ဟိုင်း အစ်မ
အစ်မ ညီမ ဆေးနည်းလေးတစ်မျိုးပေးချင်လို့ပ
ညီမ wall ပေါ်မှာဆို fri နည်းတော့ နည်းနည်းပဲသိကြမှာ။ အဲဒါ အစ်မ ရေးပေးချင်လားလို့။ ဝက်ခြံကြောင့် အလှပျက်တဲ့သူတွေအတွက်ပါ။ သဘာဝဆေးပေါ့။
ညီမ ဝက်ခြံပေါက်တာ ၅တန်းလောက်ကတည်းကပါ။ ပေါက်လိုက် သက်သာသွားလိုက်နဲ့  အရှင်းမပျောက်ဘူး။ ရန်ကုန်မှာလည်းကုတာ ဆေးနည်းတော်တော် စုံနေပြီ။ Singaporeမှာလည်းကုတာ ဆေးတွေသာ ၆လ လောက်သောက်လိုက်ရတယ်။ တော်တော်တော့ပျောက်ပါတယ်။နည်းနည
ဆေးနည်းက တမာရွက်ကို ရေနဲ့ စင်အောင်ဆေးပြီး( ပိုစိတ်ချချင်ရင်တော့ ဆားရေနဲ့ဆေးပေးပါ or အသီးအအရွက်ဆေးဆပ်ပြာနဲ့ ဆေးပေးပါ)
ပြီးရင် ညက်နေအောင်ထောင်းပြီး မျက်နှာတစ်ခုလုံးပွတ်ပေးပါ။ ဝက်ခြံရှိတဲ့နေရာမှာပုံပေးရင် ပိုကောင်းတယ် အစ်မ။ ကြာကြာထားလေ ကောင်းလေပါ။ ပြီးရင်တော့ မျက်နှာသစ်ပြီး လိမ်းနေကျဆေး လိမ်းလို့ရပါတယ်။ ၁ လတိတိတော့ မှန်မှန်လုပ်ပေးပါ။ အမာရွတ်လေးတွေပါ ပါးပါးလာလိမ့်မယ် အစ်မ။ ဝက်ခြံရှိတဲ့နေရာတွေကတော့ နည်းနည်းယားလိမ့်မယ်။ ပြီးတော့ မျက်နှာသစ်ပြီးရင်လည်း နည်းနည်းနီတာရှိမယ် အစ်မ။ 15mins လောက်နေရင် ပုံမှန်ပြန်ဖြစ်ပါလိမ့်မယ် အစ်မ။
နောက်တစ်နည်းက ညီမမေမေပေးတဲ့နည်းပါ။ တမာရွက်ကိုပြုတ်ပြီး အအေးခံပြီး မျက်နှာသစ်ပါ။ ညီမကတော့ ၃ ရက်လောက်လုပ်လိုက်ပါတယ်။ နှစ်မျိုးလုံးဆို
ဝက်ခြံများတဲ့သူအတွက်ပို ထိရောက်ပါတယ်။
အားလုံးဝက်ခြံကင်းစင်တဲ့ မျက်နှာပိုင်ဆိုင်နိုင်ကြပါစေ
ညီမငယ် Shinn Thant
Credit: နိုင်းနိုင်းစနေ