Wednesday, August 14, 2013

ရွှေသံလွင်ကုမ္ပဏီက စိုက်ပျိုးမြေ ဧကများစွာ ရယူထားပြီး သီးစားခယူ အငှားပြန်ချ လုပ်ကိုင်နေမှု စစ်ဆေးပေါ်ပေါက်၊ တောင်သူများအား ပြန်ပေးရန်နှင့် လျော်ကြေးပေးရန် စုံစမ်းရေး ကော်မရှင်မှ လွှတ်တော်သို့ တင်သွင်းသော အစီရင်ခံစာတွင် ထည့်သွင်း

0 comments


သြဂုတ်လ(၁၄)ရက်
Photo: ရွှေသံလွင်ကုမ္ပဏီက စိုက်ပျိုးမြေ ဧကများစွာ ရယူထားပြီး သီးစားခယူ အငှားပြန်ချ လုပ်ကိုင်နေမှု စစ်ဆေးပေါ်ပေါက်၊ တောင်သူများအား ပြန်ပေးရန်နှင့် လျော်ကြေးပေးရန် စုံစမ်းရေး ကော်မရှင်မှ လွှတ်တော်သို့ တင်သွင်းသော အစီရင်ခံစာတွင် ထည့်သွင်း

14.8.2013

ရွှေသံလွင် ကုမ္ပဏီသည် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် တောင်သူများထံမှ လယ်မြေဧက များစွာကို သိမ်းယူထားပြီး မူလရည်မှန်း ထားသည့်အတိုင်း ကိုယ်တိုင်လည်း အပြည့်အ၀ မစိုက်ပျိုးနိုင်ဘဲ သီးစားခရယူ လုပ်ကိုင်နေမှု စုံစမ်းစစ်ဆေး ပေါ်ပေါက်ခဲ့ပြီး မူလတောင်သူများသို့ ပြန်ပေးခြင်း၊ လျော်ကြေးပေးခြင်းနှင့် အစားထိုး မြေပေးခြင်းများ ပြုလုပ်သင့်ကြောင်း စုံစမ်းရေး ကော်မရှင်မှ လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာ၌ ထည့်သွင်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်သည် သြဂုတ် ၁၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ ကော်မရှင်မှ စုံစမ်းစစ်ဆေး တွေ့ရှိသည့် အစီရင်ခံစာ အပိုင်း (၃) ကို တင်သွင်းခဲ့သည်။

စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၃) မှာ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေး စီမံကိန်းအတွက် ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပြုရာတွင် တောင်သူများ၏ စိုက်ပျိုးမြေများ ပါဝင်သွားမှု၊ နိုင်ငံတော် စီမံကိန်းများဖြစ်သည့် ရထားလမ်း၊ ကားလမ်း၊ လေယာဉ်ကွင်းများ တိုးချဲ့တည်ဆောက်ရေးအတွက် သိမ်းဆည်းခံရမှုနှင့် နိုင်ငံတော်ပိုင် စက်ရုံအလုပ်ရုံများ တည်ဆောက်ရေးအတွက် သိမ်းဆည်းထားသည့် မြေသိမ်းမှု ဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များ ပါဝင်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထားပေးရာတွင် တောင်သူများ လက်ရှိလုပ်ကိုင်နေသည့် လယ်ယာမြေများ ပါရှိသွားမှုအပေါ် ကော်မရှင်က စုံစမ်းစစ်ဆေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကုမ္ပဏီပေါင်း များစွာမှ သိမ်းယူခဲ့သည့် မြေများနှင့် ပတ်သက်သည့် အချက်အလက်ပေါင်း များစွာအထိ စုံစမ်းရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီမှ မြေသိမ်းယူခဲ့မှု များထဲတွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၌ ရွှေသံလွင် ကုမ္ပဏီ၏ လယ်မြေ၊ မြေလွတ်မြေလပ်ဧက ၁၃၇၅ ဧကကျော် ရယူလုပ်ကိုင်ခဲ့မှု ပါဝင်လာခဲ့သည်။

အစီရင်ခံစာတွင် ရွာငံမြို့နယ်တွင် စိုက်ပျိုးမြေများ ဖော်ထုတ်ရန်အတွက် မြေ ၁၃၇၅ ဒသမ ၃၆ ဧကအား ရွှေသံလွင် ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ ရွှေသံလွင် ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပြုထားသော မြေလွတ်မြေလပ် မြေရိုင်းများတွင် တောင်သူများ စိုက်ပျိုးမြေများစွာ ပါဝင်ကြောင်း၊ ကုမ္ပဏီသည် မူလရည်မှန်းချက် များအတိုင်း ပီပြင်စွာ အပြည့်အ၀ စိုက်ပျိုးနိုင်ခြင်း မရှိကြောင်း၊ လယ်ယာမြေများကို သီးစားခရယူ၍ လုပ်ကိုင်နေကြောင်း တွေ့ရှိရသည်ဟု ဖော်ပြခဲ့သည်။

ထို့အတွက် ကုမ္ပဏီမှ ကိုယ်တိုင်စိုက်ပျိုး လုပ်ကိုင်ခြင်း မရှိသော မြေများကို နစ်နာဆုံးရှုံးခဲ့ရသည့် တောင်သူများအား သိမ်းဆည်းစဉ်က မြေဧကများအတိုင်း စနစ်တကျပြန်လည် လွှဲပြောင်းပေးသင့်ကြောင်း၊ ကိုယ်တိုင်ဆက်လက် စိုက်ပျိုးမည် ဆိုပါကလည်း ထိုမြေများအတွင်း ပါရှိသွားသော မူလပိုင်ရှင်များသို့ လျော်ကြေး၊ နစ်နာကြေးပေးခြင်းနှင့် မြေအစား ပြန်ဖော်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသင့်ကြောင်း အစီရင်ခံစာ၏ အကြံပြုချက် အပိုင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ရွှေသံလွင် ကုမ္ပဏီကဲ့သို့ပင် အခြားသော ပုဂ္ဂလိက ကုမ္ပဏီပေါင်း များစွာသည် စိုက်ပျိုးမွေးမြူရေး စီမံကိန်းများအတွက် လယ်ယာမြေများ သိမ်းဆည်းထားပြီး ကိုယ်တိုင်လည်း စိုက်ပျိုးခြင်း မပြု၊ မူလပိုင်ရှင်များသို့လည်း ပြန်မပေးဘဲ သီးစားခ ထိုင်ယူကာ အမြတ်ထုတ်နေမှုများ များစွာရှိကြောင်း စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ စုံစမ်းစစ်ဆေးခြင်း အပိုင်း၌ ဖော်ပြထားချက်များအရ သိရသည်။

ကုမ္ပဏီများအပြင် နိုင်ငံတော် စီမံကိန်းများ၊ စက်ရုံအလုပ်ရုံများအတွက် သိမ်းယူထားသည့် မြေများထဲတွင်လည်း တကယ်တမ်း စီမံကိန်းအတွက် အသုံးမပြုဘဲ လွတ်နေသည့်မြေများကို တောင်သူများထံသို့ တစ်စုံတစ်ရာ ပြန်မပေးသည့်အပြင် သီးစားခယူကာ လုပ်ကိုင်နေမှုများရှိကြောင်း စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအရ သိရသည်။

Eleven Media Group
ရွှေသံလွင် ကုမ္ပဏီသည် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် တောင်သူများထံမှ လယ်မြေဧက များစွာကို သိမ်းယူထားပြီး မူလရည်မှန်း ထားသည့်အတိုင်း ကိုယ်တိုင်လည်း အပြည့်အ၀ မစိုက်ပျိုးနိုင်ဘဲ သီးစားခရယူ လုပ်ကိုင်နေမှု စုံစမ်းစစ်ဆေး ပေါ်ပေါက်ခဲ့ပြီး မူလတောင်သူများသို့ ပြန်ပေးခြင်း၊ လျော်ကြေးပေးခြင်းနှင့် အစားထိုး မြေပေးခြင်းများ ပြုလုပ်သင့်ကြောင်း စုံစမ်းရေး ကော်မရှင်မှ လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာ၌ ထည့်သွင်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်သည် သြဂုတ် ၁၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ ကော်မရှင်မှ စုံစမ်းစစ်ဆေး တွေ့ရှိသည့် အစီရင်ခံစာ အပိုင်း (၃) ကို တင်သွင်းခဲ့သည်။

စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၃) မှာ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေး စီမံကိန်းအတွက် ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပြုရာတွင် တောင်သူများ၏ စိုက်ပျိုးမြေများ ပါဝင်သွားမှု၊ နိုင်ငံတော် စီမံကိန်းများဖြစ်သည့် ရထားလမ်း၊ ကားလမ်း၊ လေယာဉ်ကွင်းများ တိုးချဲ့တည်ဆောက်ရေးအတွက် သိမ်းဆည်းခံရမှုနှင့် နိုင်ငံတော်ပိုင် စက်ရုံအလုပ်ရုံများ တည်ဆောက်ရေးအတွက် သိမ်းဆည်းထားသည့် မြေသိမ်းမှု ဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များ ပါဝင်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထားပေးရာတွင် တောင်သူများ လက်ရှိလုပ်ကိုင်နေသည့် လယ်ယာမြေများ ပါရှိသွားမှုအပေါ် ကော်မရှင်က စုံစမ်းစစ်ဆေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကုမ္ပဏီပေါင်း များစွာမှ သိမ်းယူခဲ့သည့် မြေများနှင့် ပတ်သက်သည့် အချက်အလက်ပေါင်း များစွာအထိ စုံစမ်းရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီမှ မြေသိမ်းယူခဲ့မှု များထဲတွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၌ ရွှေသံလွင် ကုမ္ပဏီ၏ လယ်မြေ၊ မြေလွတ်မြေလပ်ဧက ၁၃၇၅ ဧကကျော် ရယူလုပ်ကိုင်ခဲ့မှု ပါဝင်လာခဲ့သည်။

အစီရင်ခံစာတွင် ရွာငံမြို့နယ်တွင် စိုက်ပျိုးမြေများ ဖော်ထုတ်ရန်အတွက် မြေ ၁၃၇၅ ဒသမ ၃၆ ဧကအား ရွှေသံလွင် ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ ရွှေသံလွင် ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပြုထားသော မြေလွတ်မြေလပ် မြေရိုင်းများတွင် တောင်သူများ စိုက်ပျိုးမြေများစွာ ပါဝင်ကြောင်း၊ ကုမ္ပဏီသည် မူလရည်မှန်းချက် များအတိုင်း ပီပြင်စွာ အပြည့်အ၀ စိုက်ပျိုးနိုင်ခြင်း မရှိကြောင်း၊ လယ်ယာမြေများကို သီးစားခရယူ၍ လုပ်ကိုင်နေကြောင်း တွေ့ရှိရသည်ဟု ဖော်ပြခဲ့သည်။

ထို့အတွက် ကုမ္ပဏီမှ ကိုယ်တိုင်စိုက်ပျိုး လုပ်ကိုင်ခြင်း မရှိသော မြေများကို နစ်နာဆုံးရှုံးခဲ့ရသည့် တောင်သူများအား သိမ်းဆည်းစဉ်က မြေဧကများအတိုင်း စနစ်တကျပြန်လည် လွှဲပြောင်းပေးသင့်ကြောင်း၊ ကိုယ်တိုင်ဆက်လက် စိုက်ပျိုးမည် ဆိုပါကလည်း ထိုမြေများအတွင်း ပါရှိသွားသော မူလပိုင်ရှင်များသို့ လျော်ကြေး၊နစ်နာကြေးပေးခြင်းနှင့် မြေအစား ပြန်ဖော်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေး
သင့်ကြောင်း အစီရင်ခံစာ၏ အကြံပြုချက် အပိုင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ရွှေသံလွင် ကုမ္ပဏီကဲ့သို့ပင် အခြားသော ပုဂ္ဂလိက ကုမ္ပဏီပေါင်း များစွာသည် စိုက်ပျိုးမွေးမြူရေး စီမံကိန်းများအတွက် လယ်ယာမြေများ သိမ်းဆည်းထားပြီး ကိုယ်တိုင်လည်း စိုက်ပျိုးခြင်း မပြု၊ မူလပိုင်ရှင်များသို့လည်း ပြန်မပေးဘဲ သီးစားခ ထိုင်ယူကာ အမြတ်ထုတ်နေမှုများ များစွာရှိကြောင်း စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ စုံစမ်းစစ်ဆေးခြင်း အပိုင်း၌ ဖော်ပြထားချက်များအရ သိရသည်။

ကုမ္ပဏီများအပြင် နိုင်ငံတော် စီမံကိန်းများ၊ စက်ရုံအလုပ်ရုံများအတွက် သိမ်းယူထားသည့် မြေများထဲတွင်လည်း တကယ်တမ်း စီမံကိန်းအတွက် အသုံးမပြုဘဲ လွတ်နေသည့်မြေများကို တောင်သူများထံသို့ တစ်စုံတစ်ရာ ပြန်မပေးသည့်အပြင် သီးစားခယူကာ လုပ်ကိုင်နေမှုများရှိကြောင်း စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအရ သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here