Showing posts with label စီးပွားရေးသတင်း. Show all posts
Showing posts with label စီးပွားရေးသတင်း. Show all posts
Friday, December 6, 2013

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိသည့် ငွေများသည် နှစ်နိုင်ငံကုန်သွယ်မှု ငွေစာရင်းထဲတွင် ပါဝင်မည်ဟုဆို

0 comments
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိသည့် ငွေများသည် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု ငွေစာရင်း တွင် ပါဝင်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဒေါက်တာ ပွင့်စန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ ရွှေလီမြို့၌ တွေ့ဆုံသည့် အခမ်းအနားတွင် စီးပွားကူးသန်း ဒုတိယ၀န်ကြီး က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲကို ရွှေလီမြို့၌ ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ကိုယ်စားလှယ်များ အနေဖြင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

''စီးပွားရေးကဏ္ဍမှာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဟာ အရမ်း အရေးပါပါတယ်။ နယ်စပ် ကုန်သွယ်မှုရဲ့ ၇၀ ရာခိုင်နှုန်းဟာလည်း တရုတ်နဲ့ နယ်စပ်တွေက ကုန်သွယ်မှု ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကနေ တရုတ်နိုင်ငံကို ပို့လွှတ်တဲ့ ပမာဏကလည်း နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ပါလာမှာဖြစ်ပါတယ်'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န် ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာစန်းပွင့်က ပြောကြားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလျံ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅၅၉ ဒသမ ၈၄ သန်း ရရှိရန် လျာထားကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နယ်စပ်ကုန်သွယ်မှုမှာ ၂၀ ရာခိုင်နှုန်း၊ ပင်လယ်ရေကြောင်းမှ စုစုပေါင်း ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်း ပြုလုပ်နေကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။

ယင်းကဲ့သို့ ကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ရေးအတွက် တရားမ၀င် ကုန်သွယ်မှု တားစီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ စတင်စစ်ဆေးနေ ပြီ ဖြစ်ကြောင်း သိရသည်။

Eleven  Media  Group
Read more...
Saturday, November 16, 2013

မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးစံနှုန်းများ ထုတ်ပြန်၊ တစ်ဧက အမြင့်ဆုံး ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းရှိ

0 comments



မန္တလေးမြို့ပေါ် အိမ်၊ ခြံ၊ မြေဈေးစံနှုန်းများ နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ရာ အများဆုံး ဈေးနှုန်းမှာ တစ်ဧက လျှင် ကျပ် သိန်းပေါင်း တစ်သိန်းနှစ်သောင်းနှုန်း သတ်မှတ်ထားကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး တိုင်း ဦးစီးမှူး က The Voice သို့ ပြောကြားသည်။

အဆိုပါ ဈေးနှုန်းများသည် အရောင်းအဝယ် ဖြစ်သည့် မန္တလေးမြို့လယ်ကောင် အဓိက နေရာများနှင့် စီးပွားရေးအရ အချက်အချာ ကျ သည့် နေရာများတွင် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မန္တလေး စက်မှုဇုန်တွင် တစ်ဧကလျှင် ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော် သတ်မှတ်ထားပြီး မြို့နယ်အလိုက် အစွန်အဖျား ရပ်ကွက် များတွင် အိမ်၊ ခြံ၊ မြေဈေးစံနှုန်း သတ်မှတ်မှု လျော့နည်းမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ ထပ်မံ သိရသည်။

မန္တလေးတိုင်း ဒေသကြီး မြို့နယ်များတွင် အိမ်၊ ခြံ၊ မြေ ဈေးသတ်မှတ်မှုမှာ အချို့နေရာများတွင် ပေါက်ဈေးဖြင့် တန်းတူရှိပြီး အချို့ နေရာ များ မှာ အရောင်းအဝယ် ဖြစ်သည့် ဈေးထက် များနေကြောင်း မန္တလေးမြို့တော်ရှိ ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တစ်ဦးက သုံးသပ် ပြောကြားသည်။ ပေါက်ဈေးနှင့် တန်းတူ အခွန်ဆောင်ရန် သတ်မှတ်ခြင်းသည် အခွန်ဆောင်သူများ အတွက် အခက် အခဲတွေ့ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးနှုန်း သတ်မှတ်တာ ရန်ကုန်က သတ်မှတ်ဈေးထက် များနေတယ်။ ရန်ကုန်မြို့လယ်ဧရိယာ ဈေး အဲဒီလောက် မသတ်မှတ်ဘူး၊ မန္တလေးမြို့သစ်ဘက် ၆၄ လမ်းပေါ် ဆိုရင် ပေါက်ဈေးက သိန်း ၄၅၀၀ လောက် ပေါက်နေတာကို ရာဖြတ် အဖွဲ့က သိန်းငါးထောင် သတ်မှတ် ထားတယ်။ အဲဒီတော့ အခွန်ဆောင်တာ ဘယ်လို ဆောင်တော့မလဲ” ဟု မန္တလေး မြို့တော် ရှိ ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တစ်ဦးက ထပ်မံ ပြောဆိုသည်။

စက်မှုဇုန်ဧရိယာ နေရာ အကောင်းဆုံး ဖြစ်သည့် ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်တွင် တစ်ဧကလျှင် ကျပ်သိန်းပေါင်း ငါးသောင်းဖြင့် အရောင်းအဝယ် ပြုလုပ်မည့် အနေအထားတွင် ကျပ်သိန်းပေါင်း ခုနစ် သောင်းကျော် သတ်မှတ်ခြင်းမှာ များနေကြောင်း မန္တလေး မြို့တော်ရှိ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက သုံးသပ် ပြောကြားသည်။

မန္တလေးမြို့တော် ဓလေ့အရ ဧကဖြင့် တိုင်းတာလေ့ ရှိသဖြင့် စံနှုန်းများကို ဧကကွက်ဖြင့် သတ်မှတ်ထားသော်လည်း အရောင်း အဝယ် ဖြစ်သည့် ပေအကျယ်ပေါ် မူတည်ကာ အဆိုပါ စံနှုန်းဖြင့် တွက်ချက်ကာ အခွန် ပေးဆောင် ရ မည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန တိုင်းဦးစီး ဌာနမှူးက ထပ်လောင်း ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို သက်ဆိုင်ရာ မြို့နယ်များအလိုက် အရောင်းအဝယ် ဖြစ်သည့် ပမာဏကို ကွင်းဆင်း လေ့လာပြီး မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် ညှိနှိုင်းကာ တိုင်းဒေသကြီး အစိုးရအဖွဲ့က အတည်ပြု သတ်မှတ် ထားသော ဈေးနှုန်း များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မန္တလေးမြို့ပေါ်တွင် အိမ်၊ ခြံ၊ မြေ ဈေးစံနှုန်းများ သတ်မှတ် ထားပြီး ဖြစ်ရာ နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ အဆိုပါ ဈေးနှုန်းများဖြင့် တန်ဖိုးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အရင်က ဝယ်ထားလည်း တရားဝင် မှတ်ပုံတင် လာရောက် ဆောင်ရွက်တဲ့အခါ ဒီနှုန်းတွေနဲ့ပဲ အခွန်ဆောင်ဖို့ တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်မယ်” ဟု ပြည်တွင်း အခွန်များဦးစီးဌာန တိုင်းဦးစီးမှူးက ဆိုသည်။

စံသတ်မှတ် ဈေးနှုန်းအရ အခွန်ဆောင်ရာတွင် တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်းနှင့် အခွန်ဆောင်ပြီး ငွေဖြင့် ဝယ်ယူခြင်း မဟုတ်ပါက ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း၊ အဆိုပါ အိမ်၊ ခြံ၊ မြေစံနှုန်းများနှင့် ပတ်သက်၍ သိလိုပါက မန္တလေးတိုင်း ဒေသကြီး အခွန် ဦးစီးဌာနသို့ လာရောက် မေးမြန်းနိုင်ကြောင်း ၎င်းက ပြောကြားသည်။

The Voice
Read more...
Monday, November 11, 2013

ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ စက်မှုဇုန် မြေများကို နိုင်ငံသား အမည်ခံများဖြင့် ဂျပန်နှင့် တရုတ်နိုင်ငံများမှ အများဆုံး လာရောက်ဝယ်ယူ

0 comments
                          သီလ၀ါစက်မှုဇုန် မြေကွက်အစိတ်အပိုင်း တစ်ခုကို တွေ့ရစဉ်
  Monday, November 11, 2013

ရန်ကုန်မြို့ရှိ စက်မှုဇုန် မြေများကို ယခုနှစ်ပိုင်းအတွင်း နိုင်ငံသား အမည်ခံကာ ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ လုပ်ငန်းရှင်များက အများဆုံး လာရောက်ဝယ်ယူနေပြီး ငှားရမ်းမှုလည်း မြင့်တက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။

"စက်မှုဇုန်တွေမှာတော့ လောလောဆယ် ရွှေပြည်သာ စက်မှုဇုန်တွေမှာ တရုတ်လူမျိုးတွေ အငှားများ ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေ အနေနဲ့ကတော့ အရောင်းအ၀ယ် ပုံမှန်ပါပဲ။ တစ်ပေပတ် လည် မြေဈေးနှုန်း သတ်မှတ်ပြီး နောက်ပိုင်းမှာ ၀ယ်ရောင်းသမားတွေ မရှိသလောက် နည်းသွားတယ်။ တကယ်လုပ်ငန်း လုပ်မယ့်သူတွေပဲ ၀ယ်ကြတယ်။ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ အနေနဲ့ကျတော့ တရုတ်နိုင်ငံက ယမန်နှစ်ကထက်စာရင် အငှားများလာတယ်။ သူတို့အနေနဲ့ အထည်ချုပ် လုပ်ငန်းတွေ၊ စက်ပစ္စည်းတွေ သိုလှောင်ဖို့အတွက် ငှားကြတယ်။ မြန်မာနိုင်ငံ အနေနဲ့ တံခါးဖွင့်လိုက်တာလည်း ပါတာပေါ့"ဟုဗဟိုအိမ်၊ ခြံ၊ မြေ၊ စက်မှုဇုန် ၀န်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အလားတူ ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်အတွင်း မြေဈေးမြင့်တက် နေသည့်နည်းတူ စက်မှု ဇုန် မြေဈေး မှာလည်း မြင့်တက်လျက်ရှိကာ ၀ါးတစ်ရာကဲ့သို့ စက်မှုဇုန်များ၌ပင် ယခင်က ကျပ်သိန်း ၁၀၀၀ ခန့်သာရှိသည့် မြေကွက်များသည် ယခုအခါ ကျပ်သိန်း ၁၄၀၀၊ ၁၅၀၀ ၀န်းကျင် အထိ မြင့်တက်လာကြောင်း သိရသည်။

"အစ်မတို့ ကုမ္ပဏီမှာတော့ ဂျပန်၊ တရုတ်နိုင်ငံတို့က နိုင်ငံခြားသားတွေ အငှားများပါတယ်။ ရွှေလင်ဗန်း စက်မှုဇုန်မှာ အလုပ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ အနေနဲ့က စက်မှုဇုန်တွေကို လာရောက် စုံစမ်းတာလည်း များတယ်။ အငှားလည်း ဒီနှစ်အတွင်းမှာ သိသိသာသာကို များလာ ပါတယ်။ ဈေးတွေ ကတော့ ၂၀၁၂ ခုနှစ်ကထက်စာရင် အတက်ချည်းပဲ" ဟု အောင်သမာဓိ ကုမ္ပဏီလီမိတက်မှ မဇင်ဝေထွန်းက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် မြေကွက်များ ရယူထားပြီး လုပ်ကိုင်ခြင်း မရှိသည့် ကုမ္ပဏီများထံမှ ပြန်လည်သိမ်းဆည်းပြီး အမှန်တကယ် လုပ်ကိုင်မည့် လုပ်ငန်းရှင်များအား ချထားပေး သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်က အောက်တိုဘာ ၂၉ ရက် က ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ မေးခွန်းဖြေကြားရာတွင် ပြောကြားသည်။ ထို့နောက် ရန်ကုန်မြို့ရှိ စက်မှုဇုန် အချို့၌ မြေကွက်ဝယ်ယူ ထားသူများကို အမြန်ဆုံး စက်ရုံဆောက်ကြရန် သတိပေး ထားကြောင်း ရန်ကုန်စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့ရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီမှ စက်မှုဇုန် များကို လာမည့်ဒီဇင်ဘာတွင် ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်းနှင့် စက်မှုဇုန်ရှိ မြေယာ ကိစ္စများကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က ပြောကြားသည်။

"စက်မှုဇုန်မြေဈေးက တက်တောင်တက်နေတယ်။ စက်မှုဇုန်တွေမှာ မြေကွက်တွေယူထားပြီး အကောင် အထည် မဖော်ရင် သိမ်းမယ်ဆိုပြီး ၀န်ကြီးပြောသွားတာ ရှိတယ်။ အမှန်တော့ အဲဒီလို သိမ်းနေတာတွေက အယောင်ပြလုပ်နေတာ တော်တော်ကြာပြီ။ ဒုသမ္မတ လှိုင်သာယာ လာတုန်းကလည်း သိမ်းမယ် ဘာညာ ပြောသွားတယ်။ အခုလည်း SME တွေကို တွန်းအားပေးမယ် ဘာညာပြောနေကြတယ်။ အမှန်က တကယ် အကောင်အထည် မဖော်တဲ့ မြေတွေကို အမှန်တကယ် သိမ်းလိုက်ရမှာ။ အဲဒီလို သိမ်းလိုက်ရင် စက်မှုဇုန်မြေဈေးဆိုတာ ပြုတ်ကျသွားမှာ။ ဒီနေ့ ဒီအချိန်မှာ ခြံစည်းရိုး ခတ်တာတောင် မစောင့် နဲ့။ မြေ ကွက်တွေ ချပေးထားတာ နှစ် ၂၀ တော င်ရှိနေပြီ။ အခုထိ ခြံစည်းရိုးတောင် မခတ်တာတွေ ရှိနေသေး တယ်။ မျက်နှာတွေ ထောက်နေတော့ အရေးယူမှုတွေ မလုပ်ကြဘူး" ဟုလည်း လှိုင်သာယာ စက်မှုဇုန်မှ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးသန်းစိုးက ပြောကြားသည်။

စက်မှုဇုန်မြေများ၏ လက်ရှိအငှား ဈေးနှုန်းများမှာ တစ်ပေပတ်လည်လျှင် ကျပ် ၂၀၀၊ ၂၅၀ ရှိပြီး အရောင်းဈေးနှုန်းမှာ တစ်ဧကလျှင် ကျပ်သိန်း ၃၀၀၀ မှ ၃၅၀၀ ၀န်းကျင်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

စက်မှုဇုန်အလိုက် အရောင်းနှင့် အငှားဈေးနှုန်းများ
စဉ် မြို့နယ် အကြောင်းအရာ ဈေးနှုန်း (ကျပ်သိန်း)
၁။ တ/ဒဂုံစက်မှုဇုန် မြေ (80'x 120'၊ ဂို (40'x 80') 3RC ၈၉၀၀
၂။ သာကေတစက်မှုဇုန် မြေ (60'x 130'၊ ဂို (50'x 120') PW ၂၅
၃။ ရွှေလင်ဗန်းစက်မှုဇုန် မြေ (၈ဧက) မြေသီးသန့်(အုတ်တံတိုင်းခတ်ပြီး) ၂၄၀၀၀
၎။ ရွှေလင်ဗန်းစက်မှုဇုန် မြေ (၁.၈၅ဧက) မြေသီးသန့် (ခြံခတ်ပြီး) ၁၅(တစ်ဧက)
၅။ ဒဂုံဆိပ်ကမ်းစက်မှုဇုန် မြေ (၆.၇၅ဧက) ဂို (S.S) သုံးဧက 500 KVA ဂရန် ၆၅၀၀၀
၆။ ၀ါးတစ်ရာစက်မှုဇုန် မြေ (၆.၁၄၅ဧက) ပါမစ် ၂၅၀၀၀
၇။ လှိုင်သာယာစက်မှုဇုန် မြေ (၂.၉မတ်) ဂို (100'x 100') ဂို (60'x 80') 33KVA ၁၈၀၀၀
၈။ ရွှေပြည်သာစက်မှုဇုန် မြေ (၂.၀၄ဧက) ဂို (100'x 310') 315 KVA, Office ၂၁၀၀၀

Eleven Media Group

Read more...
Wednesday, November 6, 2013

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာသော်လည်း စီးပွားရေးတိုးတက်မှုကို အထောက်အကူမပြုနိုင်ဟု သုံးသပ်

0 comments
ထင်လင်းအောင်|ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၆ ရက် ၂၀၁၃ ခုနှစ်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာမီလီယံ သုံးသောင်းကျော်အထိရှိလာသော်လည်း နိုင်ငံသား ၇၀ ရာခိုင်နှုန်းနှင့်သက်ဆိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ၀င်ရောက်လာမှုမရှိသေးခြင်းက တစ်မျိုးသား လုံးနှင့်သက်ဆိုင်သည့် တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက် အကူပြုနိုင် ခြင်း မရှိကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းအထိ လုပ်ကိုင်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် ကန်ဒေါ် ၃၃၆၇၁ မီလီယံအထိရှိလာသော်လည်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍနှစ်ခု၏ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း လုပ်ငန်းများ၏ သုညဒသမ ခုနစ်ရာခိုင်နှုန်းသာရှိကြောင်း ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၁၉၈၈ ခုနှစ်မှ လက်ရှိအချိန်အထိ FDI လုပ်ငန်းပေါင်း ၃၅၅ ခုရှိသော်လည်း စိုက်ပျိုးရေး လုပ်ငန်းကိုးခုနှင့် မွေးမြူရေးလုပ်ငန်းရှစ်ခုသာ ၀င်ရောက်ထားခြင်းဖြစ်ရာ ငါးရာခိုင်နှုန်းနီးပါး သာရှိသည်။

မြန်မာနိုင်ငံ စီးပွားရေးတက္ကသိုလ်ဘွဲ့ရများအသင်းဥက္ကဋ္ဌ ဦးတင်ဝင်းအောင်က “ FDI တွေဝင်လာပေ မယ့် တိုင်းပြည်ရဲ့ စီးပွားရေးကိုဆွဲယူမ,တင်နိုင်မယ့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍလိုမျိုးမှာ မ၀င်ပါဘူး။ တချို့ ကိစ္စတွေမှာ ကိန်းဂဏန်းနဲ့ပဲပြောရင် မှားသွားပါလိမ့်မယ်။ နိုင်ငံအတွက် အလားအလာရှိတဲ့ ကဏ္ဍတွေ မှာဝင်ဖို့လိုပါတယ်” ဟု ပြောသည်။

အစိုးရသစ်အပြောင်းအလဲနောက်ပိုင်း ၀င်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင်မူ အကြီးစား ရင်းနှီးမြှုပ်နှံမှုများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေး၊ သတ္တုတူးဖော်ရေး၊ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်းများသာ အများဆုံးဝင်ရောက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိန်းဂဏန်းတွင် တိုးတက်လာသော်လည်း အစိုးရနှင့် ရင်းနှီးမြှုပ်နှံသူများသာ တိုက်ရိုက်အကျိုးခံစားခွင့်ရှိသည့် ကဏ္ဍများဖြစ်ခြင်းကြောင့် ပြည်သူများ အတွက် တိုက်ရိုက် အကျိုးရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြာလာရန် နိုင်ငံတော်မှဆောင်ရွက် ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ထိုင်းနှင့်ဗီယက်နမ်နိုင်ငံကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ယင်းကဏ္ဍများအား ဖွံ့ဖြိုးရေးလုပ်ဆောင်နိုင်မှသာ နိုင်ငံသား အားလုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည် ရာသီဥတုဖောက်ပြန်ခြင်း၊ စိုက်ပျိုးရေရရှိရေး အခက် အခဲ၊ လယ်ယာမြေပြဿနာများနှင့် ပြည်တွင်းမူဝါဒများမှာ ယင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသူများ အန္တ ရာယ်ဖြစ်စေနိုင်ခြင်းကြောင့် ၀င်ရောက်လာမှုနည်းခြင်းဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်း ချုပ် အတွင်းရေးမှူး ဒေါက်တာစိုးထွန်းကပြောသည်။

ဒေါက်တာစိုးထွန်းက “စိုက်ပျိုးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုမ၀င်တာက အန္တရာယ်အရမ်းများတဲ့အတွက် ရှုံး မှာ ကြောက်ကြတယ်။ ဒီမှာက လိုအပ်ချက်တွေ အများကြီးဖြစ်နေတယ်။ မူဝါဒပိုင်းကလည်း အားနည်းတော့ ဒီဘက်မှာ ရင်းနှီးဖို့က စဉ်းစားရတာပေါ့။ အဓိကက အစိုးရအနေနဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုဝင်လာနိုင်အောင် တကယ်လိုအပ်တာတွေကို လုပ်ပေးမှဖြစ်မှာပါ” ဟု ပြောသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအဆင်ပြေစွာ လုပ်ကိုင်နိုင်ရန်မှာ ထွက်ကုန်ပစ္စည်းများ သယ်ယူ ပို့ ဆောင်ရေးလုပ်နိုင်ရန် လုပ်ငန်းခွင်အတွင်းအထိသွားလာနိုင်သော ကုန်ထုတ်လမ်းများမရှိသေးခြင်း၊ နည်း စနစ်တကျစိုက်ပျိုးမွေးမြူနိုင်ရန်ရေသွင်းရေထုတ်မြောင်းများကောင်းမွန်စွာမရှိသေးခြင်းနှင့်လယ်မြေနှင့် မွေးမြူရေး ကန်များ မကြာခဏရေနစ်မြုပ်နေသေးခြင်းမှာလည်း အဓိကဖြေရှင်းရန် လိုအပ်သည့် အချက် များဖြစ်နေ ဆဲဖြစ်ကြောင်းပြောသည်

Mizzima
Read more...
Tuesday, November 5, 2013

ဘဏ်များနှင့် ချိတ်ဆက်ကာ ကားနှင့်ဆက်စပ်ပစ္စည်းများအား ကုန်သွယ်မှု ပြုလုပ်နေသည့် ဂျပန်အခြေစိုက် World Navi ကုမ္ပဏီက မြန်မာနိုင်ငံ၏ ကားဈေးကွက်တွင် ၀င်ရောက်လုပ်ကိုင်မည်

0 comments
World Navi မှ တင်ပို့မည့် ကားများအား ပြည်ပဆိပ်ကမ်း တစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ-World Navi.com)

ဘဏ်များနှင့် ချိတ်ဆက်ကာ ကားနှင့်ဆက်စပ် ပစ္စည်းများအား တင်သွင်းတင်ပို့ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေသည့် ဂျပန်နိုင်ငံ အခြေစိုက် World Navi ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ ကားဈေးကွက်တွင် ၀င်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်နိုင်ရန် အတွက် မြန် မာနိုင်ငံ တွင် ရုံးခွဲလာရောက် ဖွင့်လှစ်ခွင့်ကို World Navi Co., Ltd (Myanmar Brach) အမည်ဖြင့် လျှောက်ထား ခဲ့ရာ အောက်တိုဘာ ၂၉ ရက်တွင် ရုံးခန်းဖွင့်လှစ်ခွင့် ပြန်လည်ချထား ပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

World Navi Co.,Ltd ကို ဂျပန်နိုင်ငံ၌ ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ကားတင်ပို့ ရောင်း ချသည့် ဈေးကွက်ကို ဦးဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှတစ်ဆင့် နိုင်ငံတကာမှ ကားမှာယူသည့် အရေအတွက်မှာလည်း နှစ်စဉ်တိုးတက်လျက်ရှိကြောင်း သိရသည်။
လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျ ငွေချေစနစ်ဖြင့်လည်း လုပ်ကိုင်လျက်ရှိရာ ဂျပန်နိုင်ငံရှိ Bank of Tokyo-Mitsubishi UFJ Ltd၊ Mizuho Bank Ltd၊ Sumitomo Mitsubishi Banking Corporation နှင့် Resona Bank Limited တို့ဖြင့် ချိတ်ဆက်၍ ကားနှင့်ကားအပို ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခြင်းနှင့် ကားအပိုပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများအား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လာရောက်လုပ်ကိုင်ရန် နိုင်ငံခြား ကုမ္ပဏီအချို့ကို ခွင့်ပြုပေးခဲ့ပြီး အင်္ဂလန်၊ ဂျာမနီ၊ တရုတ်၊ တောင်ကိုရီးယားနှင့် မလေးရှားစသည့် ပြည်ပနိုင်ငံများရှိ ကားထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကားကုမ္ပဏီ များမှလည်း မြန်မာနိုင်ငံတွင် ကားဝန်ဆောင်မှု စင်တာနှင့် အရောင်းပြခန်းများကို လာရောက်ဖွင့်လှစ် ထားမှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။၎င်းအပြင် ဂျပန်အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သည့် Mazda Motor ကော်ပိုရေးရှင်းမှ မြန်မာနိုင်ငံတွင် ကားအရောင်းပြခန်းကို မကြာမီ လာရောက်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

EMG
Read more...

မြန်မာ့ရော်ဘာ ကုန်ကြမ်းများအား အရည်အသွေး မြင့်မားစွာ ထုတ်လုပ်နိုင်ရန် မြန်မာ-ဂျပန် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ရေးထိုးမည်

0 comments

5.11.2013
မြန်မာ-ဂျပန် နှစ်နိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများမှ မြန်မာ့ရော်ဘာ ကုန်ကြမ်းများအား အရည် အသွေးမြင့်မားစွာ ထုတ်လုပ်နိုင်ရန်အတွက် လုပ်ငန်းပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ ရေးထိုးခြင်းကို အောက်တိုဘာ ၄ ရက် (ယနေ့) တွင် ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MOU လက်မှတ် ရေးထိုးပွဲကို ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း UMFCCI အဆောက်အအုံ ရှိ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းရုံးခန်းတွင် ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်ရေးထိုးပွဲသို့ ဂျပန်နိုင်ငံရှိ ဂျပန်ရော်ဘာ ထုတ်လုပ်သူများအသင်း၊ Ministry of Economy Trade & Industry နှင့် Trade Association of Japan မှ အသင်းဝင် ဂျပန်ကုမ္ပဏီ အချို့လည်း ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရော်ဘာ ကုန်ကြမ်းများကို ပြည်ပနိုင်ငံများမှ အ၀ယ်အော်ဒါများ မှာယူရန် စီစဉ်မှုများ ရှိသော်လည်း နိုင်ငံအလိုက် အရည်အသွေး သတ်မှတ်ချက်များ ရှိခြင်းကြောင့် တင်ပို့နိုင်ခြင်း မရှိသေးဘဲ ယခုကဲ့သို့ ဂျပန်နိုင်ငံဘက်မှ ကုန်ကြမ်းထုတ်လုပ်ရာတွင် လိုအပ်သည့် နည်းပညာများကို ကူညီပေးမည် ဖြစ်သည့်အတွက် နိုင်ငံအသစ်များမှ . . . . .
နားလည်မှု စာချွန်လွှာတွင် အဓိကအားဖြင့် ဂျပန်ကုမ္ပဏီနှင့် ရော်ဘာအသင်းအဖွဲ့များ အနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အလိုက် စိုက်ပျိုးထုတ်လုပ်နေသည့် ရော်ဘာကုန်ကြမ်းများ၏ အရည်အသွေးပိုင်း ဆိုင်ရာအား နိုင်ငံတကာ အဆင့်မီစေရန်နှင့် စနစ်တကျ ထုတ်လုပ်နိုင်ရန် နည်းပညာပေးခြင်းနှင့် သင်ကြားပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်သွားမည့် အချက်များ ပါဝင်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောပြသည်။
မြန်မာနိုင်ငံတွင် ရော်ဘာပင်များကို မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးမှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းအားလုံးတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှု နှစ်ခုလုံးမှ ပြည်ပသို့ တင်ပို့နေခြင်းဖြစ်ကာ လက်ရှိတွင် တရုတ်နိုင်ငံသို့ တင်ပို့မှု များနေကြောင်း သိရသည်။
မြန်မာ့ရော်ဘာ ကုန်ကြမ်းများကို ပြည်ပနိုင်ငံများမှ အ၀ယ်အော်ဒါများ မှာယူရန် စီစဉ်မှုများ ရှိသော်လည်း နိုင်ငံအလိုက် အရည်အသွေး သတ်မှတ်ချက်များ ရှိခြင်းကြောင့် တင်ပို့နိုင်ခြင်း မရှိသေးဘဲ ယခုကဲ့သို့ ဂျပန်နိုင်ငံဘက်မှ ကုန်ကြမ်းထုတ်လုပ်ရာတွင် လိုအပ်သည့် နည်းပညာများကို ကူညီပေးမည် ဖြစ်သည့်အတွက် နိုင်ငံအသစ်များမှ အ၀ယ်အော်ဒါများကိုလည်း လက်ခံတင်ပို့ နိုင်မည်ဖြစ်ကြောင်း သိရသည်။

EMG
Read more...
Monday, November 4, 2013

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက် စတင်နိုင်ရန် ဂျပန် ကုမ္ပဏီ Daiwa ပြင်ဆင်

0 comments

4.11.2013

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက် စတင်အသုံးပြုနိုင်ရန် ဂျပန်ကုမ္ပဏီဖြစ်သည့် Daiwa Institute of Research ကုမ္ပဏီက ပြင်ဆင်နေပြီး မိုဘိုင်းဖုန်းများ၌ပင် စတော့ရှယ်ယာ အရောင်း အ၀ယ် ပြုလုပ်နိုင် ရန် ဆောင်ရွက်သွားမည်ဟု Daiwa Institute of Research ကုမ္ပဏီမှ စီနီယာ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Mr.Masahiro Ushiyama က ပြောပြသည်။

Daiwa Institute of Research ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရုံးခန်းလာရောက် ဖွင့်လှစ်ထားပြီးဖြစ်ပြီး မြန်မာ စတော့အိတ်ချိန်း ဈေးကွက်အတွက် လိုအပ်သည့် ဈေးကွက်ဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ အများပိုင် ကုမ္ပဏီများနှင့် ချိတ်ဆက်ခြင်းနှင့် ဘဏ်များဖြင့် စတော့အိတ်ချိန်း ဈေးကွက်ဆိုင်ရာများ ကို ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေး ကွက် ပေါ်ပေါက်လာပါက စတော့အိတ်ချိန်း ဈေးကွက်အတွက် ချိတ်ဆက်ထားသည့် ဘဏ်များတွင် အကောင့်ဖွင့်ထားသူ မည်သူမဆို စတော့အရောင်းအ၀ယ် ဈေးကွက်တွင် ၀င်ရောက်ဆောင်ရွက် နိုင် မည်ဖြစ်ကြောင်း . . . . .

"မြန်မာနိုင်ငံမှာဆိုရင် အစိုးရပိုင် ကုမ္ပဏီတွေနဲ့ တစ်ဦးတည်းပိုင် ကုမ္ပဏီတွေက အများပိုင် ကုမ္ပဏီ အဖြစ် ပြောင်းလဲဖွဲ့စည်း လာကြပါပြီ။ အဲဒီအတွက် စတော့အိတ်ချိန်း ဈေးကွက်ကို စတင်နိုင်ဖို့ ခြေလှမ်း စနိုင်ပြီလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ကုမ္ပဏီ အနေနဲ့ ပြည်တွင်းက အများပိုင် ကုမ္ပဏီနဲ့ ဘဏ်လေးငါးခုလောက်ကို ချိတ်ဆက်ထားပြီးပါပြီ။ ဒီစနစ်ကို ၂၀၁၅ ခုနှစ်မှာ စတင် အသုံးပြုနိုင်အောင် ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် ၂၀၁၅ မတိုင်ခင်မှာ စတော့အိတ်ချိန်း စနစ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေ ရင်းနှီးလာအောင်၊ ဒီကရရှိလာမယ့် အကျိုးအမြတ်တွေကို သိရှိလာအောင် ဆောင်ရွက်သွားမှာပါ။ ၂၀၁၅ နောက်ပိုင်းမှာလဲ အများပိုင် ကုမ္ပဏီတွေ အများကြီး ထပ်ပေါ်လာနိုင်တဲ့အတွက် ဒီဈေးကွက်က ကျယ်ပြန့်လာမယ်လို့ ထင်ပါတယ်" ဟု Mr.Masahiro Ushiyama က ဆက်လက်ပြောကြားသည်။

Daiwa Institute of Research ကုမ္ပဏီ၏ ရုံးချုပ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဖွင့်လှစ်ထားပြီး နယူးယောက်၊ လန်ဒန်နှင့်ရှန်ဟိုင်း အပါအ၀င် ယခုအခါ ရန်ကုန်မြို့၌ပင် ရုံးခန်းလာရောက် ဖွင့်လှစ်ထားကြောင်း သိရသည်။

ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဗီယက်နမ်နှင့် အခြားအာရှ နိုင်ငံများ၏ စတော့အိတ်ချိန်းဈေးကွက် အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက် နေမှုများတွင် ပါဝင်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာပါက စတော့အိတ်ချိန်း ဈေးကွက်အတွက် ချိတ်ဆက်ထားသည့် ဘဏ်များတွင် အကောင့်ဖွင့်ထားသူ မည်သူမဆို စတော့အရောင်းအ၀ယ် ဈေးကွက်တွင် ၀င်ရောက်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရသည်။


EMG
Read more...

စလစ်ဈေး ကျဆင်းလာမှုနှင့် CIF တန်ဖိုး အပြောင်းအလဲကြောင့် လာမည့်နှစ်တွင် အမြင့်ကားများ သိသိသာသာ ဈေးကျနိုင်

0 comments

Monday, November 4, 2013

၂၀၁၄ ခုနှစ်တွင် စလစ်ဈေး ကျဆင်းလာမှုနှင့် CIF တန်ဖိုး အ ပြောင်းအလဲကြောင့် အမြင့်ကား များ၏ ဈေးနှုန်း သိသိသာသာ ကျဆင်းသွားနိုင်ကြောင်း ကား တင်သွင်းသူများက ခန့်မှန်းထား ကြသည်။

၂၀၁၄ ခုနှစ်မှစ၍ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခွင့်ပြုရာတွင် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ နိုင်ငံများနည်း တူ မော်တော်ယာဉ် သက်တမ်းကို သာ သတ်မှတ်ဆောင်ရွက်သွား မည်ဟု ရထားပို့ဆောင်ရေး ၀န် ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပြီး နောက် စလစ်ဈေးနှင့် အပ်ကား များ၏ ဈေးနှုန်းများမှာ ကျဆင်း သွားခဲ့သည်။ ထိုသို့ စလစ်ဈေးကျ ဆင်းမှုကြောင့် စလစ်ကပ်ကားများ မှာလည်း ဈေးနှုန်း ကျဆင်းလာ ဖွယ်ရှိသည်ဟု ကားအရောင်းစင် တာပိုင်ရှင် တစ်ဦးက သုံးသပ်ခဲ့ သည်။

“မော်တော်ယာဉ် သက် တမ်းကို ကြည့်ပြီး ယာဉ်အို၊ ယာဉ် ဟောင်း အပ်နှံခွင့်ပြုမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ စလစ်ဈေး တအိ အိ ကျဆင်းနေပါတယ်၊ မနှစ်ကလို ပဲ စလစ်တစ်စောင်ဟာ သိန်း ငါး ဆယ် ၀န်းကျင်ကို ပြန်ပြီး ရောက် ရှိသွားနိုင်ပါတယ်၊ စလစ်ဈေး ကျ ဆင်းမှုနဲ့ CIF တန်ဖိုး အပြောင်းအ လဲကြောင့် လူကြိုက်များတဲံ့Harrier၊ ၊ RAV4 ၊ CR-V ၊ Crown ၊ Mark X ၊ Surf ၊ Prado ၊ Land Cruiser စတဲ့ ကားတွေ ဈေး နှုန်းကျဆင်းသွားနိုင်ပါတယ်၊ အ ပြောင်းအလဲကြောင့် ဒီကားတွေ ရဲ့ဈေးက တစ်စီးကို ကျပ်သိန်း ခုနစ်ဆယ်လောက် ကျဆင်းသွားနိုင် တယ်လို့ ခန့်မှန်းထားပါတယ်”ဟု “ရောင်နီဦး ကားအရောင်းစင်တာ” ပိုင်ရှင် ဦးအောင်ဝင်းက ပြောကြား ခဲ့သည်။

Automobile Journal
Read more...
Friday, November 1, 2013

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုများကို လပေးအခ ကြေးငွေဖြင့် နိုဝင်ဘာမှ စတင်ကာ ၀န်ဆောင်မှုပေးမည်

0 comments
1.11.2013

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြိုတင်ငွေဖြည့် စနစ်သုံး GSM, WCDMA မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုများကို နိုဝင်ဘာ ၁ ရက်မှ စတင်ကာ လပေးအခကြေးငွေဖြင့် ၀န်ဆောင် မှု ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

ဝန်ဆောင်မှု ပေးသွားမည့် ထပ်တိုး ၀န်ဆောင်မှုများတွင် ဖုန်းပြောဆိုမှုအား နှစ်ဦး ပြောဆိုမှုထက် ထပ်မံဝင်ရောက်လာသော ဖုန်းခေါ်ဆိုလာသူကိုပါ လက်ခံပြောဆိုနိုင်မည့် CW(Call Wait Service)၊ မိမိ၏ဖုန်းအား အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ဖုန်းပိတ်ထားချိန်တွင် ဖုန်းသို့ ၀င်ရောက်ခဲ့သည့် Missed Call များကို မက်ဆေ့ခ်ျဖြင့် အကြောင်း ကြားပေးမည့် MCA(Missed Call Alert) ၀န်ဆောင် မှုနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာအင်ဖိုတက်ခ်ျတို့ ပူးပေါင်းဝန်ဆောင်မှုပေးမည့် VMS(Voice Mail Service) နှင့် လပေးအခကြေးငွေ အများဆုံး ပေးဆောင်ရမည့် CF(Call Forwarding Service) တို့ပါဝင်ကြောင်း သိရသည်။ VMS စနစ်သည် ယခုလ အတွင်းတွင် ၀န်ဆောင်မှု ပေးမည် ဟု မြန်မာ့ ဆက်သွယ်ရေးမှ ထုတ်ပြန်ကြေညာ ထားသော်လည်း အသုံးပြုရန် အဆင်မပြေသေးကြောင်း သိရသည်။ CF ၀န်ဆောင်မှုတွင် ထပ်ခွဲဝန်ဆောင်မှု သုံးမျိုး ပါရှိမည်ဖြစ်ပြီး၊ ၎င်းတို့တွင် ဖုန်းတစ်လုံးအား လက်ခံပြော ဆို နေခြင်းကြောင့် အခြားတာဝန်ရှိသူ တစ်ဦးဦး၏ ဖုန်းအား လက်ခံပြောကြားစေမည့် Busy Forward ၀န်ဆောင်မှု၊ မိမိ၏ဖုန်း အခြားတာဝန်ရှိသူဖုန်းအား တိုက်ရိုက်ချိတ်ဆက်ထားပြီး တိုက်ရိုက် လွှဲပြောင်းပေးနိုင် သည့် Direct Forward ၀န်ဆောင်မှုနှင့် မဖြေကြားလို၍ အခြားဖုန်းအား လွှဲပြောင်းပေး မည့် No Answer Forward ၀န်ဆောင်မှုတို့ ပါဝင်ကြောင်း သိရသည်။

CW (Call Wait Service) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၅၀၀ ဖြင့် လည်းကောင်း၊ MCA (Missed Call Alert) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၁၀၀၀၊ VMS(Voice Mail Service) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၁၀၀၀ ဖြင့်၊ အခကြေးငွေ အများဆုံး ၀န်ဆောင်မှုအဖြစ် CF(Call Forwarding Servie) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၉၀၀၀ အထိ ဖုန်းဘေလ်များထဲမှ ဖြတ်တောက်သွားမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group
Read more...
Tuesday, October 29, 2013

ပြည်တွင်းပဲဈေး ကျပ်တစ်သိန်းကျော်မြင့်တက်

0 comments
29.10.2013

ပြည်တွင်းပဲဈေးကွက်အတွင်း၌ တရုတ်၊ အိန္ဒိယအ၀ယ်များသောကြောင့် ပဲဈေးကျပ်တစ်သိန်းကျော်ခန့်
မြင့်တက်နေကြောင်း ပဲလုပ်ငန်း ရှင်များ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

ယခုလတ်တလောတွင် ပြည်ပကအ၀ယ်များသော်လည်းရာသီဥတု ဖောက်ပြန်မှုကြောင့် ပြည်တွင်းကုန်သည်
လှောင်သမားများက အ၀ယ် နည်းနေပြီး မူဆယ်၊ တရုတ်နယ်စပ်မှ တရုတ်ကုန်သည်များက မန္တလေးပဲ ကုန်စည်ဒိုင် အတွင်းသို့ ၀င်ရောက်ဝယ်ယူနေကြောင်း မန္တလေး ပဲကုန်စည်ဒိုင်အတွင်း ရှိ ပဲကုန် သည် များ ထံမှ စုံစမ်းသိရှိရသည်။

“၀ယ်လိုအားများတော့ ဈေးတက်လာတဲ့ သဘာပေါ့၊နောက်ပြီး အခုက ပဲအဟောင်းပဲ ရှိတယ်။ ဒါကြောင့်
ဈေးတက်တာ”ဟု မန္တလေးမြို့ ပဲ ကုန်စည်ဒိုင်အတွင်းရှိဝါရင့်ပဲကုန်သည် ဦးသောင်းဉာဏ် က ပြောကြား သည်။

ယင်းကဲ့သို့ ပြည်ပ ၀ယ်လိုအားများနေခြင်းသည် ပြည်တွင်း ပဲစိုက်တောင်သူများအတွင်း အကျိုးအမြတ် ရှိပြီး ယခင်လပဲဈေးကျပ် ၅ သိန်းမှ ယခုလကျပ် ၆၂၀၀၀၀ ခန့် ဖြစ်လာကြောင်း ပဲလုပ်ငန်း ရှင်များ အသင်းအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

“လစဉ်တန် ၅ သောင်း တင်ပို့ရာက အခုတန်း ၆ သောင်းတင်ပို့ရတယ်၊ FOB ဈေး အမေရိကန်ဒေါ်လာ ၅၂၀ မှ အခု အမေရိကန်ဒေါ်လာ ၆၅၀ ထိ ဖြစ်လာပြီ”ဟု ၎င်းကPeople Power ညနေခင်းသတင်းစာ သို့ ပြောကြားသည်။

မြန်မာနိုင်ငံမှာ ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်နယ်စပ်မှ နှမ်းနှင့်ပြောင်းလည်း အ၀ယ်များနေကြောင်း ကုန်သည်များထံမှသိရသည်။

တရုတ်အ၀ယ်များသော မန္တလေးကုန်စည်အတွင်း ပဲ၊ပြောင်း၊ နှမ်း ဈေးများမှာ V2 ကျပ် ၅၃၀၀၀၊ ထိုင်ဝမ်
ကုလားပဲ ကျပ် ၄၈၅၀၀၊ ပဲစင်းငုံနီ ကျပ် ၅၆၅၀၀၊ မတ်ပဲကျပ် ၅၇၀၀၀၊ ပြောင်းကျပ် ၂၂၀၀၀၊ နှမ်းညိုကျပ် ၁၂၀၀၀ နှင့်နှမ်းနက်ကျပ် ၁၇၃၀၀ တို့ဖြစ်ကြောင်း သိရသည်။

People power
Read more...
Monday, October 28, 2013

‘အ’ အက္ခရာ မော်တော်ယာဉ်များ ကျပ်သိန်း ၁၁၀ ရောက်ရှိ

0 comments


28-10-2013

ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက်အရ အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ အပ်နှံခွင့်ပြုထားသော ‘အ’ အက္ခရာ မော်တော်ယာဉ်များမှာ ကျပ်သိန်း ၁၁၀ ဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေကြောင်း ဟံသာဝတီ အခြေစိုက် ယာဉ် ဝယ်ရောင်း အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။“ ‘အ’ အက္ခရာယာဉ်တွေ လွန်ခဲ့တဲ့လက ၉၀ ကျော်ဝန်းကျင် ရှိခဲ့ပြီးတော့ ကားလက်ခံတဲ့နေ့က ငါးသိန်း ဝန်းကျင်လောက် ချက်ချင်း ဈေးတက်သွားတယ်။ အခု လက်ရှိပေါက်ဈေး ၁၀၈ သိန်း ဝန်း ကျင်လောက် ရှိနေတယ်။ ဈေးမြှင့်နေတော့ အရောင်းအဝယ်အေး တယ်” ဟု အဆိုပါ ‘အ’ အက္ခရာယာဉ် ဈေးကွက် အခြေအနေကို လုပ်သက်ရင့် မော်တော်ယာဉ် ဝယ်ရောင်းတစ်ဦးဖြစ်သည့် ဦးလှမျိုးက သုံးသပ်သည်။

‘အ’ အက္ခရာယာဉ်များမှာ ၁၀၇ သိန်းခန့်ပေးကာ တစ်ပြိုင်နက် ၁၀ စီးခန့် ဝယ်လိုသူတစ်ဦးကို ယမန်နေ့က တွေ့ခဲ့ရသော်လည်း အရောင်းမရှိသဖြင့် အရောင်းအဝယ် အေးလျက်ရှိကြောင်း၊ ‘အ’ အက္ခရာ ယာဉ်များမှာ ယခင်ကတည်းက ကုမ္ပဏီများနှင့် ကြိုရောင်းမှုများ ရှိသဖြင့် လက်ရှိအချိန်တွင် လက်ကျန်နည်းကြောင်း ကားပွဲစား တစ်ဦးဖြစ်သူ ဦးသိန်းဖေက ၎င်း၏ အမြင်ကို ပြောကြားသည်။

‘အ’ အက္ခရာ မော်တော်ယာဉ်ဟောင်းများ အပ်နှံမှုကို ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနများတွင် အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ သွားရောက် အပ်နှံနိုင်ပြီ ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အထက်ပါ ယာဉ်အို ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက် စတင်ဆောင်ရွက် သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့အထိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံမှု စုစုပေါင်း ၉၄,၁၆၈ စီး ရှိပြီ ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၏ စာရင်းအရ သိရှိရသည်။


The Voice
Read more...
Wednesday, October 23, 2013

အိန္ဒိယ ကြက်သွန်ဈေးတက်

0 comments


အိန္ဒိယမှာ မရှိမဖြစ် အိမ်သုံး ဟင်းခတ် ပစ္စည်းဖြစ်တဲ့ ကြက်သွန်ဈေး မကြုံဖူး အောင် ထိုးတက် သွားပြီး တခိျု့ နေရာ တွေမှာ တပိဿာကို ဗမာငွေ ၂၆ဝဝ ကျော်ထိ ပေးဝယ် နေရပါတယ်။

မနှစ်က ဒီအချိန်မှာ ရောင်းတဲ့ ဝယ်တဲ့ဈေး ထက် ၅ ဆ လောက် ကွာကြောင်း လေ့လာသူ တဦးက ပြောပါ တယ်။

ဒီလို ထိုးတက် ရတာက ကြက်သွန်စိုက်တဲ့ ဒေသတွေမှာ အချိန်အခါ မဟုတ် မိုးအကြီးအကျယ် ရွာသွန်းတာနဲ့ ကုန်သည်တွေ သိမ်းကျုံး ဝယ်လို့ ဖြစ်ကုန် ရတာလို့ ပြောဆို နေကြ ပါတယ်။

ကြက်သွန်ဈေး ကျဖို့ ကြက်သွန် ပြည်ပပို့တာ တားမြစ်ဖို့ စဉ်းစားနေကြောင်း အိန္ဒိယ အရာရှိ တွေ က ပြောဆို နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Read more...
Sunday, October 20, 2013

ကားလောကအတွင်း ကားစလစ် လိမ်လည်မူတို့ မကြာခဏ ဖြစ်ပွားနေ

2 comments

Sunday, October 20, 2013

ယာဉ်အို ယာဉ်ဟောင်းအပ်နှံမူ နည်းပါးလာမူကြောင့် စလစ်ရှားပါးကာ ကားဈေး မြင့်တက်လာတကဲ့သို့ ကျပ် သိန်းနှင့် ချီသော လီမ်လည်မူများလည်း ဖြစ်ပေါ်လာလျက် ရှိနေရာ ဖြေရှင်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း ကားပွဲစားတို့က ပြောကြားသည်။

ပြီးခဲ့သည့် လက မန္တလေးတိုင်းတွင် ကျပ်သိန်း လေးသောင်းကျော် လိမ်လည်မူ ဖြစ်ပွားတကဲ့သို့ ယခုလတွင်လည်း ရန်ကုန်မြို့တွင် ကျပ်သိန်း(၇၀၀၀)ကျော် လိမ်လည်မူ တစ်ခု ဖြစ်ပွားခဲ့သည်။

“အခု ရန်ကုန်မှာ စလစ်ကိစ္စနဲ့ ပတ်သက်ပြီး လိမ်လည်မူ ဖြစ်ခဲ့တယ်။ အဓိက ကတော့ ယုံကြည်မူ အပေါ် အခွင့်ကောင်း ယူတာရယ်။ကြိုက်ရှင်း စနစ်လိုမျိုး ပုံစံရယ်ကြောင့် အခုလို ဖြစ်လာတာပါ။ စလစ် ရှားပါးတာလည်း ပါတော့ လူတွေက လုပ်စားလာကြတာ”ဟု မင်းရဲကျော်စွာ ကားပွဲစားတန်းမှ ဦးမင်းဦး က ပြောကြားသည်။

လိမ်လည်သူမှာ အသက်(၆၈)နှစ် အရွှယ်ရှိ အမျိုးသမီးတစ်ဦး ဖြစ်ကာ စလစ် ၀ယ်ယူပေးရန် ငွေ ယူခြင်း၊ စလစ်ရောင်းချသူများကို ငွေ မချေသေးခြင်း တို့ကို ပြုလုပ်ခဲ့ပြီး စလစ်ပေါင်း(၂၀၀)ခန့်ကို လိမ်လည်သွားခဲ့ခြင်းဖြစ်ကာ ကျပ်သိန်း(၇၀၀၀)ခန့် ဖြစ်သည်ဟု ၀ါရင့် ပွဲစားတစ်ဦးက ပြောကြားသည်။

အလားတူ မန္တလေးမြို့တွင်လည်း ကျပ်သိန်းလေးသောင်းခန့် ကားလောကအတွင်း အများဆုံး လိမ်လည်မူ တစ်ခု ဖြစ်ခဲ့ကာ ယခုတိုင် ဖြေရှင်းနိင်မူ မရှိသေးပဲ ယင်းကဲ့သို့ ပြဿနာ တက်ရခြင်းမှာ စလစ်ဈေး မြင့်တက်လာမူ၊ ရှားပါးမူ အပေါ် အခွင့်ကောင်း ယူကာ ဖြစ်ပွားခြင်း ဖြစ်ကြောင်း မန္တလေး အခြေစိုက် ကားပွဲစား တစ်ဦးက ပြောကြားသည်။

“ဖြစ်တာက စလစ်ကို ၀ယ်ယူပေးဖို့ ယူတာက သိန်း(၉၀)နဲ့ပေါ့လေ။ နောက်ပိုင်း စလစ်ဈေးက သိန်း(၁၂၀)နား ကပ်သွားပြီ။ ဒီတော့ အဲလောက် ကွာတာကို မရှင်းနိင်တော့ ဖြစ်သွားတာပါ။ တစ်စီး သိန်း(၃၀)လောက် ကွာသွားတာကို။ တစ်ဦးထဲ ဆိုတာထက် အများကြီးနဲ့လည်း သက်ဆိုင်တယ်။ ကားပွဲစား (၂၀၀)ကျော်လောက် ဆီကလည်း ဖြစ်တာကို။ ဒါပေမယ့် သူတို့က အမူ မဖွင့်ရသေးဘူး။ ပြဿနာ ရှင်းလို့ မပြီးနိင်ဘူး။ အဓိကကတော့ စလစ်ကြောင့်ပဲ” ဟု ၎င်းက သုံးသပ် ပြောကြားသည်။

ပြည်ပမှ ယာဉ် သိန်းနှင့် ချီတင်သွင်းလာခဲ့သော်လည်း ယာဉ်အို ယာဉ်ဟောင်း အပ်နှံသည့် ကားမှာ နည်းပါးမူကြောင့် စလစ်ဈေးကွက် တစ်ခု ဖြစ်လာခဲ့ကာ ယခုကဲ့သို့ ပြဿနာများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ဟု ကားပွဲစား တစ်ဦးက ဆိုသည်။

စလစ်ဈေးမှာ ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့် ပြုစဉ်က ကျပ်သိန်း(၅၀)ကျော်သာ ဈေးရှိရှိခဲ့သော်လည်း ယခုအခါ ကျပ်သိန်း(၁၂၀)အထိ ရှိခဲ့ကာ ကားတစ်စီးတန်ဖိုး အထိ မြင့်တက်လာခဲ့သည် ဟု ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

ဒီအချက်ကို ဖြေရှင်းနိင်ဖို့ ကညနက တာဝန်ရှိသူတွေကို တင်ပြထားတယ်။ ယာဉ်ဟောင်း အပ်နှံတာမျိုးထက် ထိုက်သင့်တဲ့ ဈေးပမာဏ နဲ့ ဖြတ်ပြီး စလစ်ပုံစံပေးပေါ့။ ဒါဆို အခုလို လိမ်တာမျိုးတွေ ဖြစ်လာစရာ မရှိဘူး။ ရှားလာတော့ လူတွေ စုပြုံ လိုက်ကြရင်းနဲ လိမ်တဲ့ အဆင့်တွေ ဖြစ်လာတာ ဟု ကားပွဲစား ဦမးင်းဦးက ပြောကြားသည်။

အချို့မှာလည်း ပွဲစားထံ အပ်နှံပြီး လုပ်ကိုင်ရာမှ စလစ်များလျင် တခြားသူထံ ရောင်းချကာ လိမ်လည်မူတို့မှာလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိသဖြင့် ကညန မှ တာဝန်ရှိသူတို့ အနေနှင့် စလစ် အစား တခြားနည်းလမ်းဖြင့် ဖြေရှင်း စေချင်ကြောင်း ၎င်းက ပြောကြားသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ပြုခြင်းကို “စ” အက္ခရာမှ စတင်လက်ခံခဲ့ကာ လက်ရှိအချိန်တွင် “သ” အက္ခရာ အထိ ရောက်ရှိလာခဲ့ပြီး မကြာမီ “အ” အက္ခရာကို စတင်လက်ခံပေးဖွယ်ရာ ရှိနေသည် ဟု ကားဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

အထောက်တော်

မြန်မာ့ခေတ်
Read more...
Friday, October 18, 2013

မြန်မာနိုင်ငံတွင် ကားစက်ရုံ တည်ဆောက်ရန် မလေးအေပီအမ် ခွင့်ပြုချက်ရ

0 comments
Friday, October 18, 2013

မလေးရှားနိုင်ငံမှ အေပီအမ် မော်တော်ကားလုပ်ငန်းစုအား မြန်မာနိုင်ငံတွင် ကားအစိတ်အပိုင်းများနှင့် မော်ဒယ်များ ထုတ်လုပ်ရောင်းချရန်အတွက် စက်ရုံတစ်ခုတည်ဆောက်ခွင့်အား မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ချပေးခဲ့ပြီဖြစ်သည်။

ထို့ကြောင့် အေပီအမ်အနေဖြင့် APM Auto Components Myanmar Co., Ltd. ဟူသော အမည်ဖြင့် ပဲခူးတိုင်းဒေသ ကြီးအတွင်း၌ ၁၂ ဟက်တာ ကျယ်ဝန်းသော စက်ရုံတစ်ရုံအား တည်ဆောက်ခွင့် ရရှိတော့မည် ဖြစ်သည်။

စက်ရုံတည်ဆောက်ရန်ခွင့်ပြုလွှာအား မြန်မာနိုင်ငံရှိ အေပီအမ်၏ ဌာနခွဲများဖြစ်သော APM Auto-motive Myanmar Ltd. နှင့် APM Automotive Indochina Ltd. တို့က တင်ပြခဲ့ခြင်းဖြစ်သည်ဟု အေပီအမ်မှ ဗုဒ္ဓဟူးနေ့ က ပြောသည်။

ထို့အပြင် ပထမသုံးနှစ်အတွင်း စက်ရုံတည်ဆောက်ခြင်း၊ စက်ပစ္စည်းများနှင့် အစိတ်အပိုင်းများ ၀ယ်ယူခြင်းတို့ အတွက် အရင်းအနှီးမှာ ကန်ဒေါ်လာ ကိုးသန်းရှိသည်ဟု ခန့်မှန်ထားပြီး လိုအပ်သောငွေကြေးအား ကုမ္ပဏီ စိုက်ထုတ်သွားမည်ဖြစ်သည့် အပြင် ပြင်ပမှလည်း ချေးငှားသွားမည်ဟု ဖော်ပြထားသည်။

စက်ရုံတည်ဆောက်ခြင်းအား MIC မှ ခွင့်ပြုခဲ့သည့်အချိန်မှ တစ်နှစ်အတွင်း စတင်တည်ဆောက်သွားမည်ဖြစ်ပြီး သုံးနှစ်အတွင်း ပြီးဆုံးလိမ့်မည်ဟု မျှော်လင့်ထားကြောင်း အေပီအမ်က ပြောသည်။

APM Myanmar အနေဖြင့် ရင်းနှီးမြှုပ်နှံခွင့် ကန်ဒေါ်လာ ၁၀ သန်းရရှိထားပြီး ရှယ်ယာအစုပေါင်း ၁၀သန်း ခန့်ရှိကာ တစ်စုလျှင် ကန်ဒေါ်လာ တစ်ဒေါ်လာခန့် တန်ကြေးရှိသည်။

“ကုမ္ပဏီမှစိုက်ထုတ်ရန် လိုအပ်သည့် အနိမ့်ဆုံးအရင်းပမာဏမှာ ကန်ဒေါ်လာ ၁၅၀,၀၀၀ ဖြစ်ပြီး ကန်ဒေါ်လာ ၇၅,၀၀၀ ခန့်အားပေးပြီး ဖြစ်သည်”ဟုလည်း ကုမ္ပဏီက ပြောကြားခဲ့သည်။

စက်ရုံတည်ဆောက်အသုံးပြုခွင့်အား ပဲခူးတိုင်းဒေသကြီး အစိုးရနှင့် အေပီအမ်မြန်မာတို့အကြား မြေအသုံးပြုခွင့် သဘော တူညီချက်အား လက်မှတ်ရေးထိုးပြီးသည့်အချိန်မှ စတင်ကာ နှစ်ပေါင်း ၅၀ အသုံးပြု ခွင့်ရမည်ဖြစ်သည်။ သက်တမ်း ကုန်ဆုံးသွားပါးက ၁၀ နှစ်တာ သက်တမ်းတိုးခြင်းအား နှစ်ကြိမ်တိုင်တိုင် ပြုလုပ်နိုင်မည်ဖြစ်သည်။

Mizzima - News in Burmese
Read more...
Tuesday, October 15, 2013

မြန်မာလူမှုအဖွဲ့များ ဖွံ့ဖြိုးရေး Standard Chartered ဘဏ် ဆောင်ရွက်မည်

0 comments


ရန်ကုန်၊ အောက်တိုဘာ ၁၄

မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (Communities Programme) သုံးခုကို ၂၀၁၄ ခုနှစ် နှစ်ကုန်အထိ လုပ်ဆောင်မည် ဖြစ်ကြောင်း Standard Chartered Bank က အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

မြန်မာနိုင်ငံ၏ လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်းလာရေးကို ကူညီရန်အတွက် အဆိုပါ လူမှုရေး အစီအစဉ်ကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအစီအစဉ် သုံးရပ်မှာ အသက် ၁၂ နှစ်မှ ၂၀ နှစ်အတွင်းရှိ ဆယ်ကျော်သက် အမျိုးသမီးငယ်များအတွက် ပညာရေးနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်း အစီအစဉ် (Goal)၊ အသေးစားနှင့် အလတ်စား လုပ်ကိုင်သူများအတွက် ငွေရေးကြေးရေးဆိုင်ရာ ပညာရပ်များ (Education for Entrepreneurs) နှင့် အမြင်အာရုံ အားနည်း ချို့ယွင်းမှုကို ကြိုတင်ကာကွယ်မည့် စီမံချက် (Seeing is Believing) တို့ ဖြစ်ကြောင်း Standard Chartered Bank ထံမှ သိရသည်။

ယင်းအစီအစဉ် သုံးခုတွင် Goal အစီအစဉ်ကို ယခုနှစ်အောက်တိုဘာ လကုန်ပိုင်းတွင် စတင်အကောင်အထည် ဖော်မည် ဖြစ်ပြီး HIV/AIDS အသိပညာပေး ကိစ္စရပ်များကိုလည်း ဖြေရှင်းဆောင်ရွက်မည် ဖြစ်ကြောင်း Standard Chartered Bank က ဖော်ပြထားသည်။
“ငွေကြေးကဏ္ဍ အသစ်တစ်ဖန် ပြန်လည် ဖွံ့ဖြိုးဖို့ ပညာရေး၊ ကျန်းမာရေးနဲ့ ဆက်နွှယ်နေတဲ့ အစီအစဉ် အမျိုးမျိုးကိုလည်း စတင်လုပ်သွားမှာပါ” ဟု Standard Chartered Bank မြန်မာနိုင်ငံရုံးခွဲ အကြီးအကဲ Mr. Tina Singhsacha က ဆိုသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် အဆိုပါဘဏ်သည် နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက်တွင် ဥရောပနိုင်ငံများအနက်မှ ပထမဦးဆုံး ကိုယ်စားလှယ် ရုံးခွဲဖွင့်သော ဘဏ်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ကျော် ကတည်းက မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသည်။

ယင်းဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ရုံးကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြန်လည် ဖွင့်လှစ်ခဲ့သည်။


The  Voice
Read more...
Saturday, October 12, 2013

ဖုန်းတစ်လုံးနှင့် အင်တာနက် နှစ်ဆယ့်လေးနာရီလုံးသုံးရင် တစ်လမှာ ဘယ်လောက် ကုန်ကျနိုင်သလဲ တွက်ကြည့်ရအောင်

0 comments
WCDMA OR CDMA
တစ်နာရီ 240
ဆယ်နာရီ 2400
နှစ်ဆယ်နာရီ 4800
နှစ်ဆယ့်လေးနာရီ 5760 ကျပ်ပေါ့
တစ်ရက်လုံး သုံးမယ်ဆိုရင် 5760 ကျပ်ဆိုတော့

တစ်လဆိုရင် ရက် 30 နဲ့တွက်ကြည့် ရအောင်ဗျာ

5760
x30
----------
172800 ကျပ်ပေါ့

တစ်လလုံး နှစ်ဆယ့်လေးနာရီလုံး ဖုန်းအင်တာနက် ဖွင့်ထားမယ်ဆိုရင်

တစ်သိန်း ခုနှစ်သောင်း နှစ်ထောင် ရှစ်ရာ ကျတယ်နော်

ကဲ GSM အင်တာနက်လိုင်းကို တွက်ကြည့်မယ်...

တစ်နာရီ 120
တစ်ရက်24နာရီနှင့်မြှောက်လိုက်မယ် x 24
---------
တစ်ရက်မှာလုံး သုံးငွေ 2880 ကျပ်ပေါ့

ကဲ တစ်လ သုံးမယ်ဆို တွက်ကြည့်ရအောင်နော်

24နာရီး တစ်ရက်မှာ သုံးငွေက 2880
တစ်လ ရက် 30 နှင့်မြှောက် x 30
--------
တစ်လမှာ အင်တာနက်ဖိုး 86400 ကျပ်

တစ်လမှာ GSM အင်တာနက်ဖိုး 86400 ရှစ်သောင်း ခြောက်ထောင် လေးရာ
ကျပ်ဆိုတော့ မြန်မာပြည်သူတွေ မမွဲဘဲ မနေနိုင်အောင်များ
လုပ်ထားလေသလား......
တိုင်းပြည်က ငမွဲစာရင်းတာ တင်ထားတာနော်...

ကဲ ထိုင်းမှာက တစ်လလုံးနှစ်ဆယ့်လေးနာရီ ကြိုက်သလိုသုံး ထိုင်းဘတ်
426 ရှိတယ်.....
မြန်မာငွေနဲ့ တွက်ရင်တော့ တစ်သောင်း လေးထောင် လောက်ဘဲ ရှိမယ်...

ကဲ သုံးတဲ့သူတွေကတော့ ထိုင်းတစ်လစာကို နှစ်ရက်ကျော်နဲ့ ပြောင်ရော သုံးရက်တောင် မသုံးလောက်ဘူး....

ကဲ WCDMA က တစ်လကို 172800 ကျပ်
ကဲဗျာ GSM က တစ်လကို 86400 ကျပ်
ထိုင်းက တစ်လကို 14000 ကျပ်

ကဲဗျာ ဘယ်လို လုပ်ရင် ကောင်းမလဲ ဆက်သွယ်ရေးက လူတွေ လူကြီးတွေ
ခင်ဗျားတို့လည်း ပြည်သူထဲက ပြည်သူပါဘဲ..
အဲတော့ ဘယ်လို ဖြေရှင်းပေးမလဲ......
လိုင်းအားကလည်း ထိုင်းလောက် မကောင်းဘူး....
ငွေအားကတော့ ထိုင်းထက် အများကြီးယူထားတယ်...

အမျိုး ဘာသာကို အသက်ထက်ချစ်မြတ်နိုးသော သူရိယမောင်မောင်
Read more...
Thursday, October 10, 2013

BC Finance ကုမ္ပဏီက မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင်သူများအတွက် အသေးစား ငွေချေးလုပ်ငန်း စတင်

0 comments

Thursday, October 10, 2013

Bagan Capital ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်သည့် BC Finance ကုမ္ပဏီက မြန်မာနိုင်ငံတွင် အသေးစား ငွေချေးလုပ်ငန်း ကို အောက်တိုဘာ ပထမပတ်တွင် စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း Bagan Capital ကုမ္ပဏီမှ သိရသည်။

BC Finance ကုမ္ပဏီသည် ရန်ကုန်မြို့နှင့် နေပြည်တော်အကြား အချက်အချာကျသည့် နေရာတစ်နေရာဖြစ်သော ပဲခူးမြို့တွင် ၎င်းတို့၏ ရုံးခန်းကို ဖွင့်လှစ်ကာ ငွေချေးလုပ်ငန်းများကို စတင်မည်ဟု သိရသည်။

အဆိုပါကုမ္ပဏီက မြန်မာနိုင်ငံ၏ အကြီးဆုံးအသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်လာရန် ရည်ရွယ်ထားပြီး ဘဏ္ဍာရေးဝန်ဆောင်မှု မရရှိသူများအတွက် ရည်ရွယ်သည်ဟု ဆိုသည်။၎င်းတို့ ကုမ္ပဏီက အသေးစား စွန့်ဦးတီထွင်သူများကို ထောက်ပံ့ပေးခြင်းဖြင့် ၎င်းတို့ကို စီးပွားရေးတစ်ခု လုပ်ကိုင်နိုင်စေပြီး နိုင်ငံ၏ စီးပွားရေး ပြန်လည်နိုးထ လာမှုတွင် ကျယ်ပြန့်စွာ ပါဝင်နိုင်စေရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ကုမ္ပဏီအတွက် ငွေလက်ခံခွင့်နှင့် ငွေ ချေးခွင့် လိုင်စင်ကို မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပေးပြီးဖြစ်သည်။

Bagan Capital ကုမ္ပဏီသည် ၂၀၁၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် Equity and Advisory Group ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အထူးပြု တည်ထောင်ထားခြင်း ဖြစ်သည်။ ၎င်းတို့၏ရုံးချုပ်မှာ ဟောင်ကောင်တွင်ရှိပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ရုံးခန်းများ ဖွင့်လှစ်ပြီး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် အထီးကျန်တည်ရှိမှုကြောင့် ကမ္ဘာပေါ်ရှိ ငွေချေးလုပ်ငန်းများတွင် နောက်အကျဆုံး နိုင်ငံများတွင် ပါဝင်နေကြောင်း သိရသည်။ ငွေချေးရန် လွယ်ကူသည့် အသေးစား ငွေချေးလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို များစွာ အထောက်အပံ့ဖြစ်စေမည်ဟု ငွေကြေးပညာရှင်အချို့က သုံးသပ်ကြသည်။

Eleven Media Group
Read more...
Tuesday, October 8, 2013

မြေဈေးစံနှုန်း ထုတ်ပြန်ချက် ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက် အရောင်းအဝယ် ပြန်ကောင်းနိုင်ဟုဆို

0 comments



8.10.2013

ရန်ကုန်မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် အိမ်၊ ခြံ၊ မြေဈေး စံနှုန်း သတ်မှတ်ချက် ထုတ်ပြန်လိုက်ခြင်းကြောင့် အရောင်းအဝယ် အေးစက်နေသော ဈေးကွက်ပြန်လည် ကောင်းမွန် လာနိုင်ကြောင်း ရန်ကုန် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်မည်ဟု သတင်းထွက်ပေါ်စ စက်တင်ဘာလ ဒုတိယပတ်မှစ၍ အရောင်းအဝယ်များ အေးစက်ခဲ့ခြင်း ဖြစ်ပြီး ယခုစံနှုန်း ထွက်ပေါ်လာသဖြင့် ပြန်လည် ကောင်းမွန်လာနိုင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က သုံးသပ်သည်။
“စံနှုန်းသတ်မှတ်တဲ့ အခြေအနေကို စောင့်ကြည့်နေလို့ ဒီလိုအေးစက်နေတာပါ။ ဈေးကွက်က ပြန်ကောင်းလာမှာပါ။ ဈေးနှုန်းတော့ တက်လာမှာ မဟုတ်ပါဘူး” ဟု အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။

ယင်းစံနှုန်း သတ်မှတ်ချက်များသည် လက်ရှိမြေဈေးကို ထိန်းချုပ်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ အခွန်အပြည့်အဝရရန် အတွက်သာ ရည်ရွယ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောကြားသည်။

လတ်တလော အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း အရောင်းအဝယ် အေးစက်၍ ဈေးနှုန်းမှာလည်း ရပ်တန့်နေပြီး ဒလမြို့နယ်တစ်ခုသာ တံတားစီမံကိန်း အကောင်အထည် ဖော်မည် မဟုတ်ဟု အတည်ပြုလိုက်ခြင်းကြောင့် ဈေးထိုးကျသွားခဲ့ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် စံနှုန်း သတ်မှတ်ချက်များသည် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ယင်းသတ်မှတ် နှုန်းထားများအတိုင်း အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံး 
(ရန်ကုန်) ၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly
Read more...
Monday, October 7, 2013

တမူးနယ်စပ်မှတစ်ပိုင်တစ်နိုင် ကုန်သွယ်ခွင့်ကတ်( ITC) ဖြင့် ကျပ် ၆၆၉ သန်းကျော် ကုန်သွယ်မှုပြုပြီးဖြစ်ကြောင်း သိရ

0 comments

7.10.2013

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိအိန္ဒိယမြန်မာနယ်စပ်တမူးကလေးကလေးဝမြို့များတွင်ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနကနယ်စပ်နေပြည်သူများ၊ အသေးစား ပုဂ္ဂလိကလုပ်ငန်းရှင်များ တစ်ပိုင်တစ်နိုင်ကုန်သည်များအတွင်းအဆင်ပြေချောမွေ့စေရန်တစ်ပိုင်တစ်နိုင်ကုန်သွယ်ခွင့်ကတ် ( ITC ) ဖြင့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂၂ရက်မှစတင်၍ကုန်သွယ်ခွင့်ပြုခဲ့ရာ ယခုဆိုလျှင်လုပ်ငန်းရှင်ပေါင်း ၉၆ ဦးဖြင့်ငွေကျပ်၆၆၉ သန်းကျော်ကုန်သွယ်မှုပြုပြီးဖြစ်ကြောင်းတမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှသိရသည်။ ITC ကတ်ဖြင့်မှတ်ပုံတင်ထားသူပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့်တစ်ဦးလျှင် တစ်ရက်တန်ဖိုး ကျပ်၁ဝသိန်းနှုန်းဖြင့်ငါးရက်အတွက်စုစုပေါင်းတစ်ကြိမ်တည်းကျပ်သိန်း၅ဝဖိုးအထိကုန်သွယ်ခွင့်ပြုထားကာကုန်သည်များအနေဖြင့်လိုင်စင်ဆောင်ရွက်ရန်မလိုဘဲတိုက် ရိုက်တင်ပို့တင်သွင်းခွင့်ပြု
ရာတွင် မြန်မာကျပ်ငွေဖြင့်သာဆောင်ရွက်ခွင့်ပြုထားကြောင်း သိရသည်။

''တစ်ပိုင်တစ်နိုင်ကုန်သွယ်ခွင့်ကတ်(ITCနဲ့ဆောင်ရွက်ခွင့်ပြုရာမှာစစ်ကိုင်းတိုင်းဒေသကြီးအတွင်းနေထိုင်တဲ့ (၁၈)နှစ်ပြည့်ပြီးသားအမျိုးသားမှတ်ပုံတင်ရှိပြီးတဲ့သူတိုင်း ITC ကတ်လုပ်ခွင့်ရှိတယ်။ ITC ကတ်လျှောက်မယ်ဆိုရင်လက်ရေးလျှောက်လွှာ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာရဲစခန်းရဲ့ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်တွေနဲ့ကလေး-ကလေးဝ-ကုန်သည်ကြီး များအသင်းဝင် မိတ္တူအားလုံးပြည့်စုံရင်အစိုးရ ရုံးပိတ်ရက်မှအပ ချက်ချင်းလုပ်ပေးပါတယ်။ နယ်စပ်ကုန်သွယ်ရေးက ခွင့်ပြုထားတဲ့ကုန်ပစ္စည်းတွေမှန်သမျှမြန်မာငွေကျပ်နဲ့တစ်ရက်ကို ကျပ်၁ဝ သိန်းဖိုးငါးရက်ကိုကျပ်သိန်း၅ဝဖိုးတစ်ခါတည်းကုန်သွယ်ခွင့်ပြုထားပါတယ်''ဟုတမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။တမူးနယ်စပ်ကုန်သွယ်ရေးမှယခုလိုတစ်ပိုင်တစ်နိုင်ကုန်သွယ်ခွင့်
ကတ်(ITCဖြင့်ကုန်သွယ်ခွင့်ပြုလိုက်သည့်အတွက်နယ်စပ်ဒေသကုန်သည်များအနေဖြင့်လွတ်လပ်စွာကုန်သွယ်မှုပြုလုပ်လာနိုင်သလိုနိုင်ငံတော်မှလည်း ဘဏ္ဍာငွေဆုံး ရှုံးမှုလျော့နည်းလာကြောင်းသိရသည်။ ယခု ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင်ပြီးခဲ့သည့်ဇူလိုင်လအတွင်းကသွင်းကုန်စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၈ဝ၄၁ ဒသမ ၁၉၆ ဖိုး တင်သွင်းနိုင်ခဲ့ပြီး ပို့ကုန်
ပစ္စည်းများ အတွက်မြန်မာငွေ ၁၁၆၆၂၄၄၇၃၅ ဒသမ ဝဝ တန်ဖိုး ကိုကုန်
သွယ်မှုပြုနိုင်ခဲ့ကြောင်းတမူးနယ်စပ်ကုန်သွယ်မှုစာရင်းများအရသိရသည်။


The Union Daily
Read more...

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းသစ် တရားဝင်မဖွင့် ရသေးသော်လည်း ကုန်သွယ်မှုစတင်နေ

0 comments

Monday, October 7, 2013

ရွှေတြိဂံနယ်မြေအနီး တရားဝင်ဖွင့်လှစ်ခွင့်မရသေးသော တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ကြင်ဆန်းကြော့စခန်းမှ ကုန်ပစ္စည်းများ တင်ပို့နေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကြင်ဆန်းကြော့စခန်းကို တရုတ်နိုင်ငံမှ စက်တင်ဘာ ၁၈ ရက်တွင် တရားဝင် ဖွင့်လှစ်လိုက်သော်လည်း မြန်မာနိုင်ငံမှ ယခုအချိန်ထိ တရားဝင် မဖွင့်လှစ်ရသေးပေ။

““ကြင်ဆန်းကြော့က ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ငါးမိုင်ပဲဝေးတယ်။ သွားလမ်းလာလမ်း ကောင်းတော့ အဲဒီဘက်ကသွားကြတာ””ဟု မူဆယ်မြို့ခံကုန်သည် ဦးမင်းသိန်းကပြောသည်။ ထို့အပြင် အဆိုပါမြို့မှ ကူမင်းသို့သွားရောက်ရာတွင် ပိုမိုလွယ်ကူသဖြင့် ကုန်သည်များအနေဖြင့် ထိုနေရာမှသွားလာရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။
““နှစ်ဖက်နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ဖို့ဆိုတာ နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ပြောကြဆိုကြပြီး လုပ်စရာတွေ ကျန်နေသေးတယ်။ မြန်မာ ဘက်ခြမ်း က တရားဝင်မဖွင့်လှစ်နိုင်သေးဘူး””ဟု မူဆယ်နယ်စပ်ကုန် သွယ်ရေးညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းကပြောသည်။

အဆိုပါ ကြင်ဆန်းကြော့ဒေသသည် ယခင်က နယ်မြေမအေးချမ်းသဖြင့် သွားလာရန်ခက်ခဲသော်လည်း ယခုနောက်ပိုင်း သွားလာမှု များပြားလာခဲ့သည်။ အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းမှ နှစ်နိုင်ငံတာ ၀န်ရှိသူများ အပြန်အလှန်သွားရောက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ယခုလအတွင်း လာရောက်ကြောင်း သတင်းရရှိသည်။
ယခုရက်ပိုင်းအတွင်း အဆိုပါ ကြင်ဆန်းကြော့စခန်းမှ ပြောင်း၊ ဖရဲနှင့် လယ်ယာထွက်ကုန်များ တင်ပို့နေကြကြောင်း သတင်းရရှိသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိကဂိတ်ပေါက်တစ်ခုဖြစ်သော မူဆယ်နှင့်ကြယ်ဂေါင်ကြားနယ်စပ်ဂိတ်ကိုတွေ့ရစဉ်

7 DAY DAILY
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here