Monday, September 16, 2013

အရက်ကို ခွန်အားဖြည့်အချိုရည်နှင့် ရောစပ်ပြီး သောက်ခြင်းက ထင်ထားသည်ထက် ပို၍အန္တရာယ်ကြီး

0 comments

16.9.2013
ပို၍သောက်ကောင်းစေရန် အရက်ကို ခွန်အားဖြည့်အချိုရည် များနှင့် ရောစပ်သောက်ခြင်းက လောလောဆယ် သုတေသနက ပြောကြားထားသည်များထက် ပို ၍အန္တရာယ်ကြီးကြောင်း ကျော် ကြားသည့် စိတ်ပညာရှင်တစ်ဦး က အခိုင်အမာပြောကြားလိုက် သည်။
လွန်စွာလူကြိုက်များသည့် Red Bull ကဲ့သို့ အချိုရည်များ နှင့် ဗော့ဒ်ကာအရက်အား ရော၍ အားရပါးရ မော့သောက်နေသူ များကို အစစ်အမှန်ထင်ဟပ်ခြင်း မရှိသော ဓာတ်ခွဲခန်း လေ့လာမှု များက လွဲမှားစွာနှစ်သိမ့်ခြင်းဖြစ် နိုင်ကြောင်း ပါမောက္ခ ပီတာမီလာ က ပြောကြားခဲ့သည်။
 ဒီအရက်ကို ခွန်အားဖြည့် အချိုရည်နှင့် ရောစပ်သောက် ခြင်းက အချိန်ကြာကြာ သောက် မိခြင်းအပြင် မူးယစ်မှုအဆင့်ပမာ ဏများစွာ မြင့်မားစေသည့်အ တွက် အန္တရာယ်မြင့်မားလာခြင်း မှာ စိုးရိမ်နေရပြီဟု ၎င်းကပြော ကြားခဲ့သည်။ အမေရိကန်နှင့် ဥ ရောပမှ ကောလိပ်ကျောင်းသား လေးဦးလျှင် သုံးဦးခန့်မှာ ယင်းကဲ့ သို့ ရောစပ်သောက်သုံးနေကြောင်း စစ်တမ်းများက ပြသလျက်ရှိသည်။ သို့သော်လည်း ခွန်အားဖြည့်အ ချိုရည်များ၏ အခန်းကဏ္ဍမှာ သု တေသနပြုလုပ်ဆဲသာဖြစ်ပြီး အ ချိုရည်တစ်မျိုးနှင့် အရက်ပမာဏ နည်းပါးစွာ ရောစပ်ခြင်း အာနိသင် များကို လေ့လာမှု အများအပြား ပြုလုပ်ထားပြီဟု ဩစတြေးလျ နိုင်ငံ Deakin University  မှ တွဲ ဖက်စိတ်ပညာပါမောက္ခမီလာက ပြောကြားခဲ့သည်။
အန္တရာယ်ကို မစိုးရိမ်သင့် ကြောင်း သုတေသီတချို့က သုံး သပ်ခဲ့သော်လည်း ၎င်းတို့ထဲမှ သု တေသီအများအပြားကို Red Bull  ထုတ်လုပ်သူများက ငွေကြေးအ ထောက်အပံ့ ပေးထားသည်ဟု ယင်းကပြောသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here