Monday, September 9, 2013

ပြည်တွင်းအခြေခံ လုပ်သားလခကို အိမ်နီးချင်းနိုင်ငံလုပ်အားခများနှင့် တန်းတူပေးနိုင်ရန် သုတေသနပြုလုပ်၍ သတ်မှတ်မည်

0 comments

9.9.2013

ပြည်တွင်းအခြေခံ လုပ်သားလခသတ်မှတ်ရာတွင် အိမ်နီးချင်းနိုင်ငံများ
တွင်ရှိသောအခြေခံအလုပ်သမားလခများသတ်မှတ်ထားခြင်းကို သုတေသန
ပြုလုပ်ပြီး သတ်မှတ်သွားမည်ဟု အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှု
ဖူလုံရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးထင်အောင်ကပြောကြားခဲ့သည်။
စက်တင်ဘာလ(၇)ရက်နေ့က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ကနောင်
ခန်းမှပြုလုပ်သောအလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီးနှင့် အလုပ်ရှင်၊ အလုပ်သမားများ တွေ့ဆုံဆွေးနွေးပွဲ
တွင်ပြောကြားခြင်းဖြစ်သည်။ အနည်းဆုံးလုပ်သားလစာကို အဘက်ဘက်
မှအကြံဥာဏ်ပေါင်းစုံယူပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားမည်ဟု
ဒုတိယ၀န်ကြီးဦးထင်အောင်ကဆိုသည်။အခြေခံလစာကိုသတ်မှတ်ပြီးပါက
ရက်မှန်ကြေး၊ အချိန်ပိုကြေးတို့ကိုစဉ်းစားသွားရန်ရှိကြောင်း ဒုဝန်ကြီးက
ပြောကြားခဲ့သည်။အလုပ်သမားရေးရာအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာတွင် နည်းဥပဒနှင့် ဥပဒေကိုအဆင့်ဆင့်လိုက်နာဆောင်ရွက်ပြီး အလုပ်ရှင်နှင့်
အလုပ်သမားကြီးကြပ်သူများကလည်း အလုပ်သမားများအပေါ် ဆက်ဆံရေး
ပြေပြစ်စွာဆောင်ရွက်ရန်ကို ဒုတိယ၀န်ကြီးကတိုက်တွန်းခဲ့သည်။အဆိုပါ
ဝန်ကြီးဌာနအနေဖြင့်လည်း ခေတ်နှင့်မကိုက်ညီသော ဥပဒေများကို
ပြင်ဆင်ရေးဆွဲခြင်း၊ ဖြည့်ဆွက်ရေးဆွဲခြင်းများကို ပြုလုပ်နေပြီး လိုအပ်
သော ဥပဒေသစ်များကိုလည်းပြဌာန်းရန် ဆောင်ရွက်သွားမည်ဟုသိရသည်။

SKYNET TV

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here