Monday, August 12, 2013

ကုလကိုယ်စားလှယ် မြန်မာရောက်ရှိနေ

0 comments
သြဂုတ်လ(၁၂)ရက်

Photo: ကုလကိုယ်စားလှယ် မြန်မာရောက်ရှိနေ

12.8.2013

မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို စစ်ဆေးလေ့လာဖို့အတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ထောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာနိုင်ငံကို သြဂုတ်လ မနေ့က စတင်ရောက်ရှိနေပြီလို့ သိရပါတယ်။
 
မြန်မာအစိုးရရဲ့ ဖိတ်ခေါ်မှုနဲ့ လာရောက်လည်ပတ်မဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ ခရီးစဉ်အတွင်းမှာ ပြည်နယ်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အေဂျင်စီက ပြောပါတယ်။

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု ဆက်လက်လုပ်ဆောင်လာနေတာနဲ့အမျှ အစိုးရအနေနဲ့ နိုင်ငံတွင်းက နေရာတော်တော်များများမှာ သွားရောက်ခွင့်ပြုမှာဖြစ်တဲ့အတွက် လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာသုံးသပ်ဖို့ သူ့အတွက် အခွင့်အရေးကောင်းတခု ဖြစ်တယ်လို့ ထောမတ်စ် အိုဟေး ကင်တားနား ကပြောတဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။

Mr Qunitana က  မြန်မာ နိုင်ငံတွင်းမှာ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွါးသွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မိတ္ထီလာမြို့၊ မန္တလေး ပတ်ဝန်းကျင် တဝိုက်တို့ကို သွါးရောက်ဖို့ ရှိတယ်လို့ သိရ ပါတယ်။

တိုင်းရင်းသားလက်နက် ကိုင်များ နေထိုင်တဲ့ နေရာတွေ ဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေကိုလဲ သွားရောက်မယ်လို့ သိရပါတယ်။

တိုင်းနဲ့ ပြည်နယ်ဒေသတွေကို လှည့်ပတ်ပြီးနောက် နေပြည်တော်မှာ အစိုးရဝန်ကြီးတွေနဲ့ ဆက်လက်တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု ကော်မရှင် ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ သွားရောက်တွေ့ဆုံ ဖို့ ရှိတယ်လို့ သိရပါတယ်။

 ခရီးစဉ်ရဲ့ အမြင်နဲ့ပတ်သက်ပြီး ခရီးစဉ် နောက်ဆုံးရက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ခရီးစဉ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကိုတော့ အောက်တိုဘာလ ၂၄ရက်နေ့ မှာ ပြုလုပ်မဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်းမှာ တင်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း တောက်လျောက်ဆန္ဒပြမှုတွေ လုပ်မယ်လို့ ရခိုင်တိုင်းရင်းသားတွေ စီစဉ်ထားကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ABC Radio Australia

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here