Monday, September 9, 2013

မိုဘိုင်းတင်းမ်အဖွဲ့ လာဘ်ပေးလာဘ်ယူမှုပြုလုပ်ပါက တိုင်ကြားနိုင်

0 comments
 နိုင်ငံ တော် သမ္မတရုံး အမိန့်ကြော်ငြာ စာဖြင့်ဖွဲ့စည်းထားသော တရား မဝင် ကုန်သွယ်မှု တားဆီးထိန်း ချုပ်ရေးဗဟိုကော်မတီသည် မမှန် 

မကန်ပြုလုပ်ခြင်းနှင့် လာဘ်ပေး လာဘ်ယူမှုများ ပြုလုပ်နေသည် ကိုတွေ့ရှိပါက တိုင်ကြားနိုင် ကြောင်းသိရသည်။ တရားမဝင်ကုန်သွယ်မှုများ 

လျော့နည်း ပပျောက်စေရေးအ တွက် နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် တရားမဝင်ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး 

ဗဟိုကော်မတီကို အမိန့်ကြော်ငြာစာအမှတ်၉၇/ ၂၀၁၂ ဖြင့် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ် ပြီး ယင်းပြည်ထောင်စုအဆင့် ဗဟို ကော်မတီနှင့် သက်ဆိုင်ရာတိုင်း 

ဒေသကြီး/ပြည်နယ် အစိုးရများ က ဆောင်ရွက်မှုများပြုလုပ်ရာ တွင် မမှန်မကန်ပြုလုပ်မှုများရှိပါက မည်သူမဆိုတိုင်ကြားနိုင်ကြောင်း စီးပွားရေးနှင့် 

ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှသိရသည်။ တရားမဝင်ကုန်သွယ်မှု တား ဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ရုံးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်ကူး 

သန်းရောင်းဝယ်ရေးနှင့် စားသုံး သူရေးရာ ကာကွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး ညွန့်အောင်က ''အခုအဖွဲ့ကတရား မဝင်ကုန်သွယ်တဲ့ 

ကုန်သည်ဆီက လာဘ်ပေးလာဘ်ယူတယ်ဆိုရင် တိုင်ကြားလို့ရတယ်။ တိုင်ကြား တဲ့အခါမှာလဲ တိကျဖို့လိုပါတယ်။ မမှန်မကန်တိုင်ကြားရင်တော့ 

တိုင်ကြားသူကိုတရားစွဲမယ်''ဟု ပြောသည်။ လက်ရှိတွင် အဆိုပါတရား မဝင် ကုန်သွယ်မှုတားဆီးထိန်း ချုပ်ရေး ဗဟိုကော်မတီ၏ လုပ် ငန်းများကို 

စစ်ဆေးမှုများပြုလုပ် နိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန မှ ဦးဆောင်ကာ ဖွဲ့စည်းထား ကြောင်း သိရသည်။ တရားမဝင် 

ကုန်သွယ်မှုများ ကို စစ်ဆေးမှုများပြုလုပ်ခြင်းများ ကြောင့် တရားဝင်တင်သွင်းမှုများ ပြုလုပ်နေသော ကုန်သည်များ အတွက် အကာအကွယ်ရပြီး တရား 

မဝင် ကုန်သွယ်မှုကိုလျှော့ချလာ နိုင်ကြောင်း ပို့ကုန်သွင်းကုန်လုပ် ကိုင်သူ ဦးမျိုးထွေးက ပြောသည်။ ယင်းက ''ကမ်းရိုးတန်းသွား သင်္ဘောတွေရော 

ပြည်ပက ဝင် ရောက်လာတဲ့ သင်္ဘောတွေကို ရော တိတိကျကျလုပ်ဆောင်ပေး ရင် ပိုကောင်းမှာပါ'' ဟု ပြော သည်။ တရားမဝင် ကုန်သွယ်မှုတား 

ဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ မှ စားသုံးသူအကာအကွယ်ပေး ရေး၊ တရားမဝင်ကုန်သွယ်မှုမှ တရားဝင်ကုန်သွယ်မှုလမ်းကြောင်း ပေါ်သို့ 

ရောက်ရှိစေရေး၊ နိုင်ငံ တော်၏ အခွန်ဘဏ္ဍာများ ဆုံးရှုံး မှုမရှိစေရေးတို့အတွက် အဆင့် သုံးဆင့်ဖြင့် စစ်ဆေးရေးလုပ်ငန်း များ ကြီးကြပ်ဆောင်ရွက်လျက် 

ရှိပြီး ၂၀၁၃ခုနှစ် စက်တင်ဘာ ၁ ရက်မှစတင်၍ ထိထိရောက် ရောက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း စီးပွား ရေးနှင့် 

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။ ပို့ကုန်လုပ်ငန်းရှင် ဦးအောင် ဟိန်းက ''အခုလက်ရှိမှာ ကော်မ တီတွေဖွဲ့ပြီး လုပ်နေတာတွေက 

များတယ်။ အဲဒီအဖွဲ့ကိုပဲနောက် ကနေ စောင့်ကြည့်မယ့်အဖွဲ့ထပ် ဖွဲ့တယ်။ အဲဒီလို အရင်စနစ်အ ဟောင်းတွေကြောင့် အောင်မြင် မှုမရှိခဲ့တာ။ 

နိုင်ငံတော်သမ္မတရုံး က ဖွဲ့ပြီးသားအဖွဲ့ကို နောက်က နေ လိုက်ပြီးစစ်ဆေးတဲ့အဖွဲ့ ထပ် ဖွဲ့စရာမလိုဘူးထင်တယ်။ အဲဒီလို မျိုးမဖြစ်အောင် အဖွဲ့စပြီး 

ဖွဲ့က တည်းက သေသေချာချာ လုပ်ရ မှာ။ အခုက တစ်ဦးနဲ့တစ်ဦး ယုံ ကြည်မှုအားနည်းနေသေးတယ်။ အဲဒါတွေကြောင့် ဘယ်မှာပဲ ဖြစ်ဖြစ် 

အောင်မြင်မှုနည်းပါးတယ်'' ဟု သုံးသပ်ပြောသည်။

မန္တလေးတွင် ငွေစက္ကူအတုများ ဖမ်းမိ Monday, September 9, 2013 မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်တာရိုးဘေး ရှိ 

နေအိမ်တစ်လုံးကို သံသယရှိသဖြင့် မှုခင်းရဲ တပ်ဖွဲ့က စက်တင်ဘာ ၆ ရက် ည ၇ နာရီခန့် တွင် ၀င်ရောက်ရှာဖွေရာ ငါးထောင်ကျပ်တန်နှင့် 

တစ်ထောင်ကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိကြောင်း ရဲဌာနက ထုတ်ပြန်သည်။ အိမ်ရှင်၏ အင်္ကျီအိတ်အတွင်းမှ ငါးထောင်ကျပ်တန် 

ငွေအတုနှစ်ရွက်နှင့် တစ်ထောင်ကျပ်တန် ငွေအတု ငါးရွက်တို့ကို ရဲများက ရှာဖွေတွေ့ရှိ ခဲ့သောကြောင့် အိမ်အတွင်း၌ ဆက်လက်ရှာဖွေကြရာ 

ဆာလာအိတ်ဖြင့် ထည့်ပြီး ဂွမ်းစောင်ဖြင့် ပတ်ထားသော တစ်ထောင်ကျပ်တန်ငွေအတု ၅၀၀ ရွက်နှင့် ငါးထောင်ကျပ်တန်ငွေ အတု ၆၀ ရွက်တို့ 

သိမ်းဆည်းရမိ ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် အိမ်ရှင်ဖြစ်သူ အမျိုးသားကို မန္တလေးအမှတ် ၂ ရဲစခန်းက အမှုအမှတ် (ပ)

၂၃၂/၂၀၁၃ ဖြင့် အမှုဖွင့် ထားပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉(ခ) /၄၈၉(ဂ)ဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး လက်ရှိတွင် အမှတ် ၁၃ မှုခင်းတပ်ဖွဲ့ စုမှ 

ရဲများကသံသယရှိသူကို စစ်ဆေးနေကြောင်း ရဲစခန်းမှ စုံစမ်းသိရှိရသည်။ 


အောင်ကိုဦး မဇ္ဈိမ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here