Saturday, July 27, 2013

စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer ကို ကိုကာကိုလာ မြန်မာအမှတ်တံဆိပ် သံတမန်အဖြစ် ခန့်အပ်

0 comments
27.7.2013

Photo: စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer ကို ကိုကာကိုလာ မြန်မာအမှတ်တံဆိပ် သံတမန်အဖြစ် ခန့်အပ်

27.7.2013

ကိုကာကိုလာ၏ မြန်မာနိုင်ငံအတွက် အမှတ်တံဆိပ် သံတမန် (Brand Ambassador) အဖြစ် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer ကို ခန့်အပ်ကြောင်း ကိုကာကိုလာ မြန်မာကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

ကိုကာကိုလာ မြန်မာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် အကြီးဆုံးဟု ကြေညာထားသော ဈေးကွက်မြှင့်တင်ရေး အစီအစဉ်ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့နှင့် သြဂုတ်လ ၃ ရက်နေ့တွင် မန္တလေးမြို့တို့၌ ပြုလုပ်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ကိုကာကိုလာ၏ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံရကြောင်း၊ စိုင်းစိုင်းခမ်းလှိုင်နှင့် အမျိုးသမီး တေးသံရှင် Bobby Soxer တို့ကလည်း ၎င်းတို့၏ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြထားသည်။

ကိုကာကိုလာ ဈေးကွက်မြှင့်တင်ရေး အစီအစဉ်ဖြစ်သော Coca Cola Happiness Journey အစီအစဉ်တွင် မြန်မာနိုင်ငံအတွက် ရည်ရွယ်ရေးစပ်ထားသော ကိုကာကိုလာ တေးသီချင်းကို စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer က သီဆိုဖျော်ဖြေမည်ဟု ကိုကာကိုလာ မြန်မာကုမ္ပဏီမှ ဈေးကွက်ဒါရိုက်တာ Mr.Rommel Fuentebella က ပြောကြားသည်။

ကိုကာကိုလာ ကုမ္ပဏီသည် Max အချိုရည် ထုတ်လုပ်သော ပင်းယကုမ္ပဏီနှင့် ပူးပေါင်း၍ ကိုကာကိုလာ အချိုရည်များ ယခုနှစ်ဆန်းမှ စတင်ထုတ်လုပ်နေပြီး ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာထားသည်။

အမေရိကန်တေးသံရှင် တေလာဆွစ်ဖ်၊ အိန္ဒိယ ရုပ်ရှင်သရုပ်ဆောင် Salman Khan စသည့် ပုဂ္ဂိုလ်များကိုလည်း ကိုကာကိုလာ၏ သက်ဆိုင်ရာ နိုင်ငံများတွင် Brand Ambassador များအဖြစ် ခန့်အပ်ထားသည်။

The Voice Weekly

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here