၉၆၉ နာမည်မသုံးရန် တားမြစ်မှု ကလောမြို့တွင် ဖြစ်ပွား
ရှမ်းပြည်နယ် ကလောမြို့အထွက် ရွှေဇင်ယော်စက်သုံးဆီအရောင်းဆိုင်အနီးရှိ ဒေသထွက်လက်ဆောင်များ ရောင်းချသော ဆိုင်တန်းမှ “ ၉၆၉ မေရှမ်း ” နှင့် “ ၉၆၉ ရွှေစင် ”အမည်ရှိ ဆိုင်းဘုတ်ရေးထားသော ဆိုင်ခန်းနှစ်ခန်းအား ဇွန် ၁၄ ရက်မနက်ပိုင်း တွင် More
ဗိုလ်ချုပ် ဆေထင် ပြောစကားများက ပြည်ထောင်စုကြီးတစ်ခုလုံး ပြိုကွဲသွားအောင် သွေးထိုးလှုံ့ဆော် လိုက်တဲ့ သဘောလား….?
ဆက်ကြေးကောက်၊ ဘိန်းခွန်ကောက်၊ သစ်ခိုးထုတ် တဲ့ တရားမ၀င်လုပ်ရပ်တွေကိုတော့ လုပ်လို့မရတော့ ဘူးပေါ့။ ဒ့ါကြောင့် ဦးဆေထင် လက်နက်မစွန့် ချင်တာ More
Showing posts with label ရှမ်းရိုးရာများ. Show all posts
Showing posts with label ရှမ်းရိုးရာများ. Show all posts
Thursday, March 13, 2014
Tuesday, February 18, 2014
Tuesday, February 11, 2014
ကျပ်သိန်းပေါင်းထောင်ကျော်ဖြင့် မွမ်းမံထားသည့် ပင်လုံကျောက်တိုင် ဖွင့်ပွဲ ပြင်ဆင်
Categories :
11.2.2014
ကျပ်သိန်းပေါင်းထောင်ဂဏန်းကုန်ကျခံကာ သုံးလကြာ မွမ်းမံပြင်ဆင် ခဲ့သည့်ပင်လုံကျောက်တိုင်အား ၆၇ နှစ်မြောက်ကျရောက်သည့် ပြည်ထောင် စုနေ့ ဂုဏ်ပြုသည့်အနေဖြင့် ဖွင့်ပွဲအခမ်းအနားအတွက် အထူးပြင် ဆင်နေသည် ဟုပင်လုံမြို့ခံများကပြောသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားအား ဖေဖော်ဝါရီလ ၁၂ ရက် မနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပ သွားမည်ဖြစ် ကြောင်း၊ သျှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့အားကြိုဆိုရန် သျှမ်းစာပေယဉ်ကျေးမှု လူငယ်မောင်မယ် အင်အား ၁၀၀ ၊ ပအိုဝ်း စာပေယဉ်ကျေးမှု လူငယ်မောင် မယ်အင်အား ၁၀၀ တို့က မိမိ ရိုးရာဝတ်စုံဖြင့် တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု ဆိုသည်။
" ကျနော်ကြားထားတာတော့ ပြည်ထောင်စုနေ့ မနက်ဖြန်ပေါ့နော်။ ပြည်နယ်ဝန်ကြီးချုပ်က အခုမွမ်းမံပြီး တဲ့ ပြည်ထောင်စု အထိမ်းအမှတ်ကျောက်တိုင်ကို ဖွင့်လှစ်ပေးမယ်၊ ပြီးတော့ သမ္မတ ဦးသိန်းစိန်ပေးပို့ လာတဲ့ သဝဏ်လွှာကို ဖတ်ကြားမယ် တဲ့ " ဟု ပင်လုံကျောက်တိုင်ဝင်းအတွင်းရှိ မဟာရဌာဘိသာ မဂ္ဂီ ရွှေတိဂုံ ပုံတူစေတီတော် ဂေါပက လုံးလွမ်းမှိုင်းက ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စုနေ့ သဝဏ်လွှာအား လွိုင်လင်ခရိုင်ဥက္ကဌ ဖတ်ကြားပေးမည်ဟု ၎င်း ကပြောသည်။
" ဖွင့်ပွဲ အစီအစဉ်ကတော့ တိုင်းရင်းသားအကနဲ့ စတင်မယ်၊ ပြီးတော့ ကျောင်းသူ/သားပေါင်း ၄၀၀ ကျော် က စည်းလုံးခြင်းသည် အင်အား သီချင်းနဲ့ သီဆိုကြမယ်" ဟု အကအဖွဲ့တွင်ပါဝင်သူတစ်ဦး ကပြောသည်။
ပင်လုံကျောက်တိုင် ပြုပြင်မွမ်းမံရေးအတွက် နေပြည်တော်အစိုးရက ကျပ်ငွေသိန်းပေါင်း ရ၀၀၀ ချပေး မည်ဟု ဆိုသော်လည်း လက်ရှိပြင်ဆင်ပြီးစီးမှုမှာ သျှမ်းပြည်နယ်အစိုးရနှင့် စည်ပင်ဝန်ကြီးဌာန က ငွေကျပ် ၁၄၀၀ စိုက်ထုတ်ကာ ပြင်ဆင် ထားခြင်းဖြစ်ကြောင်းပင်လုံမြို့ရပ်မိရပ်ဖတဦးကဆိုပါသည်။
နေပြည်တော်အစိုးရမှ ဘတ်ဂျက် မရောက်လာသောကြောင့် ပြတိုက်ပါ တည်ဆောက်ရန် အစီအစဉ်လည်း ပျက်ပြားခဲ့ရကြောင်း ဆိုပါသည်။
၁၉၄၇ ဖေဖေါ်ဝါရီ ၁၂ ရက် နေ့သည် အင်္ဂလိပ်အစိုးရထံ လွတ်လပ်ရေးအတူတကွယူရန် ဗိုလ်ချုပ်အောင် ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်တို့ တောင်တန်း - မြေပြန့် ပူးပေါင်းရေး စာချုပ် ချုပ်ဆို နိုင်သောနေ့ဖြစ်သည်။ ထို့နေ့ကို ပြည်ထောင်စုနေ့ အဖြစ်သတ်မှတ်လာသည်မှာ ယနေ့ ၆၇ နှစ်မြောက် ရှိခဲ့ပြီဖြစ်သည်။
သျှမ်းသံတော်ဆင့်
Monday, February 10, 2014
Tuesday, January 7, 2014
Thursday, January 2, 2014
*** သျှမ်းနီရိုးရာ အ၀တ်အစား ***
Categories :
2.1.2014
သျှမ်းနီရှေးရိုးရာ ပိုးပုဆိုးအကွက်များနှင့် လုံချည်များကို သျှမ်းနီလူငယ်ကွန်မှ ရံပုံငွေအဖြစ်ရောင်း ချမည်ဖြစ်သည်။ အော်ဒါမှာလိုသူများနှင့် လက်ကားသမားအတွက် အထူးဈေးနူံးများ သတ်မှတ်ပေး ထားသည်။ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့ မြစ်ဝှမ်းပြန့်လွင်ပြင်သို့ ရောက်ရှိလာကြသော သျှမ်းလူမျိုးတို့သည် သျှမ်းဘောင်းဘီအပြင် ရိုးရာသျှမ်းပုဆိုများကိုလည်း ၀တ်ဆင်ခဲ့ကြသည်။
တိုင်းခမ်းတီး၊ တိုင်းနိုင်းခေါ်သျှမ်းနီ နှင့် တိုင်းအာဆန်ခေါ် အာသံသျှမ်း တိုင်းဖတ်ကေးသျှမ်း တို့သည် မြန်မာနိုင်ငံဟု မပေါ်ခင်ကထဲက ထိုဒေသများသို့ မိမိတို့ရောက်နှင့်ပြီးသားဖြစ်၍ သျှမ်းဘောင်းဘီ အပြင် ပိုးပုဆိုးများကို မိမိတို့ကိုယ်ပိုင် ယက်ကမ်းစင်များဖြင့် မိမိတို့ကိုယ်တိုင် ယက်လုပ်ဝတ်ဆင်ကြပြီး ကိုပိုင်အဆင်းအရောင် အကွက်အရောင် များလည်းရှိကြသည်။
မြန်မာပြည်တွင်းရှိ သျှမ်းများသာမက ယိုးဒယားခေါ်ထိုင်းနှင့် လောတို့လည်းဝတ်လေ့ရှိသည်။ ဗန်ကောက် ပုဆိုးသည် တချိန်က မြန်မာနိုင်ငံတွင် ၀န်ကြီးများနှင့် လူကုန်ထံများသာ ၀တ်ဆင်နိုင်ခဲ့ကြပြီး လန့်နားချိပ် လုံချည်သည် မြန်မာတို့နှင့်မတူ သီးခြားအဆင်းဖြစ်သည်။ သျှမ်းနီပိုးပုဆိုးများလည်း အောဒါမှာယူနိုင် ပါသည်။
- ဆက်သွယ်ရန်
စိုင်းမောင်မောင်အောင် - 09440006422
စိုင်းအောင်မျိုးလွင် -

Thursday, December 5, 2013
Wednesday, December 4, 2013
Saturday, November 16, 2013
15.11.2013 ( သောကြာနေ့ ) ည မီးပုံးပျံ ပုံရိပ်များ ။.
Categories :
15.11.2013 ( သောကြာနေ့ ) ည မီးပုံးပျံ ပုံရိပ်များ ။..
ယနေ့ညသည် ရာသီဥတုကောင်းမွန်သော်လည်း ညမီးကြီးမီးပုံးပျံများ ပြန်လည် လောင်ကျမှုများရှိခဲ့သည် ။..
အစောပိုင်းလွှတ်တင်သော ကြယ်ပြောင်မီး ၊ သုဓနုမီး ၊ လူကဲမီး တို့သည် ကောင်းကင်ကို အလှဆင်နေရင်း လောင်ကျသွားခဲ့သည် ။..လောင်ကျသွားခဲ့သော မီးပုံးပျံ အဖွဲ့သားများနှင့်ထပ်တူကြေကွဲမိပါသည် ။..
အဝေးမှသူငယ်ချင်းများကြည့်ရှုခံစားနိုင်စေရန် ရည်ရွယ်လျှက် ...
တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် ပုံရိပ်များ
Subscribe to:
Posts (Atom)