Thursday, September 19, 2013

နယူးဇီလန် သံရုံး ရန်ကုန် ၌ စတင် ဖွင့်လှစ်

0 comments


19.9.2013

မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး နှင့် ပညာရေးဆိုင်ရာ အကူအညီ များ ဆက်တိုက် ပေးအပ် နေသည့် နယူး ဇီလန် နိုင်ငံ ၏ မြန်မာ နိုင်ငံ ဆိုင်ရာ သံရုံးကို စက်တင်ဘာ လ ၁၈ ရက်နေ့ က ရန်ကုန်မြို့ ၌ စတင် ဖွင့်လှစ် လိုက်ကြောင်း နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန် ကြေညာ သည်။

ယခင်က ထိုင်းနိုင်ငံ ဘန်ကောက် မြို့ တွင် အခြေစိုက် ဖွင့်လှစ် ခဲ့သည့် မြန်မာနိုင်ငံ ဆိုင်ရာ နယူး ဇီလန် သံရုံး ကို မြန်မာနိုင်ငံ ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲ မှု များကို အသိအမှတ် ပြု သည့် အနေနှင့် ရန်ကုန်မြို့ သို့ ပြောင်းရွှေ့ ဖွင့် လှစ်ခြင်း ဖြစ်ကြောင်း နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး Murray McCully က ပြောကြား သည်။ “ လာမယ့် နှစ် မြန်မာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူ တဲ့အခါ ဝန်ကြီး အဆင့် အရာရှိ အစည်းအဝေး တွေ ရန်ကုန် သံရုံး မှာ အများအပြား လုပ်နိုင် လိမ့်မယ်” ဟု ၎င်းက ပြောဆို သည်။

နယူးဇီလန် နိုင်ငံ ၏ မြန်မာ နိုင်ငံ ဆိုင်ရာ သံရုံးကို နယ်သာလန် နိုင်ငံ ၏ မြန်မာ နိုင်ငံ ဆိုင်ရာ သံရုံး တွင် ပူးတွဲ ဖွင့်လှစ်ခြင်း ဖြစ်ပြီး ယင်း နှစ်နိုင်ငံ ၏ ပထမဆုံး သံရုံး ပူးတွဲ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး ဌာန က ဆိုသည်။ သမ္မတ ဦးသိန်းစိန် သည် ၂၀၁၃ ခုနှစ် မတ်လ အတွင်း နယူးဇီလန် နိုင်ငံ သို့ ပထမဆုံး သွားရောက် ခဲ့ပြီး မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များ တွင် ပညာရေး နှင့် စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် ရန် နှစ်နိုင်ငံ သဘောတူ ခဲ့သည်။ ၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ် အတွင်း မြန်မာ နိုင်ငံ သို့ အမေရိကန် ဒေါ်လာ ၁၈ သန်း ကျော် ကုန်ပစ္စည်း တင်ပို့ ခဲ့ကြောင်း နယူးဇီလန် နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ဝန်ကြီး ဌာန ၏ ထုတ်ပြန်ချက် အရ သိရသည် ။

The Voice Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here