(လော့စ်အိန်ဂျလိစ် သြဂုတ် ၁၆)
ကန်းထရီး အဆိုတော် တေးလာ ဆွစ်ဖ်၏ စတုတ္ထမြောက် "Red"စတူဒီယို တေးအယ်လ် ဘမ်အား အောက်တိုဘာ ၂၂ ရက်တွင် ဖြန့်ချိ သွားမည်ဖြစ် ကြောင်း ကြေညာ ခဲ့သည်။
အဆိုပါ "Red" တေးအယ်လ် ဘမ်တွင် တေးလာသည် ပြင်းပြသော ချစ်ခြင်း မေတ္တာ၊ ခံပြင်းခြင်း၊ မနာလို ဖြစ်ခြင်း၊ စိတ်ရှုပ် ထွေးခြင်း အစရှိသည့် ခံစားချက် အမျိုးမျိုးဖြင့် တေးသီချင်း မျိုးစုံ သီဆိုထားသည်။
၎င်းတေး အယ်လ်ဘမ်တွင် တေးသီချင်း (၁၆) ပုဒ်ပါဝင် သွားမည်ဖြစ်ပြီး အခြားအနုပညာ ရှင်များ၊ ထုတ်လုပ်သူ များနှင့် အခြားတေးရေး ဆရာများပါ ပါဝင်ဖန်တီးထားကြောင်း သိရသည်။ တေးလာသည် ကိုယ်တိုင်ရေး တေးသီချင်း များကိုသာ သီဆိုသူ ဖြစ်သောကြောင့် "Red"တေးအယ်လ် ဘမ်သည် ထူးခြားသည့် ခံစားချက် များကို ပေးစွမ်း သွားမည် ဖြစ်ကြောင်း ပရိသတ်များက မျှော်လင့်လျက် ရှိကြောင်း သိရသည်။
ref: မြ၀တီ