Friday, September 20, 2013

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း အာဆီယံပါလီမန်များ အထွေထွေ ညီလာခံသို့ တက်ရောက်

0 comments


20.9.2013

ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စက်တင်ဘာ ၁၉ ရက်က ဘရူနိုင်း ဒါရုဆလမ်နိုင်ငံတွင် ကျင်းပသည့် (၃၄)ကြိမ်မြာက် အာဆီယံ ပါလီမန်များ၏ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အာဆီယံ ပါလီမန်များ၏ အထွေထွေ ညီလာခံသို့ ဘရူနိုင်းနိုင်ငံဘုရင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသော အဖွဲ့ခေါင်းဆောင်များက မိန့်ခွန်းပြောကြားခဲ့ ကြကြောင်းသိရပြီး ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို လွှဲပြောင်းယူပြီးသည့်နောက် မြန်မာနိုင်ငံအား ကိုယ်စားပြုအဖြစ် ပထမဆုံးအကြိမ် တက်ရောက်ခွင့် ရသည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ မိမိတို့အနေနဲ့ အာဆီယံနိုင်ငံရေးနဲ့ လုံခြုံရေး အသိုက်အ၀န်း၊ အာဆီယံစီးပွားရေး အသိုက်အ၀န်း၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အ၀န်း မဏ္ဍိုင်သုံးရပ်ကို အခြေခံသည့် အာဆီယံ အသိုက်အ၀န်းကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ရန် အချိန်နီးကပ် လာပြီ ဖြစ်သည့်အလျောက် ဘရူနိုင်းနိုင်ငံမှ ရွေးချယ်ထားသည့် ယခုနှစ်ဆောင်ပုဒ် အာဆီယံအသိုက်အ၀န်း အကောင်အထည် ဖော်ရေးမှာ အာဆီယံ ပါလီမန်များရဲ့ အခန်းကဏ္ဍဟာ အချိန်အခါ လိုက်လျော ညီထွေသည့် ဆောင်ပုဒ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လွှတ်တော်ဖွဲ့စည်းပုံများနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် အာဆီယံ ပါလီမန်များ ညီလာခံအဖွဲ့ဝင် ဖြစ်လာသည့် အချိန်မှစ၍ အာဆီယံ ပါလီမန်များ ညီလာခံ လှုပ်ရှားမှုများနှင့် ပါလီမန် များအကြား ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့ဆက်ပြီး အာဆီယံပါလီမန် ညီလာခံ၏ လုပ်ငန်းများကို ပံ့ပိုးရန် အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၁၉ ရက် ညပိုင်းသတင်းတွင် ထုတ်လွှင့်ခဲ့မှုအရ သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here