Monday, September 16, 2013

၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ. ကျင်းပ

0 comments

၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအား စက်တင်ဘာ ၁၅ ရက်တွင် လွှတ်တော်ဝန်းအတွင်းရှိ သဘင်ဆောင်တွင် ကျင်းပခဲ့သည်။

အဆိုပါ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီနေ့ကို ကျင်းပခဲ့တာ သုံးကြိမ်ရှိပါပြီ။ ဒီမိုကရေစီ ဆိုတာကတော့ အများဆန္ဒနဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အများဆန္ဒ ဆိုပေမယ့် လူနည်းစုရဲ့ ဆန္ဒကိုလည်း ပစ်ပယ်ထားလို့ မရပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒ၊ လိုအပ်ချက်နဲ့၊ အသံတွေ၊ ထင်မြင်သုံးသပ်ချက်တွေကို မှန်ကန်တဲ့အသံ၊ ထင်မြင်ချက်တွေဖြစ်ဖို့ လိုပါတယ်။ အဲဒီအသံတွေကို လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေ သိရှိအောင် မြှင့်တင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် အစဉ်တည်တံ့စေရန်အတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အပိုင်းတွေက အပြန်အလှန် ထိန်းကျောင်းမှုတွေနဲ့ ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသံကို အစဉ်နားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်ရန် လိုအပ်ပါတယ်" ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

၂၀၁၃ ခုနှစ် ဒီမိုကရေစီနေ့ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပါလီမန်များသမဂ္ဂ ဥက္ကဋ္ဌမှလည်း သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှလည်း သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

အခမ်းအနားတွင် ကျောင်းသားလူငယ်များ၏ စာတမ်း၊ ပြည်သူလူထုကိုယ်စားပြု စာတမ်းအပါအ၀င် စာတမ်း ၁၉ စောင် ဖတ်ကြားခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here