Monday, September 16, 2013

မရမ်းကုန်းတွင် ဟောင်းနွမ်းဓာတ်တိုင်များ အစားထိုးမည်ဟုဆို

0 comments
16.09.2013

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) အတွင်းရှိ ဟောင်းနွမ်းနေသော ဓာတ်မီးတိုင်များကို အစားထိုး တပ်ဆင်ရန်အတွက် ရပ်မိရပ်ဖများနှင့် လမ်းကော်မတီဖွဲ့ကာ တပ်ဆင်သွားမည် ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်မဲ ဆန္ဒနယ်မြေ အမှတ် (၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်က ပြောကြားသည်။
မရမ်းကုန်းမြို့နယ် အတွင်းရှိ အမှတ် (၄) မှ အမှတ် (၁၀) အထိ ရပ်ကွက်များ အတွင်းရှိ ဟောင်းနွမ်းနေသော သစ်သားဓာတ်မီးတိုင်များကို ကွန်ကရစ် ဓာတ်မီးတိုင်များနှင့် အစားထိုးသွားမည်ဖြစ်ပြီး တပ်ဆင်ရန် လိုအပ်သော နေရာများကို လမ်းကော်မတီနှင့် မြို့နယ်လျှပ်စစ် ဓာတ်အားပေးရေးဌာနနှင့် ပူးပေါင်းတပ်ဆင်သွားမည် ဖြစ်ကြောင်း၊ ဓာတ်တိုင်များ သယ်ယူစရိတ်နှင့် တပ်ဆင်စရိတ်များအတွက် လမ်းကော်မတီက သတ်မှတ်၍ ကောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ငွေကြေးသတ်မှတ်ချက်တော့ တိတိကျကျ မရှိပါဘူး။ လမ်းကော်မတီကနေ သတ်မှတ်ကောက်ခံ သွားမှာပါ” ဟု ၎င်းကဆိုသည်။
ရပ်ကွက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဓာတ်မီးတိုင်များ အစားထိုး တပ်ဆင်မှု့ကို ကြိုဆိုသော်လည်း ဓာတ်မီးတိုင်တစ်တိုင် အစားထိုး တပ်ဆင်ခအဖြစ် လမ်းကော်မတီ အဖွဲ့က ငွေကျပ် ခြောက်သောင်း ကောက်ခံသောကြောင့် ပြည်သူ လူထုအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း၊ အမှတ် (၈) ရပ်ကွက် အတွင်း သက်ဆိုင်ရာ လမ်းကော်မတီက စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဓာတ်တိုင် တစ်တိုင်အစားထိုး လဲလှယ်ခအဖြစ် ဓာတ်တိုင်တစ်တိုင် အတွက် ငွေကျပ် ခြောက်သောင်း ကောက်ခံမည်ဟု ကြေညာထားကြောင်း အမှတ် (၈) ရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။
The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here