Monday, September 9, 2013

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်နိုင်ရေး အတွက် (EOI)စတင်ခေါ်ယူ

0 comments

ကျောက်ဖြူအထူးစီးပွားရေးဇုန် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရင်းနှီးတည်ဆောက်သူ(Developer)အား အိတ်ဖွင့်တင်ဒါ(Open Tender)ဖြင့် ခေါ်ယူနိုင်ရေးအတွက် အတိုင်ပင်ခံကုမ္ပဏီ(Consulting Firm)များထံမှစိတ်ဝင်စားမှုဖော်ပြသည့် လျှောက်လွှာ (Expression of Interest -EOI)စတင်ခေါ်ယူပြီ ဖြစ်ကြောင်း သိရပါတယ်။အဲဒီ့(EOI)ခေါ်ယူခြင်းကို စက်တင်ဘာ(၈)ရက်၊နံနက်(၉) နာရီခွဲက ရန်ကုန်မြို့၊အင်းယားလိတ်ဟိုတယ်မှာ ကျင်းပခေါ်ယူခဲ့တာဖြစ်ပြီး အခမ်းအနားသို့တင်ဒါခေါ်ယူရေးနှင် စိစစ်ရွေးချယ်ရေးကော်မတီ(Bid Evaluation and Awarding Committee – BEAC) ဒုတိယဥက္ကဋ္ဌ၊ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်သိန်း၊မြန်မ
နိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးဆက်အောင်တို့ ဦးဆောင်ပါဝင်သောBEAC အဖွဲ့ဝင်များ၊မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် အဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊INGO နှင့် NGO အဖွဲ့အစည်းများ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို နိုင်ငံတကာ
စံနှုန်းများနှင့် အညီအကောင်အထည်ဖော်ရန် မဟာဗျူဟာနည်းလမ်းများ ရေးဆွဲခြင်း၊ရင်းနှီး တည်ဆောက်လိုသူ(Developers)များအားနိုင်ငံတကာလုပ်ထုံး လုပ်နည်းများနှင့် အညီပွင့်လင်း မြင်သာစွာ တင်ဒါခေါ်ယူခြင်း၊ရင်းနှီးတည်ဆောက်သူများကို စိစစ်ရွေးချယ်ရာတွင် ငွေကြေးနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များတွင် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့(Bid Evaluation and Awarding Committee – BEAC)အား အကြံဉာဏ်ပေးခြင်း၊ရင်းနှီးတည်ဆောက်သူ(Developers) ရွေးချယ်ပြီးနောက် အထူး
စီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်နေစဉ် ကာလအတွင်း အရည်အသွေးစောင့်ကြည့်ထိန်းချုပ်ခြင်း(Monitoring and Quality Control) အစရှိသောဝန်ဆောင်မှုများပေးနိုင်မည့် ပြည်တွင်း၊ပြည်ပအတိုင်ပင်ခံကုမ္ပဏီများထံမှ“စိတ်ဝင်စားမှုဖော်ပြလွှာ” များကို ဖိတ်ခေါ်ကြောင်းသိရသည်။“စိတ်ဝင်စားမှုဖော်ပြလွှာ”(Expression of Interest – EOI)မူရင်းနှင့် မိတ္တူများကို တင်ဒါခေါ် ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီရုံး၊ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ရထား ပို့ဆောင်ရေးဝန်ကြီးဌာန၊
ရုံးအမှတ်(၂၉)၊နေပြည်တော်သို့(၂၀၁၃)ခုနှစ်၊စက်တင်ဘာလ(၂၅)ရက်နေ့ထက် နောက်မကျစေဘဲ တင်သွင်းရမည်ဖြစ်ပြီး စိတ်ဝင်စားသော အတိုင်ပင်ခံကုမ္ပဏီများသည် အသေးစိတ်အချက်အလက်များကို ကော်မတီရုံးတွင်လည်းကောင်း၊ဝက်ဘ်ဆိုက်www.kpsez.org မှလည်းကောင်းရယူနိုင်ပြီးကော်မတီသို့လည်းအီးမေးလ်လိပ်စာ beac@kpsez.org ဖြင့်ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

Skynet

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here