Wednesday, August 14, 2013

လျှပ်စစ်စက်ရှံတည်ဆောက်ပြီးစီးမှုကြာပြီးဖြစ်သော်လည်းမီးအပြည့်အဝ မရရှိသေး

0 comments

သြဂုတ်လ(၁၄)ရက်
Photo: လျှပ်စစ်စက်ရှံတည်ဆောက်ပြီးစီးမှုကြာပြီးဖြစ်သော်လည်းမီးအပြည့်အဝ မရရှိသေး 

14.8.2013

နိုင်ငံတော်အကြီးအကဲများမှ စီမံချမှတ်ထားခဲ့သော ကချင်ပြည်နယ်မိုးညှင်းမြို့နယ်၂၄နာရီ လျှပ်စစ်မီးလင်းရေး စီမံချက်အရ မိုးညှင်းမြို့၏ အရှေ့တောင်ဘက် အစိုးရနည်းပညာကောလိပ်အနီးတွင် ၆၆၀၀၀KVဗို့အားထုတ် စက်ရုံကြီး တည်ဆောက် ပြီးစီးနေသည်မှာ နှစ်အတော်ကြာနေပြီ ဖြစ်သော်လည်း လျှပ်စစ်မီးများ အပြည့်အဝ မရရှိသေးကြောင်း ဒေသခံများက ပြောကြသည်။

“နယ်မြေငြိမ်းချမ်းရေး မရလို့ ဓာတ်ကြိုးလိုင်းများလျော့နေလို့ဟု အမျိုးမျိုးထင်ကြေးပေးနေကြတယ်။ အမှန်တကယ် သေချာတာကတော့ လျှပ်စစ်ဓာတ်အား လိုင်းပေါ်မရောက်နိုင်သေးဘူး။လျှပ်စစ်ဓာတ်အား အမြန်ရရှိ နိုင်ရေးအတွက် သက်ဆိုင်ရာများနဲ့ ပြည်ထောင်းစု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ စိုင်းမောက်ခမ်းကိုလည်း တင်ပြထားပြီးဖြစ်တယ်။ အခုလောလောဆယ် ဟိုပင်မြို့မှာရှိတဲ့ ဂလိုင်ချောင်းကိုဘဲ အားကိုးနေရဦးမှာ။ အခုလိုမိုးဦးကျမှာတော့ အလှည့်ကျစနစ်နဲ့ ပေးတာကို ကျေနပ်ရမှာပါ။ ဂလိုင်ချောင်းရေပြွန်တွေ အမှိုက် မပိတ်ပါစေနဲ့လိုသာ ဆုတောင်းထားရမယ်”ဟု မိုးညှင်းမြို့မြို့မိမြို့ဖတစ်ဦးက ပြောသည်။

လျှပ်စစ်မီးအတွက်က တာပိန်ရေအားလျှပ်စစ်စက်ရုံ(၁)၊ (၂)သည်လည်းကောင်း၊ ဆယ်တော်ကြီးဘက်မှလည်း မီးလွတ်ပေးရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာမှ ညွန်ကြားချက်ကိုသာ စောင့်မျှော်နေပြီဖြစ်ကြောင်း၊ မြို့နယ်လျှပ်စစ်မီးလိုင်း တာဝန်ခံတစ်ဦးက ပြောသည်။

၂၄နာရီမီးမလာခင် ရရှိတဲ့ ဂလိုင်ချောင်း ရေအားလျှပ်စစ်ကို လူတိုင်းမျှမျှတတ သုံးဖို့တော့လိုအပ်ကြောင်း၊ မြို့ပေါ်ရှိ လမ်းဘေးဓာတ်တိုင်များမှ မီးများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများက ပိတ်ပေးသင့်ကြောင်း၊ ရပ်ကွက်တိုင်းတွင် နေ့အခါ လမ်းမီးများ မလိုအပ်သည့်အတွက် လျှပ်စစ်မီးအားများ ဆုံးရှုံးနေမှုများလည်း ရှိနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

သီဟ(ကချင်)

မြန်မာ့ခေတ်

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here