Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts
Friday, February 14, 2014

ကိုယ်ရေးအချက်လက် လုံခြုံမှုအတွက် Windows စနစ်ကို ဂရုပြုသုံးသင့်ဟု Microsoft လုံခြုံရေးအရာရှိတိုက်တွန်း

0 comments

14.2.2014

အင်တာနက် အသုံးပြုသူများအနေဖြင့် အွန်လိုင်းတွင် ကိုယ်ရေးအချက် အလက်များ၊ ကုမ္ပဏီများ၏ အချက်အလက်များ ပေါက်ကြားခြင်းမရှိစေရန် အတွက် Windows စနစ်ကို ဂရုပြုသုံးသင့်သည်ဟု Microsoft ကုမ္ပဏီ၏ အာရှဆိုင်ရာလုံခြုံရေး အရာရှိချုပ်နှင့် အကြံပေးအရာရှိ Mr. Pierre Noel က ပြောသည်။

၎င်းက ရန်ကုန်မြို့ MICT တွင် ဖေဖော်ဝါရီ ၁၂ ရက်က ပြည်တွင်း ပညာရှင်များ၊ နည်းပညာလေ့လာသူ များဖြင့် Cyber security ခေါင်းစဉ်နှင့် ဆွေးနွေးပွဲပြုလုပ်စဉ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Mr. Pierre Noel က “ ဒီမှာကြုံနေရတဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ အခက်အခဲတွေကို သိပါတယ်။ ဒီကို လာတာက မိုက်ခရိုဆော့ဖ်ကို ရောင်းချင်လို့မဟုတ်ပါဘူး။ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ဆွေးနွေး ကြဖို့ရောက်လာတာပါ။ တကယ်လို့ pirate version (လိုင်စင်ဗားရှင်းမဟုတ်သော) ကို သုံးတယ်ဆိုရင် လည်း Microsoft ရဲ့ update တွေကို ဂရုပြုနေသင့်တယ်” ဟု ပြောသည်။

Windows စနစ်မလုံခြုံပါက အွန်လိုင်းမှတစ်ဆင့် အချက်အလက် ခိုးယူခံရခြင်း ဖြစ်နိုင်သောကြောင့် သတိထားသင့်သည်ဟုလည်း ၄င်းကဆိုသည်။

ပြည်တွင်း အသုံးပြုသူများအနေဖြင့် တရားဝင်Windows စနစ်ကို အသုံးပြုရာတွင် ငွေကြေးကုန်ကျမှုရှိ၍ မသုံးသော်လည်း ကုမ္ပဏီများအနေဖြင့် တရားဝင်Windows စနစ်ကို အသုံးပြုသင့်သည်ဟု အိုင်တီ ကုမ္ပဏီတစ်ခုဖြစ်သည့် Knowledge Centricity (Myanmar) က Solution Consultant ကိုထူးဝေငြိမ်း ချမ်းကလည်း ပြောသည်။

Mizzima - News in Burmese
Read more...
Tuesday, February 11, 2014

မြန်မာနိုင်ငံမှာ ကျော်လွှားရမှာတွေ များပြားကြောင်း Telenor ပြော

0 comments


11.2.2014

မြန်မာနိုင်ငံမှာ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းအတွက် လုပ်ကိုင် ခွင့်ရရှိခဲ့တဲ့ နော်ဝေးနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီအနေနဲ့ ရင်ဆိုင်ကျော်လွှားရမယ့် ပြဿနာတွေ အများအပြားရှိနေတယ်လို့ ကုမ္ပဏီ အရာရှိ တစ်ဦးက ပြောပါတယ်။

ဒီနှစ် ဇန်န၀ါရီလကုန်ပိုင်းက လုပ်ကိုင်ခွင့်လိုင်စင် တရားဝင်ရရှိခဲ့တဲ့ Telenor ကုမ္ပဏီဟာ လာမယ့် ၈ လအတွင်း 2G နဲ့ 3G တယ်လီဖုန်းဝန်ဆောင်မှု စတင်နိုင်ဖို့ဆောင်ရွက်ရမှာပါ။ ဒါ့ပြင် ငါးနှစ် အတွင်း မြန်မာနိုင်ငံ လူဦးရေရဲ့ ၉၀ ရာနှုန်း တယ်လီဖုန်း သုံးစွဲနိုင်ရေးအတွက် နိုင်ငံတလွှားမှာ ဆက်သွယ်ရေးအခြေစိုက် စခန်းပေါင်း ၈ ထောင် တည်ဆောက်ပြီး ဆက်သွယ်ရေးကွန်ရက် ထူထောင် တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီအတွက် Telenor က ဒေါ်လာ သန်းငါးရာ သုံးစွဲမှာဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့အတွက် အခြေခံအဆောက် အအုံတွေဖြစ်တဲ့ လမ်း ၊တံတား၊ လျှပ်စစ်ဓါတ်အား စတာတွေ ချို့တဲ့နေတဲ့အတွက်၊ အတော်အားစိုက်ဆောင်ရွက် ရမှာဖြစ်တယ်လို့ Telenor ကုမ္ပဏီ အမှုဆောင်အရာရှိ Petter Furberg က ပြောပါတယ်။

တိုင်းပြည်လူဦးရေ ၂၅ ၇ာနှုန်းသာ လျှပ်စစ်ဓါတ်အား ရရှိတာဖြစ်လို့ Telenor အနေနဲ့ အခြေစိုက် စခန်းတွေမှာ ဒီဇယ်ဆီသုံး မီးစက်တွေ၊ နေရောင်ခြည် စွမ်းအင်သုံး ဓါတ်အားပေးစနစ်တွေကို အရန်ထားအသုံးပြုရမှာဖြစ်ပါတယ်။ ဒါ့ပြင် အခြေစိုက်စခန်းတွေ တည်ဆောက်ရမယ့် နေရာတွေ ကိုရောက်ရှိဖို့ လမ်းပန်းခရီးကလည်း အချိန်မရွေးသွားလာလို့ မလွယ်ကူကြောင်း၊ အခုလို မိုးရာသီမှာ ပိုဆိုးကြောင်း၊ အပစ်အခတ်တွေ ရှိနေတဲ့ဒေသတွေကို သွားရောက်ဖို့လည်း မလွယ်သေးကြောင်း ကုမ္ပဏီအမှုဆောင် အရာရှိက ပြောပါတယ်။

အလားတူ လာဘ်ပေး လာဘ်ယူကိစ္စနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ပြဿ နာတွေ နဲ့လည်း ရင်ဆိုင်ရဦး မှာဖြစ်ပါတယ်။အဲဒီထဲမှာ အကြီးမား ဆုံးအခက်အခဲက နိုင်ငံတလွှားမှာ ဆက်သွယ်ရေး အခြေစိုက် စခန်းတွေ တည်ဆောက်ခွင့်ရဖို့ စောင့်ဆိုင်းရမယ့်အချိန်ဖြစ်တယ်လို့ Telenor ကုမ္ပဏီ အမှုဆောင်အရာရှိ က ပြောပါတယ်။

RFA
Read more...
Thursday, January 9, 2014

“ Hard Drive တွေကို မပျက်စီးစေဖို့ ထိန်းသိမ်းနည်း”

0 comments


9.1.2014

Hardware တွေရဲ့ ဈေးနှုန်းက ဒီဆယ်စုနှစ်ထဲမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ပြိုကျလာခဲ့ပါ တယ်။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ်စက်ထဲက hardware တွေကို ပျက်ချင် ပျက်ပါစေလို့ဆိုပြီး ပစ်စ လက်ခတ်ထားကြမှာတော့ မဟုတ်ကြပါဘူး။ အထူးသဖြင့် hard drive တွေကို ဒီလိုမျိုး မထားတတ် ကြပါဘူး။

အချက်အလက်ဟာ နည်းပညာလောကသားတွေအတွက် အလွန်အရေးပါလှပါတယ်။ ဒီအချက်အ လက်တွေ သိုလှောင်ရာဖြစ်တဲ့ hard drive တွေရဲ့ ကြံ့ခိုင်ရေးဟာ အလွန်ကို အရေးပါလှပါတယ်။

အောက်ဖော်ပြပါ အချက် (၁၀) ချက်ကတော့ hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့အချက်တွေ ဖြစ်ပါတယ်။ ၁။ chkdsk ကို run ပေးပါ။
Hard drive တွေ က မီးအားအတက်အကျကြောင့်ဖြစ်စေ၊ အခြားသောအကြောင်း အမျိုး မျိုးကြောင့် ဖြစ် စေ အထဲမှာပါတဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊ ဆော့ဖ်ဝဲ ပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေ ဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်းက လာထည့်ပေးထားပါ တယ်။ ဒီပရိုဂရမ်လေးက ပြဿနာ အတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။

၂။ Hard drive ကိုစောင့်ကြည့်ပေးနိုင်တဲ့ ပရိုဂရမ်သုံးပါ။
Hard drive ကို စောင့် ကြည့် လေ့ လာပေး တဲ့ ပရိုဂရမ်တွေ များစွာရှိပါတယ်။ Acronis Drive Monitor ကတော့ အခမဲ့ရတဲ့ tool တစ်ခုဖြစ်ပြီး သုံးစွဲရတာ အလွန်ကောင်းပါတယ်။ အပူချိန်နဲ့ hard drive ရဲ့ နေရာလွတ်တွေကို စောင့်ကြည့်ပေးနိုင်ပါတယ်။

၃။ Data ထားတဲ့နေရာနဲ့ OS တင်ထားတဲ့နေရာကို ခွဲထားပါ။
OS တင်ထား တဲ့နေ ရာ နဲ့ data ထားတဲ့နေရာကို partition တွေ သီးခြားပိုင်းထား သင့်ပါတယ်။ အဲဒီလို တင်မထားတဲ့အခါ OS ဆိုတာ ပျက်လွယ်တဲ့အတွက် data တွေကို သီးခြား partition မပိုင်းဘဲ OS ထားတဲ့ partition မှာထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်။

၎။ ကွန်ပျူတာသုံးနေတဲ့ပတ်ဝန်းကျင်ကိုသတိပြုပါ။
ကွန်ပျူတာ ကိုထား တဲ့နေရာက ဖုန်တွေထူတာ၊ ရေငွေ့တွေပေါများတာနဲ့ အပူချိန် သိပ်များတာ အစရှိတဲ့ အကြောင်းအရာတွေကို သတိထားရှောင်သင့်ပါတယ်။ အဲဒီလိုဖြစ်တာတွေက ကွန်ပျူတာမှာ လျှပ်စစ်ပတ်လမ်းတို့တွေဖြစ်ပြီး hardware တွေကို ပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်အောင် ဖိတ်ခေါ်နေသလိုပါပဲ။ ပြီးတော့ ကွန်ပျူတာကို အပူချိန်လျော့နိုင်သလောက်လျော့အောင် ပန်ကာလေးတွေ ထားသုံးဖို့ လိုအပ်ပါတယ်။ Hard drive ကို ပန်ကာထည့်ပြီးသုံးတာက အပူချိန်လျော့နိုင်တဲ့အတွက် ပျက်စီးမှုကို ကာကွယ်နိုင်သလို hard drive ပူလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ လျှပ်စစ်ဓာတ်အပိုတွေ ကွန်ပျူတာမှာ မစီးပါစေနဲ့။
ကွန်ပျူတာ ကို မီတာနဲ့ ထောက်ပြီး တိုင်းတာတဲ့အခါ လျှပ်စစ်ဓာတ်အားတွေက ကွန်ပျူတာပုံးမှာ စီးနေတာတွေကို တွေ့ရတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တာက ကွန်ပျူတာကို ပျက်စီးစေဖို့ လွယ်ကူ စေပါတယ်။ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲတဲ့ ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကောင်းမွန်အောင် လုပ်ထားဖို့ လိုအပ်သလို မြေစိုက်ကြိုးကိုလည်း ထည့်ပေးထားဖို့ လိုအပ်ပါတယ်။

၆။ Drive ကို defragment ပုံမှန်လုပ်ပေးပါ။
Drive တွေကို သုံးစွဲ တာကြာ လာ တဲ့အခါ ဖိုင်တွေရဲ့ အထားအသိုက ပြန့်ကျဲလာပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဖိုင်တွေကို နေရာချတာနဲ့ ရှာဖွေတာလုပ်တဲ့အချိန် ပိုကြာလာပါတယ်။ အဲဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် drive ကို defragment ပုံမှန်လုပ်သင့်ပါတယ်။

၇။ Solid state drive ကို ပိုသုံးပါ။
Hard drive တွေ က solid state drive တွေထက် ပျက်စီးနိုင်မှုမှာ ပိုများပြားပါတယ်။ ဈေးကြီးပေမယ့် solid state drive တွေက hard drive တွေထက် ပျက်စီးနိုင်မှုမှာ လျော့နည်းတာကြောင့် ပိုမိုရွေးချယ်သင့်ပါတယ်။

၈။ Power save နည်းပညာကို သုံးပါ။
Hard drive တွေကို အလုပ်မလုပ်စေပဲ အချိန်ကြာကြာ ဖွင့်လှစ်ထားတာထက် ဘယ်အချိန်လောက်အထိ ဆက်တိုက်မသုံးစွဲဘူးဆိုခဲ့လျှင် hard drive ကို ပိတ်ထားတာတို့ sleep mode ကို သုံးတာတို့ လုပ်ထားသင့်ပါတယ်။ hard drive သက်တမ်း ပိုကြာပါလိမ့်မယ်။

၉။ ဝက်အူတွေနဲ့ မလှုပ်အောင် ကြပ်ထားပါ။
Hard drive ကို အချို့က စကူနှစ်လုံးပဲ ဖမ်းထားတာ၊ ချောင်နေတဲ့ စကူတွေ ထည့်သုံးတာတို့က hard drive ကို အခန့်မသင့်ရင် လှုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာခဲ့ရင် hard drive ကို သုံးမရအောင် ပျက်စီးသွားစေပါလိမ့်မယ်။

၁၀။ Back up ပုံမှန်လုပ်ပါ။
ပစ္စည်းတွေမှာ မပျက်တဲ့ ပစ္စည်းမရှိပါဘူး။ အချိန်ကြာမှ ပျက်တာနဲ့ စောစောပျက်တာပဲ ကွာပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ပုံမှန် Back up လုပ်ထားသင့်ပါတယ်လို့ အကြံပြူတင်ပြလိုက်ပါတယ်။ မသိသေးတဲ့သူငယ်ချင်းများအတွက် မျှဝေပေးလိုက်ပါတယ်နော်။ကျေးဇူးတင်ပါတယ်။

credit@laminmaung
IT CARE Computer Systems
Read more...

Android Devices တွေမှာ Safe Mode ကို ဘယ်လို ၀င်ရမလဲ?

0 comments
9.1.2014

Windows မှာလိုပဲ Android မှုာလည်း Safe Mode ကိုဝင်လို့ ရပါတယ်။ Android မှာ Safe Mode ကိုဝင်ရင် third-party applications တွေကို Disable လုပ်ပေးထားမှာဖြစ်ပါတယ်။သင့် Android Device ကောင်းကောင်း အလုပ်မလုပ်တော့တဲ့ အခြေအနေမှာ Safe Mode ကနေ ပြဿနာတွေကို အဖြေရှာနိုင်ပါတယ်။ သင့် Android Device မှာ Apps တွေသုံးနေရင်းနဲ့  ပိတ်သွာတာတွေ၊ ဖုန်းလေး လံလာတာတွေ၊ Apps တွေ အလုပ်ကောင်းကောင်း မလုပ်ဘဲ ရပ်နေတာတွေ၊ Battery ကြာရှည်စွာ အသုံးမခံတော့တာတွေ စတာတွေကို Safe Mode ကိုဝင်ပြီးအဖြေရှာနိုင် ပါတယ်။ Safe Mode ကိုဝင်ပြီး ဖြစ်နေတဲ့ ပြဿနာတွေ ဖြစ်သေးလားဆိုတာ စမ်းသပ်ကြည့်ပါ။ Safe Mode မှာ ပြဿနာတွေ မဖြစ်တော့ ရင် Applications တွေကြောင့်ဖြစ်နိုင်ပြီး ပြဿနာရှိနိုင်တဲ့ Apps တွေကို Uninstall လုပ်နိုင်ပါတယ်။

“Safe Mode ကို ၀င် ခြင်း”

Android 4.1 နဲ့ သူ့ အထက်မှာ Safe Mode ကိုဝင်ဖို့ အတွက် Power Options Menu ကိုမြင်တဲ့အထိ Power Button ကိုဖိထားပါ။

Power off option ကို ဖိထားပါ။ ဒါဆိုရင် Safe Mode ကို ၀င်မလားမေးပါလိမ့်မယ်။ OK ကိုနှိပ်ပါ။

Android Version အဟောင်းတွေမှာတော့ Power Button ကိုဖိပြီး ဖုန်းကို ပိတ်ပါ။ Power Button ကိုဖိပြီးဖုန်းကို ပြန်ဖွင့်ပါ။ Power button ကို ဖိထားတာကို လွှတ်ပါ။ Logo ကို မြင်ရရင် Volume Up နဲ့ Volume Down buttons နှစ်ခုကို ပြိုင်တူဖိထားပါ။ Screen ရဲ့ ဘယ်ဘက်အောက်ခြေ မှာ Safe Mode လို့ ပြနေတဲ့အထိ ဖိထားရမှာဖြစ်ပါတယ်။

“Safe Mode မှာ ပြဿနာ တွေကို အဖြေရှာခြင်း”

Safe Mode ကိုဝင်ပြီးရင် Screen ဘယ်ဘက်အောက်ခြေမှာ Safe Mode ဆိုတဲ့ စာကိုတွေ့ နိုင်ပါတယ်။

Safe Mode မှာ သင့် Android Device မှာ နဂိုပါလာတဲ့ Apps တွေကို ပဲသုံးလို့ ရမှာဖြစ်ပြီး သင် Install လုပ်ထားတဲ့ Apps တွေ၊ Widgets တွေကို Disable လုပ်ပေးထားမှာပါ။ သင့် ဖုန်းကို သာမာန် လို ပဲအသုံးပြု ကြည့်ပါ။ ပြဿနာတွေဖြစ်သေးလားဆိုတာ စောင့်ကြည့်ပါ။ ပြဿနာတွေမဖြစ်တော့ရင် သင် Install လုပ်ထားတဲ့ third-party apps တွေကြောင့် ဖြစ်နိုင်ပါတယ်။Apps တွေကို Disable လုပ်ထားပေ မယ့် Uninstall လုပ်လို့ ရပါတယ်။ ပုံမှန်အတိုင်းပဲ Settings ကိုသွားပြီး Apps ကိုနှိပ်ပါ။ ပြဿနာဖြစ်စေ တယ်လို့ ထင်ရတဲ့ Apps တွေကို Uninstall လုပ်ပါ။ မကြာမီ ကသွင်းထားတဲ့ Apps တွေ က ပြဿနာ ဖြစ်စေတဲ့ Apps တွေဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မကြာမီ ကသွင်းထားတဲ့ Apps တွေကို အရင်ဆုံး Uninstall လုပ်သင့်ပါတယ်။

ပြီးရင်တော့ Power ကိုပိတ်ပါ။ Power ကို ပြန်ဖွင့်ပြီး Normal Mode ကိုပြန်သွားပါ ။ ဖြုတ်လိုက် တဲ့ Apps တွေကိုတစ်ခုချင်းစီ ပြန်သွင်းပြီး စောင့်ကြည့်ပါ။ ဘယ် App ကပြဿနာဖြစ်စေတာလဲဆိုတာကို ဒီနည်းနဲ့  ရှာဖွေပါ။သင့်ရဲ့ ပြဿနာ ဟာ Apps တွေကြောင့်မဟုတ်ဘဲ တစ်ခြား ကြီးကြီးမားမား အကြောင်း အရာတွေကြောင့်ဆိုရင်တော့ သင့်ဖုန်း ရဲ့ Factory Default Settings ကို Restore လုပ်သင့် ပါတယ်။ သင့်ရဲ့  ဒေတာ တွေအားလုံး ဖျက်ပစ်မှာကိုတော့ သတိပြုပါ။ အဲဒီအတွက် Backup လုပ်ထား သင့်ပါတယ်။ Apps တွေအားလုံးကိုလည်း ပြန်ပြီး Install လုပ်ရမှာပါ။ Factory Default Settings ကို Reset လုပ်ဖို့ အတွက် Settings ထဲကိုသွားပြီး Backup & Reset ကိုနှိပ်ပါ။ Factory Data Reset ကိုနှိပ်ပါ။ပြီးရင် ညွှန်ကြားချက်တွေအတိုင်းဆက်လုပ်သွားပါ။

From Myanmar Digital Life Journal
Read more...
Thursday, December 26, 2013

Samsung Galaxy S4 ဖုန်း ဟက်ကာတိုက်ခိုက်ခံရနိုင်ဖွယ်ရှိ

0 comments
26.12.2013

Samsung Galaxy S4 ဖုန်းများတွင်Knox ဟုခေါ်သော လုံခြုံရေးဆော့ဖ်ဝဲလ်တပ်ဆင်ထားသော်လည်း Galaxy S4 ဖုန်း များသည် အခြားသောစမတ်ဖုန်းများကဲ့သို့ ဟက်ကာတိုက်ခိုက်ခံရနိုင်ဖွယ်ရှိကြောင်း အစ္စရေးနိုင်ငံ Ben-Gurion တက္ကသိုလ်မှ လုံခြုံရေးသုတေသီများက ပြောကြားသည်။

ဟက်ကာများသည် ဖုန်းအတွင်း ထိန်းသိမ်းထားသော ပုဂိ္ဂုလ်ရေးရာ အချက်အလက်များ၊ အခြားသော အချက်အလက်များနှင့် e-mail များကို ရယူနိုင်ကြောင်း Wall Street ဂျာနယ်၏ ဆောင်းပါး တစ်ပုဒ်တွင် ဖော်ပြထားသည်။

Knox လုံခြုံရေးဆော့ဖ်ဝဲလ်သည် Black- berry လုံခြုံရေးဆော့ဖ်ဝဲလ် ကဲ့သို့သော လုပ်ငန်းများကို လုပ် ဆောင်နိုင်သည်။Ben- Gurion တက္ကသိုလ်မှ သုတေသီများက ယင်းကိစ္စရပ် ကို ဖော်ထုတ်ပေး မှုကြောင့် အမေရိကန် အစိုးရသည် Samsung Galaxy ဖုန်းများအသုံးပြုမှုနှင့်စပ်လျဉ်း၍ ချင့်ချိန်သုံးသပ် လျက်ရှိ သည်။

Samsung ကုမ္ပဏီသည် Knox လုံခြုံရေးဆော့ဖ်ဝဲလ်ဟက်ကာ တိုက်ခိုက်ခံရနိုင်ဖွယ်ရှိမှုနှင့် စပ်လျဉ်း ၍ ငြင်းဆိုမှုမရှိခြင်းသည် Galaxy S4ဖုန်းများ ဟက်ကာများ၏တိုက်ခိုက်ခံ ရနိုင်ဖွယ်ရှိမှု ကို ပြသလျက်ရှိ သည်။

Galaxy S4 ဖုန်းများကို အသုံးပြုသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားသူများသည် ဟက်ကာတိုက် ခိုက်ခံရမှုမှ ကာကွယ်ရန်အတွက် အခြားသောဆော့ဖ်ဝဲလ်များ အသုံးပြုနိုင်ကြောင်း Samsung ကုမ္ပဏီ က Wall Street ဂျာနယ်သို့ ပြောကြားခဲ့သည်။

Samsung ကုမ္ပဏီသည် သုတေသီများ ထုတ်ပြန်သော ဟက်ကာတိုက်ခိုက်ခံရဖွယ်ရှိသည်ဟူသော ကိစ္စရပ်ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။Black- berry မရှိတော့သဖြင့် လစ်ဟာ သွားသော နေရာ တွင် Samsung နှင့် Apple ကဲ့သို့သော အခြားသောစမတ်ဖုန်းကုမ္ပဏီများသည် လုံခြုံစိတ်ချရမှုရှိ သောစမတ်ဖုန်းများ နှင့် အခြားသောကိရိယာများကို ဈေးကွက်အတွင်း ဖြည့်တင်းနိုင်ရန် ကြိုးပမ်းလျက်ရှိ သည်။Samsung ကုမ္ပဏီထုတ် Galaxy S4 စမတ်ဖုန်းများသည် ကုမ္ပဏီ၏နောက်ဆုံး ထုတ်စမတ်ဖုန်း များဖြစ်သည်။

Apple ကုမ္ပဏီထုတ် iPads နှင့် iPhone များအသုံးပြုမှုသည် ပင်တကွန်စစ်ဌာနချုပ်အတွက် အဆင်ပြေ မှုရှိကြောင်း လွန်ခဲ့သည့် လအနည်းငယ်က ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် Samsung စမတ်ဖုန်း များနှင့် အခြားသောပစ္စည်းများသည် အလားတူထောက်ခံမှုများရရှိလျက်ရှိသည်။

Samsung ကုမ္ပဏီ၏ Knox လုံခြုံရေး ဆော့ဖ်ဝဲလ်က“container” ဟု အမည်ပေးထားသောအရာဖြင့် ဖန်တီးထားပြီး ၎င်းသည် ဟက်ကာများ၏ လုံခြုံရေးဆိုင်ရာ ချိုးဖောက်သည့်လုပ်ရပ်များမှ ကာကွယ်ပေး သည်။“container” သည် အချက်အလက်များနှင့် application များအတွက် တစ်မူထူးခြား၍ ကွဲပြားခြား နားသောဝန်ဆောင်မှုများ လုပ်ဆောင်ပေးသည့်အပြင် ၎င်းအတွင်းသိမ်းဆည်းထားသော အချက်အ လက်များကို ကာကွယ်ပေးပြီး အပြင်ဘက်တွင် မည်သည့်application မျိုးမဆို လုပ်ဆောင်မှုများကို လည်း ကာကွယ်ပေးကြောင်း သိရသည်။

သို့ရာတွင် အစ္စရေးသုတေသီများက“container” အတွင်းရှိ အချက်အလက်များကို ဟက်ကာများရ ယူနိုင်သည့်နည်းလမ်းတစ်ရပ်ကို တွေ့ရှိခဲ့သည်။ သုတေသီများသည် ဖုန်းခေါ်ဆိုမှုများကို နားထောင် ခြင်း၊e-mail များ ခြေရာခံခြင်းနှင့် သိမ်းဆည်းထားသောအချက်အလက်များကို ဟက်ကာများ ခိုးယူနိုင် သည့်နည်းလမ်းတစ်ရပ်ကို တွေ့ရှိခဲ့သည်။

Ben-Gurion တက္ကသိုလ် ဆိုက်ဘာ လုံခြုံရေးဓာတ်ခွဲခန်းမှ သုတေသီ မော်ဒီချီဂူရီက ယင်းဆော့ဖ်ဝဲလ်၏ လုံခြုံရေးလွယ်ပေါက်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဟက်ကာများသည်“malicious” application များကို အသုံးပြု၍ ဂိမ်းများ (သို့မဟုတ်) အခြားသောပရိုဂရမ်များကို ဟက်ကာတိုက်ခိုက်ခြင်းများ၊ Galaxy S4 စမတ်ဖုန်းများ၏ လုံခြုံရေးစောင့်ရှောက်မှုမရှိသည့်အစိတ်အပိုင်းတွင် အချက်အလက်များ၊ application ကူးယူခြင်းများ လုပ်ဆောင်နိုင်သည့်နည်းလမ်းတစ်ရပ်ကို တွေ့ရှိခဲ့သည်။

Mizzima - News in Burmese
Read more...
Tuesday, December 24, 2013

အမေရိကန်ပြည်ထောင်စုမှ ဆယ်ကျော်သက်အလှမယ်၏ အ၀တ် ဗလာဓာတ်ပုံများ webcam မှတစ်ဆင့် ဟက်ကာတိုက်ခိုက်ခံရ

0 comments
24.12.2013

အခြားသော webcam များ နည်းတူ Apple ကုမ္ပဏီ၏ iSight ကင်မရာ စနစ်သည် ဟက်ကာတိုက်ခိုက် ခံရနိုင်ဖွယ်ရှိကြောင်း Johns Hopkins တက္ကသိုလ်မှ သုတေသီများက ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စုမှ အသက် ၁၉ နှစ်အရွယ်ရှိ အလှမယ် ကက်ဆီဒီဝေါ့ဖ်သည် ဟက်ကာတိုက် ခိုက်ခံထားရသည့် သူမ၏ webcam ရိုက်ယူထားသော အ၀တ်စားဗလာနှင့် သူမ၏ဓာတ်ပုံနှစ်ပုံပါဝင် သော e-mail တစ်စောင်ကို အမည်မသိသူတစ်ဦးထံမှ လက်ခံရရှိခဲ့သည့်ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ သည်။

ယင်း e-mail တွင် အမည်မသိသူတစ်ဦးက ဝေါ့ဖ်အနေဖြင့် သူမ၏နောက်ထပ် အ၀တ်ဗလာဓာတ်ပုံများ ကို ပေးပို့ရမည်၊ မပေးပို့ပါက ဓာတ်ပုံများကို လူသိရှင်ကြားထုတ်ဖော်ပြသသွားမည်ဟု ရေးသားထား သည်။

အဆိုပါဓာတ်ပုံများကို လပေါင်းများစွာအတွင်း သူမ၏ လက်တော့ပ် webcam မှ ရိုက်ယူထားခဲ့ခြင်းဖြစ် သည်။ ဓာတ်ပုံရိုက်ယူနေစဉ် webcam မှ မီးလင်းခြင်း မရှိကြောင်း ဝေါ့ဖ်က ပြောကြားခဲ့သည်။ LED မီး ကို ပိတ်ထားခဲ့ခြင်း (သို့မဟုတ်) ဟက်ကာများက webcam မီးမလင်းအောင် လုပ်ဆောင်ထားခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်း၍ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ဟက်ကာများသည် ဝေါ့ဖ်နှင့် ယင်း ပတ်ဝန်း ကျင်ရှိ အခြား webcam ၁၅၀ ကျော်ကိုလည်း ထောက်လှမ်းမှုများပြုလုပ်ခဲ့သည်။

ဟက်ကာတိုက်ခိုက်သူဟု ယူဆရသူ ဂျာရက်ဒ်အာဘရာဟမ်သည် အဆင့်မြင့် နည်းပညာသုံးကွန် ရက် နှင့် ချောင်းကြည့်ဆော့ဖ်ဝဲလ်များကို အသုံးပြု၍ အခြားသူများ၏ webcam များကို ဟက်ကာ တိုက်ခိုက် ခြင်းဖြင့် ပုဂ်္ဂိုလ်ရေးရာ အချက်အလက်များကို အခွင့်မရှိဘဲ ၀င်ရောက်ခဲ့သည်ဟု FBI က ပြော ကြား သည်။ အာဘရာဟမ်သည် ခြိမ်းခြောက်၍ ငွေညှစ်သည့်စွဲချက်များဖြင့် အပြစ်ရှိကြောင်း ၀န်ခံထွက်ဆို ထားသည်။

မိမိတို့အနေဖြင့် သံသယဖြစ်ဖွယ်ရှိသူများကို ၎င်းတို့၏ webcam မှတစ်ဆင့် ထောက်လှမ်းရန် “mal ware” ဟူခေါ်သော ဆော့ဖ်ဝဲလ်ပရိုဂရမ်တစ်ရပ်ကို အသုံးပြုခဲ့ကြောင်း FBI က ယခုလ အစောပိုင်း တွင် ထုတ်ပြန်ပြောကြား ခဲ့သည်။

အဆိုပါ maleware ဆော့ဖ်ဝဲလ်ပရိုဂရမ်သည် ဟက်ကာတိုက်ခိုက်ခံရသူ၏ webcam ရှိ LED မီးအလုပ် လုပ်ခြင်းမရှိဘဲ ထောက်လှမ်းမှုများ ပြုလုပ် နိုင်သည်။ ယင်းဆော့ဖ်ဝဲလ်သည် ဝေါ့ဖ်၏ webcam ဟက် ကာတိုက်ခိုက်ခံရပြီး အ၀တ်ဗလာပုံများကို ယူဆောင်ခြင်းခံခဲ့ရသည့်အချိန်က သူကပြောကြားသော အသံထောက်လှမ်းမှုဆော့ဖ်ဝဲလ်နှင့် တူညီမှုရှိသည်။

Apple ကုမ္ပဏီ၏ iSight camera စနစ်နှင့် အခြား webcam များတွင် LED မီးလုံးနှင့်webcamအလုပ် လုပ်ဆောင် သည့်အခါ LED မီးလုံးက ရိုက်ယူမည့် နေရာကို အလိုအလျောက်ရိုက်ယူနိုင်အောင် လုပ် ဆောင်ပေးသည်။

မိမိနှင့်လုပ်ဖော်ကိုင်ဖက်များသည် Sight ကင်မရာစနစ်နှင့် ကင်မရာအလုပ် လုပ်ဆောင်သည့်အခါLED မီးလုံးအလုပ် လုပ်ဆောင်ခြင်းမရှိမှုကို ဟက်ကာ တိုက်ခိုက်ခဲ့ကြောင်း Jogns Hopkins သတင်းစာမှ ပူးတွဲစာရေးဆရာ တစ်ဦးဖြစ်ပြီး လက်ထောက်ပါမောက္ခတစ်ဦးလည်းဖြစ်သူ စတီဖင်ချက်ဝေးက ပြော ကြားသည်။

ချက်ဝေးနှင့် မက်သော်ဘရော့ကာတို့သည် ကင်မရာ၏ LED မီးလုံးကို မီးမလင်းစေဘဲ အသံဗီဒီယိုနှင့် ဓာတ်ပုံများကို ရိုက်ယူသည့်ကင်မရာ၏စနစ်ကို ထိန်းချုပ်နိုင်ခဲ့သည်။ ၎င်းတို့အဖွဲ့သည် iSight ကင်မရာ စနစ်အတွင်းရှိ သေးငယ်သောထိန်းချုပ်မှုစနစ်ကို ပြန်လည်အစီအစဉ်ရေးဆွဲခြင်းဖြင့် ရယူလိုသည့်အရာ များကို လုပ်ဆောင်နိုင်ခဲ့သည်။

ဝေါ့သည် ဟက်ကာတိုက်ခိုက်ခံရသည့်webcam မှတစ်ဆင့် သူမ၏ အ၀တ်ဗလာဓာတ်ပုံများကို ရယူ ခြင်း ခံရသည့် ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရသည်။ Apple ကုမ္ပဏီနှင့် အခြားwebcam ထုတ်လုပ်သည့် ကုမ္ပဏီ များသည် malwareဟက်ကာ တိုက်ခိုက်သည့်အစီအစဉ်နှင့် ကြုံတွေ့နေကြရသည်။

လက်ရှိအချိန်တွင် လူထောင်ပေါင်းများစွာသည် PC Rental Agent ဟု အမည်ပေးထားသော webcam ဆော့ဖ်ဝဲလ်မှ တစ်ဆင့်စုံစမ်း ထောက်လှမ်းမှုများ ခံရဖွယ်ရှိကြောင်း ပြည်ထောင်စု ကုန်သွယ်ရေးကော်မ ရှင်က ပြောကြားသည်။

ယင်းအစီအစဉ်ကို ကမ္ဘာတစ်ဝန်းမှ ကွန်ပျူတာ ၄၂၀,၀၀၀ တွင် ယခင်က တပ်ဆင်ထားကြောင်း သိရ သည်။ webcam များကို အသုံးပြုခြင်းမရှိပါက စက္ကန့်ဖြင့် ဖုံးအုပ်ထားခြင်းသည် webcam ဟက်ကာ တိုက်ခိုက်ခြင်းခံ ရသည့်အန္တရာယ်ကို ကာကွယ်သည့် အလုံခြုံဆုံးနည်းလမ်းတစ်ရပ် ဖြစ်သည်။

Mizzima - News in Burmese
Read more...
Monday, December 23, 2013

မျက်နှာသွင်ပြင်ဖတ်၍ တိုင်းရင်းသားလူမျိုး ခွဲခြားနိုင်မည့် ကွန်ပျူတာစနစ်လေ့လာ

0 comments
23.12.2013

မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် လူမျက်နှာသွင်ပြင်ကို ဖတ်ရှုရုံမျှဖြင့် တိုင်းရင်းသားလူမျိုး ခွဲခြားနိုင်သည့် စနစ်ကိုသုတေသနပြု လေ့လာလျက်ရှိကြောင်း ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ စာတမ်းရှင် ဒေါ်လှိုင် ထိပ် ခေါင်တင်က ပြောကြားသည်။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ ရန်ကုန် ကွန်ပျုတာ တက္ကသိုလ်နှင့် Association of Japan Myanmar Mutual Cooperation တို့ ပူးပေါင်း၍ ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ကျင်းပသည့် First International Conference on Energy, Environment and Human Engineering စာတမ်းဖတ်ပွဲအတွင်း ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုး မျိုးနွယ်စု များစွာရှိရာ အဓိက မျိုးနွယ်စု အနေနှင့် ရှစ်မျိုးရှိသဖြင့် ယင်းမျိုးနွယ်စုအပေါ် မူတည်ပြီး လူမျက်နှာကို ဖတ်ရှုကာ တိုင်းရင်းသားလူမျိုး ခွဲခြားနိုင်မည့်စနစ် (Automatic Race Identification From Face Images In Myanmar) ကို ရေးသား ပြု စုနေခြင်း ဖြစ်ကြောင်း ယင်းစနစ်ကို ဝယ်ယူ အသုံးပြုလိုသည့် ကုမ္ပဏီများ အနေနှင့်မူ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့၏ သဘောတူညီချက် ရရှိရန် လိုအပ် မည် ဖြစ်ကြောင်း ဒေါ်လှိုင် ထိပ်ခေါင်တင်က ဆက်လက်ပြောဆိုသည်။

“ဒီလူမျိုးနွယ်စု ခွဲခြားတဲ့စနစ်က ၉၀ ရာခိုင်နှုန်းကျော် မှန်ကန်ပါတယ်” ဟု ၎င်းကဆိုသည်။ယင်းသို့ စာတမ်းပြုစုရန်အတွက် လူမျက်နှာ သွင်ပြင်များကို ၂၀၀၉ ခုနှစ်က စတင်လေ့လာခဲ့ခြင်း ဖြစ်ပြီး တိုင်းရင်းသား မစစ်သူများနှင့် အခြားမျိုးနွယ်စု များကိုလည်း ဆက်လက် လေ့လာလျက် ရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်ထံမှ သိရသည်။

The Voice Weekly
Read more...
Wednesday, December 18, 2013

ကမ္ဘာ့သမိုင်းဝင်ပုဂိ္ဂုလ်များ ရှာဖွေသည့် software အမေရိကန်ထုတ်လုပ်

0 comments
18.12.2013

ကမ္ဘာ့သမိုင်းတွင် အထင်ရှား အရေးအပါဆုံးသောပုဂ်္ဂိုလ်များအား ခန့်မှန်း တွက်ချက်ရှာဖွေသည့် software တစ်မျိုးကို အမေရိကန် တွင် တီထွင်ထုတ်လုပ် လိုက်ပြီဖြစ်သည်။

၎င်း software သည် ကျော်ကြားသော ပုဂ်္ဂိုလ်များနှင့်ပတ်သက်သည့် သုံးသပ်ချက်များကို အင်တာနက် ပေါ်တွင် ရှာဖွေထောက် လှမ်း မည်ဖြစ်ပြီး ၎င်းပုဂိ္ဂုလ်များ သေဆုံးပြီးနောက် နှစ်ပေါင်း ၂၀၀ အတွင်း မည်မျှလောက် ဆက်လက်အရေးပါနေဦးမည်ကို ကြိုတင်ဟောကိန်းထုတ်ရန် အထူးစီမံ ထားသော တွက်ချက်သည့်နည်းစနစ်တစ်ခုကိုလည်း အသုံးပြုထားသည်။

အဆိုပါအင်တာနက်ရှာဖွေရေးအစီအစဉ်သစ်ဖြင့် သမိုင်းတွင် အထင်ရှားဆုံး သူများအား ခန့်မှန်းရှာဖွေ တွက်ချက်ခဲ့ရာ Jesus (သခင်ယေရှု)သည် အကျော်ကြားဆုံးဖြစ်ပြီး စစ်ဘုရင် နပိုလီယံမှာ ဒုတိယနေ ရာတွင်ရှိသလို မိုဟာမက်မှာ တတိယနေရာတွင် ရှိနေသည်။

လူအများ၏ အရေးပါမှုအဆင့်ကို အင်တာနက်တွင် ၎င်း software အစီအစဉ်တစ်ရပ်ဖြင့် ရှာဖွေရာတွင် ဗြိတိန်သည် အဆင့် အမြင့်ဆုံး နေရာတွင်ရှိနေသည်ကို တွေ့ရှိရသည်။

ဝီလီယံရှိတ်စပီးယားသည် အကျော်ကြားဆုံးပုဂ်္ဂိုလ်စာရင်းတွင် စတုတ္ထနေရာရှိနေပြီး အမေရိကန် သမ္မတဟောင်း များဖြစ်သော အေဘရာဟမ်လင်ကွန်းနှင့် ဂျော့ဝါရှင်တန်တို့မှာ ပဉ္စမနေရာနှင့် ဆဋ္ဌမ နေရာတို့တွင် ရှိနေကြသည်။

ထို့အတူ Adolf Hitler သည် နံပါတ်(၇) နေရာတွင်ရှိပြီး အရစ်တိုတယ်မှာ နံပါတ် (၈)နေရာတွင်ရှိသလို Alexander the Great နှင့် အမေရိကန်သမ္မတဟောင်း တစ်ဦးဖြစ်သူ သောမက်စ်ဂျက်ဖာဆင်တို့သည် နံပါတ်(၉)နှင့် နံပါတ်(၁၀)နေရာတို့တွင် အသီးသီး ရှိနေကြသည်။

အင်္ဂလန်ဘုရင်များနှင့် ဘုရင်မများသည်လည်း အဆင့်မြင့်အပိုင်းများတွင် ရပ်တည်နေကြသည်။ ဟင်နရီ VIII သည် နံပါတ်(၁၁)နေရာတွင်ရှိပြီး အဲလိဇဘတ်မှာ နံပါတ်(၁၃)နေရာတွင်ရှိသလို ဗစ်တိုးရီးယား ဘုရင်မကြီးနှင့် ချားလ်တို့သည် နံပါတ်(၁၆)နှင့် နံပါတ်(၃၉)နေရာများတွင်ရှိနေကြသည်။

အင်္ဂလန်တွင် ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် အချမ်းသာဆုံးပုဂ်္ဂိုလ်များ၏ ဆန်ခါတင်စာရင်း ထိပ်ဆုံးတွင် ရှိနေသော အိုလီဗာ ခရွန်းဝဲလ် သည်လည်း နံပါတ် (၅၀)ကျော်လေးတွင်ရှိနေသည်။

အံ့သြဖွယ်ကောင်းသည်မှာ နယ်ဆင်မန်ဒဲလားသည် သမ္မတဘားရက်အိုဘားမားနှင့် ဗြိတိန်ဝန်ကြီးချုပ် ဟောင်း မာဂရက်သက်ချာ တို့၏နောက် နံပါတ်(၃၅၆)နေရာတွင်ရှိနေခြင်းဖြစ်သည်။

အိုဘားမားသည် နံပါတ်(၁၁၁)တွင်ရှိပြီး မာဂရက်သက်ချာမှာ နံပါတ် (၂၇၁) နေရာတွင်ရှိနေသည်။ ဖော်ပြပါ software ၏ တိုင်းထွာတွက်ချက်မှုသည် လူမှုရေးဆိုင်ရာအပြောင်းအလဲများ တွက်ချက်ရန် အတွက်လည်း အသုံးပြုနိုင်ပြီး ၎င်း software ၏ အကျိုးကျေးဇူးကြောင့် လူ့အဖွဲ့အစည်းအတွင်း အမျိုး သမီးများ၏ အရေးပါမှုကိုလည်း ပိုမိုထင်ရှားစေကြောင်း နယူးယောက်ရှိ Stony Brook တက္ကသိုလ်မှ ကွန်ပျူတာသိပံ္ပပါမောက္ခ စတီဗင်စကီနာက ပြောကြားထားသည်။

အမျိုးသမီးများသည် အောင်မြင်မှုအဆင့်များတွင် အမျိုးသားများထက်ပို၍ လိုအပ်နေသည်ကို သက်သေ ပြနိုင်ကြောင်း ၎င်းက Sunday Times သတင်းစာကို ပြောကြားထားသည်။

မိုးဇက်သည် ဂီတလောက၏အဆင့်မြင့်ဆုံး နံပါတ်(၂၄)နေရာတွင်ရှိပြီး ၎င်းနောက်တွင် ဗီသိုဘင်နှင့် ဘတ်ခ်ျတို့မှာ နံပါတ်(၂၇)နှင့် (၄၈)နေရာတို့တွင် အသီးသီးရပ်တည်နေကြသည်။ အဲလိဇဘတ်ဘုရင်မ ကြီးသည် အဆင့်မြင့်ဆုံးအမျိုးသမီးအဖြစ် နံပါတ်(၁၃)နေ ရာ ၌ ၎င်း၏ ဖခင်ဟင်နရီ VIII ၏ နောက်နှစ် ဆင့်အကွာတွင်ရှိသည်။

မက်ဒေါနားသည် နံပါတ်(၁၂၁) နေရာတွင်ရှိနေပြီး ဂျွန်လန်နွန်သည် နံပါတ် (၁၆၂) နေရာတွင်ရှိနေ သည်။ သို့သော်လည်း Elvis မှာ အထင်ရှားဆုံးပေါ့ပ် အဆိုရှင်အဖြစ် နံပါတ်(၆၉)နေရာတွင် ရှိနေသည် ကို ဖော်ပြပါsoftware ၏တွက်ချက်မှုဖြင့် တွေ့ရှိထားသည်။

Mizzima - News in Burmese
Read more...

SME စီးပွားရေးလုပ်ငန်းများအတွက် အခမဲ့ဝက်ဘ်ဆိုဒ် ရေးဆွဲပေးမည်

0 comments
18.12.2013



အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများ (SME) အတွက် အခမဲ့ဝက်ဘ်ဆိုဒ် ရေးဆွဲပေးမည်ဖြစ်ကြောင်း Orgnima ကုမ္ပဏီမှ Web Developer ဖြစ်သူ မခင်စန်းလှိုင်က ပြောသည်။

အခမဲ့ရေးဆွဲပေးရာတွင် ကုမ္ပဏီများအတွက် Sub Domain (၀က်ဘ်ဆိုဒ်တစ်ခု အောက်တွင်ကိုယ်ပိုင် နာမည်)ဖြင့်သာ ၀က်ဘ်ဆိုဒ်ကို ရေးဆွဲပေးမည်ဖြစ်သည်။

၎င်းက “ကုမ္ပဏီတွေအတွက် ၀က်ဘ်ဆိုဒ်ကို အခမဲ့ရေးဆွဲပေးပါမယ်။ ဒါပေမဲ့ Sub Domain နဲ့ ရေးဆွဲ ပေးမှာပါ။ ကိုယ်ပိုင် Domain နဲ့ ရေးဆွဲပေးဖို့ဆိုရင် အခကြေးငွေကောက်ခံသွားမှာပါ”ဟု ဆိုသည်။

ထို့ပြင် ကုမ္ပဏီကိုယ်ပိုင်Domain ဖြင့် ရေးဆွဲပါက Domain Name၊ Hosting နှင့် ကုမ္ပဏီ Domain နာမည်ဖြင့် အီးမေးလ်လိပ်စာ ၆၀ ခုကို တစ်နှစ်လျှင် ကျပ် ၆၆,၆၀၀ ကုန်ကျမည်ဟု ပြောသည်။

“အခမဲ့ရေးဆွဲပေးဖို့ မနေ့ကပဲ ကြေညာလိုက်တယ်။ အခုရေးဆွဲဖို့ စိတ်ဝင်စားတဲ့ကုမ္ပဏီတွေက ဖုန်း ဆက်ပြီးမေးကြတယ်။ ကြိုက်နှစ်သက်ရာ Website Template ကို Orgnima Websit မှာ ကြည့်ပြီးရွေး ချယ်နိုင်ပါတယ်”ဟု ပြောသည်။

ရွေးချယ်လိုသည့်Websit Template ကိုhttps://www.facebook.com/Orgnima တွင် ကြည့်ရှုနိုင်ပြီး အခမဲ့ ၀က်ဘ်ဆိုဒ်ရေးဆွဲလိုသည့် လုပ်ငန်းရှင်များအနေဖြင့်Orgnima ကုမ္ပဏီ ဖုန်း- ၀၉-၂၅၀၀၀၀၈၉၂ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။


Mizzima - News in Burmese
Read more...
Saturday, December 7, 2013

မြန်နှုန်း မြင့် အင်တာ နက်လိုင်း တည်ဆောက် မှု ပြီးစီး ဟုဆို

0 comments


ဂျပန် အကူ အညီဖြင့် Sumitomo Corporation၊ NEC Corporation နှင့် NTT Communications Corporation တို့ ပူးတွဲ တည်ဆောက် နေသော မြန်နှုန်း မြင့် အင်တာ နက်လိုင်း တည်ဆောက်မှု ပြီးစီး ပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ များက ထုတ်ပြန် ကြေညာ သည်။ အဆိုပါ အင်တာနက် ဆက်ကြောင်းကို ဒီဇင်ဘာလ ၄ ရက်နေ့က ဆက်သွယ်ရေး၊ သတင်း အချက် အလက်နှင့် နည်းပညာ ဝန်ကြီး ဌာနထံ သို့ နေပြည် တော်တွင် တရားဝင် လွှဲအပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီ လ လယ်အထိ နည်း ပညာပိုင်း ဆိုင်ရာ များကို ဆက်လက် ကူညီမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ များထံမှ သိရသည်။

အဆိုပါ စီမံ ကိန်းကို အကောင် အထည် ဖော်ရန် ၂၀၁၃ ခုနှစ် မေလက သဘောတူ စာချုပ် ချုပ်ဆို ခဲ့ပြီး ဂျပန် အစိုးရ၏ ODA ချေးငွေမှ အကူ အညီဖြင့် JICA (ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ) က တာဝန်ယူ စီမံ ခန့်ခွဲ၍ တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ယခုစီမံ ကိန်းကို (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူး တို့တွင် အင်တာနက် သုံးစွဲမှု အဆင်ပြေ စေရေး အတွက် ရည်ရွယ်၍ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက် အလက်နှင့် နည်းပညာ ဝန်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။ မြန်မာ နိုင်ငံတွင် ကျင်းပ နေသော အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ နီးချိန် များတွင် အင်တာနက် မြန်လာ မည်ဟု ဆိုသော်လည်း ပိုမို နှေးကွေး လာသဖြင့် ဝေဖန်မှု များ ရှိနေ သည်။

“SEA Games နားနီးရင် အင်တာနက် မြန်မယ်သာ ပြောတာ။ ဒီရက် ပိုင်းမှာ အင်တာနက်က ပိုစုတ်ချာ လာတယ်။ ဒီအ တိုင်းဆို မလွယ်ဘူး” ဟု Web Programmer တစ်ဦး ဖြစ်သူ ဦး စိုးမိုးက ဆိုသည်။ အဆိုပါ စီမံကိန်းတွင် ရန်ကုန်-မန္တလေး-နေပြည်တော် 30 Gb အမြန် နှုန်းမြင့် အင်တာ နက်လိုင်း တည်ဆောက်ခြင်း၊ အဆိုပါ မြို့များတွင် 4G LTE ကွန်ရက်နှင့် 10 Gb မိုဘိုင်းလ် အင်တာနက် စနစ် တည်ဆောက်ခြင်း၊ LTE Station ၅၀ ကို မြို့ကြီး သုံးမြို့တွင် တည်ဆောက် ခြင်းတို့ ပါဝင်ကြောင်း ဂျပန် ကုမ္ပဏီ များက ကြေညာခဲ့ သည်။

အဆိုပါ စီမံ ကိန်းကြောင့် အင်တာနက် အသုံး ပြုသူ တစ်သန်း၊ တယ်လီ ဖုန်းလိုင်း ၁ ဒသမ ၅ သန်းနှင့် LTE စနစ် သုံးစွဲသူ ၄၀,၀၀၀ ထပ်မံတိုး ချဲ့နိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက် အလက်နှင့် နည်းပညာ ဝန်ကြီး ဌာနထံမှ သိရသည်။

The Voice
Read more...
Thursday, December 5, 2013

တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီ မြန်မာဝန်ထမ်း ၁၀၀၀ ခန့်မည်

0 comments


မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း တင်ဒါအောင် ထားတဲ့ နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော Telenor ကုမ္ပဏီက လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံသား ၀န်ထမ်းအရေ အတွက် တစ်ထောင် တိုက်ရိုက်ခန့်သွားဖို့ရှိတယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ဆရာစံလမ်းက သမ၀ါယမ အဆောက်အဦးမှာကျင်းပတဲ့ အလုပ်လျှောက်လွှာလက်ခံပွဲမှာ တယ်လီနောကုမ္ပဏီရဲ့ မြန်မာနိုင်ငံဝန်ထမ်းဆိုင်ရာ အမှုဆောင်အရာရှိ Ms.Tipayarat Kaewsringarm က စကားပြန်ကနေတဆင့် ပြောပါတယ်။

“တယ်လီနော မြန်မာအနေနဲ့ ၂ဝ၁၄ အတွင်းမှာ လူတစ်ထောင် တိုက်ရိုက်ခန့်သွားဖို့၊ တယ်လီနောနဲ့ ဆက်စပ်တဲ့ လုပ်ငန်းစဉ်တွေကနေပြီးတော့တဆင့် လူနှစ်ထောင်လောက် ခန့်သွားဖို့ရှိတယ်၊ သြဂုတ်လ ကနေ စခဲ့တာဆိုတော့ အဲဒီ ၄ လအတွင်းမှာ လုပ်ငန်းစဉ်အလိုက် ဦးဆောင်ပြီးတော့ စီမံကိန်းတွေချပြီး လက်တွေ့ဆောင်ရွက်မယ်ဆိုတဲ့ အကြီးပိုင်းတွေ လူ ၂၅ဝ နီးပါးလောက်တော့ အဓိက ထားပြီးတော့ ခေါ် သွားပါပြီလို့၊ ဒေသခံဆက်သွယ်ရေး အရာရှိအနေနဲ့ ကချင်ပြည်နယ်တို့၊ ရှမ်းပြည်နယ် တို့မှာလည်း ခန့်ထားဖို့အတွက် စပြီးတော့ခေါ်နေပါပြီ”

ဒီနေ့ပြုလုပ်တဲ့ အလုပ်လျှောက်လွှာလက်ခံတဲ့အစီအစဉ်ကို ရန်ကုန်ဒေသခံတွေသာမက နယ်ဒေသက သူတွေ လည်း ထောင်နဲ့ချီပြီး လာရောက်လျှောက်ထားကြပါတယ်။

ဆက်သွယ်ရေးတင်ဒါအောင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေအလုပ်ခေါ်တဲ့အခါ ပထမနှစ်မှာ မြန်မာနိုင်ငံသား (၂၅) ရာခိုင်နှုန်း၊ ဒုတိယနှစ်မှာ (၅၀) ရာခိုင်နှုန်းနဲ့ တတိယနှစ်မှာ (၇၅) ရာခိုင်နှုန်းအထိ ခန့်ထားပေး သွားရမယ်လို့ အစိုးရကသတ်မှတ်ထားပါတယ်။
 
RFA
Read more...
Tuesday, November 26, 2013

ပြည်ပနိုင်ငံလေးနိုင်ငံမှ ပြည်တွင်းသို့ Ytalk စနစ်ဖြင့် ဖုန်းခေါ်နိုင်ပြီ

0 comments
26.11.2013

ရန်ကုန်၊ မဇ္ဈိမ။ အမေရိကန် ၊ အင်္ဂလန် ၊ စင်င်္ကာပူနှင့် ထိုင်းနိုင်ငံများမှ ပြည်တွင်းသို့ Ytalk ဖုန်းခေါ်ဆို မှုစနစ်ဖြင့် ခေါ်ဆိုနိုင်ပြီ ဖြစ်ကြောင်း Ytalk Service ကို ၀န်ဆောင်မှုပေးနေသော VMG Telecom Co,ltd မှ အထွေထွေ မန်နေဂျာ ဦးအောင်မင်းသိန်းက နိုဝင်ဘာ ၂၆ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ Ytalk ဖုန်းခေါ်ဆိုမှု စနစ်သည် ယခင်က ပြည်တွင်းမှ ပြည်ပနိုင်ငံများကိုသာ ခေါ်ဆိုနိုင်ပြီး နိုဝင်ဘာ ၂၂ ရက်မှ စတင်ကာ ပြည်ပနိုင်ငံများမှ ပြည်တွင်းသို့ စတင် ဖုန်းခေါ် ဆိုနိုင်ခြင်း ဖြစ်သည်ဟု ဦးအောင်မင်း သိန်းက ဆိုသည်။

ဦးအောင်မင်းသိန်းက " နောက်ပိုင်း အခြားနိုင်ငံတွေမှာလည်း အသုံးပြုနိုင်အောင် လုပ်သွားဖို့ရှိတယ်။ ဖုန်းခေါ်ဆိုမှု တစ်နိုင်ငံဆီ ရရှိနိုင်ဖို့က ဟိုဘက်က နိုင်ငံတွေက အော်ပရေတာ ညှိနှိုင်းရတာ ကြာတယ်" ဟုပြောသည်။

ယင်းသို့ ပြည်ပ နိုင်ငံများမှ ဖုန်းခေါ်ဆိုနိုင်သော်လည်း နိုင်ငံတိုင်းတွင် Ytalk ဖုန်းငွေဖြည့်ကတ် ကိုရောင်း ချ ပေးနိုင်ခြင်း မရှိသေးဘဲ မြန်မာအများဆုံး နေထိုင်သော ထိုင်း၊ စင်္ကာပူနှင့် မလေးရှားရှိ ဆိုင်အချို့ တွင်သာ ရောင်းချပေးသည်ဟုလည်း VMG Telecom Co,ltd မှ သိရသည်။ ကတ်ရောင်းချမှု မရှိသည့် နိုင်ငံ များ အတွက်မူ ပြည်တွင်းကသာ ၀ယ်ယူ၍ နံပါတ် ပို့ပေးနိုင်မည် ဖြစ်သည်။

"နိုင်ငံခြားက Ytalk နဲ့ ဖုန်းခေါ်ချင်ရင် Ytalk ငွေဖြည့်ကတ် ထည့်ရမယ်။ ငွေဖြည့်ကတ်ကို ပြည်တွင်းက သူတစ်ဦးဦးက ၀ယ်ပြီး Ytalk Name နဲ့ Password ကို ပို့ပေးရင် ဟိုဘက်မှာ ဖြည့်သွင်း အသုံးပြုနိုင် မှာပါ“ဟု ပြောသည်။

ထို့ပြင် မိုဘိုင်းဖုန်းများအတွက် လိုအပ်သည့် Ytalk application ဆော့ဖ်ဝဲလ်ကို googleplay ၊ applestore နှင့်www.ytalk.com.mmတွင် ဒေါင်းလုတ် ရယူနိုင်မည်ဖြစ်သည်။ Ytalk ဖြင့် ဖုန်းခေါ် ဆိုမှုတွင် မိုဘိုင်းဖုန်းအသုံးပြု၍ အင်တာနက်စနစ်ဖြင့် အသုံးပြုနိုင်မည့်အပြင် အင်တာနက်မလိုဘဲ တိုက်ရိုက် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

Ytalk စနစ်ဖြင့် ဖုန်းခေါ်ဆိုရာတွင် နိုင်ငံအလိုက် ဖုန်းခေါ်ဆိုခများကို အသီးသီး သတ်မှတ်ထားပြီး စင်္ကပူနိုင်ငံနှင့် အမေရိကန် နိုင်ငံကို တစ်မိနစ်ဝ.၀၁၅ ဒေါ်လာ(မြန်မာငွေ ၁၂ကျပ်) ၊ အင်္ဂလန်နိုင်ငံကို မိုဘိုင်းဖုန်းဖြင့် တစ်မိနစ် ၀.၂၅ ဒေါ်လာ(မြန်မာငွေ ၂၀ကျပ်) ၊ ထိုင်းနိုင်ငံကို တစ်မိနစ် ၀.၀၃ ဒေါ်လာ (မြန်မာငွေ ၂၅ကျပ်) ကျသင့်မည်ဖြစ်သည်။

Mizzima - News in Burmese
Read more...
Monday, November 25, 2013

ဆိုက်ဘာပြစ်မှုကျူးလွန်သူများက အကောင့်များ ဖောက်ထွင်းဝင်ရောက်ရန် လူမှုကွန်ရက်များကို အသုံးချနေ

0 comments
အောင်မင်း ဘာသာပြန်သည်

စကော့တလန်၊ နိုဝင်ဘာ ၂၄ 

ဆိုက်ဘာပြစ်မှုကျူးလွန်သူများအနေဖြင့် ဘဏ်အကောင့်များနှင့် ကုမ္ပဏီကွန်ပျူတာများအား Hack (ဖောက်ထွင်း ၀င်ရောက် ရန်)လုပ်ရန်အတွက် လိုအပ်သောအချက်အလက်များရရှိရန် လူမှုကွန်ရက် ၀က်ဘ်ဆိုဒ်အကောင့်အတုများကို အသုံးပြုလျက် ရှိသည်။ 

ဖေ့စ်ဘွတ်နှင့် တွစ်တာတို့ကဲ့သို့သော လူမှုကွန်ရက်ဝက်ဘ်ဆိုဒ်များတွင် သတင်းအချက်အလက်များ စုဆောင်းနေသည့် Hacker များမှ အဖွဲ့အစည်းများအား တိုက်ခိုက်နိုင်ချေရှိသည်ဟု စကော့စီးပွားရေး ပြန်လည်နလန်ထူရေးစင်တာ (SBRC)က ထုတ်ဖော် သတိပေးခဲ့သည်။

အက်ဒင်ဘတ်ရှိ ဘဏ္ဍာရေးဝန်ဆောင်မှုများပေးနေသည့် ကုမ္ပဏီတစ်ခုမှ ဖေ့စ်ဘွတ်နှင့် Linked in တို့ တွင် အကောင့်အတုများ ပြုလုပ်ထားသည့် “ကျင့်ဝတ်စောင့်ထိန်းသော”ံHacker တစ်ဦးကို ငှားရမ်းကာ အလုပ်သမားများနှင့် မိတ်ဖွဲ့မှုများပြုလုပ်နေသည်ဟုလည်း SBRC က ထုတ်ဖော်ပြောဆိုခဲ့သည်။

၎င်း Hacker အနေဖြင့် အလုပ်သမားများနှင့် သူငယ်ချင်းဖြစ်နိုင်ခဲ့ရမျှသာမက ယုံကြည်မှုပါ တည် ဆောက်နိုင်ခဲ့ကြောင်း၊ ကုမ္ပဏီ၏ကွန်ရက်များ၊ အရေးပါသော စနစ်များ၊ ထိလွယ်ရှလွယ်သော စီးပွား ရေးနှင့် စားသုံးသူအချက်အလက်များနှင့် ပတ်သက်သည်များကိုလည်း အကန့်အသတ်မရှိရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

“လူမှုကွန်ရက်တွေဟာ စကော့တလန် နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းတွေကိုများစွာအကျိုးဖြစ်ထွန်း စေပါတယ်။ ဒီလို အကျိုးဖြစ်ထွန်းစေဖို့အတွက် ဒီလုပ်ငန်းတွေဟာ စားသုံးသူတွေရဲ့ ပြောင်းလဲနေတဲ့ အနေအထားတွေကိုရရှိဖို့ လင့်ခ်တွေ၊ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေအပေါ်မှာ အကြံဉဏ်တွေနဲ့ သဘောထားမှတ်ချက်တွေ ပေးအပ်ဖို့အတွက် ကိုယ်ပိုင်အသိုင်းအ၀ိုင်းတစ်ခု တည်ထောင်တာတွေလုပ် ဖို့ လိုအပ်ပါတယ်”ဟု SBRC ၏ ဒါရိုက်တာ Mandy Haeburn-Little က ဆိုသည်။

“ဒါပေမဲ့လည်း အွန်လိုင်းပြစ်မှုကျူးလွန်သူတွေက လူတွေရဲ့ အယုံလွယ်တဲ့ သဘောသဘာဝကို ကောင်း ကောင်းသိပါတယ်။ ဒါကြောင့် အခုအချိန်မှာ သူတို့က လူမှုကွန်ရက်မီဒီယာတွေကို အသုံးပြုပြီး တစ်သီး ပုဂ္ဂလသတင်းအချက်အလက်တွေကို တရားဝင်ရယူဖို့ ကြိုးပမ်းနေကြပါတယ်”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် လူများအနေဖြင့် အွန်လိုင်းပေါ်တွင် တွေ့ဆုံရသည့် “သူစိမ်းများ”အား ပို၍သတိထားသင့် သည်ဟု Haeburn-Little က သတိပေးပြောဆိုလိုက်သည်။

“ကလေးဘ၀မှာ ကျွန်မတို့ဟာ သူစိမ်းတွေကို စကားမပြောဖို့ နေ့စဉ်လိုလို အပြောခံရပါတယ်။ အွန် လိုင်းပေါ်က အရွယ်ရောက်ပြီးသူတွေအတွက်လည်း ဒီလိုပဲပြောရမှာပါ။ သတိထားတဲ့အဆင့်အတွက် တော့ မပြောလိုပါဘူး။ ကျွန်မတို့ အများစုဟာ အွန်လိုင်းပေါ်မှာ ရိုးရှင်းစွာ အသုံးပြုကြသူတွေပါ”ဟု လည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

ပြစ်မှုကျူးလွန်သူများမှ အွန်လိုင်းပေါ်တွင် အခြားပုဂ်္ဂိုလ်တစ်ဦးဦးနှင့် ခင်မင်ရင်းနှီးသူတစ်ဦးအဖြစ် ဟန် ဆောင်ကာ သူငယ်ချင်းဖြစ် လာစေရန် စည်းရုံးကြသည်။ ထို့နောက် ပုဂ်္ဂိုလ်ရေးဆိုင်ရာ သတင်းအချက် အလက်များအား အပြန်အလှန် မျှဝေကြည့်ရှုရန်အတွက်ထုတ်ပေးလေ့ရှိကြသည်။ ၎င်းတို့ထဲတွင် လုံခြုံ ရေးဆိုင်ရာမေးခွန်းများအတွက် မကြာခဏ အသုံးပြုလေ့ရှိသော မွေးသက္ကရာဇ်၊ နေရပ်ဇာတိနှင့် အခြား သတင်းများလည်း ပါဝင်သည်။

ထိုသို့သော ချိုးဖောက်မှုများမှာ အသေးစားစီးပွားရေးလုပ်ငန်းများအား တစ်ကြိမ်တစ်ခါလျှင် စတာလင် ပေါင် ၃၅,၀၀၀ မှ ၆၅,၀၀၀ အထိ ကုန်ကျစေသည်။

PricewaterhouseCoopers မှ ထုတ်ပြန်ခဲ့သော သတင်းအစီရင်ခံစာတစ်ခုအရ အသေးစားစီးပွားရေး လုပ်ငန်းများ၏ ၈၇ ရာခိုင်နှုန်းမှာ ၁၂ လအတွင်း နည်းပညာလုံခြုံရေးပိုင်းဆိုင်ရာချိုးဖောက်မှုများခံခဲ့ရ ကြောင်း တွေ့ရှိခဲ့ရသည်။ အတိုက် အခိုက်ခံခဲ့ရသည့် လုပ်ငန်းများ၏ ၆၃ ရာခိုင်နှုန်းအား Hacker များ အပါအ၀င် “ခွင့်ပြုချက်မရရှိသည့် အပြင်လူများ” က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ချိုးဖောက်မှုများ၏ ၇၅ ရာခိုင်နှုန်းမှာ လူမှုကွန်ရက်များပိုင်းဆိုင်သည့်ဝန်ထမ်းများနှင့် ဆက်စပ်နေသည် ဟုလည်း ကုမ္ပဏီများ က ဆိုခဲ့သည်။

Mizzima
Read more...
Saturday, November 9, 2013

တစ်ကမ္ဘာ လုံး ၌ အတော်ဆုံး အင်ဂျင်နီယာ ကျောင်းသား အဖြစ် ရွှေတံဆိပ် ဆု ရခဲ့သည့် မန္တလေး မှ မြန်မာ့ ဂုဏ်ဆောင် ကျောင်းသား

0 comments


အင်္ဂလန် နိုင်ငံ City & Guilds International ( UK ) က တိုက်ရိုက် စစ်ဆေး သော စာမေးပွဲ တွင် Naypyidaw EngineeringCenter ( NEC ) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်း ကျောင်း မှ ၂၀၁၁ - ၂၀၁၂ ပညာ သင်နှစ် ကျောင်း သား တစ်ဦး ဖြစ်သည့် မောင် အာကာဟိန်း မှာ မြို့ပြ အင်ဂျင်နီယာ ဘာသာရပ် တွင် တစ်ကမ္ဘာ လုံး ၌ ပထမဆု ရ ရှိ သွားသဖြင့် ရွှေ တံဆိပ် ဆု ချီးမြှင့် ခြင်း ခံခဲ့ ရကြောင်း သိရ သည်။ မန္တလေးမြို့ အင်ဂျင်နီယာ ဒီပလို မာ သင်တန်း ကျောင်း ကို City & Guilds International ၏ Approved Centre အဖြစ် ၁၉၉၉ ခုနှစ် က စတင်ဖွင့် လှစ်ခဲ့ ပြီး ၁၄ နှစ် အ တွင်း အင်ဂျင်နီယာ ဒီပလိုမာ အဆင့် ရရှိ သွားသူ ၆၀၀ ကျော်၊ အဆင့်မြင့် ဒီပလိုမာ ရရှိ သွားသူ ၃၀ ကျော်နှင့် အောင် လက်မှတ် အဆင့် ရရှိသူ ၁၀၀၀ ကျော် မွေး ထုတ် သင်ကြား ခဲ့ပြီး ဖြစ်သည်။

''NEC ကျောင်း က စာ မေးပွဲ အောင်ဖို့ သင်တဲ့ ကျူရှင် မဟုတ် ပါဘူး။ ဂုဏ်သိက္ခာ ရှိတဲ့ အတတ် ပညာတွေ ရဖို့ သင်ပေးတဲ့ ကျောင်း ပါ။ စာမေးပွဲ အောင်ဖို့ ဆို တဲ့ ဆန္ဒ ထက် တတ်မြောက် ကျွမ်း ကျင် တဲ့ အင်ဂျင်နီယာ ဖြစ် ရမယ် ဆိုတဲ့ စိတ်နဲ့ ကြိုးစား ပါ''ဟု တစ် ကမ္ဘာလုံး ပထမ ရွှေတံဆိပ် ဆုရှင် အား ဂုဏ်ပြု ဆုချီးမြှင့် ပွဲ တွင် NEC ကို တည်ထောင်သူ ဆရာကြီး ဦးလှ အောင် က ပြောသည်။

၂၀၁၁ - ၂၀၁၂ ပညာရည် ချွန် ဆုပေးပွဲ ကို စက်တင်ဘာ ၂၈ ရက် က ဟိုတယ် မန္တလေး ခန်းမ တွင် ကျင်းပ ရာ မြန်မာ နိုင်ငံ အင်ဂျင်နီယာ အသင်း ( မန္တလေး အသင်း ခွဲ ) ဥက္ကဋ္ဌ၊ မန္တလေး မြို့ေ တာ် စည် ပင် သာယာရေးေ ကာ် မတီဝင် ဦးထွန်းကြည် က အမှာ စကားပြော ကြား ခဲ့ပြီး British Council ၏ Office Manager ဆရာ ဦးအေး ကြူ က နိုင်ငံတကာ အသိ အမှတ် ပြု သင်တန်း များ၊ စာမေးပွဲ များ နှင့် ပတ်သက် ၍ ပြောကြား ကာ NEC ကျောင်းအုပ် ဆရာကြီး ဦးလှအောင် က သင် တန်း နှင့် ပတ်သက်၍ ရှင်း လင်း ပြောကြား သည်။

တာဝန် ရှိသူများ က သင်ကြား မှု ထူးချွန် ရွှေတံဆိပ် ဆုရ ဆရာမ ဒေါ်အေးမြတ်မွန်၊ တစ် ကမ္ဘာလုံး တွင် ရွှေ တံဆိပ် ဆုရ မောင်အာ ကာဟိန်း၊ အင်ဂျင်နီ ယာ ဒီပလိုမာ နှင့် အဆင့်မြင့် Advanced Diploma ထူးချွန်စွာ အောင်မြင်သူ များ ကို ဆုများ အသီးသီး ပေးအပ် ချီးမြှင့် ကြောင်း သိရသည်။

Yangon Media Group
Read more...
Wednesday, November 6, 2013

Apple ၏ iPad Mini ကို ယှဉ်ပြိုင်ရန် Google စီစဉ်

0 comments

Wednesday, November 6, 2013

Googleသည် (၈)လက်မအရွယ် Displayကို အသုံးပြုထားသည့် Nexus 8 အမျိုးအစား Tabletကို စတင် ဖန်တီးနေပြီဟု ယုံကြည်ရကြောင်း မကြာသေးမီက ထွက်ပေါ်လာသည့် ဓာတ်ပုံများကို ကိုးကားပြီး နည်းပညာ ကောလဟလ ဝက်ဘ်ဆိုက်များက ရေးသားလာခဲ့

Google အနေဖြင့် မဟာပြိုင်ဘက်ကြီး Apple၏ Tablet အသေးစားဖြစ်သော iPad Miniကို ယှဉ်ပြိုင်ရန် ခြေလှမ်းပြင်နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ Googleသည် (၈)လက်မအရွယ် Displayကို အသုံးပြုထားသည့် Nexus 8 အမျိုးအစား Tabletကို စတင်ဖန်တီးနေပြီဟု ယုံကြည်ရကြောင်း မကြာသေးမီက ထွက်ပေါ်လာသည့် ဓာတ်ပုံများကို ကိုးကားပြီး နည်းပညာ ကောလဟလ ဝက်ဘ်ဆိုက်များ က ရေးသားလာ ခဲ့သည်။ Googleသည် Nexus 5 အမျိုးအစား စမတ်ဖုန်းသစ်ကို စတင်ထုတ်လုပ် ရောင်းချပြီး တစ်ပတ်အတွင်း မှာပင် ယခုသတင်း ပျံ့နှံ့လာခြင်း ဖြစ်သည်။ Googleထုတ် Nexus 7ထက် ထောင့်ချိုးဒီဇိုင်းများ လေးထောင့်ပို ဆန်ပြီး နောက်ဘက်ကိုယ်ထည် ပိုမိုမာကျောကျစ်လစ်သည့် Nexus 8သည် Apple၏ iPad Miniကို တိုက်ရိုက် ယှဉ်ပြိုင်လာဖွယ် ရှိနေသည်။

အကယ်၍ သတင်းများသာ အမှန်ဖြစ်ပါက Screenအရွယ်အစား (၇.၉)လက်မ ကျယ်သည့် iPad Miniနှင့် Nexus 8တို့သည် iOSနှင့် Android OSသုံး Tabletများကြား တိုက်ပွဲသစ် တစ်ခုကို အစပြုလာစေဖွယ် ရှိနေသည်။ Googleသည် ၎င်းတို့၏ နောက်ဆုံးထုတ် Android OSဖြစ်သည့် Kit Katကို Nexus 8တွင် စတင်အသုံးပြုလာဖွယ် ရှိနေပြီး Hardware စွမ်းဆောင်ရည်တွင်လည်း လက်ရှိဈေးကွက်ထဲမှ Nexus 7များထက် မြှင့်တင်လာမည်ဟု ယုံကြည်ရသည်။ Googleသည် လတ်တလောတွင် Tablet နှစ်မျိုးအဖြစ် Nexus 7နှင့် Nexus 10တို့ကို ရောင်းချနေသော်လည်း Nexus 8နှင့် ပတ်သက်၍ မည်သည့် တရားဝင် မှတ်ချက်မျိုးမျှ မပေးသေးဘဲ နှုတ်ဆိတ်နေသည်။

အသစ်ထွက်ပေါ်လာသော ဓာတ်ပုံများသည် Nexus 8၏ ပုံပြင်ကို တစ်ကျော့ပြန် သက်ဝင် လာစေခြင်းလည်း ဖြစ်သည်။ ယခုနှစ် အစပိုင်းက Googleသည် (၈)လက်မအရွယ် Tabletများကို ထုတ်လုပ်မည်ဟု သတင်းကြီးခဲ့သော်လည်း Asusက Hardwareပိုင်း တာဝန်ယူသည့် Nexus 7ကိုသာ ကုမ္ပဏီက ထုတ်လုပ်ခဲ့သည်။ ယခုအသစ်ထွက်ပေါ်လာသော ဓာတ်ပုံများကိုမူ The Verge နည်းပညာ ဖိုရမ်တွင် Britoidဟု အမည်ပေးထားသည့် Userတစ်ဦးက စတင်လွှင့်တင်လာခြင်း ဖြစ်သည်။ Googleသည် Nexus ခေါင်းစဉ်အောက်မှ ထုတ်ကုန်များကို Hardwareပိုင်း တာဝန်ယူလေ့မရှိဘဲ Softwareပိုင်းကိုသာ တာဝန်ယူသည်။ Nexusမျိုးနွယ် ဖုန်းများကို LGက ထုတ်လုပ်ပြီး Tabletများကိုမူ Asusက ဖန်တီးလေ့ ရှိကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
Read more...
Thursday, October 31, 2013

ရက်ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် အခု ၁၈၀ လုပ်လို့ ပရိုဂမ်မာဖြစ်ခဲ့သူ

0 comments

Thursday, October 31, 2013

အမည်ကတော့ Jennifer Dewalt လို့ခေါ်ပါတယ်။ ပန်းချီဆွဲတဲ့ အတတ် ပညာတစ်ခုသာ တတ်မြောက် ထားပေမယ့် ဝဘ်ဆိုဒ်ရေးသားတဲ့ Web Programming အလုပ်အပေါ် စိတ်ပါဝင်စားမှု ရှိခဲ့ပြီး ပရိုဂမ်မာ တစ်ယေက်ဖြစ်ဖို့ သူမ ကြိုးစားပါတော့မယ်။ အရင်ဆုံး Plan ဆွဲပါတယ်။

Plan ကတော့ ရှင်းပါတယ်။ JFDI ပါ။ Just *ucking do it လို့ခေါ်တဲ့ မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ခံယူချက်တစ်ခု ထားလိုက်ပြီး ရက် ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် ၁၈၀ ခု ပြီးရမယ်။ ပြီးတော့ ဆိုဒ်ကို Public မြင်အောင်ပြသမယ်။ ပြီးတော့ အဲ့အတွက် နေ့တိုင်း ခံစားချက်ရေးသားတဲ့ Blog လုပ်မယ်လို့ အလုပ် သုံးခုကို Plan ဆွဲပြီး လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ တစ်ရက်ကို တစ်ဆိုဒ်နှုန်းနဲ့ စတင် ရေးသားစဉ် အခက်အခဲ များစွာ ရှိပေမယ့် တစ်ဆင့်ပြီး တစ်ဆင့်ဖြည်းဖြည်းဆီ တက်သွားတော့ ရည်မှန်းချက်အတိုင်း အောင်မြင် သွားပါတယ်။

အောင်မြင်ပြီးသွားချိန်မှာ သူမဟာ ပရော်ဖရှင်နယ် ဝဘ်ပရိုဂမ်မာ တစ်ယောက် ဖြစ်သွားပါပြီ။ တစ်ရက်ကို Page တစ်ခုနှုန်းဆွဲလိုက်တာ Website အခု ၁၈၀ ပြီးပြီး နာမည်ကျော်လာတဲ့ Jennifer Dewalt ရဲ့  ဝဘ်ဆိုဒ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://jenniferdewalt.com/
အောင်ခမ်း (TSJ Team)
Read more...
Tuesday, October 29, 2013

Samsung နှင့်ယှဉ်ပြိင်ခြင်းကို မြှင့်တင်ရန် LG မှ မျက်နှာပြင်ခုံးစမတ်ဖုန်း ထုတ်လုပ်

0 comments
29.10.2013

အောင်မင်း ဘာသာပြန်သည်

အဓိကပြိုင်ဖက်ဖြစ်သူ Samsung Electronics Co နှင့် အမီလိုက်နိုင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံ ၏ အခြားလျှပ်စစ်ကုမ္ပဏီတစ်ခုဖြစ်သော LG Electronics Inc မှာလည်း မျက်နှာပြင်ခုံးစမတ်ဖုန်းအား လွန်ခဲ့သောတနလာင်္နေ့တွင် စတင်ထုတ်လုပ်ခဲ့သည်။

ဈေးကြီးသော စမတ်ဖုန်းဈေးကွက်အတွင်းသို့ တဖြည်းဖြည်းချင်း ၀င်ရောက်နိုင်ချေရှိသော မျက်နှာပြင်ခုံး စမတ်ဖုန်း ပြုလုပ်ခြင်းမှာ ဖုန်းထုတ်လုပ်သူများအတွက် ဈေးကွက်စစ်ဆင်ရေး မျက်နှာပြင်သစ် တစ်ရပ် ဖြစ်လာပြီဖြစ်သည်။

၎င်းစမတ်ဖုန်းများမှာ လက်ရှိစမတ်ဖုန်းများနှင့် နှိုင်းယှဉ်ပါက ပို၍ကိုင်တွယ်ရလွယ်ကူသော်လည်း မဖြစ် မနေပါရှိရမည့် Features များ မပါရှိသေးသည့်အတွက် မကြာမီအချိန်များအတွင်း သုံးစွဲသူ များပြားလာ နိုင်ချေမရှိဟု လေ့လာသုံးသပ်သူများက ပြောကြားထားပြီးဖြစ်သည်။ ယင်းအပြင် ထုတ်လုပ်မှုစရိတ်များ မှာလည်း အလွန်အမင်း မြင့်မားလျက်ရှိသည်။

Samsung နှင့်LGတို့မှထုတ်လုပ်သည့်မျက်နှာပြင်ခုံးစမတ်ဖုန်းများမှာ တောင်ကိုရီးယားဈေးကွက်အတွင်း၌
သာ ရှိနေသေးပြီး သုံးစွဲသူများ၏အကြိုက်အားလေ့လာနေဆဲဖြစ်သည်။

Samsung အနေဖြင့် လူကြိုက်များသည့် Galaxy Note မူကွဲတစ်ခုအား ယခုလ အစောပိုင်းတွင် ထုတ် လုပ်ခဲ့သည့်အတွက် ၎င်းမှာကမ္ဘာပေါ်တွင် ပထမဆုံးသော မျက်နှာပြင်ခုံးစမတ်ဖုန်းထုတ်လုပ်သူဖြစ် လာပြီဖြစ်သည်။

LG မှ ယခုသီတင်းပတ်တနလာင်္နေ့တွင် ထုတ်လုပ်လိုက်သည့်စမတ်ဖုန်းမှာ မျက်နှာပြင်အကျယ် ခြောက်လက်မရှိသည်။ ယင်း ဖုန်းအားလာမည့်လတွင် တောင်ကိုရီးယား၏ စမတ်ဖုန်းဖြန့်ဖြူးရောင်းချသည့် လုပ် ငန်းသုံးခုမှတစ်ဆင့် ရောင်းချသွားမည်ဖြစ်သည်ဟုလည်းLG က ပြောကြားထားသည်။

ဒေါင်လိုက်ခုံးထားသော မျက်နှာပြင်မှာ ရုပ်သံများကြည့်ရှုရန် ပို၍သင့်တော်ပြီး ဖုန်းဘက်ထရီကိုလည်း ဖုန်းပုံစံအား အထောက်အကူဖြစ်စေရန်အတွက် ခုံးထားသည်ဟုLG က ပြောကြားလိုက်သည်။

သို့သော် ဖုန်းဘက်ထရီအပြင်chip board နှင့် အခြားသောအစိတ်အပိုင်းများအား ပျော့လွယ်ပြင်လွယ် ကိရိယာများအဖြစ် ပြောင်းလဲနိုင်ရန်မှာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်ရှိနေဆဲပင်ဖြစ်သည်။

Mizzima - News in Burmese
Read more...
Monday, October 28, 2013

Broadband Wireless စနစ်အား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန်စီစဉ်

0 comments
28-10-2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အင်တာနက်ဝန်ဆောင်မှုအား Broadband Wireless (Wi-Fi) စနစ်ြဖင့် ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝန်ဆောင်မှုအား ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းသွားမည်ဖြစ်ကြောင်း စိတ်ဝင် စားသူများအား ဖိတ်ခေါ်ထားကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ကြီးကြပ်မှုအောက်ရှိ သတင်းအချက်အလက် နည်းပညာဌာနမှ ဝန်ဆောင်မှုပေးလျက်ရှိသည့် အင်တာနက်ဝန်ဆောင်မှု အား ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် အကျိုးတူဆောင်ရွက်လိုသည့်ပုံစံနှင့် ဝန်ဆောင်မှုပေးသွားမည့် ပြည်နယ်/ တိုင်းဒေသကြီးတို့အား Survey ပြုလုပ်၍ Technical and
Business Model Proposal မူကြမ်းအား နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အင်ဂျင်နီယာချုပ်၊ သတင်းအချက်အလက် နည်းပညာ ဌာန၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း နေပြည်တော် သို့ ပေးပို့ရမည်ဖြစ်ကြောင်း ဖိတ်ခေါ်ချက်တွင်ဖော်ပြထားသည်။ Proposal မူကြမ်းပေးပို့ရာတွင် လုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများ ယူဆောင်ပြသရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အထောက်အထား များတွင် သက်တမ်းရှိကုမ္ပဏီ မှတ်ပုံတင်လက်မှတ်၊ ကုမ္ပဏီသင်းဖွဲ့ မှတ်တမ်း/ စည်းမျဉ်း၊ နည်းပညာပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီအချက်အလက်များ စသည်တို့ပါဝင်သည်။

Proposal မူကြမ်းတွင် ပါဝင်ရမည့် အခြေခံအချက်များ ဖော်ပြထား သည့်အဆိုပြုလွှာ တင်ဒါစည်းမျဉ်း ပုံစံအား အောက်တိုဘာလ ၃၁ ရက်အထိ စုံစမ်းထုတ်ယူနိုင်ကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဖုန်း- ၀၆၇-၄၂၁၇၇၁၊ ၀၆၇-၄၂၁၂၂၂ တို့သို့ အသေးစိတ်ဆက် သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားချက်အရသိရသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှုများအနက် လုပ်ငန်း အများ အပြားအား အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန်ခဲ့ဖူးသည်။ အဆိုပါလုပ်ငန်းများတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း၊ အဝေးဆက် ဆက်သွယ်ရေး လုပ်ငန်း၊ အော်တိုဖုန်းလုပ်ငန်းစသည့် တယ်လီဖုန်းဆိုင်ရာလုပ်ငန်းများ ပါဝင်သကဲ့သို့ အင်တာနက်ဆိုင်ရာလုပ်ငန်းများလည်း ပါဝင်သည်ကို တွေ့ရသည်။ ပြည်ပဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနဆိုင်ရာလုပ်ငန်းများ၊ စာတိုက်၊ ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်းဆိုင်ရာလုပ်ငန်းများလည်းပါဝင်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။

ထွန်းထွန်း
Internet Journal
Read more...
Wednesday, October 23, 2013

မိုဘိုင်းဖုန်းတွေဟာ ဟက်ကာတွေရဲ့ အဓိကပစ်မှတ်ဖြစ်နေပါပြီ...

0 comments

Wednesday, October 23, 2013

သင့် ကိုယ်သင်...ဖုန်းပေါ်မှာ ဘာလုပ်နေလဲဆိုတာကို..သတိထားပါ...ဘာလို့လဲ..ဆိုတော့... ဆယ်သွယ်မှုလုံခြုံရေးအစီရင်ခံစာများ(Network Security Reports).အရ..မိုဘိုင်းဖုန်းတွေဟာ.. ဟက်ကာတွေရဲ့ အဓိက ပစ်မှတ်တစ်ခုဖြစ်နေလို့ပါပဲ။....

တရုတ်နိုင်ငံဆက်သွယ်မှူလုံခြုံရေးအစီရင်ခံစာအရ..

2011 ခုနှစ်မှာ..မိုဘိုင်းဖုန်း အလုံးပေါင်း.. 7.12 မီလျံ လောက်ဟာ ..အန္တရာယ်ရှိတဲ့Virus ကဲ့သိုသောအရာများရဲ့..ကူးစက်ခြင်းကိုခံရပါတယ်...
ဒီနေ့ခေတ်မှာတော့ တစ်ဖြေးဖြေး တိုးပွားနေပါပြီ....

အဲ့ဒီ့ လုံခြုံရေး အသင်းက 2011 ခုနှစ်မှာ Virus ကဲ့သို့သော အရာ 5000 ကျော်လောက်ကိုတွေ့ရှိခဲ့ပြီး..
အဲ့ဒီ့အရေ အတွက်ဟာ..2010 ကထက်..နှစ်ဆပိုများနေတာကို..တွေ့ရပါတယ်....

ဟက်ကာတွေဟာ...သင်တို့ရဲ့ ဖုန်းတွေကို ဖျက်ဆီးဖို့..တစ်ကိုယ်ရည်အချက်အလက်တွေကိုရယူဖို့...သင်တို့ရဲ့ ဘဏ်အကောင့်တွေ..လျှို့ဝှက်နံပါတ်တွေကိုရယူဖို့..
ဆော့ဖ်ဝဲနဲ့ ပရိုဂ၇မ်တွေကို ဖန်တီးလာကြပါတယ်...

ဟက်ကာတွေဟာ.. Fraud Programmes 1000 ကျော်ကို ဖန်တီးခဲ့ပြီး..
အဲ့ဒါက သင်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ထွင်းဖောက်နိုင်ပါတယ်...

Android နဲ့ Nokia Symbian ဖုန်းတွေကို ဟက်ကာတွေက အဓိကထားပါတယ် ....လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်...
အဲ့ဒီ့တိုက်ခိုက်မှုတွေက တစ်ဖြည်းဖြည်းကြီးထွားလာပြီိး....ဟက်ကာတွေဟာ .အသုံးပြုသူတွေရဲ့ သတင်းအချက်အလက်တွေရယူဖို့..Website တွေ..Forum တွေကိုလည်း ပစ်မှတ်ထားနေပါတယ်....

ဒါကြောင့်..
သင်အသုံးပြုခဲ့တဲ့ Website တွေမှာ..သင်ရဲ့ အရေးအကြီးတဲ့အချက်အလက်တွေ ဘာကျန်ခဲ့သလဲဆိုတာ သတိထားဖို့လိုအပ်ပါတယ်.....

__________________________________________________

Mobile Phones are Main Target of Hackers ကိုသင့်လျော်စွာဘာသာပြန်ထားပါသည်.......

ကွန်ပျူတာနည်းပညာ - ရွှေအိမ်စည်
Read more...
Saturday, October 19, 2013

" စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဆက်သွယ်မှုဧရိယာပြင်ပ၀န်ကြီး ဌာန တစ်ခုထပ်တိုးရန် လိုအပ်နေဟု မုံရွာမြို့ခံများပြောဆို"

0 comments

FROM : ThanLarWaddy Times
ယခုရက်ပိုင်းအတွင်း GSM , CDM 450,CDMA 800,WCDMA တယ်လီဖုန်း လိုင်းများ ပြောဆို ခေါ်ယူ၍ မရလောက်အောင်ဖြစ်နေပြီး ဆက်သွယ်ခေါ်ဆို ချိန်တိုင်း ဆက်သွယ်မှု ဧရိယာပြင်သို့ရောက်ရှိ နေပါတယ်လို့ အဆက်မပြတ် အသံထွက်ပေါ်နေလျှက်ရှိသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့တွင် ဆက်သွယ်မှုဧရိယာပြင်ပ ၀န်ကြီးဌာန တစ်ခုထပ်မံတိုးချဲ့ဖွဲ့စည်း ရန်လိုအပ်နေပြီလို့ မုံရွာမြို့ခံများအကြားပြောဆိုသံများထွက်ပေါ်နေလျှက်ရှိ နေကြောင်း သလ္လာဝတီတိုင်းမ်မီဒီယာဂရုမှ သိရှိရပါသည်။
" ဒီရက်ပိုင်းမှာ ဖုန်းလိုင်းတွေ ဘယ်လိုင်းမှ မကောင်းဘူး အရမ်းစိတ်ပျက် ဖို့ကောင်းလှပါတယ်။ ခေါ်လိုက်တဲ့ အချိန်တိုင်းမှာ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်ရှိနေပါတယ် ဆိုပြီး အဆက်မပြတ် အသံထွက်ပေါ်လာတယ်။ နောက် ပြီး တယ်လီဖုန်းဆက်သွယ်မှုလိုင်များမအားသေးပါရှင် တစ်ကယ်တန်းအဲဒီ ဖုန်းက ဘယ်မှလည်းမပြောရဘူး။ အဲဒီထက်ပိုလို့ဆိုးတာက ဖုန်းမပိတ်ပါဘဲ စက်ပိတ်ထားပါတယ်ရှင် လို့ အသံထပ်ပြီးထွက်ပေါ်လာတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်မလုပ်နိုင်ရင် လုပ်ကိုင်နိုင်တဲ့ ပြည်ပ ကုမ္ပဏီတွေကို အမြန်ချပေးသင့်တယ်။ ပြည်ထောင်းစုဝန်ကြီး ကအစ တိုင်းဆက်သွယ်ရေးက အရာရှိအရာခံတွေ ရှက်တတ်ရင်လဲသေဘို့ကောင်း ပါတယ်။
ကျွန်မတို့ ဈေးအရောင်းအ၀ယ်လုပ်တဲ့သူတွေဆိုရင် ဖုန်းအဆက်အသွယ် အခက်အခဲကြောင့် ကုန်ပစ္စည်းမှာရတာကအစ ငွေလွှဲကိစ္စအဆုံး အများကြီး အခက်ကြုံနေရပါတယ်လို့" ချင်းတွင်းရတနာဈေးမှ ကုန်သည်အမျိုးသမီး တစ်ဦးက သလ္လာဝတီတိုင်းမ် ကိုပြောပါတယ်။
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here