပ

0 comments


ဇူလိုင်လ ၁၅ ရက်

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)ဥပဒေလူမှုကူညီရေးအသင်းမှ ဦးစီးကျင်းပသော ဥပဒေပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကိုတောင်ကြီးမြို့၊ ဒဲဉ်သီးလာဗွေကွင်းခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်(တနင်္ဂနွေနေ့) နံနက် ၉း၀၀ နာရီ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။



အခမ်းအနားသို့ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို) မှ ဥက္ကဌ ဦးခွန်ဝင်းကို၊ ဦးခွန်မင်းကျော်၊ဦးခွန်ကြည်လင်းထွန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ဦးခွန်ထွန်းရွှေ၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဥက္ကဌ ဦးခွန်မြင့်ထွန်း၊ဦးခွန်စွဲထို၊ ဥပဒေပညာပေးသင်တန်းဆရာ ဦးတင်ဦး ( တောင်ကြီးတက္ကသိုလ် ဥပဒေပညာဌာနအချိန်ပိုင်းကထိက)၊ ပအိုဝ်းဥပဒေလူမှုကူညီရေးအဖွဲ့မှ ဦးခွန်ဆန်းရွှေ၊ ဒေါ်နန်းခမ်းရီ၊ဦးခွန်ဇာလီ (ခ) စိုးလင်းပိုင်၊ ဒေါ်နန်းနှင်းနွယ်နှင့် အဖွဲ့ဝင်များ၊ပအိုဝ်းဓမ္မကထိကအဖွဲ့မှ ဦးမော်ဦး၊ ပအိုဝ်း အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်နန်းလှရီ၊ဒေါ်နန်းငွေကြည်နှင့် သင်တန်းသူ သင်တန်းသားများနှင့် အခြားစိတ်ပါ ၀င်စားသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။



အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဌ ဦးခွန်ဝင်းကို၊ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) မှ ဦးခွန်ထွန်းရွှေ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဌ ဦးခွန်မြင့်ထွန်းနှင့် သင်တန်းအား ပို့ချပေးမည့် ဦးတင်ဦး (တောင်ကြီးတက္ကသိုလ်ဥပဒေပညာဌာန အချိန်ပိုင်းကထိက) တို့မှ အသီးသီး မိန့်ခွန်းပြောကြားပေးခဲ့ကြောင်း သိရသည်။



ဆက်လက်ပြီးသင်တန်းဆရာနှင့် သင်တန်းသား၊ သင်တန်းသူများ မိတ်ဆက်ပေးခြင်း အစီအစဉ်ပြုလုပ်ပြီးအခမ်းအနားပြီးဆုံးကြောင်း ကြေငြာ၍ နံနက် ၁၁း၀၀ နာရီအချိန်တွင် အခမ်းအနားရုပ်သိမ်းပြီးသည့်နောက်၊ဖွင့်ပွဲတွင် တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် သင်တန်းသား၊သင်တန်းသူများအားလုံးကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။



အဆိုပါဥပဒေပညာပေးသင်တန်းသို့ အမြို့မြို့အနယ်နယ်မှ သင်တန်းသူ သင်တန်းသားပေါင်းစုစုပေါင်း (၅၀) ကျော် တက်ရောက်ကြကြောင်း သိရှိရပါသည်။
တောင်ကြီးတိုင်းမ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here