Monday, September 9, 2013

စက်တင်ဘာ ၁၂ ရက်တွင် ပြုလုပ်မည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တရားစီရင်ရေး၊ တန်းဖိုးမျှတအိမ်ရာ၊ လမ်း၊ ယာဉ်နှင့် သယ်ယူပို့ဆောင်ရေး၊ ရေရရှိရေး ကိစ္စရပ်များ ဆွေးနွေးမည်

0 comments

စက်တင်ဘာ ၁၂ ရက်တွင် စတင်ပြုလုပ်မည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် တရားစီရင်ရေး၊ တန်ဖိုးမျှတအိမ်ရာ ဆိုင်ရာများ၊ လမ်းယာဉ်နှင့် ဈေးသည်များ စည်းကမ်းတကျဖြစ်ရေး သယ်ယူပို့ဆောင်ရေးနှင့် ရေရရှိရေး ကိစ္စရပ်များကို လွှတ်တော်ကိုယ်စားလှယ်အချို့ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးကို ဧပြီ ၁ ရက်မှ ၈ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုများ၊ ၂၀၁၃-၂၀၁၄ ခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်း ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး မပြုလုပ်သည်မှာ ၅ လခန့် ကြာမြင့်နေပြီဖြစ်ကြောင်း၊ ထို့အတွက် လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်းမည့် မေးခွန်းများ၊ တင်သွင်းမည့်အဆို များပြားနိုင်ပြီး လွှတ်တော်အစည်းအဝေး ပြုလုပ်မည့်ရက် ရှည်နိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောကြားသည်။
"လွှတ်တော်အစည်းအဝေးက မလုပ်ဖြစ်တာ ငါးလလောက် ရှိပြီဆိုတော့ မေးခွန်းတွေ အဆိုတွေ အများကြီး ရှိနေမယ် ထင်တယ်။ အဲဒီတော့ ဒီတစ်ခေါက် အစည်းအဝေးမှာ မေးခွန်းတွေ အဆိုတွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းပုံ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်မယ်လို့ သိရတယ်။ အန်တီ့အနေနဲ့ ဒီတစ်ခေါက် လွှတ်တော်မှာ တန်ဖိုးမျှတ အိမ်ရာဆိုင်ရာ ဥပဒေကြမ်းရေးဆွဲဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုတင်မယ်။ နောက်တစ်ခုက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက တင်ခဲ့တဲ့ ရန်ကုန်တိုင်းထဲက သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ ပြေးဆွဲနေတဲ့ ပုဂ္ဂလိကယာဉ်များ စနစ်တကျ သွားလာစေရေး ထိန်းချုပ်မှုဆိုင်ရာ ဥပဒေတွေ ရေးဆွဲဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အဆိုတွေကို တင်သွားမှာ ဖြစ်ပါတယ်" ဟု ဗဟန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
လွှတ်တော်အစည်းအဝေးက မလုပ်ဖြစ်တာ ငါးလလောက် ရှိပြီဆိုတော့ မေးခွန်းတွေ အဆိုတွေ အများကြီး ရှိနေမယ် ထင်တယ်။ အဲဒီတော့ ဒီတစ်ခေါက် အစည်းအဝေးမှာ မေးခွန်းတွေ အဆိုတွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းပုံ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်မယ်လို့ သိရတယ် . . . . .
တာမွေမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က "ကျွန်တော့်အနေနဲ့ ဒီတစ်ခေါက်လွှတ်တော်မှာ မေးခွန်းတွေ မေးမြန်းဖို့ ရှိပါတယ်။ အဲဒီထဲမှာ တရားစီရင်ရေးကိစ္စ၊ အချို့အမှုစစ်ဆေးတာတွေ ကြာနေတဲ့အတွက် အမှုတွေမြန်မြန် စစ်ဆေးပေးနိုင်ဖို့ ရှိ၊ မရှိ၊ နောက်ပြီး လမ်းယာဉ်နဲ့ ဈေးသည်တွေ စည်းကမ်းတကျ ဖြစ်စေဖို့အတွက် အစီအစဉ်တွေ လုပ်ပေးဖို့ ရှိ၊ မရှိ၊ နောက်ပြီးတော့ ရာပြတ်အခွန်တွေ ကောက်ခံတဲ့နှုန်းထား များတယ်လို့ အများပြည်သူထံက ကြားသိနေရတဲ့အတွက် သင့်တင့်တဲ့ နှုန်းထားနဲ့ ကောက်ခံပေးနိုင်မလား၊ တာမွေတစ်ဝိုက်မှာ မိုးရွာတိုင်း ရေကြီးနေတဲ့အတွက် ရေဆင်းမြောင်းတွေ၊ ရေတံခါးတွေ လုပ်ပေးနိုင်မလားစတဲ့ မေးခွန်းတွေကို မေးမြန်းဆွေးနွေးသွားဖို့ ရှိပါတယ်" ဟု ပြောကြားသည်။
"အန်တီ့အနေနဲ့တော့ ဒီတစ်ခေါက် ရေရရှိရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်။ အန်တီတို့ ဒဂုံမြို့နယ်ထဲက ရေဂါလန် ၁၀ သန်းရှိတဲ့ မဟာဝိဇယ ရေလှောင်ကန်ကြီးက ကန်ရေစိမ့်ပြီး ထည့်သမျှရေက မတင်ဘဲ ဖြစ်နေတယ်။ ဆိုလိုတာက ထည့်လိုက်တဲ့ရေတွေ ပြန်ပြန်လျော့သွားတယ်။ အဲဒီရေလှောင်ကန်ကြီးကို ပြုပြင်ပြီး ရေလှောင်မယ်ဆိုရင် ရေပေးလို့ရတယ်။ ဒါကြောင့် အဲဒီကနေ  မြို့တွင်းမြို့နယ်တွေကို ရေပေးနိုင်ဖို့အတွက်ကို လုပ်ပေးဖို့ အစီအစဉ် ရှိ၊ မရှိကို မေးမြန်းဆွေးနွေးမယ်။ မလုပ်ပေးနိုင်ဘူး ဆိုရင်လည်း ဘာကြောင့်မလုပ်ပေးနိုင်လဲပေါ့" ဟု ဒဂုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မေသန်းနွယ်က ပြောကြားသည်။
ယခုကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေကြမ်းအပြင် ကုန်တင်ကုန်ချ လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပြီး ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သော ဥပဒေကြမ်းကိုလည်း ဆွေးနွေးသွားရန်ရှိကြောင်း၊ ယင်းသို့ ဆွေးနွေးရန်အတွက် လွှတ်တော်ကိုယ်စားလှယ် အချို့လည်း ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။  

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here