Showing posts with label မှတ်သားစရာများ. Show all posts
Showing posts with label မှတ်သားစရာများ. Show all posts
Tuesday, February 18, 2014

ဆေးလိပ်ရဲ့ ဆိုးကျိုးကို လက်တွေ့ပြသသွားတဲ့ ဗီဒီယိုလေးပါ

0 comments
ဆေးလိပ်ရဲ့ ဆိုးကျိုးကို လက်တွေ့ပြသသွားတာပါ..
ဒီ video လေးကြည့်ပြီးရင် ဆေးလိပ်သောက်ချင်စိတ်ပါ ပျောက်သွားလိမ့်မယ်..
သူငယ်ချင်းတွေလဲသိသွားအောင် ရှဲပေးလိုက်ပါတယ်..
Read more...
Tuesday, February 11, 2014

မိုင်းဖုန်းဆရာတော် ရန်ကုန်ကြွမည်

0 comments
11.2.2014

၂၀/၂/၂၀၁၄ တာချီလိတ်မှ လေယာဉ်ဖြင့် ရန်ကုန်ကို ကြွပါမည်။ ညနေပိုင်း လေယာဉ်ဆိုက်ပါမည်။ အချိန်ရှိပါက ညဦးပိုင်း ရွှေတိဂုံတွင် ရွှေသင်္ကန်း သွားရောက်လှူဒါန်းပါမည်။ ထောက်ကြံ့သာသနာလင်္ကာရ မိုင်းဖုန်း ကျောင်းတွင် ကျိန်းပါမည်။

၂၁/၂/၂၀၁၄ မနက်ပိုင်း ကမ္ဘာအေးတွင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား ကန်တော့၊ ကံထပ်မင်္ဂလာပြုလုပ်ပြီး နေ့ဆွမ်းဆက်ကပ်ပါမည်။ပြီးလျှင် ဗဟန်းဇီဝိတဆေးရုံတွင် အလှူငွေ သွားလှူမည်။ ပြီးလျှင် ကျိုက်ဝိုင်း ခေမရဌ်ကျောင်း၊ ကိုးမိုင်ရှမ်းကျောင်းသို့ ကြွရောက် ဘုရားဖူးကာ ထောက်ကြံ့သာသနာလင်္ကာရ မိုင်းဖုန်းကျောင်းတွင် ညကျိန်းပါမည်။

၂၂-၂၃/၂/၂၀၁၄ တွင် နေပြည်တော်ကို ကြွဖို့ အစီအစဉ်ရှိပါမည်။

၂၄-၂၅/၂/၂၀၁၄ မန္တလေးသို့ ကြွပါမည်။

၂၆/၂/၂၀၁၄ မန္တလေး အပြည်ပြည်ဆိုင်ရာ တံတားဦးလေဆိပ်မှ ဗုဒ္ဓဂယာသို့ ဘုရားဖူးကြွပါမည်။

၂/၃/၂၀၁၄ ဘူတန်တော်ဝင်မိသားစု၏ ပင့်ဖိတ်ချက်အရ ဘူတန်နိုင်ငံသို့ ကြွပါမည်။

၁၂/၃/၂၀၁၄ မြန်မာနိုင်ငံသို့ ပြန်ကြွလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ် စတင်ပါမည်။

မိုင်းဖုန်းဆရာတော်အား ဖူးမျှော်လိုသော ဒကာဒကာမများ ကြိုတင်သိရှိနိုင်ရန် ခရီးစဉ်ကို ဖော်ပြလိုက်ပါတယ်။ ကျန်းမာပါစေ။

တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း)
ꨁꨤဝ်းတꨤင်း ꨅဝ်ꨳသိꨓ်ထမ်း ဝုꨓ်းꨅုမ်ꨵ
20.2.2014 လုꨀ်ꨵတꨣꨳꨁီꨳလꨱꨀ်း သေ တေယေꨣးꨁိင်း ꨟွတ်ꨳထိုင် တꨣꨳꨀုင်ꨳ။ ꨟူဝ်ꨁမ်ꨳ သင်မီးꨁꨤဝ်းယꨤမ်း တေꨀꨮꨣꨲ လူꨲꨲတꨤꨓ်း ꨁမ်း တမ်ꨳတီꨳ ထꨤတ်ꨳလူင် သူꨉ်ꨲတꨀူင်ꨲ။ တေမိုဝ်း ꨓွꨓ်ꨳတီꨳ ဝတ်ꨵသꨣꨲꨲသꨓꨣꨲလင်ꨲꨀꨣꨲရ မိုင်းꨕူင်း တီꨳထွꨀ်ꨵꨀျꨤꨓ်ꨵ။
21.2.2014 တွꨓ်ꨳꨓ်ꨮ တေꨀꨮꨣꨲတီꨳ ꨀမ်ꨲꨕꨣꨲေꨡးသေ ꨀꨮꨣꨲလူꨲတꨤꨓ်း ထꨤပ်ꨳꨀꨤမ်ꨲပꨓ် ꨅဝ်ꨳထꨱꨓ်လူင် မꨵꨟꨵꨓ ꨁဝ်ꨅဝ်ꨳယဝ်ꨵ လူꨲတꨤꨓ်း သွမ်းဝꨓ်း။ ဝꨤꨯးꨓꨓ်ꨵ တေꨀꨮꨣꨲတီꨳ ꨟူင်းယꨣꨅီꨲဝိတ ပꨟꨤꨓ်း။ ဝꨤꨯးꨓꨓ်ꨵ တေꨀွꨣꨲꨲဝꨯꨳြꨣꨕꨣး တီꨳ ဝတ်ꨵꨀꨱင်းတုင်၊ ဝတ်ꨵတꨯးꨀဝ်ꨳလꨀ်းသေ တေမိုဝ်း ꨓွꨓ်ꨳတီꨳ ဝတ်ꨵသꨣꨲꨲသꨓꨣꨲလင်ꨲꨀꨣꨲရ မိုင်းꨕူင်း တီꨳထွꨀ်ꨵꨀျꨤꨓ်ꨵ။
22-23.2.2014 တေမီး ꨁꨤဝ်းတꨤင်း ꨀꨮꨣꨲေꨓꨲပျီꨲတေꨣꨲ။
24-25.2.2014 ꨁꨤဝ်းတꨤင်း ဝꨱင်းလိုဝ်ꨲ (မꨤꨓ်းတလေး)။
26.2.2014 တေလုꨀ်ꨵတီꨳ ပꨤင်ꨲꨟိုဝ်းမိꨓ် တတꨣးꨡူးသေ ꨀꨮꨣꨲဝꨯꨳြꨕꨣး ပုတ်ꨵထꨀယꨣꨲ။
2.3.2014 တေလုꨀ်ꨵ ꨡိꨓ်ꨲတိယ သိုပ်ꨲꨀꨮꨣꨲ မိုင်းပူꨲတꨤꨓ်ꨲ။
12.3.2014 တေꨁိုꨓ်း ꨟွတ်းထိုင် တꨣꨳꨀုင်ꨳသေ ဝꨤꨯးꨓꨓ်ꨵ တေသိုပ်ꨲꨁꨤဝ်းတꨤင်း မိုင်းတꨯး ပွတ်းꨟွင်ꨲꨓꨯယဝ်ꨵ။

Sao Su Kham
Read more...
Monday, February 10, 2014

မိန်းကလေးများအတွက် ဘဝဒဿန

0 comments
10.2.2014

(၁) သင့်မှာ အဝတ်အစားတွေအများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့ မလိုက်ဖက်တော့တဲ့၊ ခေတ်လွန် အင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွား အင်္ကျီတွေ ကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ။

(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင် ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ် မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။

(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင် လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူ မဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။

(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု..... ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။

(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေး ဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။

from NNSN blog
Read more...
Friday, January 17, 2014

ပြည်ထောင်စုနေ့ကို ရှမ်းအလံ တိုင်တဝက် လွှင့်ထူခြင်းဖြင့် ဂုဏ်ပြုပေးကြပါစို့

0 comments
ပင်လုံကျောက်တိုင် သမိုင်းသက်သေတဲ့ ခက်တာက ကျောက်တိုင်က စကားမပြောတတ်ခဲ့လို့ ဗမာတွေက ပင်လုံစာချုပ်ကို စက္ကူစုတ် လုပ်ပစ် လိုက်ပြီ။

စာချုပ်ထဲမှာ ဘာတွေရေးထားတယ် ဘယ်လိုဂတိပြုထားတယ် ဆိုတာ ကျုပ်မသိဘူး စာချုပ်သဘောအရ ကျုပ်ရိုးရိုးရှင်းရှင်း တွေးကြည့်တယ်။

ထီးနန်းကိုစွန့်ရမယ်လို့ ဆိုရင် ကျုပ်တို့ဘုရင်က လက်မှတ်ထိုးပေး မှာ မဟုတ်ဘူး ။ရှမ်းပြည် နဲ့ ရှမ်းတိုင်းရင်းသားများရဲ့ ကံကြမ္မာကို ဗမာလက်ထဲ ထည့်ပေးရမယ်ဆိုရင်လည်း လက်မှတ်ထိုးမှာ မဟုတ်ဘူး။

လက်မှတ်ထိုးတယ်ဆိုတာက ရှမ်းပြည် နဲ့ ရှမ်းတိုင်းရင်းသားများ အကျိုးကို ကြည့်ပြီး လက်တွဲပူးပေါင်းဘို့ သူတကျပ် ဆိုရင် ကိုယ်တကျပ်ဘဲ သဘောက သာတူညီမျှမှုပေါ့ဗျာ ။သာတူညီမျှမှုကို အခြေခံပြီး ယုံကြည်မှု နဲ့ လက်တွဲပူးပေါင်းခဲ့ကြတယ်။

အဲဒီလိုပူးပေါင်းတဲ့အချိန်မှာ သစ္စာဖောက်ခံလိုက်ရတယ်။ ဥပမာဗျာ ကျုပ်တို့ ဘိုးဘွားလက်ထက်မှာ ညီအကိုလိုနေခဲ့ကြတယ် အခု ခင်ဗျားတို့ ကျုပ်တို့ လက်ထက်မှာလည်း ညီအကိုတွေပေါ့ဗျာ ဆိုပြီး လက်အတင်းဆွဲ နှုတ်ဆက်ခဲ့ကြတယ်။ လက်ဆွဲနှုတ်ဆက်လည်း ပြီးရော လက်က မလွတ်တော့ဘူး တင်းတင်းကြပ်ကြပ် ကိုင်ထားတယ် မျက်နှာလည်း ပြုံးပြနေတယ် ဒါပေမဲ့ ကျန်တဲ့လက်တဖက်က ခါးကို ဒါးနဲ့ ထောက်ထားတယ်။

ရီလည်းမရ ပြုံးလည်းမရ ငိုလည်းမရ မဲ့လည်းမရ လှုပ်လည်းမရ နဲ့ နှစ်ပေါင်း မနဲတော့ ဘူး တော်တော်ခံရခက်တဲ့ အဖြစ်ဆိုးကြီးဘဲ ခင်ဗျားတို့ ကျုပ်တို့ ဒီအတိုင်းဘဲ နေတော့မှာလား နည်းလမ်းတွေ မရှိကြဘူးလား ။ ဒါမှမဟုတ် ဒီအတိုင်းနေလာတာ ကြာလို့ ကျင့်သားရသွားပြီလား။

ပင်လုံစာချုပ် ချုပ်ဆိုပြီးတဲ့နောက်ပိုင်း ကျုပ်တို့ရှမ်းပြည် နဲ့ ရှမ်းတိုင်းရင်း သားများ ဘာအကျိုးတွေ ခံစားရသလဲ ။ ဘာအကျိုးဆက်တွေ ဖြစ်ပွား သွားသလဲ ဆိုတာ တွေးကြည့်ကြပါ ရိုးရိုးရှင်းရှင်းလေးပါဘဲ။

(၁)ကျုပ်တို့ရှမ်းဘုရင် မင်းဆက်ပြတ်သွားတယ်။

(၂)ရှမ်းပြည် နဲ့ရှမ်းတိုင်းရင်းသားများ ရဲ့ ကံကြမ္မာကို ကိုယ့်ဘာသာ ဖန်တီးခွင့် မရှိတော့ဘူး။

(၃)ရှမ်းစာပေနဲ့ ယဉ်ကျေးမှု သင်ကြားခွင့် မရှိခြင်း။

(၄)ရှမ်းသမိုင်းကြောင်း မှေးမိန်ကွယ်ပျောက်လာခြင်း။

(၅)မျိုးချစ်စိတ်ဓါတ် ကျဆင်းအားနဲလာခြင်း။

(၆)ဗမာစာပေ နဲ့ ယဉ်ကျေးမှု လွှမ်းမိုးလာခြင်း။

(၇)လူမျိုးကူးပြောင်းမှုနဲ့ လူမျိုး လျော့နဲ ကွယ်ပျောက်လာခြင်း။

(၈)ဒီစာချုပ် အတွက်နဲ့ အသက် သွေး ချွေး မြောက်များစွာ ပေးဆပ် စတေးရခြင်း စစ်မီးလျှံ ဝုန်း ဝုန်းတောက် ရခြင်း ရှမ်းတိုင်းရင်းသားများ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နှင့် ဒုက္ခပင်လယ် ဝေရခြင်း။

(၉)ကမ္ဘာမှာ ရှမ်းပြည် နဲ့ ရှမ်းတိုင်းရင်းသားများရဲ့ နာမည် ဂုဏ်သတင်း ကွယ်ပျောက်သွားရခြင်း တို့ဖြစ် တယ်။

(၁၂)ရက် (၂)လ မှာဖြစ်ပွားခဲ့တဲ့ အကျိုးဆက်ပေါင်း မြောက်များစွာကို ခင်ဗျားတို့က ဝမ်းပမ်းတသာနဲ့ ကြိုဆိုကြတယ် လက်ခံကြတယ် ခင်ဗျားတို့ ဦးနှောက် ထဲမှာ ဗမာတွေက သံချေးတက်နေတဲ့ အပ်တချောင်း ရိုက်သွင်းထားတယ် ။အဲဒီ အပ်တချောင်း မထုတ်နိုင်သမျှ ကာလပတ်လုံး ခင်ဗျားတို့ ဦးနှောက်က ပုံမှန်မဖြစ်နိုင်သေးဘူး ။အဲဒီအပ် မရှိမှ ခင်ဗျားတို့ ဦးနှောက် ပုံမှန်ပြန်ဖြစ်မှာ အကောင်း ပကာတိ အတိုင်း ပုံမှန် အမြင်မှန် ရရှိသွားမှာပါ။

အဲဒီ နေ့ ဟာ ပြည်ထောင်စုနေ့ဘဲ အဲဒီနေ့ ရှမ်းပြည် နဲ့ ရှမ်းတိုင်းရင်းသားများ ကို မီးတောက် မီးလျှံကြားထဲ ဒုက္ခပင်လယ်ဝေစေသောနေ့ ဖြစ်ခဲ့တာမို့လို့ ခင်ဗျားတို့ ဝမ်းပမ်းတသာနဲ့ ကြိုဆိုနိုင်သလား ကျုပ်ကတော့ ဝမ်းနည်းခြင်း များစွာနဲ့ ဂုဏ်ပြုကြိုဆိုပါတယ်။

ဒီနေရာမှာဘဲရှမ်းတိုင်းရင်းသားများအားလုံးကိုအကြံပေးချင်ပါတယ်။
ပြည်ထောင်စုနေ့ကို ရှမ်းအလံ တိုင်တဝက် လွှင့်ထူခြင်းဖြင့် ဂုဏ်ပြုပေးကြပါလို့ တိုက်တွန်းချင်ပါတယ် ။

Credit To : Saiyee Tip
Read more...
Thursday, December 26, 2013

ရင်သွေးငယ်များ၏ ဘာသာရေးအသိနှင့် ဖြူစင်ယဉ်ကျေးသော အနာဂတ်

0 comments


26.12.2013

''မလိမ္မာတာတွေ နှုတ်ရမည်။ အလိမ္မာတွေနှင့် ဆက်ပါမည်။ နှုတ်မည်ဆက်မည် နှုတ်ဆက်ပါသည်။ မကောင်းမှုတွေကို နှုတ်ရမည်။ ကောင်းမှုတွေနှင့် ဆက်ပါမည်။ နှုတ်မည်ဆက်မည် နှုတ်ဆက်ပါသည်။ ပျင်းရိတာတွေ နှုတ်ရမည်။ ကြိုးစားမှုနှင့် ဆက်ပါမည်။ နှုတ်မည် ဆက်မည်နှုတ်ဆက်ပါသည်။ အကုသိုလ်တရားကို နှုတ်ရမည်။ ကုသိုလ် တရားနှင့် ဆက်ပါသည်။ နှုတ်မည်ဆက်မည် နှုတ်ဆက်ပါသည်။
ကလေးတို့၏ ကဗျာရွတ်သံလေးတွေဟာ ဓဓ္မာရုံအတွင်းကနေ သာယာစွာ လွင့်ပျံ့ထွက်ပေါ်နေခဲ့ပါတယ်။ တနင်္ဂနွေနေ့တိုင်း သင်ယူ နေခဲ့ကြတဲ့ ယဉ်ကျေးလိမ္မာကလေးများရဲ့ အားပါးတရအသံလေးတွေက ကြားရသူအပေါင်းကို ကြည်နူးစေခဲ့ပါတယ်။

မိမိတို့ရင်သွေးငယ်များ၏ နှလုံးအိမ်မှာ ဘာသာရေးအသိတရားတွေနဲ့ ဖြူစင်ယဉ်ကျေးသွားတော့ မယ့် အနာဂတ်ကို မျှော်တွေးပီတိဖြစ်ကြမှာ အမှန်ပါပဲရှင်။ ကျွန်မတို့ သာကေတမြို့နယ် (၃)ရပ်ကွက် ရန်ပြေလမ်းမကြီးပေါ်က ဗုဒ္ဓဝေယျာဝစ္စ ဓမ္မရုံကြီးမှာကညိပှေခ့သသူ ယဉ်ကျေးလိမ္မာသင်တန်းကို ဇန်နဝါရီ ၁၃ရက် တနင်္ဂနွေနေ့ကစတင်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဦးစီးဦးဆောင်သူ တွေကတော့ ဗုဒ္ဓဝေယျာ ဝစ္စအကျိုးဆောင်လူကြီးများနဲ့ ရန်ပြေလူငယ်များပဲ ဖြစ်ကြပါတယ်။

သင်တန်းစတင်ခဲ့စဉ်က ဓမ္မရောင်ခြည်ဓမ္မဒါနလုပ်ငန်းမှ လာရောက် သင်ကြားပေးခဲ့ကြ ပါတယ်။ နောက် ပိုင်းမှာတော့ ရပ်ရွာခံဆရာ ဆရာမများ ဖြစ်ကြတဲ့ ဦးဝင်းဗိုလ်၊ ဒေါ်ကြည်အေး၊ ဒေါ်စန်းစန်းညို၊ ဒေါ်မိုးမိုး ခိုင်ထွေးတို့က သင်ကြားပေးနေခဲ့ကြပါတယ်။ ဆရာ ဆရာမများဟာ ရွှေကျင်ကျောင်းတိုက်၊ ပဏ္ဍိတာရာမရွှေတောင်ကုန်းနဲ့ မင်္ဂလာဗျူဟာတို့မှာ ဆရာဖြစ်သင်တန်းများကို အောင်မြင်ပြီးသူများဖြစ် ကြတဲ့အတွက် ကလေးများကို ကောင်းမွန်စွာလမ်းညွှန်ပေးနိုင်ကြသူများပါ။

ဓမ္မာရုံတွင်းသို့ ဝင်လာတဲ့ ကျွန်မကို မြင်လိုက်တာနဲ့ မင်္ဂလာပါလို့ ညီညီညာညာနှုတ်ဆက်ကြပါတယ်။ ဆရာမဒေါ်ကြည်အေးကနေ ဘွားဘွား ကြီးကို မင်္ဂလာကဗျာ ရွတ်ဆိုပြလိုက်ပါဦးဆိုတော့ အမူ အရာလေးတွေနဲ့ ရွတ်ဆိုပြကြပါတယ်။ မင်္ဂလာပါ အပြောချို၊ အပြုံးလေးလည်းချို၊ အမြဲတမ်းပဲ မင်္ဂလာ ပါပြောမယ်။ နှုတ်ဆက်ကြမယ်။ ယဉ်ကျေးစွာ မင်္ဂလာပါ၊ ဒီအသံလေးကြားရတာ ရင်မှာအေးနှုတ်ဆက်ပါ အများနဲ့ တွေ့တဲ့ အခါ၊ ဒီအသံလေးကိုကြားတိုင်းပဲ တကယ်ယဉ်ကျေးတယ်။ အများ ချီးကျူး၊ အပြန် အလှန်မေတ္တာတစ်ဦးနဲ့တစ်ဦးထားခြင်းဟာ မင်္ဂလာပါ။

မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားကျောင်းသူ တွေရော ဈေးသည်ကလေးတွေရော အရွယ်စုံဘဝစုံသမားတွေ ၃ဝဝ ကျော်တက်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ ၁၅ဝ ပဲ ကျန်ပါတော့ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆယ်တန်း၊ ကိုးတန်းသမားတွေက စာမေးပွဲကြီးအတွက် အရေးကြီး ချိန်ဖြစ်နေကြတာကြောင့် ခေတ္တထွက် သွားကြလို့ပါတဲ့။ တိုင်းပြည်ရဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားကြတဲ့ လူငယ် မောင်မယ်လေးတွေကို အိမ်မှာ၊ ကျောင်းမှာ၊ ခရီးသွားရာမှာ၊ ကစားရာ မှာစတဲ့အထွေထွေ ယဉ်ကျေးခြင်းဆိုင်ရာ သင်ခန်းစာများနဲ့တကွ စာရိတ္တ မဏ္ဍိုင်မြင့်မားပြီး အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်တဲ့ လူတော် လူကောင်းလေးတွေ ဖြစ်ထွန်းလာစေဖို့ရည်ရွယ်ပြီး သင်ကြားပေးနေကြ တာပါ။
''ဗုဒ္ဓဆိုတာ ဘာလဲ ကလေးတို့''
''ဗုဒ္ဓဆိုတာ မြတ်စွာဘုရားပါ ဆရာမ''
''ဘာသာဆိုတာကရော''
''မြတ်စွာဘုရားဟောခဲ့တဲ့ တရားတွေပါ။ အဲဒီတရားအတိုင်း ကျင့်သုံးရင် ဗုဒ္ဓဘာသာဝင်ပါ''

''ဘာတွေဟောခဲ့လဲကွယ်''
''ဗုဒ္ဓရဲ့ အဆုံးအမက မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား...တဲ့။ မကောင်းမှုဆိုတာ ဘာလဲသိရမယ်။ ဒါမှ ရှောင်နိုင်မယ်။ ကောင်းမှုဆိုတာ ဘာလဲသိရမယ်။ ဒါမှ ဆောင်နိုင် မယ်''
''သိဖို့ကို ဘာလုပ်ရင်ကောင်းမလဲ...ပြောပြပါဦး''
''သိဖို့အတွက် သင်ရမယ်။ သင်မှသိ၊ သိမှကျင့်နိုင်မှာပါ ဆရာမ''
ကလေးများ စိတ်ဝင်စားမှုရှိစေရန်အတွက် အမေးအဖြေနှင့် တစ်မျိုး၊ ကဗျာလေးများကို အမူအရာ များနှင့်တစ်သွယ် သင်ကြားပေးနေကြ သည့် ဆရာဆရာမများကို ချီးကျူးလေးစားရပါတယ်။ ယနေ့ခေတ် လူငယ်တို့ရဲ့ ဝတ်စားဆင်ယင်မှုကအစ အနေအထိုင်အပြောအဆိုတို့ဟာ မြန်မာ့ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာတရားတော်များနှင့် ဆန့်ကျင်ဘက်သို့ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ပြောင်းလဲ သွားတာကို အံ့သြခြင်း ကြီးစွာခံစားနေရင်းနဲ့ပဲ နည်းပညာတွေတိုးတက်လာမှုကို ကြိုဆိုခြင်းက တစ်ပိုင်း၊ ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတာကို ပျောက်ကွယ်သွားမှာ စိုးရိမ်တာကတစ်ပိုင်းပါ။ ဒါကြောင့် ဓမ္မကျောင်းတော်ကြီးတွေ၊ ယဉ်ကျေး လိမ္မာသင်တန်းတွေ ဖွင့်ပေးခဲ့ကြခြင်းဟာ လူငယ်များရဲ့ အနာဂတ်အတွက် အချိန်မနှောင်းသေးပါဘူး။ နောက်မကျသေးပါဘူး။ ဓမ္မကျောင်းတော် ကြီးမှာ သင်ကြားပေးနေတဲ့ ယဉ်ကျေးလိမ္မာသင်ခန်းစာတွေကို နောက် တစ်ပတ်မှာ ရေးသားပါဦးမယ်ရှင်။ အခုတစ်ပတ်မှာတော့ ''ပါဝင် ဆင်နွှဲကြပါစို့''ကဗျာလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
''တို့နယ်တစ်ခွင်မှာ သင်တန်းဖွင့်တာ ပျော်ရွှင်စရာ... အသီး အပွင့်လေးတွေ ပျော်မြူးကြတာ.. .ကြည်လင်စရာ...အိုး စိတ်ချမ်းသာ ကိုယ်ချမ်းသာ...သင်တန်းမှာ ပါဝင်ဆင်နွှဲမှာ...'''

မြစံပယ်
The Union Daily
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here