Saturday, July 27, 2013

အင်းလေးဒေသတွင် အကောင်အထည်ဖော်နေသော စီမံကိန်း(၃)ခု အောင်မြင်လျှင်ရွာပေါင်း(၁၂)ရွာတွင် လျှပ်စစ်မီးအလင်းရောင်ထပ်မံရရှိမည်

0 comments

27.7.2013

Photo: အင်းလေးဒေသတွင် အကောင်အထည်ဖော်နေသော စီမံကိန်း(၃)ခု
အောင်မြင်လျှင်ရွာပေါင်း(၁၂)ရွာတွင် လျှပ်စစ်မီးအလင်းရောင်ထပ်မံရရှိမည်

26.7.2013

ရှမ်းပြည်နယ်တောင်ပိုင်း ၊အင်းလေးဒေသတွင် လက်ရှိအချိန်ကာလ
စီမံကိန်း(၃)ခုကိုအကောင်အထည်ဖော်ဆောင်ရွက်နေပြီး အဆိုပါစီမံကိန်း
များအောင်မြင်မှုရရှိလာလျှင်စီမံကိန်းတွင် ပါဝင်သော ကျေးရွာပေါင်း
(၁၂)ရွာတွင် လျှပ်စစ်မီးအလင်းရောင်ထပ်မံရရှိလာတော့မည်ဟုသိရ
သည်။

“အင်းလေးဒေသဖွံ့ဖြိုးမှုအတွက် လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်း
တွေကတော့ စိုက်ပျိုးရေးနည်းစနစ်စီမံကိန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
မှုစီမံကိန်းနဲ့ သစ်တောထိန်းသိမ်းရေးနည်းစနစ်စီမံကိန်းတွေဖြစ်ပါတယ်။
ဒီစီမံကိန်းတွေကို ဒီလကနေစပြီး ဒီနှစ်ကုန်အထိ အ ကောင်အထည်
ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စီမံကိန်းမှာပါဝင်တဲ့ ကျေးရွာတွေကို
အောက်တိုဘာလမတိုင်ခင် လျှပ်စစ်မီးအလင်း ရောင်ရရှိအောင်
စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်
ရေးလုပ်ငန်းကိုတော့ ဒေသခံတွေကိုယ်တိုင် (၃)နှစ်စီမံကိန်းနဲ့ ဆက်လက်
ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်”ဟု အဆိုပါစီမံကိန်းလုပ်ငန်းမှပြောရေးဆိုခွင့်
ရှိသူကပြောကြားသွားခဲ့သည်။

အဆိုပါစီမံကိန်း(၃)ခုကို အကောင်အထည်
ဖော်ဆောင်ရွက်ရာတွင် ဆည်မြောင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန
၊(၂၄)နာရီမီးလင်းရေးဗဟိုကော်မတီနှင့်အင်းစာပေယဉ်ကျေးမှုအသင်းတို့
ကပူးပေါင်းဆောင်ရွက်နေပြီး ရေလမ်းပြုပြင်ခြင်း၊ သစ်တောသတ်မှတ်
သစ်ပင်စိုက်ခြင်း၊ လှေ ကားထစ်စိုက်ပျိုးရေးအတွက် ကွန်ဒိုစနစ်ကို
အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း၊ ကျေးရွာခြင်းဆက်သွယ်
သောလမ်းများကို အဆင့်မြှင့်တင်ပေးခြင်းလုပ်ငန်းများအပြင် အင်လေးကန်
ထဲက နုန်းအနည်ကျမှုများသောချောင်းများကို နုန်းအနည်ဆည်ပေးသည့်
လုပ်ငန်းများကိုပါ လုပ် ကိုင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း
သတင်းရရှိသည်။

SkyNet TV Browser

ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသတွင်လက်ရှိအချိန်ကာလစီမံကိန်း(၃)ခုကိုအကောင်အထည်ဖော်ဆောင်ရွက်နေပြီး အဆိုပါစီမံကိန်းများအောင်မြင်မှုရရှိလာလျှင်စီမံကိန်းတွင် ပါဝင်သော ကျေးရွာပေါင်း
(၁၂)ရွာတွင် လျှပ်စစ်မီးအလင်းရောင်ထပ်မံရရှိလာတော့မည်ဟုသိရ
သည်။

“အင်းလေးဒေသဖွံ့ဖြိုးမှုအတွက်လက်ရှိဆောင်ရွက်နေတဲ့စီမံကိန်းတွေကတော့စိုက်ပျိုးရေးနည်းစနစ်စီမံကိန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုစီမံကိန်းနဲ့ သစ်တောထိန်းသိမ်းရေးနည်းစနစ်စီမံကိန်းတွေဖြစ်ပါတယ်။
ဒီစီမံကိန်းတွေကို ဒီလကနေစပြီး ဒီနှစ်ကုန်အထိ အ ကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စီမံကိန်းမှာပါဝင်တဲ့ ကျေးရွာတွေကိုအောက်တိုဘာလမတိုင်ခင် လျှပ်စစ်မီးအလင်း ရောင်ရရှိအောင်
စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကိုတော့ ဒေသခံတွေကိုယ်တိုင် (၃)နှစ်စီမံကိန်းနဲ့ ဆက်လက်ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်”ဟု အဆိုပါစီမံကိန်းလုပ်ငန်းမှပြောရေးဆိုခွင့်
ရှိသူကပြောကြားသွားခဲ့သည်။

အဆိုပါစီမံကိန်း(၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆည်မြောင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊(၂၄)နာရီမီးလင်းရေးဗဟိုကော်မတီနှင့်အင်းစာပေယဉ်ကျေးမှုအသင်းတို့
ကပူးပေါင်းဆောင်ရွက်နေပြီး ရေလမ်းပြုပြင်ခြင်း၊ သစ်တောသတ်မှတ်သစ်ပင်စိုက်ခြင်း၊ လှေ ကားထစ်စိုက်ပျိုးရေးအတွက် ကွန်ဒိုစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း၊ ကျေးရွာခြင်းဆက်သွယ်သောလမ်းများကို အဆင့်မြှင့်တင်ပေးခြင်းလုပ်ငန်းများအပြင် အင်လေးကန်
ထဲက နုန်းအနည်ကျမှုများသောချောင်းများကို နုန်းအနည်ဆည်ပေးသည့်လုပ်ငန်းများကိုပါ လုပ် ကိုင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်းသတင်းရရှိသည်။

SkyNet TV Browser

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here