Wednesday, September 11, 2013

WGEC ၏နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ကိုအစိုးရကမူအရသဘောတူလက်ခ

0 comments

တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ WGEC ကတင်ပြထားသည့် ‘နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာမူဘောင်’ကိုအစိုးရကမူအရအကောင်းမြင်သဘောတူလက်ခံကြောင်းသိရပါသည်။ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ WGEC ကစက်တင်ဘာလ၆− ၇ရက်ထိုင်းနိုင်ငံချင်းမိုင်မြို့၌ အစည်းအဝေးတရပ်ကျင်းပခဲ့သည်။ထိုအစည်းအဝေးတွင်ကရင်အမျိုးသားအစည်းအရုံးKNUနှင့် သျှမ်းပြည်တပ်မတော် RCSS/SSA မှဆွေးနွေးရေးအဖွဲ့များ သြဂတ်စ်လ၂၃ရက်ရန်ကုန် ၌ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ၏ဆွေးနွေးရေးအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကိုပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။အစိုးရက WGEC တင်ပြထားသည့် တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး၁၄ချက် အပါအဝင်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ကို မူအရသဘောတူလက်ခံကြောင်းဆို၏။

WGEC ရေးဆွဲထားသည့်နိုင်ငံရေးဆွေးနွေးပွဲမူဘောင်၌ကဏ္ဍ၅ခုပါရှိရာ
၁ − နိဒါန်း၊
၂ − အခြေခံမူများ၊
၃ − တနိုင်ငံလုံးတိုင်းအတာနှင့် အပစ်ခတ်ရပ်စဲရေး၊
၎ − နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်နှင့်
၅ − ပြုပြင်ပြောင်းလဲရေးကာလအတွင်းအစီအစဉ်များ− တို့ဖြစ်ပါသည်။

စက်တင်ဘာ၂၃ရက်နေ့အစည်းအဝေး၌MPC ကအစိုးရက WGEC တင်ပြထားသည့်နိဒါန်းနှင့် 
နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာမူဘောင်ကိုလက်ခံကြောင်း၊ သို့သော်တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စဲရေး ကဏ္ဍ၌၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နိုင်သည့်အသုံးအနှုန်းများနှင့် အသေးစိတ် အချက်အလက် အနည်းငယ်ကိုပြန်လည်ပြင်ဆင်ရမည်ဟုတင်ပြကြောင်းဆိုပါသည်။

WGEC ရေးဆွဲထားသည့်နိဒါန်း၌၁ − လက်နက်ကိုင် ပဋိပက္ခများချက်ချင်းအဆုံးသတ်စေရေးအတွက် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့်နိုင်ငံရေးအဖြေရှာရန်၊၂ − နိုင်ငံတော်အတွင်းစည်းလုံးညီညွတ်ရေး၊၃ − တရား မျှတ၍ စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိရေး− ဟူ၍ပါရှိသည်။

အခြေခံမူများ၌အချက်၁၅ချက်ပါရှိရာ −
၁ − တရားမျှတ၍ငြိမ်းချမ်းသည့်ဒီမိုကရေစီနိုင်ငံကိုအတူတကွ ထူထောင်ရန်။
၂−လွတ်လပ်သည့်ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်ပေးခဲ့သည့် ပင်လုံစာချုပ်ကို အသိအမှတ်ပြုရန်။
၃−ပင်လုံစာချုပ်အဖွဲ့ဝင်တိုင်းရင်းသားများသည်ပြည်ထောင်စုကိုပူးတွဲ ထူထောင်သူများဖြစ်သည့် အတွက်ပြည်ထောင်စုကိုစောင့်ရှောက် ကာကွယ်ရန်တာဝန်ရှိမှုကို အသိအမှတ်ပြုရန်။
၎ − ပြည်ထောင်စုမပြိုကွဲရေးအတွက် ပင်လုံစာချုပ်၌ပါဝင်သည့်အခြေခံမူများကိုလိုက်နာရန်။
၅ − တိုင်းရင်းသားများ၏အခွင့်အရေးကိုအသိအမှတ်ပြုပြီးဥပဒေအရကာကွယ်ပေးရန်။
၆ − ပြည်သူတိုင်းပြည့်ဝပြီးတန်းတူသည့်အခွင့်အရေးများရှိရန်။
၇ − နှစ်၆၀ကျော်ပြည်တွင်းစစ်ကြောင့်ပြည်သူများဒုက္ခပင်လယ်ဝေခဲ့ရသည်ကိုအသိအမှတ် ပြုရန်။
၈−တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်းပြည်သူတွေ ငြိမ်းချမ်းစွာနေထိုင်နိုင် 
ရန်လက်နက်ကိုင်တပ်ဖွဲ့များကဆောင်ရွက်မှုကိုအသိအမှတ်ပြုရန်။
၉−အစိုးရနှင့်စစ်တပ်၊တိုင်းရင်းသားအဖွဲ့အစည်း၊နိုင်ငံရေးပါတီ၊လူမှုအခြေပြုအဖွဲ့အစည်းနှင့်အမျိုးသမီးအဖွဲ့အစည်းများငြိမ်းချမ်းရေးလုပ်ငန်းအဆင့်ဆင့်တိုင်း၌ပါဝင်ရန်။
၁၀ − နိုင်ငံရေးပြဿနာကိုဖြေရှင်းရန်အားလုံးကလက်ခံနိုင်သည့်နည်းလမ်းကိုရှာဖွေရန်။
၁၁ − ပြဿနာပေါ်ပေါက်လာပါကတဖက်ကိုတဖက်အပြစ်တင်စွပ်စွဲခြင်းမပြုလုပ်ရန်
၁၂ − ငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်တိုင်းတွင် ပြည်သူလူထုကိုပူးတွဲကြေငြာချက်များဖြင့် အသိပေးရန်။
၁၃ − တိုက်ပွဲများမဖြစ်ပွားအောင်နှစ်ဖက်စစ်အင်အားကိုခွဲခြားနေရာချထားရန်။
၁၄ − မည်သည့်ပြဿနာကိုမဆိုစစ်အင်အားသုံးပြီးမဖြေရှင်းရန်။
၁၅ − ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်ပြဿနာကိုဖြေရှင်းရန်− တို့ဖြစ်ပါသည်။

ဤအခြေခံမူများသည် အတိုက်အခံနှင့်အစိုးရနှစ်ဦးနှစ်ဖက်လက်ခံနိုင်သည့်မူများဖြစ်ရမည်ဟုဆိုပါသည်။

WGEC၏နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ကို KNU နှင့် RCSS တို့ကပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒု-ဥက္ကဌဦးအောင်မင်းထံ၂၀၁၃မေလ၁၃ရက်နေ့ကပေးအပ်ခဲ့သည်။

MPCဖက်ကတနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးကို၂၀၁၃အောက်တိုဘာလ၌လက်မှတ်ရေး ထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ကို၂၀၁၃နိုဝင်ဘာလမှ၂၀၁၄ မတ်လအတွင်းအပြီးရေးဆွဲ နိုင်ရန် ၊ပြည်ထောင်စုညီလာခံကြီးကို ၂၀၁၄ဧပြီလမှ ၂၀၁၅မတ်လအတွင်းကျင်းပနိုင်ရန်ပဏာမစီစဉ်ထားကြောင်း၊ တနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးနောက်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းတင်ပြခဲ့သည်။

ဦးလှမောင်ရွှေက “နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကိုဆွေးနွေးတဲ့အခါ လူအယောက် ၁၀၀ကနေ၁၅၀ ထိ ပါဝင်မယ်။ အပစ်ရပ်တပ်ဖွဲ့အားလုံးကတစ်ဖွဲ့ကိုကိုယ်စားလှယ်၂ယောက်ပါဝင်မယ် ။ ဆွေးနွေးတဲ့အပိုင်းမှာ အကြံဉာဏ်ပေးပုဂ္ဂိုလ်တွေကိုဖိတ်ခေါ်လာချင်လည်းရတယ်။ဒါပေမဲ့ဆွေးနွေးပွဲမှာဆုံးဖြတ်ပိုင်ခွင့်တော့ မရှိဘူး။ပြောဖို့အခွင့်ပေးတာရှိချင်ရှိမယ်။လက်နက်ကိုင်တပ်ဖွဲ့ကနေပြည်သူ့စစ်ဖြစ်သွားတဲ့အဖွဲ့တွေ လည်းဖိတ်ခေါ်မယ်” ဟုပြောပါသည်။

WGEC ကနိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်နှင့် ပတ်သက်၍ဆွေးနွေးရန်ခေါင်းစဉ် ၁၉ချက် တင်ပြထားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ခြင်း၊လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲခြင်း၊ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာကိစ္စ၊ဥပဒေပြုရေးဆိုင်ရာပြုပြင်ပြောင်းလဲခြင်း၊မြေယာဆိုင်ရာကိစ္စ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ IDP/ဒုက္ခသည်ကိစ္စ၊ မီဒီယာ− စသည် တို့ဖြစ်သည်။

သြဂတ်စ်လ၃၁ရက်၌တွေ့ဆုံစဉ်ဦးအောင်မင်းက “ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ကို အစိုးရဖက်က လည်းရေးဆွဲထားပြီးပြီ ။ဆွေးနွေးဖို့ ခေါင်းစဉ်၉ချက်ဘဲရှိတယ်။ ဒါပေမဲ့အစိုးရဖက်ကအတိုင်းအားလုံးယူမှာတော့မဟုတ်ဘူး။နှစ်ဦးနှစ်ဖက်ဆွေးနွေးတိုင်းပင်ပြီးသဘောတူညီချက်ရတဲ့အထိ လုပ်ဆောင်သွားမယ်။ ၉ချက်ဘဲရေးဆွဲထားတာက၂၀၁၄အတွင်းနိုင်ငံရေးဆွေးနွေးနိုင်အောင်ရည်ရွယ်တာဖြစ်တယ်။ အချက်တွေများရင်အချိန်အကြာကြီးယူရမယ်။လက်ရှိအစိုးရလက်ထက်မှာမပြီးနိုင်ဘဲနောက်အစိုးရလက်ထက်ထိရောက်သွားနိုင်မယ်” ဟုပြောပါသည်။ (မည်သည့်အချက်များဖြစ်သည်ကိုကားမသိရှိရသေးပါ။)

တနိုင်ငံလုံးအတိုင်းအတားနှင့်အပစ်ခတ်ရပ်စဲရေးတခုတည်းရေးဆွဲ၍တင်ပြမည်ဆိုပါက မလုံလောက်ကြောင်း၊ အပစ်ရပ်ကာလ၌လက်နက်ကိုင်တပ်ဖွဲ့များမည်သို့လှုပ်ရှားနေထိုင်
သွားမည့်အကြောင်းကို ထည့်သွင်းရေးဆွဲသင့်ကြောင်း၊ သို့မဟုတ်ပါကလက်နက်ကိုင်တပ်ဖွဲ့များ ဝင်ငွေမရှိဘဲအခက်အခဲများတွေ့ကြုံကာ နိုင်ငံရေးဆွေးနွေးပွဲကိုထိခိုက်နိုင်ကြောင်းစက်တင်ဘာ ၆−၇ရက်မှာပြုလုပ်သည့် အစည်း အဝေး၌ WGECအဖွဲ့ဝင်များကသုံးသပ်တင်ပြကြသည်။

အပစ်ရပ်ကာလ၌တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို၁−အခွန်ဆက်လက်ကောက်ခံခွင့်ပေးရန်၊သို့မဟုတ်၂−စီးပွားရေးလုပ်ငန်းလုပ်ပိုင်ခွင့်ပေးရန်၊သို့မဟုတ်၃−အစိုးရသို့မဟုတ်အခြားနိုင်ငံမှအစိုးရက ကူညီထောက်ပံ့ရန်၊သို့မဟုတ်၎−သက်ဆိုင်ရာလက်နက်ကိုင်တပ်ဖွဲ့၏ထိန်းချုပ်နယ်မြေ အတွင်းရှိ စီမံကိန်းကြီး မှဝေစုခွဲပေးရန်(ဥပမာ − RCSS/SSA ထိန်းချုပ်နယ်မြေ၌ဆည်တည်ဆောက်မည်ဆိုပါက ထိုစီမံကိန်းမှ ရရှိလာသည့်ငွေကြေးကို RCSS/SSA အားခွဲပေးခြင်း၊ SSPP/SSA ထိန်းချုပ် နယ်မြေ၌ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းရှိသည့်အတွက်ထိုစီမံကိန်းမှရရှိလာသည့်ငွေကြေးကို SSPP/SSA အား ခွဲပေးခြင်း)− ဟူ၍WGEC ကတင်ပြထားသည်။ တဖက်၌လည်း MPC ၊ KNU နဲ့ RCSS မှဆွေးနွေးရေးအဖွဲ့များကတနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းရေးဆွဲရန် ယခုအပတ်အတွင်းရန်ကုန်၌တွေ့ဆုံမည်ဖြစ်သည်။မူကြမ်းရေးဆွဲပြီးပါကသက်ဆိုင်ရာ အဖွဲ့အစည်းထံသို့လေ့လာသုံးသပ်နိုင်ရန်ပြန်လည်တင်ပြကြမည်ဖြစ်သည်။


သျှမ်းသံတော်ဆင့် 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here