Saturday, July 27, 2013

တာချီလိတ်မြို့တွင် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေး သင်တန်းဆင်း

0 comments
27.7.2013

Photo: တာချီလိတ်မြို့တွင် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေး သင်တန်းဆင်း

27.7.2013

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဆင်းပွဲကို ဇူလိုင်လ (၂၇)ရက် နံနက် ၉ နာရီက တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအုပ်စု ပန်စလိကျေးရွာတွင့်ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အမှာစကားပြောကြားပြီးနောက် ကျိုင်းတုံမြို့တွဲဖက်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါ်ခင်ခင်မြင့်က လူမှုဝန်ထမ်းလုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တာချီလိတ်မြို့ပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာ ဦးမိုးဦးက ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးအပ်သည်။

သင်တန်းတွင် သင်တန်းသားတစ်ဦးဖြစ်သော ပန်ကူကျေးရွာမှ မောင်ဖီဆန်က ပြောကြားရာတွင် “မူးယစ်ဆေးသုံးစွဲခဲ့ တဲ့အတွက် အလုပ်အကိုင်ပျက်ပြီး ကျန်းမာရေးချို့ယွင်းခဲ့ကြောင်း၊ မိသားစုစိတ်ဆင်းရဲပြီး ပတ်ဝန်းကျင်ရဲ့ ပစ်ပယ် မှုကိုခံခဲ့ရကြောင်း၊ မူးယစ်ဆေးသည် မကောင်းမှန်းသိလို့ ကြိုးစားဖြတ်သော်လည်း စိတ်မထိန်းနိုင်သဖြင့် ရုန်းမထွက်နိုင်ခဲ့ကြောင်း၊ အခုလို့ နိုင်ငံတော်က သင်တန်းဖွင့်ပြီး စနစ်တကျ ဆေးဖြတ်ကုသပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း”ပြောကြားသည်။

အဆိုပါသင်တန်းအား ဇွန် ၂၃ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၃၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။ ။ မောင်ဆွေငြိမ်း

Tachileik Online News

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဆင်းပွဲကို ဇူလိုင်လ (၂၇)ရက် နံနက် ၉ နာရီက တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအုပ်စု ပန်စလိကျေးရွာတွင့်ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အမှာစကားပြောကြားပြီးနောက် ကျိုင်းတုံမြို့တွဲဖက်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါ်ခင်ခင်မြင့်က လူမှုဝန်ထမ်းလုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တာချီလိတ်မြို့ပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာ ဦးမိုးဦးက ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးအပ်သည်။

သင်တန်းတွင် သင်တန်းသားတစ်ဦးဖြစ်သော ပန်ကူကျေးရွာမှ မောင်ဖီဆန်က ပြောကြားရာတွင် “မူးယစ်ဆေးသုံးစွဲခဲ့ တဲ့အတွက် အလုပ်အကိုင်ပျက်ပြီး ကျန်းမာရေးချို့ယွင်းခဲ့ကြောင်း၊ မိသားစုစိတ်ဆင်းရဲပြီး ပတ်ဝန်းကျင်ရဲ့ ပစ်ပယ် မှုကိုခံခဲ့ရကြောင်း၊ မူးယစ်ဆေးသည် မကောင်းမှန်းသိလို့ ကြိုးစားဖြတ်သော်လည်း စိတ်မထိန်းနိုင်သဖြင့် ရုန်းမထွက်နိုင်ခဲ့ကြောင်း၊ အခုလို့ နိုင်ငံတော်က သင်တန်းဖွင့်ပြီး စနစ်တကျ ဆေးဖြတ်ကုသပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း”ပြောကြားသည်။

အဆိုပါသင်တန်းအား ဇွန် ၂၃ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၃၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။ ။ မောင်ဆွေငြိမ်း

Tachileik Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here