၉၆၉ နာမည်မသုံးရန် တားမြစ်မှု ကလောမြို့တွင် ဖြစ်ပွား
ရှမ်းပြည်နယ် ကလောမြို့အထွက် ရွှေဇင်ယော်စက်သုံးဆီအရောင်းဆိုင်အနီးရှိ ဒေသထွက်လက်ဆောင်များ ရောင်းချသော ဆိုင်တန်းမှ “ ၉၆၉ မေရှမ်း ” နှင့် “ ၉၆၉ ရွှေစင် ”အမည်ရှိ ဆိုင်းဘုတ်ရေးထားသော ဆိုင်ခန်းနှစ်ခန်းအား ဇွန် ၁၄ ရက်မနက်ပိုင်း တွင် More
ဗိုလ်ချုပ် ဆေထင် ပြောစကားများက ပြည်ထောင်စုကြီးတစ်ခုလုံး ပြိုကွဲသွားအောင် သွေးထိုးလှုံ့ဆော် လိုက်တဲ့ သဘောလား….?
ဆက်ကြေးကောက်၊ ဘိန်းခွန်ကောက်၊ သစ်ခိုးထုတ် တဲ့ တရားမ၀င်လုပ်ရပ်တွေကိုတော့ လုပ်လို့မရတော့ ဘူးပေါ့။ ဒ့ါကြောင့် ဦးဆေထင် လက်နက်မစွန့် ချင်တာ More
Showing posts with label ရှမ်း. Show all posts
Showing posts with label ရှမ်း. Show all posts
Tuesday, January 7, 2014
Tuesday, October 29, 2013
နိုဝင်ဘာလထဲ၌မိုင်းဖုန်းဆရာတော် ပြန်လည်ကြွလာတော့မည်ဖြစ်ကြောင်း သိရ
Categories :
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖုန်းဒေသတွင် သီတင်းသုံး စံမြန်းခဲ့သည့် မိုင်းဖုန်းဆရာတော်သည် ယခု အခါမှာ မြန်မာနိုင်ငံ တာချီလိတ်သို့ ထိုင်းနိုင်ငံမှ တဆင့် ပြန်လည် ကြွရောက်တော်မှု လာတော့မည် ဖြစ် သည့်အတွက်မိုင်းဖုန်းဒေသရှိ ကျောင်းဆောင်အား ကျောင်းအကျိုးတော်ဆောင်များမှ ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေကြသည့်အပြင် ဆရာတော်အား ပြန်လည် ကြွရောက်နိုင်ရန် အတွက် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးအနက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် အပါ အ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ် နှင့် အဖွဲ့မှ ဆရာတော် လက်ရှိ သီတင်းသုံးနေသည့် ထိုင်းနိုင်ငံ သို့ သွားရောက်ပြီး ဆရာတော်အား တာချီလိတ်သို့ ပြန်လည် ပင့်ဆောင်ရန် ကိစ္စ အတွက် အောက်တိုဘာလ ၂၇ရက် နေ့လည် ၁နာရီအချိန်က သွားရောက် လျှောက်ထားရာ ဆရာတော်မှ နိုဝင်ဘာလအတွင်း ကြွလာမည်ဖြစ်ပြီး ကြွလာမည့်ရက်အား သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်ပြန်လည် ကြွရောက်သည့်အခါတွင် အဆင်အသင့်ဖြစ်နေရန်အတွက် ပျက်စီး ယိုယွင်းနေသော ကျောင်းဆောင်များအား ပြုပြင်မွမ်းမံမှုများကို ကျောင်းအကျိုးတော်ဆောင်များနှင့် အလှူရှင်များမှ စုပေါင်းကာ ဆောင်ရွက်နေကြကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Monday, September 23, 2013
ရှမ်းလူမျိုးတို့၏ ရိုးရာ လက်ထပ်ပွဲ အကြောင်းတစေ့တစ်စောင်း
Categories :
23.9.2013
အမျိုးသမီးတို့ မင်္ဂလာ ဆောင်ပွဲများမှာ ဒေသအလိုက် အနည်းနှင့် အများ ကွဲပြားကြသည်။ မိဘများက တောင်းရမ်းပေးရာတွင် ဦးစွာ ပထမ လူပျို၏မိဘများသည် အပျို၏ မိဘများထံသို့ သွား၍ ပြောရသည်။ အပျို၏ မိဘများက လေး-ငါးရက် အချိန်ယူပြီး ဆွေမျိုးများနှင့် တိုင်ပင်ရသည်။ သမီး၏ သဘောကို မေးရသည်။ သမီးက သဘောတူပါက လူပျိုဖက်သို့ အကြောင်းပြန်ကြားရသည်။ လူပျို၏ မိဘများက လူကြီးများနှင့် နေ့ကောင်းရက်သာ ရွေးပြီး အပျို၏မိဘမျာထံ သမီးတောင်းရန်လာကြသည်။ ထိုအချိန်တွင် အပျိုအိမ်၌ ဆွေမျိုးအစုံ ရောက်နေကြရသည်။ အပျိုဖက်မှ လူငယ်များက လူပျိုကို ခြံတံခါးဝတွင် တကြိမ်၊ အိမ်တံခါးဝတွင် တကြိမ် ကြိုးတားကြသည်။ ငွေကြေးပေးမှ ဖွင့်ပေးကြသည်။
အိမ်ပေါ်သို့ ရောက်သည့်အခါ အပျိုဖက်က လူကြီးနှစ်ဦးကို လူပျိုဖက်မှ လူကြီးများက သွား၍ နှင်ဆက်ရသည်။ အပျိုဖက်မှ လူကြီးများက လာရင်းကိစ္စကို မသိချင်ယောင်ဆောင်ပြီး မေးရသည်။ လူပျိုဖက်က သမီးလာတောင်းသည့် အကြောင်းပြောပြရသည်။
ဤသို့ တဖက်နှင့်တဖက် အပြန်အလှန် ပြောဆိုကြသည်။ ထိုသို့ပြောနေစဉ် လူပျိုဖက်က လင်ပန်းတခုတွင် လက်ဖက်နှစ်ထုပ်၊ ကွမ်းနှစ်ထုပ်၊ ငှက်ပျော်နှစ်ဖီး၊ အနည်းဆုံး ငွေငါးမတ်နှင့် ကြက်ဥပြုတ် နှစ်လုံးထည့်၍ အိမ်ထောင်စုံ အျိုးသမီးထံ ပို့ထားရသည်။ အကယ်၍ စကားပြောလို့မပြီးမီ ထိုလင်ပန်းကို အောက်ချထားမိပါက အပျိုဖက်က ယူစားပစ်နိုင်သည်။ ထို့နောက်မှ ကြက်ဥနှစ်လုံးမှတပါး လင်ပန်းအတွင်းရှိ အစားအစာ တ၀က်ကို ဆွေမျိုးနှစ်ဖက်အား ကျွေးမွေးပြီး ကျန်တ၀က်ကို အိမ်အပြင်တွင် နတ်ပသ၍ ဆုတောင်းခြင်းပြုကြသည်။
ထို့နောက် လူပျိုဖက်မှ ဧည့်သည်များကို အပျိုဖက်က ထမင်းကျွေး ပြုစုသည်။ အပျိုနှင့် လူပျိုအတွက်မူ ထမင်းပွဲတခု သီးသန့်ပြင်ပေးရသည်။ လူပျိုနှင့်အပျို ထမင်းစားနေစဉ် အနားတွင် ကလေးများက သားသမီးများသဖွယ် ကြက်ဥနှစ်လုံးကို ခွဲပြီး “ဖေဖေ၊ မေမေ” ဟုခေါ်ကာ သတိုးသားနှင့် သတို့သမီးတို့အား ခွံ့ကျွေးရသည်။ ချည်ခုနှစ်ပင်ပါသည့် ချည်မန်းကွင်းဖြင့် သတို့သား၊ သတို့သမီးတို့အား စွပ်ပေးရသည်။ လူပျိုနှင့်အပျို တပြန်စီ ထမင်းခွံ့သည့်ဓလေ့လည်း ရှိသည်။ သတို့သားက သတို့သမီးအား မိဘအား သမီးမွေးပေးသည့်အတွက် ငွေငါးကျပ်ကို နို့ဘိုးအဖြစ် ကန်တော့ရသည်။ ထို့အပြင် အပျိုဖက်က ဆွေမျိုးများအတွက် တအိုးစားလျှင် တကျပ်၊ နှစ်အိုးစားလျှင် နှစ်ကျပ် စသည်ဖြင့် ငွေကြေးပေးရသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ နောင်တနေ့ လင်မယား သဘောထား ကွဲလွဲပါက ဆွေမျိုးများကို သက်သေထူပြီး သတို့သား၊ သတို့သမီးအား ဆုံးမရန်ဖြစ်သည်။
အချို့ဒေသများတွင် လက်ထပ်ပွဲပြုလုပ်လျှင် ငှက်ပျောပွဲကိုပြင်၍ ငချဉ်ထုပ်များကို အုပ်ထဲတွင်ထည့်ထားသည်။ ရွဲထဲမှ အသက်ကြီးရင်သူတို့က ထိုအထုပ်များကို ဖြေပြီး ဧည့်သည်များကို ကျွေးမွေးသည်။ ရွှေ၊ငွေ ထည့်ထားသည့် ရေကို လက်ထပ်ပေးသူ လူကြီးက သတို့သမီးကို တိုက်သည်။ သတို့သမီးမှတဆင့် သတို့သားအား တိုက်သည်။ လက်ဖွဲ့သော အလေ့ရှိသည်။ သတို့သမီးအရံ၊ သတို့သား အရံနှင့် လက်ထပ်ပေးသူတို့ဥည် မိဘစုံလင်စွာရှိပြီး ငယ်လင်၊ ငယ်မယား အိမ်ထောင်စုံများဖြစ်ရသည်။ လူပျို၏ မိဘများက အပျို၏ မိဘများထံ သမီးတောင်းရာတွင် တင်တောင်းသော ပစ္စည်းမှာ ရွှေ၊ ငွေ၊ အ၀တ်အစားများသာ ဖြစ်သည်။ အိမ်နှင့် မြေယာများကို တင်မတောင်းကြပေ။ လက်ထပ်ပွဲကုန်ကျငွေကို ယောက်ျားလေးဖက်က အကုန်ခံရသည်။၏
ရှမ်းပြည်နယ် မြောက်ပိုင်း အချို့ဒေသများတွင် မိန်းကလေးကို သွားရောက်တောင်းယူရာတွင် ရေအပြည့် ပါသော ရေတကောင်းတခု၊ နှစ်တောင်ပတ်လည်ရှိသော ဖျာချောတချပ်၊ ကွမ်းဆေးအစုံ ထည့်ထားသော ကွမ်းအစ်တလုံး၊ ဆေးလိပ်ထည့်ထားသော ဆေးလိပ်ခွက် တခွက်နှင့် သွားတောင်းရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း အချို့ဒေသများတွင် လက်ဖက်စို တပိဿာ၊ ဆားတပိဿာ၊ ကြံသကာ တပိဿာ၊ ဆင်အန်ငှက်ပျောဖီး တဖီးနှင့် မိန်းကလေး မိဘ သို့မဟုတ် အုပ်ထိန်းသူထံ လာရောက် ကန်တော့ပြီး မိန်းကလေး ၀တ်ဆင်ရန် ရွှေတို ရွှေစ အဆင်တန်ဆာ များကိုပါ ယူဆောင်သွားရသည်။
တောင်းရမ်းရာတွင် ကွမ်းတော့တော် ခေါ် တဖက်နှင့်တဖက် အချီအချ စကားပြောဆိုရာတွင် ကြားဝင် ပြောရမည့် စကားပြော လိမ္မာကျွမ်းကျင်သူ၊ အာဝဇ္ဇန်းရှိပြီး လူမှုရေးရာ သိနားလည်သူ (အများအားဖြင့် လူပျိုခေါင်း) တစ်ယောက်ယောက်ကို ငှားရမ်းခေါ်ဆောင်ကာ သွားတောင်းလေ့ရှိသည်။ မင်္ဂလာပွဲကိုလည်း သတို့သမီး အိမ်တွင်သာ ပြုလုပ်လေ့ ရှိသည်။ ရှေးရှမ်းပုံပြင်မှ ခွန်ဆန်လောဝ်နှင့် နန်းဦးပြင်တို့ကို အစွဲပြုပြီး သတို့သား၊ သတို့သမီးအိမ်သို့အလာ လမ်းတွင် ရွှေကြိုး၊ ငွေကြိုးတားကြသည်။ လက်ထပ်ပြီး ခုနှစ်ရက်အတွင်း ခရီးထွက်လေ့မရှိကြပေ။ ယောက္ခ မအိမ်တွင် အနည်းဆုံး တနှစ်နေပြီးမှ အိမ်ထောင်ခွဲလိုက ခွဲနေကြလေ့ရှိသည်။
(တိုင်းရင်းသား ရိုးရာဓလေ့ ထုံးစံများ-မန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ) စာအုပ်မှ
စာဖတ်ပရိတ်သတ်များကို အစဉ် လေးစားလျက်
Hsipaw Generation. (သီပေါသား/သူများ)
Thursday, September 19, 2013
ရှမ်းသမိုင်းကြောင်းများ
Categories :
19.9.2013
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီင်္းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင်တည်ရှိပါသည်။ မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့်နေရာ၌ ပအိုဝ့်ရွာလေး တစ်ရွာ ရှိခဲ့သည်။ ထိုရွာ၏ အမည်မှာ ``ဒုံတောင်တီ´´ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့် ``တွမ်တီး´´ ဟုခေါ်သည်။ တည်ပင်(၀ါ) ကတည်ပင် ပေါက်ရာရွာဟု ဆိုလိုသည်။ ထိုရွာနှင့် အနီးတ၀ိုက်တွင်ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ၀ါးပြားရွာ များသာ ရှိပေသည်။
၎င်းအပြင် ရေကန် လေးကန်နှင့် အင်းကြီး တစ်အင်းလည်း ရှိပေသည်။ အင်္ဂလိပ်အစိုးရသည် တောင်ကြီးမြို့ ကို (၁၂၅၃)ခုနှစ်၊ (၁၈၉၀)ပြည့်နှစ်တွင်တည်ထောင်ခဲ့ကြောင်း၊ ပါတ်ဝန်းကျင်ရှိ အင်းနှင့်ကန်များကို ပြုပြင်ဆည်ဖို့ကာ တောင်ကြီးကို မြို့တော်ဖြစ်ရန် ဖန်တီးခဲ့ကြောင်း သိရှိ မှတ်သားရပါသည်။ သက်ကြီး ရွယ်အို တစ်ဦး၏ ပြောပြချက် အရ (၁၂၅၁)ခုနှစ်တွင်
တောင်ကြီးမြို့ တည်ကြောင်း မှတ်သား ရပါ သည်။ ဤ အဆို အမိန့်များကိုအခြေခံ၍ သုံးသပ်ကြည့်ရာ အင်္ဂလိပ်တို့သည် အထက် မြန်မာပြည်ကို (၁၂၄၇)နှစ်တွင် အခြေစိုက် နိုင်ခဲ့ပြီး၊ရှမ်းပြည်နယ်သို့ တက်လာကာ ပထမဦးစွာညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာ အေသတွင် စတင် ရုံးစိုက်ခဲ့ ပေသည်။
ထိုဒေသမှ တစ်ဖန် ယခုတောင်ကြီးမြို့ တည်ရာ ဒေသ တ၀ိုက်သို့ (၁၂၅၁)
ခုနှစ်ခန့်၌ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်နိုင် ပါသည်။ ထိုအချိန်ကတောင်ကြီးမြို့ အရှေ့ဘက် တောင်တန်းများ ပေါ်၌ မိရဲ၊ သထုံ၊ ၀ိနယ အစရှိသောပအိုဝ့်ရွာများ ရှိသည်။ ``၀ိနယ´´ဟူသော အဓိပ္ပါယ်မှာ ``မြို့ဟောင်း´´ဟူ၍ဖြစ်သည်။ ၎င်း၌ ရုံးစိုက်ပြီး နောက် (၁၈၉၄) ခုနှစ်တွင်မှ ယခုတောင်ကြီးမြို့သို့ ပြောင်းရွေ့ တည်ခြင်း ဖြစ်နိုင် ပါသည်။ ဤသို့ဆိုလျင်တောင်ကြီးမြို့၏ သက်တမ်းကား အနှစ် (၁၀၀) ကျော်ပြီဖြစ်ကြောင်း မှတ်တမ်း တင်ရမည် ဖြစ်ပါသည်။
တောင်ကြီးမြို့နေရာသည် သက္ကရာဇ် ၁၂၀၀ ခန့်လောက်က တည်ရှိနေ ခဲ့သောပအိုဝ်းရွာလေး တစ်ရွာရှိခဲ့၏။ ထိုရွာ၏ အမည်မှာ ဒုံတောင်တီ ဟုခေါ် လေသည်။ရှမ်းအသံဖြင့် တွမ်တီး ဟုခေါ်သည်။ တောင်ကျည်း၊ တွမ်းတီး ဟုမြန်မာအသံတောင်ကြီး ဟူသည်မှာ တည်ပင်နှင့် တူသော အပင်တစ်မျိုးဖြစ်ပါသည်။
အချို့သောအရပ်တွင် ကတည်ပင် ဟုလည်း ခေါ်ပါသည်။ ၄င်းအပင်ပေါက်ရာရွာဟုဆိုလိုပါ၏။ ထိုရွာနှင့် အနီးတစ်ဝိုက်တွင် ပင်လုံရွာ ၊ ရှမ်းရွာ ၊မွန် ခြိန်ရွာ နှင့် ၀ါးပြားရွာ များသာ ရှိပေသည်။၎င်း အပြင် ရေကန် ၎
ကန်နှင့် အင်းကြီးတစ်အင်းလည်း ရှိသည်။ အင်္ဂလိပ် အစိုးရသည်တောင်ကြီးမြို့ကို မြန်မာ သက္ကရာဇ် ၁၂၅၃-ခု ၊ ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်တွင် မြို့တည်ခဲ့ပေသည်။ တောင်ကြီးရွာကို မြို့တည် ပြီး
ထိုရွာနှင့်တဆက်တည်းဖြစ်သော ကန်များ၊ အင်းများကို ပြုပြင်ကာတောင်ကြီးမြို့ကို မြို့တော်ဖြစ်အောင်မွန်းမံခဲ့သည်ဟု ယုဝတီမာလာသိန်းကယုဝတီ ဂျာနယ်တွင် မဟာပါသဏမုံတ၀ဂူလိုဏ်ဂူ ဆောင်းပါးတွင် ရေးသားထားသည်ကိုမှတ်သားရပေသည်။
မှတ်တမ်းအရဆိုပါက တောင်ကြီးမြို့ကို တည်သည်မှာ နှစ် ၁၀၀ပင်ကျော်ခဲ့လေပြီ။ သက်ကြီးရွယ်အို တစ်ဦး ၏ ပြောပြချက်အရ ၁၂၅၁ ခုနှစ်တွင်တောင်ကြီးမြို့ကို တည်သည်ဟု မှတ်သားရပြန်သည်။ ထို့ကြောင့်
တောင်ကြီးမြို့တည်သည့် ခုနှစ်နှင့် ပတ်သက် ၍၀ိဝါဒ အမျိုးမျိုးဖြစ်နေသည်။အဖြေရှာကြည့်ရာ ၁၂၄၇-ခုနှစ်တွင် နယ်ချဲ့ အင်္ဂလိပ်တို့အထက်မြန်မာနိုင်ငံကို သိမ်းပိုက် သဖြင့် ထိုကာလွန် ၃ နှစ်သည်
နယ်ချဲ့တို့ရှမ်းပြည်ဖက်သို့တက်လာကာ မိုင်းသောက် (ညောင်ရွေမြို့နယ်) ကိုရုံးစိုက်ခဲ့သည် ကာလဖြစ်နိုင်ပေသည်။
မိုင်းသောက်ဒေသသည် ငှက်ဖျား မရှိသဖြင့် ရုံးပြောင်းရွေ့စိုက်သည့်နေရာကိုရှာဖွေ ကြပြန်ရာ ယခုတောင်ကြီးမြို့၏ အရှေ့ဘက် (ယခု ဓမ္မရတနာကျောင်း၏အရှေ့ဘက်(၂)မိုင်အကွာ) တွင် ၁၂၅၁-ခုနှစ်ခန့်၌ပြောင်းရွေ့ခဲ့ခြင်းဖြစ်နိုင်ရာသည်။ ထိုဒေသသည် ပြန့်ပြူးညီညာသဖြင့်မြို့တည်ခဲ့ခြင်းဖြစ်နိုင်ပေသည်။
ယခုတောင်ကြီးမြို့အရှေ့ဘက်ရှိ တောင်တန်းများပေါ်တွင် ထိုအချိန်ကပအိုဝ်းရွာများရှိရာ ၊ အင်္ဂလိပ်တို့က ထိုနေရာတွင် မြို့တည်လိုသဖြင့်အခြားသင့်တော်ရာနေရာသို့ ရွာပြောင်းခိုင်းသည်ဟုလည်း မှတ်သားရ ပေသည်။ထိုဒေသတွင် ယခင်က မီရဲ၊ သထုံ၊ ၀ိန်ယရွာများရှိရာ ၀ိန်ယသည် ပအိုဝ်းဘာသာစကားဖြင့် မြို့ဟောင်းဟု အဓိပ္ပာယ်ရသဖြင့် တောင်ကြီးမြို့ဟောင်းနေရာဖြစ်နိုင်ပေသည်။ ထိုနေရာတွင် ရုံးစိုက်ပြီးမှ ၁၈၉၄-ခုနှစ်တွင်ယခုတောင်ကြီးမြို့နေရာကို ပြောင်းရွေ့ မြို့တည်ခြင်းဖြစ် နိုင်ပေသည်။
စာရေးသူမှတ်သား ရသည်မှာ ယခု မြို့မ ဈေးကြီး နေရာသည် ယခင်ကဦးကြီးခမ်းလော် ရွာ နေရာဟောင်းဖြစ်သည်။ ထိုစဉ်က မီးရဲတွင်ပအိုဝ်းတိုင်းရင်းသား ချိုဖာထီးအုပ်ချုပ်ခဲ့ပေသည်။ ထိုအချိန်က တောအုပ်မှာတောင်ပိုင်းရပ်မှ ဦးဖိုးမင်းဖြစ်ပြီး ဦးဖိုးရင်မှာ နယ်အုပ်ဖြစ်သည်။အရေးပိုင်မှာ ဦးလူတင် ဖြစ်သည်။ ဒုံတောင်တီးခေါ် တောင်ကြီးရွာကို ဦးအောင်သာက အုပ်ချုပ်လေသည်။ ထာခယ်ရွာ (ယခု ညောင်ပင်သာ) ကို ဆရာစန္တတည်ပြီး ၊နဂါးပတ်ကျောင်း ၀န်းကျင်ကို မောင်ဖာဝမ် တည်ခဲ့သည်။
အင်းသားများ ဖြစ်သည့် ဘုရားဒါယကာညွန့် ဒါယကာကျော်တို့မှာ အင်းလေးမှအင်းသားများ (ထိုအချိန်က စော်ဘွား နှင့် မတည့်သူများ) ကို လမ်းအလုပ်သမားကူလီ များအဖြစ် ခေါ်လာ ၍ကူလီကုန်းရပ် (ယခု ကူညီကုန်းရပ်) ကိုတည်ခဲ့သည်။ဈေးပိုင်းရပ်ကို ပအိုဝ်း တိုင်းရင်းသားများဖြစ်သည့် ဇရပ်ဒကာ ဦးချုံ၊
ပဉ္စင်း ဘဖြူတို့က တည်ခဲ့သည်။ ထိုအချိန်က တောင်ကြီးမြို့ပေါ်တွင်ကန်ဦးကျောင်း၊ မင်းကျောင်း၊ ကုန်းသာကျောင်း၊ နဂါးပတ်ကျောင်း၊ ပထမတောင်ကျောင်းကြီးသာရှိခဲ့သည်။ မင်းကျောင်း၏ ပထမဆုံးကျောင်းထိုင်ဆရာတော်မှာ မဲနယ်တောင်တန်းမှ လုံဒါရွာ ဆရာတော်ဖြစ်ပြီး ပအိုဝ်း
တိုင်းရင်းသား ဖြစ်သည်ဟု မှတ်သားရလေသည်။
စာကိုး
1. ↑ စူဠာမုနိ လောကချမ်းသာ စေတီတော် တည်ဆောက်ရေး မှတ်တမ်းစာအုပ်
Wednesday, September 18, 2013
သျှမ်းပုဆိုး
Categories :
ပုဆိုးဟာ သျှမ်းတွေရဲ့  စစ်တွင်းအသုံးအဆောင် (ကြိုး၊ တံတား .. စသဖြင့်) အဖြစ် အသုံးပြုလို့ အရင်က ကွင်းလုံးမချုပ်ဘဲ
ပတ်ပြီးဝတ်ပါတယ်။
ခေါင်းပေါင်းလဲ ထို့အတူပါဘဲ။ အတောင် ၂၀ စီ ၂စ ဆိုရင် စစ်သည် တယောက်မှာ ကြိုးစ အတောင် ၄၀ ဆိုတော့ တကူးတက ကြိုးခွေတွေ သယ်သွားစရာမလိုတဲ့ ရှေးခေတ်ကသျှမ်းတွေ စီမံခန့်ခွဲမှုနည်းနာပါ။
အဲဒါတွေမသိတော့ ပုဆိုးဆိုတာနဲ့ သူများကိုထိုးအပ်ချင်နေကြတာ “အ” လို့ပါ လို့ဘဲပြောပါရစေ။
(သျှမ်းသမိုင်းသုတေသီ မယ်ခူးခေးရှဲန်)
Mokkham Sai
Monday, September 16, 2013
တောင်ကြီးတန်ဆောင်တိုင် သီချင်းလေးပါ
Categories :
Writer - စိုးညွှန့် ၊ အလင်း
Vocal - အလင်း
Saturday, September 7, 2013
ဘုရင့်နောင် ရှမ်းပြည်သို့ချီတက်ခြင်း
Categories :
ဘုရင်နောင် အင်းဝကိုရပြီးနော်က အုံးပေါင်ခွန်မှိုင်းစားသော စဥ့်ကူးမြို့ကို ရေကြောင်းဆန်၍ လုပ်ကြံစေပြန်သည်။ မြန်မာသက္ကရာဇ် ၉၁၆၊ အေဒီ (၁၅၅၄) ခုနှစ် တပေါင်းလခန့်တွင် ဗန်းမော်ရှမ်းပြည်ဘက်သို့ ချီရာ ဓိကျည်၊ ကောင်းတုံ၊ ကောင်းစင်၊ ငရင်၊ ဗန်းမော် စသည်တို့မှ လက်ဆောင်တို့ဖြင့် ခိုဝင်လာသည်။ ထို့နောက် မိုးကောင်း၊ မိုးညှင်း၊ မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက်၊ လဲချား၊ မိုင်းကိုင် စသောရှမ်းပြည်နယ်တလွှားကို သိပ်ယူလေသည်။ အေဒီ ၁၅၅၇ တွင် မိုးနဲကိုရသော် ထားစင်ဆိပ်မှ သံလွင်မြစ်ကို ကူးပြီးလျှင် ဇင်းမယ်သို့ ချီ၍ လုပ်ကြံသည်။ အေဒီ ၁၅၅၈ ခုတွင် မင်းနှင့်တကွ မြို့ကိုရသည်။ ဇင်းမယ်မင်း ကို မင်းမြဲပြုစေ၍ ဗင်းမယ်တွင် ဗမာတပ်ကို အစောင့်အနေချထားကာပြန်လေသည်။ အပြန်တွင်ဇင်းမယ်သား ပညာသည်တို့ကို ခေါ်ခဲ၍ ဟံသာဝတီတွင် အကွက်ချ၍ နေစေသည်။ ထိုအခါမှစ၍ မြန်မာနိုင်ငံသို့ ဇင်းမယ်ယွန်းထည်ပညာရောက်လာသည်ဟု ဆိုကြသည်။
ဇင်းမယ်ကိုရလျှင် သိန္နီစော်ဘွားသစ္စာခံလာသည်။ အေဒီ ၁၅၅၉ ခုနှစ်တွင် ကလေး၊ မင်းကင်းနယ်ပယ်များကို ကသည်းစော်ဘွားက သစ္စာခံ၍ သမီးတော်ကိုဆက်သည်။ အေဒီ ၁၅၆၂ ခုတွင်တရုတ်ပိုင်ယူနန်နယ်ကို ချင်းနင်းဝင်ရောက်ကာ မိုင်းမော၊ စည်ခွင်၊ ဟိုသာ၊ လာသာ၊ မိုးနား၊ စန္ဒား စသော ရှမ်း တရုတ် နယ်ပက်တို့ကို သိမ်းယူလေသည်။ ထိုဒေသတို့တွင် ဘုရင့်နောင်နှင့် သားတော်အိမ်ရှေစံ နန္ဒဘုရင်ကို အုပ်ချုပ်သော ဗမာတပ်သားတို့ တိုက်ခိုက်မှုများမှာ အံ့ဖွယ်သူရဲရှိလှကြောင်း ထိုခေတ်တရုတ်သမိုင်းတို့တွင် မှတ်တမ်းတင်ထားလေသည်။ အမှန်မှာ ဘုရင့်နောင်လက်ထက် ဗမာတပ်များသည် အရှအရှေပိုင်းတွင် တန်ခိုးထွားလျက်ရှိသော တရုတ် မင်မင်းဆက်၏ တပ်များကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲသဖြင့် အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ပြိုင်ဘက်ကင်းသော တပ်ဖြစ်လာခဲ့သည်ဟု ဆိုနိုင်ပေသည်။
သိမ်းသွင်းထားပြီးဖြစ်သော နယ်အသီးသီးမှ စစ်သားများကို စုဆောင်း၍ ဖွဲ့စည်းထားသောကြောင့် လွန်စွာတောင့်တင်းသော ဘုရင့်နောင်၏ တပ်သည် အေဒီ ၁၅၆၃ ခုနှစ်တွင်ယိုးဒယား ပြည်တောင်ပိုင်း ကိုချီတက်တိုက်ခိုက်သည်။ ဘုရင့်နောင်က ယိုးဒယားသည် မြန်မာတို့၏ လက်နက်နိုင်ငံဖြစ်ကြောင်း ထင်ရှားစေလိုသည့် သဘောနှင့် ယိုးဒယားတွင်ရှိသော ဆင်ဖြူလေးစီးမှ တစ်စီးတောင်းသည်ကို ယိုးဒယားတို့ မပေးသဖြင့် ချီတက်ခြင်းဖြစ်သည်။ ယိုးဒယားမင်းကိုယ်တိုင် ကွပ်ကဲတိုက်ခိုက်သော လုံကလိတပ်ကို သင်္ဘောသုံးစီးနှင့်တကွ ရသည်တွင် ယိုးဒယားမင်းလက်နက်ချ၍ ဆင်ဖြူတော်များကို ဆက်သည်။ ဤတွင် ဘုရင့်နောင်မင်းတရားသည် ဟံသာဝတီ ဆင်ဖြူများရှင် ဘွဲကိုခံယူရရှိသည်။ ယိုးဒယားကို အောင်ပြီးနောက် ဟံသာဝတီ ဆင်ဖြူများရှင်သည် ယိုးဒယားတော်ကြီး ဗြမဟိန်အား ယိုးဒယားကို မင်းပြုစေပြီးလျှင် တပ်သား ၃၀၀၀ ခန့်ပါဝင်သော ဗမာမြို့စောင့်တပ်တစ်ခုချထားခဲသည်။ ယိုးဒယားမင်းကြီး ဗြသာဓိရာဇာ၊ သားငယ် ဗြရာမသွန်၊ အမတ်ကြီး အောက်ဗြစက္ကီနှင့် ဆင်ဖြူလေးစီးကို ဆောင်ယူခဲ့သည်။ ထိုမှတပါး အနုပညာဆိုင်ရာ အဖိုးတန်ပစ္စည်း၊ ယိုးဒယားသား အချက်အပြုတ်၊ အတီးအမှုတ်၊ လက်မှုပညာတို့ ကို သားမယားနှင့်တကွ ဆောင်ယူခဲ့၍ အသီးသီး အကွက်အရပ်ချ၍ နေစေသည်။
ဘုရင့်နောင်သည် ရန်သူကိုပင် စိတ်သဘောထားကြီးစွာဖြင့် ခွင့်လွှတ်တော်မူတတ်သည့် ဝါသနာအတိုင်း ယိုးဒယားဘုရင် ဗြသာဓိရာဇာအား ရဟန်းဝတ်ခွင့်ပြုပြီးလျှင် ယိုးဒယားသို့ပြန်လို့သည် ဆို၍ ပြန်ခွင့်ပြုသည်။ သို့ရာတွင် ယိုးဒယားဘုရင်သည် ယိုးဒယားသို့ရောက်သော် လူသူလက်နက်စုဆောင်း၍ တော်လှန်ပုန်ကန်လေသည်။ အေဒီ ၁၅၆၈ ခုနှစ်တွင် ဘုရင့်နောင်သည် ယိုးဒယားသို့ချီတော်မူ၍ ၁၀ လခန့် မြို့ကိုဝန်းရံ၍ မင်းနှင့်တကွ တစ်မြို့လုံးကိုရသည်။ ယိုးဒယား ကိုရ၍ လင်းဇင်းသို့ချီတော်မူသည်။
လင်းဇင်းမင်းဗြဲစဲစစ် ထွက်ပြေး၍ မရသော်လည်း မိဖုရား၊ သမီး၊ ကိုယ်လုပ်မောင်းမနှင့် မှူးမတ်ဆင်မြင်းလူသူတို့ကို ရသည်။ မိဖုရား၊ သမိး၊ ကိုယ်လုပ်တော်များကို အသုံးအဆောင် အဝတ်အစား အစေအပါးပေးတော်မူ၍ နန်းတွင်းတွင် ကောင်းမွန်စွာထားတော်မူသည်။ လင်းဇင်းမင်းညီ မိုင်းခံစားစော်ဘွားအားလည်း အဆောင်အယောင် အခြံအရံ အိမ်ရာပေးတော်မူ၍ အပါးတော်တွင် မပြတ်မြဲစွဲစေသည်။ လင်းဇင်းမှရခဲ့သော လူတစ်ထောင်ကျော်ကိုလည်း အကြီးခေါင်းနှင့်အတူ အစုအကွက်ချ၍ အမှုတော်ကို ထမ်းစေလေသည်။
ဆက်ရန်.....
စစ်ကိုင်းစည်သူကျော်ထင် အေဒီ ၁၅၅၁-၁၅၅၄
တပင်ရွှေထီးလက်ထက် မြန်မာသက္ကရာဇ် (၉၀၆) ခုတွင် စလင်းစည်သူကျော်ထင်နှင့် ပဲခူးစည်သူကျော်ထင်သည် ဆင်စီးချင်းတိုက်ခိုက်ကြရာ စလင်းစည်သူကျော်ထင် အရေးမသာသဖြင့် ဆင်တစ်ကောင်နှင့် လောင်းရှည်ကြောင်း ချင်းတောင်ကိုပြေးလေ၏။ စလင်းစည်သူကျော်ထင်ကို ချင်းတို့ဖမ်းမိပြီး မိုးညှင်းစဝ်လုံငယ်သို့ ဆက်သ၏။ မိုးညှင်းစဝ်လုံငယ်၏ အကူအညီဖြင့် အင်းဝကိုလုပ်ကြံရန်အတွက် ဆင်ခြောက်ဆယ်၊ မြင်းရှစ်ရာ၊ စစ်သည်သူရဲငါးသောင်းပေး၍ သက္ကရာဇ် (၉၀၇) ခုတွင် ယခုစစ်ကိုင်းမြို့ကိုတည်တော်မူသည်။
အေဒီ ၁၅၅၁ ခုတွင် စစ်ကိုင်းစည်သူကျော်ထင်သည် ဆင်မြင်းအလုံးအရင်းနှင့် အင်းဝသို့ချီတက် တိုက်ခိုက်သည်။ အင်းဝဘုရင်နရပတိသည် မခုခံနိုင်သဖြင့် ပြည်သို့ရောက်လာသော ဘုရင့်နောင်ထံသို့ သားတော်သမီးတော်နှင့်တကွ ဆင်မြင်းအလုံးအရင်းကိုယူ၍ ကျွန်ခံလာသည်။ စစ်ကိုင်းစည်သူကျော်ထင်လည်း နရပတိဟူသောအမည်ဖြင့် အင်းဝနန်းတက်၍ မင်းပြုလေသည်။
မြန်မာသက္ကရာဇ် (၉၁၅) ခုနှစ်၊ အေဒီ ၁၅၅၃ ခုတွင် ဥပရာဇာ ဦးဆောင်သော ဟံသာဝတီတပ်သည် အင်းဝသို့ချီတက်လေသည်။ အင်းဝဘုရင်လည်း အုန်းပေါင်း၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်းစော်ဘွားတို့၏ အကူအညီဖြင့် အခိုင်အလုံရှိသဖြင့် ဥပရာဇာတို့ ပြန်ဆုတ်ခဲ့ကြသည်။ အေဒီ ၁၅၅၄ ခုတွင် ဘုရင့်နောင်ကိုယ်တိုင် ဦးဆောင်၍ တိုက်ခိုက်လုပ်ကြံရာ အလိုပြည့်လေသည်။ အင်းဝဘုရင် နရပတိကိုကား အသက်အရွယ်ကြီးရင့်၍ သနားသဖြင့် သစ္စာတော်ပေးပြီးလျှင် ဟံသာဝတီသို့ပို့ကာ အလုပ်အကျွေး ၃၀ ကျော်ပေး၍ ကောင်းမွန်စွာထားသည်။ ညီတော် မင်းရဲကျော်ထင်ကိုလည်း သတိုးမင်းစော အမည်ပေး၍ အင်းဝဘုရင်ခံအဖြစ် ခန့်ပြီးလျှင် မိဖုရားခေါင်ကြီးတွင်မြင်သော သမီးတော်ကြီးနှင့် စုလျားရစ်ပတ် လက်ထပ်ပေးတော်မူသည်။
မိုးဗြဲနရပတိမင်း အေဒီ ၁၅၄၅-၁၅၅၁
မြန်မာသက္ကရာဇ် (၉၀၇) ခု၊ အေဒီ ၁၅၄၅ ခုတွင် မိုးဗြဲမင်းသည် နရပတိဟူသောအမည်နှင့် အင်းဝရွှေနန်းကို တက်တော်မူသည်။ စစ်ကိုင်းစည်သူကျော်ထင်လည်း စစ်မက်မပြက်ဖြစ်ကြသည်။ မိုးဗြဲနရပတိသည် အင်းဝကိုတက်လျှင် အုန်းပေါင်းဆွေကြီးတို့ကိုလည်း မဆက်ဆံ။ ရှမ်းအသုံးအဆောင် အကျင့်အာစာရကိုလည်းမကြိုက်၊ မင်းတရား ရွှေထီးသို့ စေပါ၍ မဟာမိတ်ဆွေခင်ပွန်းပြုတော်မူ၏။ စစ်ကိုင်းစည်သူကျော်ထင်ကိုလည်း မပြတ်လှုပ်ချောက်ရ၏။ ချစ်ကျွန်လည်းပြု၏။
အုန်းပေါင်ခွန်မိန်း AD ၁၅၄၃-၁၅၄၅
သိုဟန်ဘွားအနီစ္စရောက်ပြီးနောက် အင်းဝတွင်ရှိသော မှူးမတ်အပေါင်းတို့က မင်းကြီးရန်နောင်အား မင်းပြုရန် တောင်းဆိုသော်လည်း မင်းကြီးရန်နောင်အလိုမရှိသဖြင့် အုန်းပေါင်ခွန်မှိုင်းငယ်ကို အင်းဝမင်းပြုစေသည်။ မင်းကြီးရန်နောင်အား တလုပ်မြို့ကို ပိုင်စားစေသော်လည်း နောက်တစ်နှစ်တွင် မင်းကြီးရန်နောင်သည် မက္ခရာအရပ်၌ ရဟန်းဝတ်သွားလေတော့သည်။ အေဒီ ၁၅၄၃ ခုနှစ် အုန်းပေါင်းခွန်မိန်းသည် အင်းဝမင်းဖြစ်သောအခါ ညောင်ရွှေ၊ မိုးနဲ၊ ဗန်းမော်၊ မိုးမိတ်၊ မိုးညှင်းစော်ဘွားများနှင့် တိုင်ပင်၍ ကြည်းအားရေအားဖြင့် ပြည်သို့ချီတက် တိုက်ခိုက်တော်မူသည်။ ပြည်သတိုးဓမ္မရာဇာလည်း အင်အားမမျှသဖြင့် ထွက်မတိုက်ဝံ့ပေ။ တပင်ရွှေထီးသည်လည်း ရေအားကြည်းအား ဆင်မြင်းအလုံးအရင်းနှင့် ဟံသာဝတိမှ ပြည်သို့ချီတက်လာသည်။ ထိုတိုက်ပွဲတွင် တပင်ရွှေထီးတပ်က ရှမ်းစော်ဘွားများ၏ ရေတပ်ကိုစတင်တိုက်ခိုက်ရာ ရှမ်းရေတပ်ပျက်၍ ရိက္ခာများမလုံလောက် ဖြစ်ရသည်။ ရှမ်းစော်ဘွားများ ပြန်ဆုတ်သည့် အကြောင်းကိုသိ၍ တပင်ရွှေထီးသည် ဘုရင့်နောင်ကျော်ထင်နော်ရထာနှင့်တကွ ငါးတပ်လုံး ဆင်ပါမြင်းပါနှင့် လိုက်၍တိုက်ခိုက်လေရာ စော်ဘွားများတပ်ပျက်၍ အင်းဝသို့ဝင်လေသည်။ တပင်ရွှေထီးသည် အင်ဝပိုင် နယ်မြေအချိုကို သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာသက္ကရာဇ် ၉၀၇ ခု၊ အေဒီ ၁၅၄၅ တွင် အုန်းပေါခွန်မိန်း အနိစ္စရောက်လေသည်။ ထိုနောက် အင်းဝနန်းကို ယင်း၏သားတော် မိုးဗြဲနရပတိမင်း နန်းတက်တော်မူသည်။ အေဒီ ၁၅၄၉ တပင်ရွေထီးသည် ယိုးဒယားသို့ ချီတက်တိုက်ခိုက်သည်။ အေးဒီ ၁၅၅၀ ခုနှစ်တွင် စစ်တောင်းစား ငမိန်စောထွန်းလုပ်ကြံ၍ တပင်ရွှေထီးနတ်ရွာစံပြီး ဘုရင့်နောင်က တောင်ငူထီးနန်းကို ဆက်ခံသည်။
သိုဟန်ဘွား AD 1527-1543
မြန်မာသက္ကရာဇ် (၈၈၈) ခု၊ အေဒီ ၁၅၂၇ ခု အင်းဝပျက်သည့်နှစ်သည် မင်းဝမင်းနရပတိ၊ ပြည်ဘုရင် ဆင်ဖြူရှင် သတို့မင်းစော၊ ဟံသာဝတီမင်း ဗညားရံတို့ အနိစ္စရောက်သည့် နှစ်လည်းသည်။ ထိုအချိန်ကား ရှမ်းပြည်တွင် သိုဟန်ဘွား ဒုတိယအကြိမ် နန်းတက်ခြင်းဖြစ်သည်။
သက္ကရာဇ် (၇၂၆)၊ အေဒီ ၁၃၆၄ ခုတွင် အင်းဝကို သတိုးမင်းဖျားက တည်ထောင်ပြီး ဘုရင်နရပတိ တိုင်အောင် မင်း ၁၄ ပါးတွင် မင်းစဉ်ပြတ်၍ မိုးညှင်းစဝ်လုံသား သိုဟန်ဘွားသည် အင်းဝကိုတက်၍ မင်းပြုတော်မူသည်။ သိုဟန်ဘွားကို အဘစဝ်လုံပေးသော အလုံးအရင်းကား တိုက်ဆင်နှစ်ရာ၊ မြင်းလေးထောင်၊ စစ်သူရဲခြောက်သောင်း ပေးသည်ဟူ၏။ နရပတိ၏တူတော် မင်းကြီးရန်နောင်သည် အင်းဝပျက်သောအခါ မြို့ပြင်တောအရပ်မှာ ရှောင်ရှားနေသည်ကို မိုးညှင်းစဝ်လုံကျခါ်၍ "ငါ့သား သိုဟန်ဘွားသည် ဗမာအမှု၌ မလိမ္မာပါ။ မင်းကြီးသွန်သင်ပဲ့ပြင်၍ စီရင်ခင်းစီရင်ဖွယ်ရှိသောအခါ ငါ့သားနှင့် တိုင်ပင်၍ စီရင်ကွပ်ညှပ်ပါ" ဟူ၍ ဆို၏။ ပြင်စည်မြို့ကိုလည်း ပေး၍ စား၏။ စဝ်လုံလည်း အင်းဝနိုင်ငံကို စီရင်တော်မူပြီးလျှင် မိုးညှင်းသို့ပြန်လေ၏။ သိုဟန်ဘွားလည်း စလင်းမြို့ကို စည်သူကျော်ထင်အားပေး၏။ ပုဂံကို သတို့အားပေးမြဲပေး၍ စားရ၏။ ကမ်းနီမြို့ကို နော်ရထာအားပေး၏။ ပေါင်းတည်ကို ပျံချီကိုပေး၏။ အမြင့်ကို သက်တော်ရှည်အားပေး၏။
အင်းဝဘုရင်သိုဟန်ဘွားလည်း ပြည်တောင်ငူသို့ချီ၍ သိမ်းယူမည့်အကြောင်းကို မင်းကြီးရန်နောင်အား တိုင်ပင်တော်မူသော် မင်းကြီးရန်နောင်လည်း "ဤစော်ဘွားချီ၍ လုပ်ကြံချေက ပြည်တောင်ငူမျှသည် ခံနိုင်ချိမ့်မည်မဟုတ်။ ယင်းသို့မခံနိုင်၍ ပျက်ခဲ့လျှင် ဗမာနိုင်ငံ ဟူ၍ မရှိပြီ။ ရှမ်းတို့သာ ဗမာတို့ကို အစိုးရလေတော့မည်။ ကြွင်းမိသည့် ဗမာကြွင်းပါစေ" အမှတ်ရှိ၍ ဤသို့လျှောက်၏။ "ပြည်တောင်ငူကိုချီ၍ လုပ်ကြံတော်မူမည် မိန့်တော်မူရာမှာ ဆင်မြင်းဗိုလ်ပါသာ ပင်ပန်းတော့မည်။ ဘုန်းတော်ကြောင့် အလိုလိုညွတ်လာလေမည်။ အင်းဝကို အလိုတော်ပြည့်လေပြီးသည်ကို နေဝံ့မည်လော" ဟူ၍ လျှောက်၏။
"သိုဟန်ဘွားကား ကောင်းမှု မကောင်းမှုကိုမသိ။ ရတနာသုံးပါး ကိုလည်း မရိုသေ။ ချီ၍ လုပ်ကြံက ပျက်ချေတော့မည်။" ဟုယူဆ၍ သိုဟန်ဘွားထံ လက်ဆောင်ပဏ္ဏာများ ဆက်သပြီး ရင်းနှီးမှုကို ရယူမှ နိုင်ငံအရှည်တည်တံ့မည့် အကြောင်းကို ပြည်တောင်ငူမင်းတို့အား မင်းကြီးရန်နောင်က စကားဆိုသည်။ ပြည်တောင်ငူမင်းတို့လည်း ပဏ္ဏာကာရပို့သကြ၍ အချစ်ကိုယ်တူဖြစ်ကြ၏။ တောင်ငူနယ်စပ်နှင့် အင်းဝကျေးစပ်တွင် ရှမ်းတို့နေလာမည်စိုး၍ ကန်ချောင်းဆည်မြောင်းရှိသမျှကိုလည်း တောင်ငူမဟာသီရိဇေယျသူရက ဖျက်ဆီးရ၏။ သက္ကရာဇ် (၈၉၂) ခုတွင် တောင်ငူမဟာသီရိ ဇေယျသူရ အနိစ္စရောက်၍ သားတော်မင်းတရား ရွှေထီးမင်းဖြစ်သည်။
သက္ကရာဇ် (၈၉၄) အေဒီ ၁၅၃၂ ခုနှစ်တွင် မိုးညှင်း စဝ်လုံသည် အင်းဝသို့ချီလာပြီး သားသိုဟန်ဘွားကိုခေါ်ပြီး ပြည်သို့ချီလေသည်။ ပြည်ဘူရင်ထွေးလည်း မိုးညှင်းစဝ်လုံ တို့တိုက်ခိုက်လျှင် အထူးထူးသော ပုဆိုးကောင်းများကိုယူ၍ အခြွေအရံ (၁၀၀၀) ခန့်နှင့် မိုးညှင်းစဝ်လုံကို ဆက်သလေ၏။ မိုးညှင်းစဝ်လုံလည်း အခြွေအရံနှင့်တကွ သိမ်းပြီးလျှင် အင်းဝသို့ပြန်လေသည်။ အင်းဝသို့ရောက်လျှင် အင်းဝတွင် စီမံခန့်ခွဲပြီး ပြန်လေ၏။ ဒီပဲယင်းသို့ရောက်လျှင် ပြည်ဘုရင်ထွေးကို အခြွေအရံနှင့်တကွ လွှတ်ပေးလေ၏။ မိုးညှင်းစလုံလည်းမြေတူးအလွန်သို့ ရောက်လျှင် အတွင်းရှမ်းအပြင်ရှမ်း အချင်းတများရှိရာတွင် မိမိကျွန်အမတ်တို့ လုပ်ကြံ၍ အနိစ္စရောက်တော်မူလေ၏။
အေဒီ ၁၅၃၉ ခုနှစ်တွင် တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို တိုက်ခိုက်သိမ်းပိုက်သည်။ မွန်ဘုရင်သူရှင်တကာရွတ်ပိ မခံနိုင်သဖြင့် ယောက်ဖတော် ပြည်ဘုရင် နရပတိထံသို့ ပူးပေါင်းလေသည်။ တပင်ရွှေထီးတို့သည် ပြည်အထိ လိုက်၍တိုက်ခိုက်သည်။ ပြည်ဘုရင်လည်း အင်းဝဘုရင် သိုဟန်ဘွားကို အကူအညီတောင်းသဖြင့် အင်းဝဘုရင် သိုဟန်ဘွားသည် ရေတပ်ဖြင့် ပြည်သို့ရောက်လာ၏။ ရေတပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိုနှစ် ပြည်ကို တပင်ရွှေထီးတို့က မအောင်နိုင်သေးချေ။ အေဒီ ၁၅၄၁ ခုနှစ်တွင် တပင်ရွှေထီး ကြည်းတပ်အလုံးအရင်းဖြင့် ပြည်ကို ချီတက်တိုက်ခိုက်ပြန်၏။
ပြည်ကိုဝန်းရံတိုက်ခိုက်စဉ် အင်းဝဘုရင်သိုဟန်ဘွား၊ အုန်းပေါင်းခွန်မှိုင်း၊ မိုးမိတ်သိုချည်ဘွား၊ မိုးညှင်းစဝ်လုံငယ် တို့သည် ပြည်ဘုရင်ကို ကူညီရန်အတွက်ပြည်သို့ဆင်းလာစဉ် ကျော်ထင်နော်ရထာတို့က လမ်းတွင်ဆီးကြိုတိုက်ခိုက်သဖြင့် ရှမ်းစော်ဘွားများပျက်၍ အင်းဝသို့ ဆုတ်ခွာကြရလေသည်။
အင်းဝတွင် သိုဟန်ဘွားသည် "ရဟန်းသံဃာတို့သည် သားမယားမရှိဘဲလျက် တပည့်တပန်းထား၍ အခြွေအရံဆည်းပူးကြသည်။ ပုန်ကန်သောင်းကျန်းလိုက ပုန်ကန်သောင်းကျန်းနိုင်ဖွယ်ရှိသည်" ဟုသံဃာတော်များကို အလှူဒါန လုပ်ဟန်ဖြင့် ပင့်ဆောင်၍ သတ်ပစ်လေသည်။ ထို့ကြောင့် အေဒီ ၁၅၄၈ ခုတွင် မင်းကြီးရန်နောင်က ပရိယာယ်ဆင်၍ သိုဟန်ဘွားကို လုပ်ကြံသတ်ဖြတ်ပစ်လေသည်။
မိုးညင်းစလုံ (စ၀်လုံ) အင်းဝ ကို တိုက်ခိုက်ခြင်း
မိုးညင်း (မိုင်းယန်း)သည် မွန်ဂိုတို့လက်ထက် ၁၂၈၉ ခုနှစ်မှစ၍ ရှိနေကြောင်းသိရသည်။ တရုတ်မင်မင်းခေတ် (၁၄၀၃) ခုနှစ်တွင် ရှေးဦးစွာဖော်ပြထားသည်။ ဧရာဝတီနှင့် ချင်းတွင်းမြစ်နှစ်သွယ်အကြားတွင် ကျယ်ဝန်းလှသော နယ်ကြီးတစ်ခုဖြစ်ခဲသည်။ အေဒီ ၁၄၁၆ ခုနှစ်တွင် မိုးညှင်းနှင့် ကလေးမြို့တို့ စစ်ဖြစ်ကြရာ မင်းကြီးစွာကဲက နှစ်နယ်လုံးကို သိမ်းပိုက်ခဲ့သည်။ အေဒီ ၁၅၀၄ ခုနှစ်တွင် မိုးညှင်းစဝ်လုံသည် ဆင်မြင်းအလုံးအရင်းနှင့် ဒီပဲယင်းမြို့ကို တိုက်ခိုက်သိမ်းယူတော်မူသည်။ အေဒီ ၁၅၂၄ ခုနှစ်တွင် မိုးညှင်းစဝ်လုံသည် မင်းကင်းမြို့ကို ဝန်းရံတိုက်ခိုက်သည်။ အင်းဝဘုရင်နရပတိတို့လည်း မြေတူးသို့ချီတက်၍ ခုခံသည်။ နရပတိတို့ မခုခံနိုင်၍ မြေတူးမြို့ကို မိုးညှင်းတို့ရလေသည်။ အေဒီ ၁၅၂၄ ခုနှစ်တွင် မိုးညှင်းစဝ်လုံသည် စစ်ကိုင်းသို့ ချီတက်လေသည်။
ပြည်ဘုရင်သတိုးမင်းစောသည် မိုးညှင်းစဝ်လုံ နှင့်ပူးပေါင်း၍ အင်းဝကိုတိုက်ခိုက်လေသည်။ အင်းဝဘုရင်နရပတိနှင့် အုန်းပေါင်ခွန်ငယ် တို့ပူးပေါင်း၍ ခုခံလေသည်။ ပြည်ဘုရင် သတိုးမင်းစောသည် ရေကြောင်းမှနေ၍ အင်းဝကို ချီတက်တိုက်ခိုက်ပြီး မိုးညှင်းစဝ်လုံတို့က ကြည်းကြောင်းဖြင့် ဝန်းရံတိုက်ခိုက်သောကြောင့် အင်းဝဘုရင်နှင့် အုန်းပေါင်းခွန်မိန်းငယ် တို့သည် မခံနိုင်သဖြင့် အရှေ့ဆင်ခေါင်းသို့ ဆုတ်ခွာ၍ နေရချေ၏။ မိုးညှင်းစဝ်လုံသည် ပြည်သတိုးမင်းစောကို အင်းဝနန်းတင်လေသည်။ ဆင်ကောင်းမြင်းကောင်းကို သိမ်းယူပြီး စစ်ကိုင်းဘက်သို့ကူး၍ မိုးညှင်းသို့ ပြန်လေ၏။ ပြည်ဘုရင်သတိုးမင်းစောလည်း မိုးညှင်းစဝ်လုံ ပြန်လျှင် အင်းဝတွင်ရှိသော လူကြီးတို့ကိုသိမ်းယူ၍ စုန်တော်မူ၏။ ပြည်ဘုရင်သတိုးမင်းစော ပြည်သို့စုန်လျှင် နရပတိ နှင့် အုန်းပေါင်းခွန်မိန်းငယ်သည် အင်းဝသို့ပြန်ဝင်လေ၏။ တောင်ငူဘုရင် မဟာသီရိဇေယျသူရလည်း အင်းဝကို မိုးညှင်းရှမ်းတို့တိုက်ခိုက်ကြောင်း ကြားသိလေလျှင် အင်းဝနယ် တောင်ဘက်တလွှား မြို့ရွာတို့ကို တိုက်ခိုက်သိမ်းယူလေသည်။ အင်းဝဘုရင်နရပတိ နှင့်အုန်းပေါင်းခွန်မိန်းသည်လည်း လူအင်အားစုရုံး၍ တောင်ငူမြို့အထိပြန်လည်တိုက်ခိုက်ခဲ့သည်။ သို့သော် တောင်ငူမြို့ကိုကား မသိမ်းနိုင်ခဲ့ချေ။
နရပတိသည် အင်းဝတွင် ပြန်လည်အင်အားစုဆောင်းနေလေသည်။ အေဒီ ၁၅၂၇ ခုနှစ် မြန်မာသက္ကရာဇ် (၈၈၈) တွင် မိုးညှင်းစဝ်လုံသည် စစ်အင်အားများစွာဖြင့် အင်းဝသို့ ချီတက်လာပြန်သည်။ ပုခန်းကြီးတွင် တိုက်ပွဲကြီးစွာဖြစ်ပွားခဲ့ပြီး အင်းဝအိမ်ရှေ့မင်းအနိစ္စရောက်ခဲ့ရသည်။ မိုးညှင်းစဝ်လုံတို့သည် ဟန်လင်းမှတဆင့် စစ်ကိုင်းသို့ချီလာ၍ အင်းဝကို ဝန်းရံလေသည်။ ရွှေနန်းကျော့ရှင်နရပတိလည်း အုန်းပေါင်းခွန်မိန်း ငယ်မရောက်သေးသောကြောင့် အင်အားမမျှသေး၍ထွက်မတိုက်သေးချေ။ မိုးညှင်းတပ်များသည် အင်းဝမြို့တွင်းသို့ဝင်ရောက်တိုက်ခိုက်လေသည်။ ရွှေနန်းကျော့ရှင်သည် ရွှေစာတိုက်ဟူသောဆင်ကိုစီး၍ ထွက်လာသောအခါ မိုးညှင်းစဝ်လုံနှင့် သားတော်အိမ်ရှေ့မင်း သိုဟန်ဘွားသည် ဆင်နှင့်ခံ၍တိုက်လေသည်။ နရပတိသည် ဦးခေါင်းတွင် အမြောက်ဆံသင့်၍ နတ်ရွာစံလေသည်။
ရှမ်းညီနောင် သုံးပါး
အခါတပါး ဘိန္နမြို့ကိုအစိုးရသော စော်ဘွားကြီးတွင် သားတော်နှစ်ပါးရှိ၏။ စော်ဘွားကြီးမရှိ၍ သားတော်ကြီးက ဘိန္နကမြို့ကို မင်းပြုတော်မူ၏။ နောင်တော်၏ လုပ်ကြံမှုကိုစိုးရိမ်သဖြင့် ညီတော်အငယ် သိင်္ဂဗိုလ်သည် အလုပ်အကြွေးတို့နှင့်တကွ မြင်ဆိုင်းအရပ်သို့ တိမ်းရှောင်လာသည်။ မြင်ဆိုင်းတွင် အသည်သူကြွယ် သမီးနှင့် အိမ်ထောင်ပြုပြီး ရာဇသင်္ကြန်၊ အသင်္ခရာ၊ သီဟသူဟူသော သားတော်သုံးပါး ထွန်းကားသည်။ အခါတပါး သိင်္ဂဗိုလ်သည် တူးရွင်းထမ်းပြီး တောသို့ သွားရာတွင် နောက်ကတူးရွင်းကို မိုးကြိုးပစ်လေ၏။ သိင်္ဂဗိုလ်သည် "ငါကား အိုမင်းပြီ၊ ငါ့သားမြေးတို့သည် ရှေ့သို့အထင်အရှား ကောင်းစားရစ်လိမ့်မည်" ဟူ၍နိမိတ်ကိုဖတ်ပြီး သားသုံးယောက်ကို နရသီဟပတေ့မင်းကြီးအား ဆက်သလေ၏။နရသီဟပတေ့မင်းကြီးသည်လည်း ထိုသူတို့၏ အသွင်အပြင်ကို မြင်တော်မူသည်ဖြစ်၍ အပါးတော်တွင်ခစားစေ၏။ ထိုသုံးယောက်တို့သည် နရသီဟပတေ့မင်း ပေးအပ်သော တာဝန်တို့ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သဖြင့် ဆုလာဘ်တော်နှင့်တကွ ကျေးရွာပေးတော်မူ၏။နရသီဟပတေ့မင်းကြီး မရှိ၍သားတော်ကျော်စွာမင်း လက်ထက်တွင်လည်း အမှုတော်ကို ထမ်းသည်။ အောင်မြင်မှုများ၍ ကျေနပ်အားရတော်မူသောကြောင့် အစ်ကိုအကြီးကို ရာဇသင်္ကြန်ဟူသော အမည်ဖြင့် မြင်ဆိုင်းမြို့ကို ပေးတော်မူ၏။ ညီအလတ်ကိုလည်း အသင်္ခရာ ဟူသောအမည်ဖြင့် မက္ခရာမြို့ကိုပေးတော်မူ၏။ ညီတော်အငယ်ကိုလည်း သီဟသူဟူသော အမည်ဖြင့် ပင်လယ်မြို့ (ပင်လယ်ဘူး) ကိုပေးတော်မူ၏။
AD- ၁၂၈၇ ခုနှစ်တွင် မွန်ဂိုတပ်များ ပုဂံသို့ လာရောက် တိုက်ခိုက်သဖြင့် နရသီဟပတေ့မင်းသည် ပြည်သို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သားတော် သီဟသူက ခမည်းတော်ကို အဆိပ်ခတ်၍ လုပ်ကြံသဖြင့် နရသီဟပတေ့ (ခေါ်) တရုတ်ပြေးမင်း နတ်ရွာစံလေသည်။ သီဟသူသည်လည်း ပဲခူးစား ငပမွန်ငယ်ကို လေးနှင်ပစ်ရာ မိမိမြှားဖြင့် မိမိကိုယ်ကိုထိ၍ နတ်ရွာစံလေသည်။ ထို့နောက် နရသီဟပတေ့မင်း၏ သားတော်အငယ် ကျော်စွာမင်းသည် ၁၂၈၉ ခုနှစ်တွင် ပုဂံထီးနန်းကို သိမ်းမြန်းအုပ်စိုးသည်။
ကျော်စွာမင်း မင်းဖြစ်တော်မူလာပြီးနောက် မိဖုရားဖွားစောကို တိုင်ပင်ခြင်းမရှိသဖြင့် မင်း (၃) ဆက်တိုင်အောင် မိဖုရားဖြစ်ခဲသော မိဖုရားဖွားစောသည် ကျော်စွာမင်းအပေါ် မကျေနပ်မှုများ ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် မိဖုရားစောသည် ရှမ်းညီနောင်သုံးဦးကို တိုင်ပင်၍ ကျော်စွာမင်းကို နန်းချရန်စီစဉ်လေသည်။
ရှမ်းညီနောင်သုံးဦးတို့သည် အစတွင် ပုဂံ၏ကျေးဇူးသစ္စာကို ခံယူဟန်ဆောင်ခဲ့ကြသည်။ မွန်ဂိုတို့ကို ကြောက်ရွံ့၍လည်း ပုန်ကန်သူများအဖြစ် မခံယူလိုပေ။ သို့ရာတွင် သီဟသူသည် အေဒီ ၁၂၉၅ ခုနှစ်တွင် ဧကရာဇ် အဖြစ်ကြေညာသည်။ ကျော်စွာမင်းသည် မွန်ဂိုတို့နှင့် အဆက်အသွယ်ရှိနေရကား ရာဇသင်္ကြန်နှင့် သီဟသူတို့တို့သည် တကောင်းတွင်ရှိသော မွန်ဂိုတို့ကို တိုက်ခိုက်သည်။ ထို့နောက် ပုဂံကိုတိုက်ခိုက်၍ AD ၁၂၉၈ တွင် ကျော်စွာမင်းကိုနန်းချကြသည်။ မိဖုရားစောနှင့်တိုင်ပင်၍ ကျော်စွာမင်းကို သားနှင့်တကွ မြင်စိုင်းသို့ပင့်ဆောင်၍ သင်္ကန်းဝတ်စေပြီး မြင်စိုင်း၌ အစောင့်အရှောက်နှင့်တကွ ထား၏။ ဤအတွင်း ကျောင်ဆည်ခရိုင်၏ အနောက်ဘက်ပိုင်းတွင် သီရိရာဇာ အမည်ဖြင့် ဗမာဘုရင်တစ်ပါးပေါ်ပေါက်၍ ရှမ်းတို့ကိုတိုက်ခိုက်သည်။ ရှမ်းတို့သည် ပပိုင်ဆီပူ (ဇင်းမယ်)မှ စစ်ကူတောင်းကာ စားရေရိက္ခာကြွယ်ဝလှသော မြစ်သာဆယ်တစ်ခရိုင်လုံးကိုသိမ်းပိုက်ကြသည်။ ၁၂၉၉ ခုနှစ်တွင် ရှမ်းတို့သည် စောနစ်မင်းကိုပုဂံ၌ နန်းတင်၍ ရုပ်သေးရုပ်အဖြစ်ထားကာ မွန်ဂိုတို့ကို တစ်ဘက်တွင် လှည့်ဖြား၍ ပိရိစွာလိမ်လည် ထားကြသည်။
အေဒီ ၁၃၀၁ ခုနှစ်တွင် မွန်ဂိုတပ်များ မင်းရိုးကို နန်းတင်ရန်အတွက်
မြင်စိုင်းသို့ ရောက်လာကြသည်။ ရှမ်းညီနောင်သုံးဦးတို့သည် ထိုအကြောင်းကို
ကြားသိသဖြင့် နန်းကျကျော်စွာကို သတ်ပြီး မင်းရိုးမရှိပြီ ဟုပြောကာ
ကျော်စွာမင်း၏ ခေါင်းကို မွန်ဂိုတို့အားပြလေ၏။ မွန်ဂိုစစ်သူကြီးတို့လဲ
"မင်းရိုးမရှိလျှင် ငါတို့ပြန်မည်။ လက်ဆောင်ပဏ္ဏာကရသာ ပေးတော့"
ဟုဆိုလာသဖြင့် ရှမ်းညီနောင်သုံးပါးတို့သည်လည်း လက်ဆောင်ပဏ္ဏာ၊
လက်နက်များစွာစီရင်၍ ပို့လေသည်။ မွန်ဂိုတို့သည် မိမိတို့၏စစ်သည်အင်အားကို
ပြလို၍ အလျားတာ (၇၀၀၀)၊ အနံ (၂) တာ၊ စောက် (၂) တာရှိသည့်
နယ်ခြားမြောင်းကို နေဝင်ပြီးမှ စတင်တူးဖော်ရာ နေမထွက်ခင်
တူးပြီးသည်ဟုဆိုသည်။ တူးရွင်းသွားထိုးမိ၍ ပြတ်လေသော
လက်ဖျားခြေဖျားတို့ကို ကောက်ယူစုပုံထားသဖြင့် ဆယ်တင်းဝင်ပုတ်နှင့်
ပြည့်သည်ဟူ၏။ ထိုမွန်ဂိုတပ်များထဲတွင် တရုတ်စစ်သည်တော်များ၊
မောရှမ်းစစ်သည်တော်များ၊ မိုးမိတ်၊ မိုးကောင်းစစ်သည်တော်များ၊
ရှဲန်ဆည်စစ်သည်တော်များ ပါဝင်လာကြသဖြင့် မြောင်းကိုဦးဆောင်တူးသူမှာ
မိုးမိတ်စောဘွား ခွန်ယီကွဲခမ်းနှင့် ရှဲန်ဆည်မှ တောဝ့်နွဲ့ချယ်
တို့ဖြစ်သည်။ မွန်ဂိုတို့သည်လည်း ကျော်စွာမင်း၏
ဦးခေါင်းကိုယူ၍ပြန်လေသည်။
(မြန်မာ့စွယ်စုံကျမ်းတွင်မူ အေဒီ ၁၃၀၁ ခုနှစ်တွင် မွန်ဂိုတပ်များသည်
ရှမ်းညီနောင်တို့၏ မြိုတော်ဖြစ်သော မြင်စိုင်းမြိုကို
ချီတက်တိုက်ခိုက်ကြသည်။ မိမိတို့ထံ ထွက်ပြေးလာသော (နန်းကျကျော်စွာ၏သား)
ရဟန်းတော် ကုမာရကဿပ ကိုလည်း နန်းတင်ရန် တစ်ပါတည်းခေါ်လာကြသည်။
မြင်စိုင်းကို ရံ၍တိုက်ရာ အောင်လုနီးပါးတွင် ရှမ်းညီနောင်တို့၏
ပရိယာယ်ကြောင့် အလံကိုဖြုတ်ပြီးလျှင် မွန်ဂိုတပ်များ
ဆုတ်ခွါသွားကြလေသည်။တက်တော်မူမင်းကြီး အမည်ခံယူသော ကုမာရကဿပသည်လည်း
မွန်ဂိုတပ်များနှင့် ပြန်လည်လိုက်ပါသွားရလေသည်။)
အေဒီ ၁၃၁၂ ခုနှစ်တွင် သီဟသူသည် မြစ်ငယ်မြစ်နှင့်
ပေါင်းလောင်းမြစ်ဆုံရာတွင် ပင်းယမြို့ကိုတည်ထောင်စိုးစံတော်မူလေသည်။
ပင်းယမြို့ကိုတည်ထောင်၍ (၆) နှစ်ရှိသောအခါ သားတော်ဥဇနာကို အိမ်ရှေ့အရာ
ပေးတော်မူ၏။ သားတော်အလတ်ကျော်စွာအား ပင်လယ်ဘူးမြို့ကိုပေးတော်မူ၏။
သားတော်အငယ် နော်ရထာကို ရှစ်ရှားမြို့ကိုပေးတော်မူ၏။ တရံရောအခါတောင်ငူစား
သဝန်ငယ်သည် ဆက်ကပ်မြဲ မဆက်သောကြောင့် သားတော်အိမ်ရှေ့ဥပစာနှင့်
သားတော်အလတ်ကျော်စွာကို အလုံးအရင်း ဆင်မြင်းများနှင့်ချီရလေ၏။
တောင်ငူသဝန်ငယ်သည် မထောင်သာဝန့်သဖြင့် သစ္စာတော်ခံပြီး လက်ဆောင်ပဏ္ဏာများ
ဆက်သခဲ့ရသည်။ ညီနောင်သုံးပါးသည် (၁၂) နှစ်တိုင် မြင်စိုင်း၊ မက္ခရာ၊
ပင်လယ်ဘူး တို့၌ တိုင်းပြည်ကို အပြိုင်အုပ်စိုးခဲ့ကြသည်။ နန်းသက် (၁၂)
နှစ်ရှိသောအခါ အေဒီ ၁၃၁၅ ခုတွင် ညီတော်သီဟသူသည် နောင်တော် အသင်္ခရာအား
ဆေးဖြင့်လုပ်ကြံသဖြင့် နောင်တော် အသင်္ခရာနတ်ရွာစံလေသည်။ အေဒီ ၁၃၂၇ တွင်
ရာဇသင်္ကြန်သည် မကျန်းမာ၍ နတ်ရွာစံလေသည်။
တစ်စီးရှင်သီဟသူသည် အိမ်နိမ့် (၃၃)၊ စည်းစိမ် (၂၂)၊ သက်တော် (၅၅)
နှစ်တွင်နတ်ရွာစံလေသည်။ ထို့နောက် သားတော်ဥဇနာသည် ခမည်းတော်၏ ထီးနန်းကို
ဆက်ခံလေသည်။ ဥဇနာမင်းသည် အိမ်နိမ့် (၂၂)၊ စည်းစိမ် (၂၀)၊ သက်တော်
(၄၂)နှစ်တွင် ညီတော်ကျော်စွာအား ထီးနန်းလွှဲအပ်တော်မူလေသည်။
ကျော်စွာမင်းသည် အိမ်နိမ့် (၃၆)၊ စည်းစိမ် (၉)၊ သက်တော် (၄၅)နှစ်တွင်
နတ်ရွာစံလေသည်။ ယင်းနောက် သားတော်ကျော်စွာသည် (၁၀) နှစ်မင်းဖြစ်တော်မူ၏။
၎င်းနောက် အေဒီ (၁၃၆၃) ခုတွင် ကျော်စွာ၏ညီတော် နရသူသည် (၃)
နှစ်မင်းဖြစ်ခဲပြီး မောရှမ်းတို့ကဖမ်းဆီးသွားသောကြောင့် "မောပါနရသူ" ဟူ၍
အမည်တွင်လေသည်။
အေဒီ ၁၃၁၅ ခုနှစ်တွင် သီဟသူ၏သားတော်ငယ် အသင်္ခရာစောယွန်း
(မြောက်နန်းမိဖုရား၏သားတော်) သည် စစ်ကိုင်းမြို့ကိုတည်တော်မူသည်။
(စစ်ကိုင်းကို ရှမ်းဘာသာဖြင့် "စေကျိုင်း" ဟုခေါ်သည်။ "စေ" သည် "ဒေသ"
ဖြစ်၍၊ "ကျိုင်း" သည် "မန်ကျည်းပင်" ဖြစ်သည်။ ထို့ကြောင့် "စေကျိုင်း"
ဆိုသည်မှာ မန်ကျည်းပင် ပေါသောဒေသ" ဟုအဓိပ္ပာယ်ရသည်။) အေဒီ ၁၃၆၃ ခုနှစ်
ကဆုန်လတွင် နရသူ၏ ဖိတ်ခေါ်ချက်အရ မောရှမ်းတို့သည် စစ်ကိုင်းကို
တိုက်ခိုက်၍ ထိုနှစ် နယုန်လတွင် ပင်းယကို တိုက်ခိုက်လေသဖြင့်
စစ်ကိုင်းနှင့်ပင်းယ နှစ်မြို့လုံးပျက်ရသည်။ မောရှမ်းတို့သည်
ပင်းယမြို့ကိုနိုင်ပြီး နရသူနှင့်တကွ ဆင်ဖြူ (၃) စီးကိုယူကာ ပြန်လေလျှင်
နရသူ၏နောင်တော် ဥဇနာပျောင်ကို အမှူးအမတ်အပေါင်း ညှိ၍ စောဥမ္မာနှင့်စုံဖက်၍
နန်းတင်ကြသည်။ ဥဇနာပျောင်နန်းတက်၍ သုံးလရှိသောအခါ သတိုးမင်းဖျားသည်
ကြခတ်ဝမှလာ၍ ဥဇနာပျောင်ကို လုပ်ကြံပြီးသော် စောဥမ္မာကို မိဖုရားမြှောက်၍
ပင်းယကို မင်းပြုတော်မူ၏။ အင်းဝသည် မင်းဆက် (၆) ဆက်၊ မင်းသက် (၅၂) နှစ်
ရှိခဲ့ပြီး စစ်ကိုင်းသည် မင်းဆက် (၇) ဆက်၊ မင်းသက် (၃၉) နှစ်ရှိခဲ့သည်။
အင်းဝမင်းကြီးစွာစော်ကဲ (အေဒီ ၁၃၆၈-၁၄၀၁) နှင့် ယင်း၏သားတော် မင်းခေါင်
(အေဒီ ၁၄၀၁-၁၄၂၁) တို့လက်ထက်တွင် အင်းဝနှင့် ဟံသာဝတီတို့ နှစ်ပေါင်း (၄၀)
ကာလကြာစစ်ပွဲများ ဖြစ်ပွားခဲ့သော်လည်း မည်သူက မည်သူ့ကိုနိုင်အောင်
မတိုက်နိုင်ခဲ့ပေ။ ထိုခေတ်ဟံသာဝတီ မင်းကား ရာဇာဓိရာဇ်မင်းဖြစ်ပေသည်။ အေဒီ
၁၄၁၇ ခုနှစ်တွင် ၄င်းတို့စစ်ပွဲများ ရပ်တန့်ခဲ့လေသည်။ အင်းဝနှင့်
ဟံသာဝတီတို့စစ်ဖြစ်နေသောအချိန်တွင် ဗမာလူမျိုးတို့သည် တောင်ငူတွင်
စိုးစံခဲ့ပြီး ဗမာနိုင်ငံတော်ကို ထူထောင်နိုင်ရန်အတွက် အင်အားစုဆောင်းသော
အချိန်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ ရှမ်းလူမျိုးတို့၏သမိုင်း AD ၁၂၈၀-၁၅၅၄
မန်မာရာဇဝင်သမိုင်းများ၊ ကုန်းဘောင်သီပေါရာဇဝင်များအရ ရှမ်းပြည်ကို စတင်တည်ထောင်ခဲ့သူမှာ ဘိန္နကမင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် "ရှမ်းမင်းအစ ဘိန္နက" ဟုပင်ရေးသားခဲ့ကြလေသည်။ ထိုရာဇဝင်အရ တကောင်းမင်းအဘိရာဇာ၏ အဖဆက်အနွယ်ဖြစ်သော ဘိန္နကရာဇာမင်းလက်ထက်တွင် တကောင်းပြည်အား တရုတ်တို့ ဝင်ရောက်တိုက်ခိုက်လာသဖြင့် ထိုမင်းသည် တကောင်းနန်းကို စွန့်ခွာပြီးလျှင် ဧရာဝတီမြစ်အနောက်ဘက် မလယ်အရပ်တွင် စိုးစံနေစဉ် ထိုမင်းနတ်ရွာစံ၍ ပါလာသောဗိုလ်ချေခပင်း သုံးသင်းကွဲလေသည်။ တစ်သင်းကိုဦးဆောင်သော ထိုမင်း၏ညီတော် ဘိန္နကရာဇ်သည် ရွှေလီမြစ် အထက်ပိုင်းသို့ ဆန်တက်သွားပြီးလျှင် ထိုမြစ်၏ လက်ယာဘက်ကမ်းတွင် "မိုင်းမော" ဟုခေါ်တွင်သောဒေသတွင် အခြေချကာ ရှမ်းတစ်ဆယ်ကိုးခရိုင်ကို တည်ထောင်ခဲ့သည်ဟုဆိုသည်။ ထိုကြောင့် "ရှမ်းပြည်ထောင်အစ မိုင်းမောက" ဟုလည်းဆိုရိုးပြုခဲ့ကြလေသည်။
ရှမ်း လူမျိုးများ...။
တိုင်းမောဝ်(Tai Mao)
ရွှေလီမြစ်ကို ရှမ်းလူမျိုးများက နမ့်မောဝ် (Nam Mao) ဟုခေါ်သည်။ ထိုမြစ်ဝှမ်းတစ်လျှောက်တွင် နေထိုင်သော ရှမ်းများကို တိုင်းမောဝ် (မောရှမ်း) ဟုခေါ်သည်။ တိုင်းမောဝ်တို့သည် တာပိန်မြစ်ဝှမ်းတွင်လည်း နေထိုင်ကြသည်။ အေဒီ ၁၂၃၅ ခုနှစ် နန်ချောင်းနိုင်ငံတော်ကြီး ပျက်စီးခဲ့ရပြီးနောက် တိုင်း (ရှမ်း) လူမျိုးတို့သည် အာရှအရှေတောင်ဘက်သို့ အစုလိုက်ဝင်ရောက်နေထိုင်လာကြသည်။ မဲခေါင်မြစ်၊ မဲနမ်မြစ်၊ သံလွင်မြစ်၊ ရွှေလီမြစ်၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဗြဟ္မပုတြမြစ် အတိုင်းစုန်ဆင်း၍ လုပ်ကိုင်စားသောက်ရန် လွယ်ကူသော နေရာများတွင် အခြေချနေထိုင်ပြီး အိုးအိမ်မြို့ရွာများ တည်ထောင်ကြသည်။ အေဒီ ၁၂-၁၃ ရာစုတွင် တိုင်းမောဝ်များသည် မောအင်ပါယာ (Mao Empire) ကိုတည်ထောင်ခဲ့သည်။ တိုင်းတုမ်း၊ တိုင်းဝမ်း ၊တိုင်းခွမ်၊ တိုင်းဆာ တို့သည်လည်း တိုင်းမောဝ်းလူမျိုးများပင်ဖြစ်သည်။ ၄င်းတို့သည် နန်ချောင်မင်းဆက်ကို တည်ထောင်သော ရှမ်းအုပ်စုများဖြစ်သည်။ တရုတ်လူမျိုးများနှင့် အကြိမ်ပေါင်းများစွာ ပဋိပက္ခဖြစ်သော်လည်း ကြံကြံခံ၍ ခုခံတိုက်ခိုက်ခဲ့သဖြင်ယင်းတို့ကို တိုင်းခေ ဟုခေါ်သည်။ ရှမ်းခြောက်ပြည်တောင်စု ဟုလဲခေါ်သည်။ အေဒီ ၁၂၃၅ ခု တွင် မောရှမ်းတို့သည် မွန်ဂိုတို့ကို ခုခံတိုက်ခိုက်ခြင်းမရှိပဲ ပြေလည်အောင် ဆက်ဆံခဲသဖြင့် မောအင်ပါယာ မပျက်စီးခဲ့ပေ။
ရှမ်းကြီး (ခ) တိုင်းလုံ (ခ) တိုင်းယိုင်
ရှမ်းကြီးတို့သည် ရှမ်းပြည်နယ် အနှံ့အပြားတွင်လည်းကောင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင်လည်းကောင်း နေထိုင်ကြသည်။ သို့သော် ရှမ်းကြာ ဗမာဖြစ် ဆို့သည့်အတိုင်း ရှမ်းများသည် ဗမာ ဖြစ်ကုန်ကြသည်လဲရှိသည်။ ရှမ်းကြီးတို့သည် အိုက်လောဝ် Ai-Lao တို့ဖြစ်ကြပြီး လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်က တရုတ်တို့ကို စစ်ရှုံးပြီး သံလွင်မြစ်၊ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာခဲ့သူများဖြစ်သည်။ နန်ချောင်းခေတ်တွင် ရှမ်းကြီးတို့သည် မိန်းမင်းဆက် (Mong Dynasty) များဖြစ်ကြပြီး နန်ချောင်းထီးနန်းကို စိုက်ထူခဲ့ကြသူများဖြစ်သည်။ လုံနိုင်ငံတော်မှ လာသော ရှမ်းများဖြစ်သဖြင့် တိုင်းလုံ (ရှမ်းကြီး) ဟုခေါ်သည်။ လုံ သည် ရှမ်းစကားတွင် ကြီးသည်ဟုအဓိပ္ပာယ်ရသည်။ ယိုင် သည်လဲ ကြီးသည်ဟုအဓိပ္ပာယ်ရသဖြင့် ရှမ်းကြီးကို တိုင်းယိုင်ဟုလဲခေါ်သည်။
တိုင်းလူး (ဆစ်ဆောင်ပန်းနား)
ဆစ်ဆောင်ပန်းနား ဒေသသည် တောင်ဘက်တွင် ရှမ်းပြည်နယ် (မြန်မာ)၊ အရှေ့ဘက်တွင် လောနိုင်ငံ၊ အနောက်ဘက်တွင် ယူနန်နယ်နှင့်စပ်လှက်ရှိပြီး တရုတ်ပြည်၏ တောင်ပိုင်းတွင်ရှိသည်။ ဆစ်ဆောင်ပန်းနားဒေသတွင် နေထိုင်သောရှမ်းများကို တိုင်းလူး (လူးရှမ်း) ဟုခေါ်သည်။ ဆစ်ဆောင်ပန်းနားသည် လူးရှမ်းတို့၏ တိုင်းပြည်ဖြစ်ပြီး "ဆယ်နှစ်ပြည်ထောင်တိုင်းပြည်" ဟုအဓိပ္ပာယ်ရသည်။ ထိုကဲသို့ ဆယ်နှစ်ပြည်ထောင် အုပ်ချုရေးစနစ်သည် ရှေးခေတ် ရှမ်းလူမျိုးတို့၏ အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ မြန်မာပြည်ရှိ ရှမ်းတို့သည်လဲ အေဒီ ၉၅၇ ခုတွင် ကမ္ဘောဒီးယားမှ "တိုင်းခိုရတ်" (ခိုရတ်ရှမ်း) တို့ထံမှ အုပ်ချုပ်ရေးစနစ် ကိုယူ၍ (၁၂) ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်လာခဲ့ကြသည်။ ဘုရင့်နောင်လက်ထက်သို့ရောက်သောအခါ (၉) ပြည်ထောင်စနစ်ဖြင့် တိုင်းပြည်ကို စီမခန့်ခွဲသည်ကို တွေ့ရသည်။ မဲခေါင်မြစ် အနောက်ဘက်တွင် (၁၂) မြို့၊ အရှေ့ဘက်တွင် (၁) မြို့ရှိသည်။ "ဆစ်ဆောင်" သည် (၁၂) ဟုအဓိပ္ပာယ်ရှိသည်။ ငါးမြိုမှ ဆယ်မြို့ ရှိသောဒေသကို "တစ်ပန်းနား" ဟုခေါ်သည်။ တစ်နည်းအားဖြင့် "ပန်း" သည် ရှစ်ဆယ်ဖြစ်ပြီး "နား" သည် လယ် ဖြစ်သည်။တိုင်းလူးများကို တရုတ်တို့က ပါးယီ (Pa Yi) ဟုခေါ်သည်။ လူးရှမ်းများသည် ကျိုင်းတုံဒေသ၊ လမ်းပွန်ဒေသ၊ ကျိုန်းဟိုင်းဒေသ၊ လောနိုင်ငံအတွင်းပိုင်း နမ့်ဦးဒေသ၊ လောနိုင်ငံရှိ မဲခေါင်မြစ်ဝှမ်း တစ်လျှောက်မှ စီထန်ထရွန် (Si Tan Dorn) ကျွန်းစုလေးထောင် အထိနေထိုင်ကြသည်။ အေဒီ ၁၉၁၈ ခုတွင် တရုတ်ပြည်အတွင်၌ လူးရှမ်းဦးရေ ၃၅၀,၀၀၀ ဦး၊ ကျိုင်းတုံဒေသတွင် ၅၀၀,၀၀၀ ဦး၊ လောနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် ၇၅၀,၀၀၀ ဦးရှိသည်။ ဆစ်ဆောင်ပန်းနား၏ မြို့တော်သည် ကျိုင်းဟုန် (Chieng Rung = အာရုံဦးမြို့တော်) ဖြစ်သည်။ ဆစ်ဆောင်ပန်းနားဒေသသည် မူလက မြန်မာပြည်ရှိ ရှမ်းလူမျိုးများနှင့် အတူရှိခဲ့ပြီး အေဒီ ၁၈၇၄ ခုတွင် ကျိုင်းတုံစော်ဘွားနှင့် မြန်မာဘုရင်တပ်များက သွားရောက်တိုက်ခိုက်သဖြင့် လူးရှမ်းများက တရုတ်တို့ကို အကူအညီတောင်းခဲ့သည်။ နောက်ပိုင်းတွင် တရုတ်တို့နှင့်သာ အဆက်အသွယ်များခဲ့သည်။ အေဒီ ၁၈၉၂ ခုတွင် အင်္ဂလိပ်တို့က ဆစ်ဆောင်ပန်းနားဒေသကို တရုတ်ပြည်သို့ ခွဲပေးခဲ့သည်။ လူးရှမ်းတို့၏ သမိုင်းဝင်မြိုတော်များက သုံးမြို့ရှိသည်။ ၎င်းတို့မှာ ကျိုင်းတုံ (မြန်မာ)၊ မိန်းလျဲန်း (တရုတ်)၊ ကျိုင်းဟုန့် (တရုတ်) တို့ဖြစ်သည်။ လူးရှမ်းများသည် အေဒီ ၁၃ ရာစုတွင် ကျိုင်းတုံမှ တဆင့် ဗုဒ္ဓဘာသာ (ထေရဝါဒ) ကိုစတင်ရရှိခဲ့သည်။ နတ်ကိုးကွယ်သူတချို့လည်း ရှိနေသေးသည်။ နှစ်သစ်ရောက်လျှင် ဝက်ဖြင့်နတ်ကို ပူဇော်ကြသည်ကို တွေ့ ရသည်။
Wednesday, September 4, 2013
TNLA (ပလောင်) အဖွဲ.မှ ကျေးရွာများတွင် ဆက်ကြေးကောက်ခံ
Categories :
4.9.2013
ရှမ်းပြည်နယ် မြောက်ပိုင်း နမ်.ဆန်မြို.သို. သြဂုတ်လ ၂၈ ရက်နေ.တွင် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA )မှ အဖွဲ.တစ်ဖွဲ.က ဆက်ကြေးများ လာရောက်ပေးဆောင်ရန် တောင်းခံစာများ ပေးပို.ပြီး ဆက်ကြေးငွေများ တောင်းခံနေကြောင်း ၊ အကယ်၍ လာရောက် ပေးဆောင်ခြင်း မရှိပါက အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ၊ခြိမ်းခြောက်စာများ ပေးပို.၍လည်း တောင်းခံနေကြောင်း ဒေသခံရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
” လွန်ခဲ.တဲ. ရက်တုန်းကလည်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်က အဖွဲ.၀င်တွေ ရောက်လာပြီး ဆက်ကြေးငွေ ကောက်ခံတဲ. စာတွေပေးသွားပါတယ်။ စစ်တပ်ကလည်း အနီးအနားရွာတွေမှာ ရှိနေတော. သူတို.တွေ ကြာကြာ မနေရဲတဲ.အတွက်စာနဲ.ပေးပြီးထားခဲ.တာပါ ” ဟု ဒေသခံ တစ်ဦးက ပြောပြသည်။ တအာင်း အမျိုးသား လွတ်မြောက်ရေး အဖွဲ.များမှ ယခုကဲ.သို. ဆက်ကြေးငွေများ ကောက်ခံနေခြင်းမှာ တစ်ကြိမ်တစ်ခါ မဟုတ်တော.ကြောင်း ၊ဒေသခံပြည်သူများ အနေဖြင်. စားဝတ်နေရေးအတွက် ရှာဖွေစားသောက်မူ.များမှာ အခက်အခဲ ဖြစ်နေကြောင်း ၊ မိမိတို. ပင်ပင်ပန်းပန်း ရှာဖွေထားရသော ငွေများကို မပေးချင်သော်လည်း မိမိတို.၏ အသက်အန္တရာယ်ကို စိုးရိမ်သည်.အတွက် ပေးနေရကြောင်း ၊စစ်တပ်အနေဖြင်.လည်း ထိုကဲ.သို. ဒေသခံ ပြည်သူများ အပေါ် ဆက်ကြေး ကောက်ခံခြင်းများ မရှိအောင် ကာကွယ်ပေးနိုင်လျင် မိမိတို. စားဝတ်နေရေး အဆင်မပြေမူ.အတွက် တစ်ဖက်တလမ်းက အကူအညီပေးရာရောက်ကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။
စံဖတ်
Read more...
ရှမ်းပြည်နယ် မြောက်ပိုင်း နမ်.ဆန်မြို.သို. သြဂုတ်လ ၂၈ ရက်နေ.တွင် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA )မှ အဖွဲ.တစ်ဖွဲ.က ဆက်ကြေးများ လာရောက်ပေးဆောင်ရန် တောင်းခံစာများ ပေးပို.ပြီး ဆက်ကြေးငွေများ တောင်းခံနေကြောင်း ၊ အကယ်၍ လာရောက် ပေးဆောင်ခြင်း မရှိပါက အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ၊ခြိမ်းခြောက်စာများ ပေးပို.၍လည်း တောင်းခံနေကြောင်း ဒေသခံရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
” လွန်ခဲ.တဲ. ရက်တုန်းကလည်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်က အဖွဲ.၀င်တွေ ရောက်လာပြီး ဆက်ကြေးငွေ ကောက်ခံတဲ. စာတွေပေးသွားပါတယ်။ စစ်တပ်ကလည်း အနီးအနားရွာတွေမှာ ရှိနေတော. သူတို.တွေ ကြာကြာ မနေရဲတဲ.အတွက်စာနဲ.ပေးပြီးထားခဲ.တာပါ ” ဟု ဒေသခံ တစ်ဦးက ပြောပြသည်။ တအာင်း အမျိုးသား လွတ်မြောက်ရေး အဖွဲ.များမှ ယခုကဲ.သို. ဆက်ကြေးငွေများ ကောက်ခံနေခြင်းမှာ တစ်ကြိမ်တစ်ခါ မဟုတ်တော.ကြောင်း ၊ဒေသခံပြည်သူများ အနေဖြင်. စားဝတ်နေရေးအတွက် ရှာဖွေစားသောက်မူ.များမှာ အခက်အခဲ ဖြစ်နေကြောင်း ၊ မိမိတို. ပင်ပင်ပန်းပန်း ရှာဖွေထားရသော ငွေများကို မပေးချင်သော်လည်း မိမိတို.၏ အသက်အန္တရာယ်ကို စိုးရိမ်သည်.အတွက် ပေးနေရကြောင်း ၊စစ်တပ်အနေဖြင်.လည်း ထိုကဲ.သို. ဒေသခံ ပြည်သူများ အပေါ် ဆက်ကြေး ကောက်ခံခြင်းများ မရှိအောင် ကာကွယ်ပေးနိုင်လျင် မိမိတို. စားဝတ်နေရေး အဆင်မပြေမူ.အတွက် တစ်ဖက်တလမ်းက အကူအညီပေးရာရောက်ကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။
စံဖတ်
Subscribe to:
Posts (Atom)









