Friday, January 18, 2013

ထိုင်းရဲတွေ မြန်မာစာနဲ့ ကရင်စာ သင်နေကြပြီ

0 comments


 
ယမန်နေ့က မဲဆောက်တွင်ပြုလုပ်သည့် မြန်မာစာ သင်တန်းဖွင့်ပွဲ။ ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ

ပြည်တော်မြင့် ~

ထိုင်း-မြန်မာ ၂ နိုင်ငံပြည်သူများနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်ဘို့အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ထိုင်းရဲ ၂၀၀ ကျော် ယမန်နေ့ ဇန်န၀ါရီလ ၁၇ ရက်နေ့ကစပြီး မြန်မာစာနဲ့ ကရင်စာကို စတင်သင်ကြားဘို့ အတွက် မဲဆောက် ရဲစခန်းမှာ ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။ 



ယမန်နေ့ကစပြီး ရက်သတ္တ တပတ်ကို ၂ ရက်နှုံးနဲ့ စက်တင်ဘာလ အထိ သင်ကြားကြမှာဖြစ်ပြီး သင်တန်း ဆရာတွေက မဲဆာက်မှာရှိတဲ့ CDC မြန်မာ ရွှေ့ပြောင်း အထက်တန်းကျောင်းက မြန်မာဆရာတွေပါ။ 

မြန်မာစာ၊ ကရင်စာ သင်ယူကြမယ့် ထိုင်းရဲများ

ဒီအစီအစဉ်ကို ကမကထပြုတာက အာစီယံ စီးပွားရေးကော်မတီ AEC ဖြစ်ပြီး မြန်မာနိုင်ငံ မြ၀တီက ဌာနဆိုင်ရာ ၀န်ထမ်းတွေလည်း ထိုင်း စာသင်ကြားပေးမယ့် အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။ 

အိမ်နီးခြင်းနိုင်ငံက ဘာသာစကားကိုပြောဆိုနိုင်ခြင်းအားဖြင့် ၂ နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးတက်စေ မှာ
ဖြစ်တယ်လို့ တာ့ခ်ခရိုင်က ရဲချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စုံဖောအခလဒေချိုချိုင်းက ဒေသခံ သတင်းထောက် 
တွေ ကိုပြောဆိုပါတယ်။ 

သင်တန်းမှာ ထိုင်းရဲ ၂၀၀ ကျော်နဲ့အတူ ထိုင်းစေတနာ့ဝန်ထမ်း ၁၀၀ ခန့်လည်း တက်ရောက်သင်ကြားကြ မှာဖြစ်ပြီး အင်္ဂလိပ်ဘာသာကိုတော့ နိုင်ငံခြားကဆရာတွေလာရောက်သင်ကြားပေးဘို့ရှိပြီး အဓိက မြန်မာနဲ့ ကရင်ဘာသာကိုသင်ကြားကြမှာဖြစ်ပါတယ်။ 


မဲဆောက်က တရားမ၀င်အလုပ်သမား အများစုကတော့ ထိုင်းရဲတွေ မြန်မာစကား တတ်မြောက်ခြင်း အားဖြင့် သူတို့နဲ့ဆက်ဆံရာမှာ ပိုမိုအဆင်ပြေနိုင်မယ်လို့ သုံးသပ်ပြောဆိုကြသည်။ 


မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် ၉ မြို့နယ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်းရှိပြီး မဲဆောက်ဒေသ မှာတော့ ၂ သိန်းခန့်ရှိပြီး အလုပ်ရုံ စက်ရုံတိုင်းမှာ မြန်မာစာနဲ့စကားကိုဘဲ အသုံးပြုနေကြပါတယ်။
The Irrawaddy's Blog

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here