Friday, August 16, 2013

ရန်ကုန်မြို့အတွင်း ဆိုင်ကယ် စည်းကမ်းမဲ့ စီးနင်းသည့် ရဲတပ်ဖွဲ့၊ စည်ပင်နှင့် လျှပ်စစ်ဝန်ထမ်းများကို အရေးယူမည်

0 comments

သြဂုတ်လ(၁၆)ရက်
Photo: ရန်ကုန်မြို့အတွင်း ဆိုင်ကယ် စည်းကမ်းမဲ့ စီးနင်းသည့် ရဲတပ်ဖွဲ့၊ စည်ပင်နှင့် လျှပ်စစ်ဝန်ထမ်းများကို အရေးယူမည်

16.8.2013

ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့် ပြုထားသည့် ရဲတပ်ဖွဲ့၊ စည်ပင်နှင့် လျှပ်စစ်ဝန်ထမ်းများ စည်းကမ်းမဲ့ စီးနင်းပါက စစ်ဆေးပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့် ပြုထားသည့် ဌာနဆိုင်ရာများ အနေဖြင့် တစ်ဦးထက်ပိုပြီး စီးနင်းခွင့် မရှိကြောင်း၊ ဌာနဆိုင်ရာ၏ သတ်မှတ်ဝတ်စုံဖြင့် မောင်းနှင် သွားလာခြင်းနှင့် ဆိုင်ကယ်ဦးထုပ်ဆောင်း၍ ဦးထုပ်မေးသိုင်းကြိုး တပ်ဆင်ကာ စီးနင်းရမည် ဖြစ်ကြောင်း သိရသည်။

''မော်တော်ဆိုင်ကယ် စီးနင်းခွင့် ပြုထားတဲ့ ဌာနဆိုင်ရာတွေက သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာမှု မရှိဘဲ မောင်းနှင်နေတဲ့ ၀န်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်။ သက်ဆိုင်ရာ ဌာနတွေ အနေနဲ့လည်း အရေးယူပေးဖို့ တင်ပြသွားမည့်အပြင် ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနဲ့လည်း ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားပါမယ်'' ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ ဒုတပ်ဖွဲ့ခွဲမှူးက သြဂုတ် ၁၄ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့် မရှိဘဲ မောင်းနှင်နေသည့် ဆိုင်ကယ် အစီးရေ ၅၈၀ ကျော်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။

အလားတူ သြဂုတ် ၁ ရက်မှ ၁၁ ရက်ထိ လိုင်စင်ရှိ မော်တော်ဆိုင်ကယ် ၁၀၂ စီးနှင့် လိုင်စင်မဲ့ ၇၅ စီးကို အရေးယူခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိရသည်။

ရန်ကုန်တိုင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့တွင် ဖွဲ့စည်းပုံအရ ၁၄၄၂ ဦးထိ တိုးချဲ့သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ၀န်ထမ်းအင်အား ၉၀၀ ကျော် ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့ပေါ်ရှိ မြို့နယ် ၃၁ မြို့နယ်တွင် တပ်ဖွဲ့စုမှူးရုံးများ မြို့နယ်အလိုက် ထားရှိထားပြီး မြို့နယ် ၁၄ မြို့နယ်တွင် တပ်ဖွဲ့စုမှူးရုံး ခုနစ်ခု ထားရှိထားကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိရသည်။

သတ်မှတ်ထားသည့် ၀န်ကြီးဌာန ၀တ်စုံမ၀တ်ဆင်ဘဲ ဆိုင်ကယ်စီးနင်းသူ နှစ်ဦးကို ရွှေဂုံတိုင် မီးပွိုင့်အနီး တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

Eleven Media Group

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here