Friday, September 20, 2013

ကားလမ်းကူး ရထားဂိတ်တွင် လူအစား အလိုလျောက် ဖွင့်ပိတ်စနစ် အစားထိုးရန် စီစဉ်

0 comments
မြို့ပတ်ရထား ကြန့်ကြာမှု မဖြစ်ပေါ်စေရန် လူအသုံးပြုရန်မလို အလိုအလျောက် ပိတ်ဖွင့် ပေးနိုင်သည့် auto စနစ်ကို ရထားလမ်းတွင် တပ်ဆင်ရန် စီစဉ်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက် မြန်မာ့မီးရထားမှ အထွေထွေ မန်နေဂျာ (အောက်မြန်မာပြည်) ဦးကျော်ကျော်မျိုးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ရထားလာစဉ် ယာဉ်လမ်းကြောင်း အန္တရာယ် ကင်းရန်အတွက် ကားလမ်းကူးဂိတ်များ ပိတ်ရန် လူအသုံးပြုလျှင် အချိန် ၂ မိနစ် မှ ၄ မိနစ်ထိ ကြာမြင့်နိုင်ပြီး ဂိတ်တံခါးနှင့် ရထား မီးပွိုင့်တိုင်သည် ချိတ်ဆက်ထား သောကြောင့် ဂိတ်တံခါး မပိတ်မချင်း ပွိုင့်တိုင်မှာ မီနီပြကာ ရထားရပ်နေရခြင်း ဖြစ်သည်။

ကားလမ်းကူးဂိတ်တွင် လူအသုံးပြုမည့်အစား auto ပိတ်ဖွင့်နိုင်သည့် စနစ် တပ်ဆင်လျှင် ရထား ရပ်စရာမလိုပဲ တောက်လျှောက် မောင်းနှင်နိုင်မည်ဖြစ်ပြီး auto စနစ် ၀ါယာကြိုးသည် ရထား သံလမ်းအောက်တွင် တပ် ဆင်ကာ ဂိတ်တံခါးနှင့် ချိတ်ဆက်ပြီး ဂိတ်တံခါးသည် မီးပွိုင့်တိုင်နှင့် ချိတ်ဆက်ထားသည့် အတွက် ရထားနှင့်ဂိတ် သတ်မှတ်ထားသော အကွာအဝေး ရောက်သည်နှင့် အချက်ပေး ခေါင်းလောင်းမြည်ကာ ဂိတ်တံခါး အလိုအလျောက် ပိတ်သွားမည် ဖြစ်သလို ရထားဖြတ်သွားပြီး လွတ်ကင်းသည့် အကွာအဝေး ရောက်လျှင် ဂိတ်တံခါး ဖွင့်သွားမည်ဟု ဦးကျော်ကျော်မျိုးက ပြောသည်။

““မြို့ပတ်ရထားကို ကြန့်ကြာစေတဲ့ အကြောင်းမှာ ကားလမ်းကူး ဂိတ်ကလည်း ပါတယ်။ ဒီဂိတ်တွေက လူနဲ့ ပိတ်ရတာ ဖြစ်တဲ့အတွက် ၂ မိနစ် ၄ မိနစ်လောက် ကြာတယ်၊ ဂိတ်မပိတ်မချင်း ရထားသည် ဂိတ် ၂ ခုလုံး ပိတ်မှ auto ရတာပေါ့ လမ်းမှာ ရှိတဲ့ မီးပွိုင့်တိုင်က ၀ါမှ ဖြတ်လို့ရတာ တစ်ဖက် ဖွင့်ထားရင် ဖြတ်လို့မရဘူး မီးနီနေတယ်၊ အဲဒီစနစ် လုပ်ထားတာ ဖြစ်တဲ့အတွက် ဒီဂိတ်တွေ ၂ မိနစ် ၃ မိနစ်ကြာအောင် ပိတ်ရတဲ့အတွက် ရထားက ရပ်စောင့်ရတယ်။ လူက ပိတ်မယ့် ဂိတ်အစား auto ပိတ်နိုင်တဲ့ ဂိတ်တွေ ကျွန်တော်တို့ တပ်ဆင်နိုင်ရင် ၂မိနစ် ၃ မိနစ်ကြာမယ့် နေရာမှာ တစ်မိနစ်လောက်တော့ ပြီးသွားနိုင်တာပေါ့၊ မြို့ပတ်ရထားလည်း စောင့်စရာမလိုပဲ သူ့ဘာသာ ဆက်တိုက်သွားနိုင်တာပေါ့”” ဟု ၎င်းက ထပ်မံပြောကြားသည်။

ယခုပြုလုပ်သည့် auto စနစ် မီးရထားဂိတ်သည် JICA မှ မဟာ ရန်ကုန်မြို့တော် သယ်ယူ ပို့ဆောင်ရေး အဆင့်မြှင့်တင်ရေး အစီအစဉ် ရေးဆွဲရာတွင် ပါဝင်ပြီး စတင်ပြုပြင်မည့် ရက်မှာ အတိအကျ မသတ်မှတ်ရသေး သည့်အတွက် ယခုနှစ်တွင်း စတင်နိုင်ရန် စီစဉ်လျက်ရှိသည်။

အေးမိုး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here