Monday, September 9, 2013

လူမူရေးအသင်းအမည် တပ်ထားသည့် လိုင်စင်မဲ့ မှန်လုံကားတစ်စီး ဖမ်းမိ

0 comments
From : The  Myanma  Age


ကလေးမြို့ မြောက်ဘက် ဖောင်ကူးတန်ပိုဂိတ် အနီးတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ နယ်မြေလုံခြုံရေး စစ်ဆေးမူများ ပြုလုပ်နေစဉ် ခမ်းပတ်မြို့မှ ကလေးမြို့သို့ မောင်းနှင်လာသော TOYOTA Aircon အမျိုးအစား မှန်လုံကား တစ်စီးသည် ZAWLBUK (ဇော်လ်ဘု)နာရေးကူညီမှုဟု အမည်တပ်ထားသဖြင့် စစ်ဆေးရာ အထောက်အထား မခိုင်လုံသဖြင့် ဖမ်းဆီးစစ် ဆေးနေကြောင်း မြို့နယ်ရဲစခန်းမှသိရသည်။
“ထူးခြားတာက အင်အားကြီး ပါတီတစ်ခုက ဥက္ကဋ္ဌရဲ့ တူမတွေဆိုပြီး ရန်ကုန်ကနေချက်ချင်း ရောက်လာတဲ့ သူတွေရှိတယ်။ သူတို့ထဲက အမျိုးသမီး တစ်ဦးက သူ့ကိုယ်သူ ရှေ့နေလို့ပြောတယ်။ ထိန်းသိမ်းခံထားရတဲ့ ကားနဲ့ လူမှုရေးအဖွဲ့ဟာ သူတို့ကို အကူအညီ ပေးခဲ့ဖူးတယ်ပြောပြီး ကူညီထားတဲ့ မှတ်တမ်းဆိုတာတွေ ထုတ်ပြတယ်။ 

ကျွန်တော်တို့ထဲက နယ်သတင်းထောက် တစ်ယောက်က ဓာတ်ပုံ မှတ်တမ်းယူတော့ လုံးဝ အယူမခံဘဲ အသေးစိတ် မေးမြန်းမှတ်တမ်းယူဖို့လုပ်တော့ ရှောင်သွားတယ်။ ပါတီတွေလူကြီး အမည်ကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုး စီးပွားအတွက် အသုံးချတာမျိုး၊ အာဏာလာပြတာမျိုးကို လက်မခံပါဘူး”ဟု အထက်ချင်းတွင်း ဒေသလူငယ်များကွန်ယက်မှ ကိုကျော်သက်ဝင်းက ပြောသည်။ဖမ်းဆီးထားသောကားကို ယာဉ်မောင်း လားအော်ပီးရား မောင်းနှင်လာပြီး ယာဉ်အမှတ်(၅ဂ/ ၄၁၅၅ )ဟု ပါရှိကြောင်း၊ZAWLBUK (ဇော်လ်ဘု) နာရေးကူညီမူဟု ရေးထားသော်လည်းလူဦးရေ(၂၀)ကျော်ဆံ့သည့် ဇိမ်ခံကားတစ်စီးဖြစ်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ တရားလိုပြုလုပ်ကာ ပ-၃၉၂/၁၃ ပို့ကုန်သွင်းကုန် ဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here