Monday, September 9, 2013

နမ့်ယောင်ချောင်း ရေကြီးရေလျှံမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ လားရှိုးမြို့အနီး နမ့်ယောင်ချောင်း တစ်ဖက်စီတွင် ရေကျချိန်အား စောင့်ဆိုင်းနေရ

0 comments


ရေကြီးရေလျှံမှုကြောင့် လားရှိုးမြို့တွင် စောင့်ဆိုင်းနေသည့် မော်တော်ယာဉ်များကို တွေ့ရစဉ်

လားရှိုးမြို့တွင် စက်တင်ဘာ ၆ ရက်မှ စတင်၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ ၇ ရက်တွင် လားရှိုးမှ မူဆယ်ဘက်သို့အထွက် အေတီတံတားအနီး
နမ့်ယောင်ချောင်းသည် ထပ်မံ၍ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှုသည် ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်ယာဉ်များ၊ စက်တင်ဘာ ၇ ရက် ညပိုင်းထိ ဖြတ်သန်းသွားလာနိုင်သေးသော်လည်း ည ၈နာရီခန့်တွင်
 လမ်းပေါ်သို့ ခြောက်ပေခန့်အထိ ရေများမြင့်တက်လာမှုကြောင့် ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း သိရသည်။
"စနေနေ့က မိုးတစ်နေကုန် ရွာပေမယ့် လမ်းပေါ်ချောင်းရေတက်တာက သုံးပေလောက်ထိပဲဆိုတော့ ယာဉ်ငယ်တွေရော၊ ယာဉ်ကြီးတွေရော ဖြတ်လို့ရသေးတယ်။
 ညပိုင်း ၈ နာရီလောက်မှာတော့ တောင်ကျရေတွေ စီးဆင်းတာများပြီး လမ်းပေါ်ကို ရေခြောက်ပေလောက်ထိ မြင့်တက်လာတော့ ယာဉ်တွေဖြတ်လို့ မရတော့ဘူး" ဟု
ဒေသခံ တစ်ဦးက ပြောကြားသည်။
အဆိုပါ ရေကြီးရေလျှံမှုသည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းထိ ရေကျဆင်းမှု မရှိခြင်းကြောင့် မန္တလေး-လားရှိုး-မူဆယ်နှင့် မန္တလေး-လားရှိုး-ကွမ်းလုံ-ချင်းရွှေဟော်-လောက်ကိုင်မြို့များသို့
ကုန်စည်ကူးသန်း ရောင်းဝယ်ကြသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ လားရှိုးမြို့ အေတီတံတား အနီးတွင် အစီးရေ ၆၀၀ ကျော်ခန့်ထိ စောင့်ဆိုင်းလျက် ရှိနေကြောင်း သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here