Showing posts with label အားကစားသတင်း. Show all posts
Showing posts with label အားကစားသတင်း. Show all posts
Thursday, April 10, 2014

အစောပိုင်းသွင်းဂိုးကို မချေဖျက်နိုင်သဖြင့် ချန်ပီယံလိဂ်မှ ထွက်ခွာသွားရသည့် ဘာစီလိုနာ

0 comments

နာမည်ကြီး ဘာစီလိုနာ အသင်းအနေဖြင့် စပိန်ပြည်တွင်းပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကို အဝေးကွင်းတွင် အရေးနိမ့်ကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှ လက်ပြနှုတ်ဆက် ထွက်ခွာ သွားပြီ ဖြစ်သည်။

အက်သလက်တီကိုတွင် ၎င်းတို့၏ အဓိက အားထားရသည့် တိုက်စစ်မှူး ဒီယေဂိုကော်စတာ မပါ ဝင်နိုင်ဘဲ ဒေးဗစ်ဗီလာ၊ အက်ဒရီယန်လိုပက်ဇ်၊ ကိုကီ၊ ရောလ်ဂါစီယာ၊ တီယာဂို၊ ဂါဘီ၊ ဖိလစ်ပီလူးဝစ်၊ ဒီယေဂိုဂေါ်ဒင်၊ ဂျိုအိုမီရန်ဒါ၊ ဟွမ်ဖရန်တို့ ပါဝင်ကစားခဲ့ကြသည်။ ဘာစီလိုနာဘက်တွင်မူ လီယွန်နယ်လ်မက်ဆီ၊ အန်းဒရက်စ် အင်နီယေစတာ၊ နေမာ၊ ဆက်စ်ဖာဘရီဂက်စ်၊ ရှာဗီဟာနန်ဒက်ဇ်၊ ဆာဂျီယိုဘုရှ်ကွက်စ်၊ ယော်ဒီအယ်လ်ဘာ၊ ဟာဗီးယား မာရှေယာနို၊ မက်ဘာထရာ၊ ဒန်နီအဲလ်ဗက်စ်တို့ ပွဲထွက်လာကြသည်။

ပွဲအစ (၅)မိနစ် ကတည်းက အက်သလက်တီကိုတို့ ဦးဆောင်ဂိုး ရရှိသွားသည်။ တိုင်ထိထွက် လာသော ဘောလုံးကို ဘာစီလိုနာ ပြတ်ပြတ်သားသား မဖျက်နိုင်သဖြင့် အက်ဒရီယန် ခေါင်းတိုက် ချပေးလိုက်သည်ကို ကိုကီက ပိတ်သွင်းသွားခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင် နှစ်ဖက်အသင်း တိုက်စစ်မှ မက်ဆီနှင့် ဗီလာတို့ အခွင့်အရေးများ အသီးသီး ရရှိခဲ့သော်လည်း ဂိုးမရခဲ့ချေ။ ပွဲချိန်မိနစ်(၄၀)တွင် မာရှေယာနိုကို ကျော်ပြေးသွားသည့် အက်ဒရီယန် ဆွဲလှဲခံရသော်လည်း ဒိုင်က ပင်နယ်တီပေး ရန် ငြင်းဆန်ခဲ့သည်။ (၄၃)မိနစ်တွင် ဘာစီလိုနာ ကွင်းလယ်လူ ဖာဘရီဂက်စ်ကို ဂေါ်ဒင် ဖျက်ထုတ်သဖြင့် လဲကျသွားသော်လည်း ဒိုင်က ပင်နယ်တီအဖြစ် မသတ်မှတ်ခဲ့ပြန်ချေ။

(၄၉)မိနစ်တွင် နေမာ၏ အားထုတ်မှုကို အက်သလက်တီကို ဂိုးသမား သီဘောက် ကော်တွိုက်စ် လက်စွမ်းပြ ကာကွယ်ခဲ့ပြီး ရှာဗီ၏ ထပ်ဆင့်ပိတ်သွင်းချက် ဂိုးဘားတန်းပေါ် ကျော်သွားသည်။ မိနစ်(၇၀)တွင် ဗီလာကို မာရှေယာနိုပင် အဖျက်ကြမ်းခဲ့ပြန်သော်လည်း ဒိုင်က ပင်နယ်တီ မပေးခဲ့ပြန်ချေ။ ပွဲပြီးခါနီးတွင် ဘာစီလိုနာက ပိုမိုဖိကစားနိုင်ရန် ကြိုးစားလာသော်လည်း အက်သလက်တီကို၏ တန်ပြန်တိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်နေခဲ့ရရင်း အဆုံးသတ်တွင် အိမ်ရှင်အသင်းကသာ အနိုင်ရရှိပြီး မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်၊ အင်္ဂလန်ကလပ် ချယ်လ်ဆီး၊ လက်ရှိချန်ပီယံ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်တို့နှင့်အတူ ချန်ပီယံလိဂ် လက်ကျန်(၄)သင်း စာရင်းတွင် ပါဝင်ခွင့် ရရှိသွားခဲ့သည်။

Soccer Myanmar
Read more...

ယူနိုက်တက်ကို အနိုင်ကစားပြီး ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့သည့် ဘိုင်ယန်

0 comments
ဘိုင်ယန်မြူးနစ် အသင်းသည် ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရသော်လည်း မန်ချက်စတာ ယူနိုက်တက် ကို နောက်မှလိုက် ကစားပြီး အနိုင်ရလဒ် ပြန်လည်ယူဆောင်ကာ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

ဘိုင်ယန်အသင်းတွင် မာရီယိုမန်ဇူကစ်၊ ဖရန့်ခ်ရစ်ဘာရီ၊ အာယန်ရော်ဘန်၊ မာရီယိုဂေါ့ဇီ၊ သောမတ်စ်မူလာ၊ တိုနီခရူးစ်၊ ဒေးဗစ်အလာဘာ၊ ဘွန်ဖင်မ်ဒန်တီ၊ ဂျရိုမီဘိုတန်၊ ဖိလစ်လမ်းတို့ ပါဝင်ကစားခဲ့ကြသည်။ ယူနိုက်တက်ဘက်တွင်မူ ဒန်နီဝဲလ်ဘက်၊ ဝိန်းရွန်နီ၊ ရှင်ဂျီကာဂါဝါ၊ အန်တိုနီယို ဗလန်စီယာ၊ မိုက်ကယ်ကာရစ်၊ ဒါရင်ဖလက်ချာ၊ ပက်ထရစ်အီဗရာ၊ ခရစ်စမောလင်း၊ နီမန်ယာဗီဒစ်နှင့် ဖီးလ်ဂျုံးစ်တို့ ပွဲထွက်လာသည်။

ပထမပိုင်းတွင် ယူနိုက်တက်အတွက် ရွန်နီ ဂိုးသွင်းခွင့်အချို့ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ နှစ်သင်းလုံး ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။ (၅၇)မိနစ်တွင် ညာခြမ်းမှ ဗလန်စီယာ ဖြတ်တင်ပေးသော ဘောလုံး ကို နောက်မှ ပြေးတက်လာသည့် အီဗရာက ဘီးကုပ်ထိပ်နားမှ မနားတမ်း အပြင်းကန်သွင်းပြီး ယူနိုက် တက်တို့ ပွဲကို ဦးဆောင်သည်။ သို့သော်လည်း အင်္ဂလန် ကလပ်အနေဖြင့် ကြာကြာပင် မပျော်လိုက်ရဘဲ ဘိုင်ယန်က (၁)မိနစ်အတွင်း ချေပဂိုး ပြန်ရသွားသည်။

ဘယ်ခြမ်းမှ ရစ်ဘာရီ ကန်တင်ပေးသော ဘောလုံးကို မန်ဇူကစ်က အီဗရာနှင့်အပြိုင် ယှဉ်ခုန်ကာ အနီးကပ် ခေါင်းတိုက် သွင်းယူသွားခဲ့သည်။ (၆၇)မိနစ်တွင် ညာခြမ်းမှ ရော်ဘန် အနိမ့်ဖြတ်ပို့ လိုက်သည့် ဘောလုံးကို ယူနိုက်တက် ခံစစ်မှူးများကြားမှ မန်ဇူကစ်က အရပိတ်သွင်းနိုင်ခဲ့ပြီး ဘိုင်ယန်တို့ ပွဲကို တစ်ကျော့ပြန် ဦးဆောင်သည်။ (၇၆)မိနစ်တွင်မူ ရော်ဘန် တစ်ကိုယ်တော် ဆွဲပြေးပြီး ဧရိယာ ထိပ်နားမှ ကန်သွင်းသည့်ဘောလုံး ဗီဒစ်ကိုထိကာ လမ်းကြောင်းအတန်ငယ်ပြောင်းပြီး ဂိုးဝင်သွား သည့်နောက် ပွဲအဖြေ ပြတ်သားသွားပြီး ဘိုင်ယန်တို့ ရလဒ်ကို ထိန်းကစားကာ အကြိုဗိုလ်လုပွဲအဆင့် တက်ရောက်သွားခဲ့သည်။

Soccer Myanmar
Read more...
Tuesday, February 18, 2014

ဘရာဇီးလ် ဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလား ကိုယ်စားပြု အလှမယ်ပြိုင်ပွဲ

0 comments
18.2.2014

Miss Butt Brazil အမည်ရှိ အလှမယ် ရွေးချယ်ပွဲကို လတ်တလောတွင် ကျင်းပနေဆဲဖြစ်ပြီး ဆန်ခါတင် (၁၁)ဦးအဆင့်ထိ ရောက်ရှိလာပြီဟု သိရသည်။

ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးတွင် အိမ်ရှင်အသင်းကို အားပေးသည့် အနေဖြင့် အလှမယ် ရွေးချယ်ပွဲတစ်ခု ပြုလုပ်နေကြောင်း သိရသည်။ ဘရာဇီးလ်အသင်း ဆဋ္ဌမ အကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆု ဆွတ်ခူးရေးသည် သန်းပေါင်း(၂၀၀)မျှရှိသည့် ဘရာဇီးလ် ပြည်သူ များအတွက် အိပ်မက်တစ်ခု ဖြစ်သော်လည်း အမျိုးသမီး တစ်ဦးကမူ ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင် ပါဝင်အားပေးခွင့် ရမည်ဖြစ်သည်။ Miss Butt Brazil အမည်ရှိ အလှမယ် ရွေးချယ်ပွဲကို လတ်တလောတွင် ကျင်းပနေဆဲဖြစ်ပြီး ဆန်ခါတင် (၁၁)ဦးအဆင့်ထိ ရောက်ရှိလာပြီဟု သိရသည်။

ယင်းတို့အနက် နောက်ဆုံး တစ်ဦးကို မတ်လ(၅)ရက်နေ့တွင် အမည်ထုတ်ပြန် ကြေညာသွားမည် ဖြစ် သည်။ ရွေးချယ်ခံရသော အလှမယ်သည် ဘရာဇီးလ် အသင်း၏ ကိုယ်စားပြု အလှမယ်အဖြစ် ပြိုင်ပွဲကာလတွင် ပရိသတ်ရှေ့ ထွက်ပေါ်လာခွင့် ရရှိမည်ဟု ဆိုသည်။ နေမာ၊ သီယာဂိုဆေးလ်ဗား အစရှိသည့် ကမ္ဘာကျော် ဘောလုံးသမားများ စုစည်းထားသည့် ဘရာဇီးလ် အသင်းအနက် ဆွဲဆောင်မှု အရှိဆုံးနှင့် ဆွဲဆောင်မှု အနည်းဆုံး ကစားသမား တစ်ဦးစီကို အဆိုပါ မိန်းကလေးများက မဲပေးခွင့် ရရှိခဲ့ပြီး ဆွဲဆောင်မှု အရှိဆုံးအဖြစ် နေမာက ရပ်တည်နေသည်။

ဆွဲဆောင်မှု အနည်းဆုံးမှာမူ တိုက်စစ်မှူးဟော့ခ် ဖြစ်နေကြောင်း သိရသည်။ သို့သော်လည်း မိန်းကလေး အများစု တစ်ပြေးညီ ယူဆထားသည့် ဘရာဇီးလ်ရောက် ဘောလုံးသမား အားလုံးအနက် ဆွဲဆောင်မှု အရှိဆုံး ကစားသမားမှာမူ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒို ဖြစ်နေသည်။ အိမ်ရှင်ဘရာဇီးလ် အသင်းသည် ပြိုင်ပွဲ၏ အုပ်စု(A)တွင် ပါဝင်နေပြီး ခရိုအေးရှား၊ မက္ကစီကို၊ ကင်မရွန်း တို့နှင့်အတူ ကျရောက်နေကြောင်း သိရှိရသည်။

  Planet Myanmar Network
Read more...
Tuesday, February 11, 2014

ယူနိုက်တက်၏ ကစားပုံကို အပျော်တမ်းအဆင့်မျိုးနှင့် ဖူလ်ဟမ်နောက်ခံလူ နှိုင်းယှဉ်

0 comments

Tuesday, February 11, 2014

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကစားပုံသည် အပျော်တမ်းအဆင့် ပြိုင်ပွဲများတွင် မိမိ ကစားဖူး သည့် နေ့ရက်များကိုပင် အမှတ်ရမိစေကြောင်း ဖူလ်ဟမ်နောက်ခံလူ ဒန်ဘန်းက ပြောကြားလိုက်သည်။

ဖူလ်ဟမ်သည် အိုးလ်ထရက်ဖို့ဒ်တွင် ယူနိုက်တက်ကို (၂)ဂိုးစီ သရေခံကစားခဲ့ပြီး အဆိုပါ ပွဲစဉ်တွင် အိမ်ရှင်အသင်းက တစ်ဖက်သတ် တိုက်စစ်ဆင် ထိုးဖောက်မှုများ ပြုလုပ်ခဲ့သော်လည်း ဂိုးရရှိရန် ကြိုးပမ်းမှုများ မအောင်မြင်ခဲ့ချေ။ အထူးသဖြင့် ယူနိုက်တက်သည် ဘောလုံးကို တောင်ပံသို့ ချဲထုတ်ပြီး ဖြတ်တင်ဘောများမှ ဂိုးရရန်သာ အဓိက ဦးတည်ခဲ့ပြီး ဖူလ်ဟမ်ဘက်သို့ ထောင့်ဖြတ်ဘော (၈၁) ကြိမ်ထိ ပေးပို့ တိုက်စစ်ဆင်ခဲ့သည်။ သို့သော်လည်း အရပ်(၆)ပေ၊ (၇)လက်မရှိသော ဘန်းနှင့် ၎င်း၏ ဗဟိုခံစစ် ကစားဖော် ဂျွန်နီဟိုက်တင်ဂါတို့ကို မကျော်နိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရသည်။ ဖူလ်ဟမ်မန်နေဂျာ ရင်းန်မြူလန်စတင်းကလည်း ပွဲအပြီးတွင် ၎င်းနည်းပြအဖြစ် အလုပ်လုပ်ဖူးသည့် အသင်းဟောင်း၏ နည်းဗျူဟာပိုင်းသည် ရိုးရှင်းအားနည်းလွန်းကြောင်း မှတ်ချက်ပြုခဲ့သည်။

ဘန်းကမူ ယူနိုက်တက်၏ ဖြတ်တင်ဘောသက်သက် ကစားပေါက်သည် အပျော်တမ်းအဆင့်တွင် ဒါလင်တန် အသင်း၌ မိမိကစားဖူးသည့် နေ့ရက်များကိုပင် သတိရမိစေကြောင်း ဆိုသည်။ "ကျွန်တော့် အသင်းဖော်တွေကို ပြောပြဖြစ်ပါတယ်။ အပျော်တမ်း ပြိုင်ပွဲတွေက ထွက်ခွာလာပြီးကတည်းက ပွဲတစ်ပွဲမှာ ဒီလောက် အကြိမ်ရေများများ ခေါင်းမတိုက်ဖူးဘူး ဆိုတာကိုပါ။ ဘာပဲဖြစ်ဖြစ် သူတို့ ဒီပုံစံနဲ့ ကစားတာကို ကျွန်တော် ပျော်ပါတယ်။ ကျွန်တော့်အရပ်က (၆)ပေ၊ (၇)လက်မ ရှိတယ်လေ။ ဒီလိုပုံစံ ဘောလုံးမျိုးတွေကို တုံ့ပြန်ဖို့ သိပ်အဆင်ပြေတာပေါ့။ ကျွန်တော်တို့ အနေနဲ့ ယူနိုက်တက်က ထောင့်ဖြတ်ဘောချည်း ကန်တင်နေမှန်း သိလာတော့ ခံစစ်(၄)ယောက်ကို ပိုပြီး နေရာကျဉ်းမြောင်းအောင် အလယ်မှာ စုလိုက်တယ်။ တောင်ပံတိုက်စစ်သမားတွေက ခံစစ်တောင်ပံထိ ဆင်းကူတယ်။ ဒါကို လေ့ကျင့်ရေး အစီအစဉ်တွေမှာ ကတည်းက ပြင်ဆင်ထားပြီးသားပါ။ ကျွန်တော်တို့ ခံစစ်က တကယ့်ကို ကောင်း ခဲ့ပါတယ်။ သူတို့ အခွင့်အရေး များများစားစား မရခဲ့ဘူး။ ဒုတိယဂိုး သွင်းသွားနိုင်တာ သူတို့ကံကောင်း လို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီပွဲမှာ တစ်ခုခု ရနိုင်သေးတယ် ဆိုတာမျိုး ယုံကြည်မှု ပျက်မသွားခဲ့ဘူး"ဟု ဘန်းက ဖွင့်ဟခဲ့သည်။

၎င်းက "ကျွန်တော့် ဘဝမှာ ဒါဟာ ယူနိုက်တက်နဲ့ ပထမဆုံး ရင်ဆိုင် ကစားဖူးတာပါ။ သူတို့အသင်းက ကစားသမားတွေကို ကြည့်ရုံနဲ့တင် တကယ့် ထိပ်တန်းအသင်းကြီး တစ်ခုဆိုတာ သိသာပါတယ်။ သူတို့အိမ်ကွင်းမှာ လာကစားပြီး ရလဒ်ကောင်းတစ်ခု ပိုင်ဆိုင်နိုင်တာ ကျေနပ်စရာပါပဲ"ဟု လည်း ပြောကြားသွားသည်။

Soccer Myanmar
Read more...

ဂွာဒီယိုလာ၏ ဆုံးဖြတ်ချက်ကို ကရူးစ် လက်ခံရမည်ဟု ဖီးလစ်လမ်း ပြောကြား

0 comments


11.2.2014

ပွဲထွက်စာရင်းမှ ချန်လှပ်ခံရသည့် တိုနီကရူးစ် အနေဖြင့် နည်းပြ ဂွာဒီယိုလာ၏ ဆုံးဖြတ်ချက်အတိုင်း လက်ခံ ရမည်ဟု ဘိုင်ယန်မြူးနစ် အသင်းခေါင်းဆောင် ဖီးလစ်လမ်းက ပြောကြားလိုက်သည်။

ဂျာမနီ လက်ရွေးစင် ကစားသမားသည် ဘိုင်ယန်မြူးနစ်က စတုဂတ်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ် တွင် လူစားလဲခံခဲ့ရသောကြောင့် စိတ်ဆိုးသည့် အမူအရာ ပြသခဲ့သဖြင့် ဘွန်ဒက်စ်လီဂါ ပွဲစဉ် နှစ်ပွဲတွင် အရန်ခုံတွင်သာ ထိုင်နေခဲ့ရသည်။

ထို့နောက် အသင်းခေါင်းဆောင် ဖီးလစ်လမ်းက မိမိအနေဖြင့် တိုနီကရူးစ်၏ စိတ်ခံစားမှုကို နားလည်ကြောင်း သို့သော် နည်းပြ ဂွာဒီယိုလာ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

“ဒါဟာ တိုနီ့အတွက် ကောင်းတဲ့ အချက်မဟုတ်ပါဘူး။ ဒါပေမဲ့ နည်းပြက ဆုံးဖြတ်ချက်တွေကို ချမှတ်ရတာပါ။ ဒါကို လူတိုင်း လက်ခံရမှာပါ” ဟု လမ်းက ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် ဘိုင်ယန်နှင့် ဂျာမနီ ကွင်းလယ်ကစားသမားဟောင်း စတီဖင် အက်ဖင်ဘတ်က အသက် ၂၄ နှစ်အရွယ် ကရူးစ်၏ အခြေအနေကို စာနာကြောင်း ဆိုခဲ့သည်။

“ဒါဟာ တိုနီ့အတွက် ဆေးခါးကြီးတစ်ခွက်ပါပဲ။ သူက ဟေးနက်စ်လက်အောက်မှာပဲ အမြဲ ကစားခဲ့သူပါ။ အခုအချိန်မှာတော့ ဒါတွေအားလုံး ပြီးဆုံးသွားပါပြီ။ ကမ္ဘာ့ဖလားကလည်း မကြာခင်လာပါတော့မယ်။ ဒါတွေဟာ သူ့အတွက် အကျိုးမရှိတော့ပါဘူး” ဟု ၎င်းက ပြောကြားသွားခဲ့သည်။

Soccer Myanmar
Read more...
Thursday, December 26, 2013

ပါရာဂိမ်းပြိုင်ပွဲတွင် မြန်မာကစားသမား ၂၁၆ ဦး ယှဉ်ပြိုင်မည်

0 comments
26.12.2013

၂၇ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ (27 th ASEAN Para Games) ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီးအိမ်ရှင် မြန်မာနိုင်ငံမှ အားကစားသမား ၂၁၆ဦး ၀င်ရောက် ယှဉ်ပြိုင် ဖြစ်သည်။

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ၂၀၁၄၊ ဇန်န၀ါရီ ၁၄ ရက်မှ ၂၀ ရက်ထိ နေပြည်တော်၌ ပြု လုပ်မည်ဖြစ်ပြီး အားကစားနည်း ၁၂ မျိုးပါဝင်မည် ဖြစ်သည်။ထည့်သွင်းကျင်းပမည့် အားကစားနည်း ၁၂ မျိုးမှာ မြှားပစ်၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ စစ်တုရင်၊ ဘောလုံး (7-a-side)၊ ဘောလုံး(5-a-side)၊ ဂိုးလ်ဘော၊ အလေးမ၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘော်လီဘော၊ ဘီးတပ်ဘက်စကက်ဘော ပြိုင်ပွဲ တို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးပီတာက “တချို့ကစားသမား တွေက ဒီပြိုင်ပွဲအတွက် ဇန်န၀ါရီလကတည်းက လေ့ကျင့်နေကြပါတယ်။ တချို့ကတော့ မေလလောက် ကမှ လေ့ကျင့်နေကြတာပါ။ အာဆီယံပါရာဂိမ်းပြိုင်ပွဲမှာ နိုင်ငံအလိုက်ဒုတိယနဲ့ တတိယရဖို့ မျှော်မှန်း ထားပါတယ်” ဟု ပြောကြားသည်။ အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အရှေ့တောင်အာရှမှ နိုင်ငံ ၁၁ နိုင်ငံမှ ကစားသမားတစ်ထောင်ကျော် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိသည့် နိုင်ငံသည် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပရသည်။ ထို့ကြောင့် ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသည် ဆီး ဂိမ်းပြိုင်ပွဲအပြင် ခြောက်ကြိမ်မြောက် အာဆီယံမသန်စွမ်းအားက စားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံဆိုလိုမြို့၌ ကျင်းပခဲ့သည့် ခြောက်ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ တွင် ထိုင်းနိုင်ငံမှ ရွှေတံဆိပ် ၁၂၆ ခုဖြင့် နိုင်ငံအလိုက် ပထမရရှိခဲ့ပြီး အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံမှ ရွှေတံ ဆိပ် ၁၁၃ ခုဖြင့် နိုင်ငံအလိုက် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

ပြိုင်ပွဲတွင် မြန်မာနိုင်ငံသည် ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ်ရှစ်ခု၊ ကြေးတံဆိပ် ၁၂ ခုရရှိကာ စုစုပေါင်း ဆုတံဆိပ် ၃၁ ခုဖြင့် နိုင်ငံအလိုက် အဆင့် (၆) တွင် ရပ်တည်ခဲ့သည်။

Mizzima - News in Burmese
Read more...

သန်းတိုးအောင်နဲ့ဒိုလေးကို အားကျတဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်း ကွင်းလယ်ကစားသမား သန်းသန်းထွေးနှင့် တွေ့ဆုံခြင်း

0 comments

26.12.2013

► အခု ဆီးဂိမ်းမှာ သန်းသန်းထွေးနာမည်ကို ဆိုင်းဘုတ်တွေနဲ့ အားပေးကြတယ်။ တက်တူးထိုးတဲ့ သူတောင် ရှိတယ်လို့ ကြားတယ်။ အစ်မအနေနဲ့ ဘယ်လိုခံစားရလဲ။

ဘယ်လိုပြောရမလဲ။ အတိုင်းထက်အလွန်ပေါ့။ အရမ်းကိုဝမ်းသာတယ်။ ဘယ်လိုပြောရမလဲ ကိုယ့်ရဲ့ကြိုး စားမှုကို အားပေးတဲ့အတွက် ဝမ်းသာပါတယ်။ စိတ်မကောင်းတာတစ်ခုက သူတို့ရဲ့ အားပေးမှုကို ကိုယ်က ရခဲ့ပြီး ကိုယ်က သူတို့လိုချင်တာကို ပြန်မပေးနိုင် ခဲ့ဘူး။ ပြန်မပေးဆပ်နိုင်တဲ့အတွက် အရမ်းစိတ် မကောင်းဖြစ်မိပါတယ်။

► ဆီးဂိမ်းမှာ ရွှေနဲ့လွဲချော်ခဲ့တဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဒီပွဲမှာ တော်တော်တော့ ခံစားလိုက်ရ တယ်။ ဘောလုံးကစားလာတာလည်းကြာပြီ။ ဒီပွဲကအခံစားရဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်နိုင်ငံအိမ်ရှင်အဖြစ် ကစားရတယ်။ရွှေတံဆိပ်ဆုမရခဲ့ဘူး။ ဆီးဂိမ်းမှာတစ်ခါမှ မရခဲ့ဖူးတဲ့ ဒီရွှေတံဆိပ်ကို တအားမျှော်လင့်ခဲ့တာ။ ပြီးတော့ ပြည်သူလူထုကလည်း တစ်ခဲနက် အားပေးခဲ့တဲ့အချိန် ရွှေတံဆိပ်ပဲရချင်တာ။ ပြီးတော့ အခုလိုမရခဲ့တာကို ပြည်သူလူထု ကကျေနပ် ခဲ့ကြ တယ်။ ကိုယ်ကတော့ ဘယ်စိတ်ကောင်းမလဲ။ သူတို့ပေးတာကတော့ ရွှေတံဆိပ်ဆု။ ဒါပေမဲ့ကိုယ်ရခဲ့တာ ကတော့ ကြေးတံဆိပ်က ကြေးတံဆိပ်ပါပဲ။ ဘာမှမပြောင်းလဲပါဘူး။ အဲဒီအတွက် ဝမ်းနည်း ပါတယ်။ ပြည်သူတွေ အားပေးလို့တော့ ဝမ်းသာပါတယ်။

► ဘယ်အရွယ်လောက်ကတည်းက ဘောလုံးကို စကန်ခဲ့တာလဲ။

ဝါသနာပါတာတော့ ငယ်ငယ်လေးကတည်းကပါ။ စကန်ဖြစ်တာကတော့ ၁၃ နှစ်အရွယ်လောက် ကတည်းကပါ။ ကျောင်းသားပွဲတွေမှာစကန်တာ။ ကျောင်းသားပွဲတို့ ရပ်ကွက်ပွဲတို့ကနေ တိုင်းနဲ့ပြည်နယ် ပွဲတွေမှာကန်ရင်း လက်ရွေးစင် ဖြစ်လာတာပါ။ လက်ရွေးစင်ကို အငယ်တန်းအနေနဲ့ စကစားတာ ၁၉၉၉ လောက်ကပါ။

► ဘဝရပ်တည်ချက်များစွာထဲက ဘာလို့ ဘောလုံးကစားနည်းနဲ့ ဘဝရပ် တည်ဖို့ ရွေးချယ်ခဲ့တာလဲ။

ဒီကစားနည်းကို အနှစ်သက်ဆုံးပဲ။ ငယ်ငယ်ကတည်းက အရမ်းရူးသွပ်ခဲ့တာ။ ရူးတယ်လို့ပြောလို့ရတယ်။ ဒါပဲ လုပ်နေတာပေါ့။ ကျန်တာတွေ သိပ်စိတ်မဝင်စားဘူး။

► အစ်မတို့ စကန်ချိန်တုန်းက အမျိုးသမီးတွေကို နေရာပေးမှုနည်းတော့ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရလဲ။

အားလုံးဝိုင်းပြောတာခံရတာပေါ့။ မိန်းကလေးတန်မဲ့ ယောက်ျားလေး လုပ်တဲ့အလုပ် လုပ်တယ်ပေါ့။ မသင့်တော်ဘူး။ ပတ်ဝန်းကျင်ဆိုတာတော့ သူတို့ မယုံကြည်ရင်ပြောကြတာပေါ့။ ဘာမှတော့ စိတ်ထဲ မရှိပါဘူး။ ကိုယ့်အလုပ် ကိုယ်ပဲလုပ်တယ်။ ဒီအလုပ်လုပ်နေရရင် ပျော်နေတာ။ ကျေနပ်နေ တာပဲ။ ဘေးပတ်ဝန်းကျင်ကို သိပ်စိတ်ထဲမှာထည့်မထားပါဘူး။

► ငယ်ငယ်ကတည်းက လေးစားအားကျရတဲ့ ကစားသမားတွေရော ရှိလား။

ငယ်ငယ်ကတည်းက အားကျတာတော့ ဆရာဦးသန်းတိုးအောင်ပေါ့။ အခုလည်းကိုယ့်ဆရာပါပဲ။ ပြည်ပ ကဆိုရင်တော့ ဒိုလေးကန်တာကို သဘောကျတယ်။

► အခုနောက်ပိုင်းမှာ အမျိုးသမီးတွေကို နေရာပေးလာ တဲ့အပေါ်မှာဘယ်လို မြင်လဲ။

အရင်တုန်းကဆို အမျိုးသမီးအသင်းဆို သိပ်အထင်မကြီးကြဘူးပေါ့။ အခုလိုကိုယ်တွေအသင်းကို အားပေးတဲ့အပေါ်မှာ အရမ်းဝမ်းသာဖို့ကောင်းပါတယ်။ ကိုယ့်ကြိုးစားမှုတွေကို အကောင်အထည်ဖော်နိုင် တာပေါ့။ ကိုယ်လုပ်တာတွေကို စိတ်ဝင်စားတဲ့အတွက် ပိုပြီး ကြိုးစားအားထုတ်ရကျိုးနပ်ပါတယ်။

► အမျိုးသမီးဘောလုံးသမားတစ်ယောက်အနေနဲ့ ရပ်တည်ဖို့ ဘာတွေအခက်အခဲရှိလဲ။

အလုပ်တိုင်းမှာ အခက်အခဲဆိုတာရှိတာပေါ့နော်။ ဒီအလုပ်ဆိုတာလည်း အစက တအားကြမ်းတမ်း ပါတယ်။ ငွေရေးကြေးအရေးကအစပေါ့။ ကိုယ်ကောင်းကောင်း မကစားနိုင်တဲ့အချိန်ကျရင် စိတ်ညစ် ရတယ်။ ကိုယ့်ကို အားပေးတဲ့အခါကျရင် တော့ ဝမ်းသာပါတယ်။ အခုလို ကိုယ့်ကိုအားပေးလာတဲ့ အခါကျတော့လည်း အဘက်ဘက်ကထိန်းရ ပါတယ်။ အမြဲတမ်း အဆင်သင့် ဖြစ်အောင်တော့ အားလုံးပြင် ဆင်ထားရတယ်။ အတူကန်တဲ့ သူငယ်ချင်းတွေလည်း တစ်ညီတစ်ညွတ်ထဲပါပဲ။

► နိုင်ငံလက်ရွေးစင်အနေနဲ့ကန်ခဲ့တာ ဘယ်နှပွဲလောက်ရှိပြီလဲ။ ကန်ခဲ့တဲ့ပွဲတွေ၊ အစ်မပါဝင်တဲ့ပွဲတွေမှာ အမြင့်ဆုံး အောင်မြင်မှုတွေကို ပြောပြပေးပါ။

များတော့များနေပြီ။ ၆ဝ လောက် ရှိပြီထင်တယ်။ ၂ဝဝ၄ အာဆီယံချန်ပီယံရှစ်မှာ တစ်ကြိမ် ပထမရခဲ့တယ်။ ၂ဝဝ၇ မှာ တစ်ခါရတယ်။ အာဆီယံကတော့ အဲဒီနှစ်ခုပါပဲ။ ဆီးဂိမ်းမှာတော့ ရွှေမရ ဖူးဘူး။ ကြေးနဲ့ငွေလောက်ပဲရတာပါ။ တစ်ဦးချင်း အနေနဲ့တော့နိုင်ငံတကာ ပွဲတွေမှာ မရဖူးပါဘူး။ ပြည်တွင်းပွဲတွေမှာတော့ အလယ်တန်း အကောင်းဆုံးဆု နှစ်ခါသုံးခါ လောက် ရဖူးပါတယ်။

► နောက်တက်လာမယ့် မျိုးဆက်သစ်အမျိုးသမီး အားကစားသမားတွေအတွက် ဘယ်လိုအားပေး စကား ပြောချင်ပါသလဲ။

အခုဆို မိန်းကလေးတွေအားကစားကို စိတ်ဝင်စားလာတယ်လို့တော့ထင်တာပဲ။ တကယ်စိတ်ဝင်စားရင် တကယ်လုပ်ပါ။ အဟုတ် ဖြစ်လာပါလိမ့်မယ်။ ကြိုးစားပြီးစိတ်ဓာတ်ကောင်းကောင်းနဲ့ ကစားရင် တကယ်ဖြစ်ပါတယ်။

► ဘောလုံးကို ဘယ်အချိန်လောက်အထိ ကစားဖို့ မျှော်လင့် ထားလဲ။

ဘာဖြစ်လာမယ်ဆိုတာတော့ ကြိုတင်တွက်ဆလို့မရဘူးလေ။ ကစားသမားဆိုတာ ခန္ဓာကိုယ်ဖွဲ့စည်းမှု ကိုယ်လက်အင်္ဂါ ထိခိုက်တာမျိုး တွေရှိတတ်တယ်လေ။ အဲဒီတော့ပြောလို့မရဘူး။ ကိုယ့်ကိုရွေးချယ် နေ သရွေ့ ကျန်းမာနေသရွေ့ အကောင်းဆုံး ကြိုးစားကစား သွားမှာပါ။

► အိမ်ထောင်ရေးအခြေအနေရော ဘယ်လိုရှိလဲဗျ။

အခုနေပြောရင်တော့ ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး။ သိပ်ပြီးတော့ အဲဒီအကြောင်းကို စိတ်မဝင်စားသေး လို့ပါ။ မစဉ်းစားသေးပါဘူး။

► အစ်မနဲ့အတူကန်ခဲ့တဲ့ မဇင်မာဝမ်းတို့ဆို နည်းပြအဖြစ်ပြန်လုပ်နေ ပြီဆိုတော့ အစ်မရော နည်းပြအနေနဲ့ ဒီလောကထဲမှာ ပြန်ရပ်တည် ဖို့ရှိလား။

အခြေအနေပေါ်မူတည်ပြီး စဉ်းစားမှာပါ။ အတည်တကျတော့ မဆုံးဖြတ်ရသေးဘူး။ ဝါသနာတော့ ပါပါတယ်။

ဖိုးလပြည့် တွေ့ဆုံမေးမြန်းသည်။

Popular Myanmar News Journal
Read more...
Tuesday, December 24, 2013

အမျိုးသမီးဘောလုံးအသင်းစိတ်ဓာတ်ကို ဂုဏ်ပြုမည်

0 comments
24.12.2013

(၂၇)ကြိမ်မြောက် ဆီးဂိမ်း အကြိုဗိုလ်လုပွဲတွင် ထိုင်းအမျိုးသမီးဘောလုံး အသင်းနှင့် ရဲရဲဝံ့ဝံ့ ယှဉ်ပြိုင် အ နိုင်ယူခဲ့သည့် ပြည်သူကပေးသည့် ချန်ပီယံရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သော မြန်မာ အမျိုးသမီးဘောလုံး အ သင်း၏ အသင်းစိတ်ဓာတ်ကို ဂုဏ်ပြုရန် ဒီဇင်ဘာ ၂၃ ရက်က စတင်ပြီး “လူပေါင်းတစ်သိန်းထံမှ သိန်း တစ်ထောင်ကျပ်ရရှိရေး” လှုပ်ရှားမှုကို ၀ါရင့်ဘောလုံးသမား အမျိုးသမီးအသင်း အုပ်ချုပ်သူ ဦးသန်းတိုး အောင် အပါအ၀င် လူအချို့စုပေါင်းပြီး စတင် ကောက်ခံနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့တွင် ပါဝင်သူ ဦး တင်မင်းလတ်က မဇ္ဈိမကို ပြောသည်။

အဆိုပါဂုဏ်ပြုမှုအစီအစဉ်ကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်အထိ ကောက်ခံသွား မည်ဖြစ်ပြီး ရရှိသည့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဇန်န၀ါရီ ၃ ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အမျိုးသမီးအသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင်က ပေးအပ်သွားမည်ဖြစ်သည်။

ဦးတင်မင်းလတ်က “ကျွန်တော်တို့ အခုလိုကောက်ခံတယ်ဆိုတာ အဓိက မြန်မာနိုင်ငံသား သန်း ၆၀ က မြန်မာအမျိုးသမီး ဘောလုံးအသင်းကို ဂုဏ်ပြုတယ်ဆိုတာကို ပြသချင်လို့ပါ။ အခုလို ဂုဏ်ပြုဖို့ သန်း ၆၀ လုံး ပါဝင်ဖို့ မဖြစ်နိုင်လို့ လူတစ်သိန်းလောက်ကနေ ဂုဏ်ပြုနိုင်ဖို့အတွက်ပါ။ ကျွန်တော်တို့က ပိုက်ဆံကို အဓိကထားချင်တာမဟုတ်ဘူး။ သူတို့ကို အားလုံးပါဝင် ဂုဏ်ပြုစေချင်တာ။ တစ်ဦးကို တစ်ထောင်ဆိုပေ မယ့် အဲဒီထက်နည်းရင်လည်း လက်ခံသွားမှာဖြစ်သလို များရင်လည်း လက်ခံသွားမှာပါ။ အကယ်၍ တစ် သိန်းထည့်ရင်လည်း လူ ၁၀၀ ကို ကိုယ်စားပြုတယ်လို့ သတ်မှတ်မှာပါ။ ဒီနေ့ပဲ ဘဏ်အကောင့်တွေဖွင့် ပြီး စတင်လက်ခံနေပါပြီ”ဟု ပြောသည်။

အဆိုပါအစီအစဉ်တွင်ပါဝင်သူများက ကျပ်သုံးသောင်းမတည်ကာ စတင် ကောက်ခံနေခြင်းဖြစ် ပြီး မြန်မာ နိုင်ငံ အမြို့မြို့အနယ်နယ်အပြင် စင်ကာပူနိုင်ငံ၊ အင်္ဂလန်နိုင်ငံတို့မှ မြန်မာနိုင်ငံသားများကလည်း ဂုဏ်ပြု ကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးဘောလုံးအသင်းသည် အကြိုဗိုလ်လုပွဲအဖြစ် ဒီဇင်ဘာ ၁၈ ရက်တွင် မန္တလေးမြို့ မန္တ- လာသီရိ ဘောလုံးကွင်းတွင် ထိုင်းနိုင်ငံ အမျိုးသမီးဘောလုံးအသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ဒု တိယမြောက် ပင်နယ်တီ အပြန်အလှန်ယှဉ်ပြိုင်ရာတွင် လွဲချော်ခဲ့ရ၍ တတိယနေရာ ရရှိခဲ့သည်။

ဂုဏ်ပြုချင်သူများသည် ကမ္ဘောဇဘဏ်(ကျွန်းတောလမ်း)Junction Square Branchရှိ ဘဏ်အကောင့် အမှတ်- ၀၅ ၇၁၀ ၂၀၅၇ ၀၀၉၈ ၉၇၀၁ ရှိ ဦးသန်းတိုးအောင်၊ ဖုန်း-၀၉ ၈၃၀ ၄၆၀၆၊ ဦးတင်မင်းလတ် ဖုန်း-၀၉၇၃၁ ၉၅၄၈၈၊ ဒေါ်မြတ်မျိုး ဖုန်း-၀၉ ၇၃၀ ၀၉၇၁၆၊ ဦးသက်ဝင်းလှိုင် ဖုန်း-၀၉ ၄၄၄ ၀၀၇၃၉၉ သို့ ဆက်သွယ်နိုင်သည်။

Mizzima - News in Burmese
Read more...

ရွန်နီ၏ ခေါင်းဆောင်မှု စွမ်းရည်ကို မိုယက်စ်ချီးကျူး

0 comments
24.12.2013

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က အသင်း၏ တိုက်စစ်မှူး ဝိန်းရွန်နီအား စစ်မှန်သော ခေါင်းဆောင်အရည်အသွေး ရှိသူတစ်ဦးဟု ချီးကျူး ညွှန်းဆိုလိုက်သည်။

အိုးလ်ထရက်ဖို့ဒ် သမိုင်းအစဉ်အဆက် အထည်ဝါ အခမ်းနားဆုံး ကစားသမားများနှင့် တန်းတူနီးပါး အခြေအနေမျိုး ရွန်နီအနေဖြင့် ပိုင်ဆိုင်နေပြီဟုလည်း မိုယက်စ်က ယူဆထားသည်။ ရွန်နီသည် ယခုရာသီ ယူနိုက်တက်၏ တက်ကြွထက်သန်မှု အရှိဆုံး ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြ ကစားနေ သူ ဖြစ်သည်။ ၎င်းသည် ကွင်းလယ် ကစားသမား အများအပြား ဒဏ်ရာရနေချိန်တွင် မူလ တိုက်စစ် မှူး နေရာကို စွန့်ခွာကာ ကွင်းလယ်သို့ ဆင်း၍ တာဝန်ယူပေးနေသူလည်း ဖြစ်သည်။ ဝက်စ်ဟမ်း ယူနိုက်တက်ကို အနိုင်ရသော ပွဲစဉ်တွင် ရွန်နီအနေုဖြင့် ဂိုးမသွင်းနိုင်ခဲ့သော်လည်း ကွင်းလယ်လူအဖြစ်နှင့် အသင်းဖော်များ ဂိုးသွင်းနိုင်အောင် နှစ်ကြိမ် ဖန်တီးပေးခဲ့သည်။

အသက်(၂၈)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်နှင့် ပတ်သက်ပြီး မိုယက်စ်၏ ၎င်း၏ ဦးဆောင်ဦးရွက်ပြုမှု အရည်အသွေးကို အလေးအနက် အသိအမှတ် ပြုခဲ့သည်။ "ရွန်နီနဲ့ ပတ်သက်ပြီး လွန်လွန်ကဲကဲ ကျွန်တော် သတိပြု ခံစားမိတာ ဘာလဲသိလား။ အဲဒါကတော့ ခေါင်းဆောင်မှု စွမ်းရည်ပဲ။ သူဟာ အသင်းနဲ့ ပတ်သက်သမျှ တာဝန်ယူချင်နေသူ တစ်ယောက်၊ သူ့ကစားပုံနဲ့ ပတ်သက်ရင် အမြဲတမ်း ဂရု တစိုက် ပြန် ဆန်းစစ်နေသူ တစ်ယောက်ပါ။ ဒီလို အရည်အသွေးကောင်းတွေ သူ့ဆီမှာ ကျွန်တော် မြင်နေရတယ်"ဟု မိုယက်စ်က ဆိုသည်။

၎င်းက "သူ့ရဲ့ အကောင်းဆုံး ပုံစံမှာ ရှိမနေရင်တော့ ကျွန်တော် သူ့ကို အချိန် အတိုင်းအတာ တစ်ခုထိ အနားပေးရင် ပေးထားမှာပါ။ တကယ်တော့ သူဟာ အသင်းအတွက် ဘာလုပ်ပေးရပေးရ ပြဿနာလို့ မမြင်ပါဘူး။ ခုဆို သူအသက် ရလာပါပြီ။ ကျွန်တော်တို့ မြင်တွေ့နေကျ ချာတိတ်လေး မဟုတ်တော့ဘူး ဆိုတာကို သူကိုယ်တိုင်လည်း သတိထားမိနေပြီ ဖြစ်ပါတယ်။ အသင်းမှာ သူက စီနီယာ တစ်ယောက် ဖြစ်လာပါပြီ။ ခုဆိုရင် ကလပ်ရဲ့ အခမ်းနားဆုံး ဂန္ထဝင် တစ်ယောက်အဖြစ် သတ်မှတ်နိုင်ဖို့ အနီးစပ်ဆုံးတောင် ဖြစ်နေခဲ့ပါပြီ"ဟုလည်း ချီးကျူးသွားသည်။

Ref:skysport
Soccer Myanmar |
Read more...

မြန်မာအမျိုးသမီး ဘောလုံးအသင်းနည်းပြ AFC ကို ကန့်ကွက်စာ ပို့မည်

0 comments
24.12.2013

ပြီးခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြိုဗိုလ် လုပွဲမှာ မြန်မာအသင်းက ထိုင်းအသင်းကို ၁၁ ဂိုး ၁၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်လွှာ တင်သွင်းမယ်လို့ မြန်မာအသင်း ဘောလုံးနည်းပြက ပြောဆိုကြောင်း Goal အားကစားဆိုင်ရာ အင်တာနက်စာမျက်နှာက ဖေါ်ပြပါတယ်။

အဲဒီပွဲမှာ ဒိုင်လူကြီးအဖြစ်ဆောင်ရွက်သူ Maria Robello နဲ့ သူ့ရဲ့ စည်းကြပ်ဒိုင် နှစ်ဦးရဲ့အရည်အချင်းနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် အာရှ ဘောလုံးအဖွဲ့ချုပ် AFC ကို သက်သေအထောက်အထား မှတ်တမ်းမှတ်ရာနဲ့ တကွ တိုင်ကြားမှာဖြစ်တယ်လို့ မြန်မာအမျိုးသမီး ဘောလုံးနည်းပြ ကုမဒါ ယိုရှီနီုရီ က ပြောပါတယ်။

အကြိုဗိုလ်လုပွဲမှာ အိန္ဒိယ ဒိုင်လူကြီး Maria Robello ရဲ့ ဆုံးဖြတ်ချက်ကြောင့် ရလဒ် တစ်မျိုး ပြောင်းလဲသွားခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အခုလို တိုင်ကြားလို့ ပြိုင်ပွဲရလဒ်ပြောင်းလဲသွားမှာ မဟုတ်ပေမယ့် နောင်မှာ ဒီလိုအလားတူ အဖြစ်မျိုးမဖြစ်ရအောင် တိုင်ကြားရ တာဖြစ်ကြောင်း လည်း မြန်မာအမျိုးသမီး ဘောလုံးနည်းပြ ကုမဒါ ယိုရှီနီုရီ က ပြောပါတယ်။

ဒီအတွင်း လာမယ့် ၂၀၁၆ခုနှစ် ဆူဇူကီး ဖလားဘောလုံးပြိုင်ပွဲကို မြန်မာနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံက အိမ်ရှင်နိုင် ငံတွေအဖြစ် ပူးတွဲကျင်းပကြမယ်လို့ သိရပါတယ်။ အဲသလို ပူးတွဲကျင်းပဖို့ အာဆီယံဘောလုံးအဖွဲ့ချုပ် AFF က စနေနေ့က သဘောတူ အတည်ပြုလိုက်တာဖြစ်ပါတယ်။

RFA
Read more...
Monday, December 23, 2013

၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ မြန်မာနှင့် ဖိလစ်ပိုင် အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမည်

0 comments
23.12.2013

အာရှ ဘောလုံးအဖွဲ့ချုပ် (AFF) က ဦးဆောင်၍ ၂ နှစ်တစ်ကြိမ် ကျင်းပသည့် ၂၀၁၆ ခုနှစ် ဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲ (ခြေစစ်ပွဲစဉ်များမှအပ ကျန်ပွဲစဉ်) များကို မြန်မာနှင့် ဖိလစ်ပိုင်တို့က အိမ်ရှင်အဖြစ် ပူးတွဲ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဒီဇင်ဘာ ၂၂ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။

ယင်းပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပွဲစဉ်များအတွက် အိမ်ရှင် နိုင်ငံအဖြစ် ရွေးချယ် သတ်မှတ်ရန် မဲခွဲ ဆုံးဖြတ်မှု ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အပါအဝင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က လျှောက်ထား ခဲ့ပြီး မြန်မာနိုင်ငံက ကိုးမဲ၊ ဖိလစ်ပိုင်က ခြောက်မဲ၊ အင်ဒိုနီးရှားက လေးမဲ ရရှိခဲ့သောကြောင့် မဲအများဆုံး ရသည့် မြန်မာနှင့် ဖိလစ်ပိုင်တို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရခဲ့ခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဆူဇူကီးဖလား၏ ပထမအဆင့် ခြေစစ်ပွဲစဉ်များကို ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပမည်ဖြစ်၍ မြန်မာနှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ ဘောလုံးအသင်းများမှ လွဲ၍ သြစတြေးလျနိုင်ငံ အပါအဝင် ကျန်အာဆီ ယံ နိုင်ငံများက ဘောလုံး အသင်းများ ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း၊ မြန်မာနှင့် ဖိလစ်ပိုင် အသင်းများမှာ အုပ်စုပွဲစဉ်များမှ စတင်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

မလေးရှားနှင့် ထိုင်းနိုင်ငံတို့က ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ၂၀၁၂ ခုနှစ် ဆူဇူကီးဖလား ပြိုင်ပွဲကို မြန်မာအသင်း ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အသင်းတိုနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး သရေတစ်ပွဲသာ ရရှိခဲ့၍ အုပ်စုအဆင့်ကပင် ထွက်ခွာခဲ့ရပြီး စင်ကာပူအသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ ရရှိခဲ့သည်။

စင်ကာပူနှင့် ဗီယက်နမ်တို့က အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားသော ၂၀၁၄ ခုနှစ် ဆူဇူကီးဖလား ပြိုင်ပွဲကို မြန်မာအသင်း ပါဝင်ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံမှ သိရ သည်။

The Voice
Read more...
Friday, December 20, 2013

ကမ္ဘာ့ဖလား သုဝဏ္ဏကွင်း၌ ၁၂ နာရီကြာ ပြသမည်

0 comments


20.12.2013

ကမ္ဘာတစ်ဝန်း လှည့်လည်ပြသမည့် ကမ္ဘာ့ဖလား၏ World Tour အစီအစဉ်အရ မြန်မာနိုင်ငံ သို့ ရောက်ရှိလာမည့် ကမ္ဘာ့ဖလားကို ရန်ကုန်မြို့တော်ရှိ သုဝဏ္ဏ အားကစားကွင်း၌ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ အချိန် ၁၂ နာရီကြာ ပရိသတ်ကို ပြသသွားမည် ဖြစ်ကြောင်း စီစဉ်သူ Coca Cola Myanmar ထံမှသိရသည်။

အဆိုပါ ကမ္ဘာ့ဖလားကြီးမှာ မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အထူးလေယာဉ်ဖြင့် ရောက်ရှိ လာမည် ဖြစ်ပြီး နှစ်ရက်ကြာ ထားရှိမည် ဖြစ်ကြောင်း၊ သုဝဏ္ဏကွင်း၌ ပြသမည့် အခမ်းအနားသို့ ပရိသတ် တစ်သောင်းခြောက်ထောင်ကျော် တက်ရောက်ရန် ခန့်မှန်းထားပြီး မြန်မာ့ လက်ရွေးစင်အသင်းနှင့် တွေ့ဆုံ မိတ်ဆက်နိုင်မည့် အစီအစဉ်ကိုပါ ထည့်သွင်းထားကြောင်း Coca Cola Myanmar က ထုတ်ပြန်သည်။

မြန်မာနိုင်ငံသို့ လာရောက်ပြသမည့် ကမ္ဘာ့ဖလားကို ၁၉၇၃ ခုနှစ်တွင် သွန်းလုပ်ထားခြင်း ဖြစ်ပြီး ဆုဖလား အောက်ခြေတွင် ၁၉၇၄ ခုနှစ်မှစတင်၍ ကမ္ဘာ့ဖလား ဗိုလ်စွဲခဲ့သည့် နိုင်ငံအမည်များကို ရေးထိုး ထားကြောင်း Coca Cola ၏ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly
Read more...

ဥရောပ ပရီးမီးယားလိဂ်တစ်ခုတွင် မြန်မာလူမျိုး ဘောလုံးသမား ချစ်စန်းကျော် ဝင်ရောက်ကစားနေ

0 comments


20.12.2013

ဖင်လန် ပရီးမီးယားလိဂ်အသင်း တစ် သင်းဖြစ်သည့် KUPS လူငယ် အသင်း တွင် မြန်မာလူမျိုးဘောလုံး သမားတစ်ဦး ဝင်ရောက်က စားနေပြီဖြစ်ကြောင်း သိရသည်။ KUPS ၏ Junior A အ သင်းတွင် Jose အမည်ဖြင့် ကစားလျက်ရှိသူ ချစ်စန်းကျော် သည် ၂၀၁ဝပြည့်နှစ်က ဖင်လန် ယူ-၁၉ အသင်း၏ရွေး ချယ်ခြင်းကို ခံခဲ့ရသူလည်းဖြစ်သည်။ ယင်းသည် ၁၉၉၅ ခုနှစ်တွင် မွေး ဖွားခဲ့ပြီး အသက်၁၉နှစ်အောက် အသင်းတွင် ၂၀၁ဝပြည့်နှစ် ဇူလိုင်လက ရွေးချယ်ခံရကာ အသင်းနှင့်အတူ ကာလတိုလေ့ ကျင့်ခွင့်ရ ခဲ့သူလည်း ဖြစ်သည်။

ထိုစဉ်က ယင်းနှင့်အတူ လေ့ကျင့်ခွင့်ရခဲ့သူ ကစားသမား အချို့မှာ ယူ-၁၉ ဥရောပချန်ပီ ယံရှစ်တွင် ဖင်လန်နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ သည်ဟုလည်း သိရသည်။ ကွင်းလယ်ကစားသမား ချစ်စန်းကျော်သည် ကျောနံပါတ်၂၀ ဝတ်ဆင်ကစားကြောင်း KUPSအသင်းလူစာရင်း တွင် ဖော်ပြထားချက်အရ သိရသည်။ ယင်းအနေဖြင့် ဖင်လန် ထိပ်တန်းလိဂ်မှ အသင်းတစ် သင်း၏ လူငယ်အသင်းတွင် ကစားနေရခြင်းအပေါ် အွန်လိုင်းပေါ်မှ လူအများ စိတ်ဝင်စားလျက်ရှိပြီး မြန်မာ အသင်း တွင် ရွေးချယ်မည်ဆိုလျှင် အ သင်းအတွက် ပိုကောင်းမွန်မည် ဟုလည်း သုံးသပ်လျက်ရှိသည်။

KUPSအသင်းသည် ၂၀၁၀-၂၀၁၁ခုနှစ်တွင် ယူရိုပါလိဂ်နှင့် ယခုနှစ်ယူရိုပါလိဂ်တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့သည့်အသင်းဖြစ်ကာ လက်ရှိ ဖင်လန်ပရီးမီးယားလိဂ်တွင် အဆင့်(၁၀)ဖြင့် ရပ်တည် နိုင်ခဲ့သည့် အသင်းလည်းဖြစ်သည်။ (၂၇)ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင် ပွဲတွင် မြန်မာယူ-၂၃အသင်း ၌ ပါဝင်ကစားခဲ့သူအချို့မှာ လာမည့် (၂၈)ကြိမ်မြောက် အ ရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အသက်လွန်ပြီဖြစ်ရာ မြန်မာ ဘောလုံးအသင်းအနေဖြင့် မျိုး ဆက်ပြတ်မသွားစေရန် ထွန်း တောက်သည့် လူငယ်ကစား သမားများ ပေါ်ထွန်းလာရန် အရေးတကြီး လိုအပ်လျက်ရှိ သည်။

မင်းသန့်
Yangon Media Group
Read more...
Thursday, December 5, 2013

ဆီး​ဂိမ်း​သွား​လာ​ရေး ​မော်​တော်​ယ​ဉ်​များ ​စီ​စ​ဉ်​ထား

0 comments
5.12.2013 

မြန်​မာ​နိုင်​ငံ​က ​အိမ်​ရှင်​အ​ဖြစ်​လက်​ခံ​ကျင်း​တဲ့ ​ဆီး​ဂိမ်း​ပြိုင်​ပွဲ​မှာ ​အား​က​စား​သ​မား​တွေ​နဲ့ ​ပွဲ​ကြည့်​ပ​ရိတ်​သက်​တွေ​အ​တွက် ​ရည်​ရွယ်​ပြီး ​မော်​တော်​ယာ​ဉ်​တွေ ​စီ​စ​ဉ်​ထား​ရှိ​ပါ​တယ်။

အိမ်​ရှင်​အ​ဖြစ်​လက်​ခံ​ကျင်း​ပ​တဲ့ ​ဆီး​ဂိမ်း​ကာ​လ ​နေ​ပြည်​တော်​မှာ ​သွား​ရေး​လာ​ရေး​အ​ဆင်​ပြေ​ချော​မွေ့​စေ​ဖို့ ​အား​က​စား​၀န်​ကြီး​ဌာ​န​က ​မော်​တော်​ယာ​ဉ်​တွေ​စီ​စ​ဉ် ​ထား​တာ​ပါ။

Seagame Car​နိုင်​ငံ​အ​လိုက် ​ရောက်​ရှိ​နေ​ထိုင်​ကြ​တဲ့ ​အား​က​စား​သ​မား​တွေ ​အ​ဆင်​ပြေ​ချော​မွေ့​စေ​ဖို့​အ​တွက် ​စီ​စ​ဉ်​ဆောင်​ရွက်​နေ​ပုံ​ကို ​နေ​ပြည်​တော် gold camp ​အား​က​စား​ရွာ​က ​သယ်​ယူ​ပို့​ဆောင်​ရေး​တာဝန်​ဆောင်​ရွက်​နေ​သူ ​ဦး​သိန်း​ထွန်း​ဦး​က ​ခု​လို ​ပြော့​ပါ​တယ်။

“​ဇေ​ယျာ​သီ​ရိ၊ ၀​ဏ္ဏ​သိ​ဒ္ဓိ​ကွင်း​တွေ​မှာ ​အ​ချိန်​မီ ​အား​က​စား​သ​မား​တွေ ​သွား​ရောက်​နိုင်​ဖို့​အ​တွက်​ကို ​ကျ​နော်​တို့​ဆီ​က ​ဟွန်​ဒိုင်း​ကား​တွေ​နဲ့ ​စီ​စ​ဉ်​ပေး​ပါ​တယ်။ ​နိုင်​ငံ​ဂုဏ်​သိ​က္ခာ​အ​တွက် ​အား​က​စား​သ​မား​တွေ ​အ​ဆင်​ပြေ​ပြေ​နဲ့ ​သွား​လာ​နိုင်​လို့​ရှိ​ရင် ​ကျ​နော့်​အ​နေ​နဲ့ ၀မ်း​သာ​ပါ​တယ်။”

အ​ရပ်​သား​ပွဲ​ကြ​ည့်​ပြည်​သူ​တွေ​အ​တွက် ​စီး​တီး​ဘတ်​လို့ ​ခေါ်​တဲ့ ​မော်​တော်​ယာ​ဉ် (၇၀ ​ကျော်​ကို ​မြို့​တွင်း​မှာ ​ပြေး​ဆွဲ​ပေး​မှာ​ဖြစ်​ပါ​တယ်။

ဆီး​ဂိမ်း​ကာ​လ​မှာ ​အား​က​စား​သ​မား​တွေ ​မြို့​တွင်း​ဈေး​၀ယ်​ထွက်​တာ၊ ​လည်​ပတ်​တာ​တွေ​အ​တွက် ​လည်း ​အ​ငှား​တ​က္က​စီ​တွေ​ရှိ​ပါ​တယ်။ ​ယာ​ဉ်​မောင်း ​ဦး​မောင်​မောင်​ထွန်း​၀င်း​ကို ​မေး​မြန်း​ကြ​ည့်​တဲ့​အ​ခါ ​ဆီး​ဂိမ်း​အ​တွက် ​ဆီ​ဖိုး​လောက်​သာ ​ယူ​သူ​တွေ​ရှိ​သ​လို ​ပုံ​မှန်​စီး​ပွား​ရှာ​ကြ​သူ​တွေ​လည်း ​ရှိ​တယ်​လို့ ​ဖြေ​ပါ​တယ်။

“​အား​က​စား​ရွာ​က​နေ ​သူ​တို့ ​သွား​ချင်​တဲ့ ​ဂျမ်း​ရှင်း ​ဈေး​၀ယ်​စင်​တာ​တို့ ​အား​က​စား​ဘော်​လုံး​ကွင်း​တို့ ​ဘု​ရား​တို့ ​ဒါ​တွေ​ကို ​ကျ​နော်​တို့​က​နေ ၀န်​ဆောင်​မှု​ပေး​ပါ​တယ်။ ​နေ​ပြည်​တော် ​ကောင်​စီ​နယ်​မြေ ​မှာ​ရှိ​တဲ့ ​တ​က္က​စီ​များ​ရဲ့ ​ယာ​ဉ်​စီး​ခ​ကို​လည်း ​နေ​ပြည်​တော် ​ကောင်​စီ​နေ ​သတ်​မှတ်​ထား​ပါ​တယ်။ ​ဒါ​ရိုက်​ဘာ ​တ​ယောက်​အ​နေ​နဲ့ ​တ​ရက်​ကို ​အ​နည်း​ဆုံး ၃ ​သောင်း​ယူ​တယ်။ ​တ​ချို့​ကြ​တော့ ၇ ​သောင်း ၈ ​သောင်း​ယူ​တယ်။ ​ဂျမ်း​ရှင်း ​ဈေး​၀ယ်​စင်​တာ​ကို ​သွား​တာ​များ​ပါ​တယ်။”

မော်​တော်​ဆိုင်​ကယ်​စီး​နင်း​ခွ​င့်​ရှိ​တဲ့ ​နေ​ပြည်​တော်​မှာ ​မော်​တော်​ဆိုင်​ကယ် ​တ​က္က​စီ​သ​မား​တွေ​လည်း ​ရှိ​ပါ​တယ်။ ​သူ​တို့​က​လည်း ​ဆီး​ဂိမ်း​ကာ​လ​မှာ ၀င်​ငွေ​ကောင်း​ဖို့ ​မျှော်​လင့်​နေ​ကြ​ပါ​တယ်။

“​သိပ်​တော့ ​မ​ဆွဲ​ရ​တော့​ဘူး​။ ​တ​က္က​စီ​ပဲ ​အ​များ​ဆုံး​စီး​သွား​ကြ​တာ​များ​တယ်။ ​ဥ​ပ​မာ ၃ ​ယောက်​လာ​ရင် ​ဆိုင်​ကယ်​ကို ​မ​စီး​တော့​ဘူး​။ ​အ​ငှား​ကား​ကို​ပဲ ​စီး​သွား​ကြ​တယ်။ ​တ​ချို့​ကြ​တော့​လည်း ​တ​ယောက်​တည်း​နဲ့ ​ပိုက်​ဆံ​ရှိ​တော့ ​အ​ငှား​ကား​ပဲ ​စီး​ကြ​တာ​တွေ့​တယ်။”

ဆီး​ဂိမ်း​မှာ ​အာ​ဆီ​ယံ​နိုင်​ငံ​က ​ခေါင်း​ဆောင်​တွေ ​နိုင်​ငံ​အ​လိုက်​အ​သင်း​ခေါင်း​ဆောင်​တွေ ​အား​က​စား​သ​မား​တွေ ​ဒိုင်​လူ​ကြီး​တွေ ​နိုင်​ငံ​တော်​ဧည့်​သည်​တွေ ​အ​ထူး​ဖိတ်​ကြား​ထား​သူ​တွေ ​နဲ့ ​မီ​ဒီ​ယာ​တွေ​အ​တွက် ​သွား​ရေး​လာ​ရေး​လွယ်​ကူ​အောင် ​မော်​တော်​ယာ​ဉ်​တွေ ​စီ​စ​ဉ်​ထား​တာ​တွေ့​ရ​သ​လို ​ဆီး​ဂိမ်း​အ​တွက် ​စ​ပွန်​ဆာ​ပေး​ပြီး ​ပြေး​ဆွဲ​ပေး​တဲ့ ​မော်​တော်​ယာ​ဉ်​ကြီး​တွေ​ကို​လည်း ​တွေ့​မြင်​ရ​ပါ​တယ်။

DVB
Read more...
Wednesday, December 4, 2013

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ကို ခြင်းလုံးမှ ယနေ့ရယူမည်

0 comments
                              ဦးတင့်ဆန်း(ပြည်ထောင်စုဝန်ကြီး) - ဦးတင့်ဆန်း(ပြည်ထောင်စုဝန်ကြီး)

  ရန်ကုန် ၊ ဒီဇင်ဘာ ၃ ။       ။ (၂၇)ကြိမ် မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအ တွက် ပထမဆုံးရွှေတံဆိပ်ကို ပြိုင် ပွဲစသည့် ၄ရက်နေ့(ယနေ့)တွင် ရရှိနိုင်လိမ့်မည်ဟု ပြည်ထောင် စု ဝန်ကြီး ဦးတင့်ဆန်းက ထုတ် ဖော်ပြော ကြား သည်။  ဆီးဂိမ်းပြိုင်ပွဲ၏ ပထမဆုံး ကျင်းပသည့် ခြင်းလုံး အားကစား နည်း အဖွင့်ပွဲစဉ်တွင် (Event 3)ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ် ကာ အမျိုးသားအတန်းတွင် လာ အို၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ နှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်ပြီး အမျိုးသမီးအတန်းတွင် ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာ နှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ ယင်းပြိုင်ပွဲ ဆုပေး ခြင်း ကို ည၆နာရီမှ ၆နာရီခွဲအ ထိ ပြုလုပ်သွားမည်ဖြစ်ကာ ပြည် ထောင်စုဝန်ကြီး ဦးတင့်ဆန်း က မြန်မာ့ အသံနှင့် ရုပ်မြင် သံကြား သတင်းကြေညာသည့် ၆နာရီ၌  Breaking News  အဖြစ် ထုတ် လွှင့်သွားမည် ဟု ပြောသည်။

ယင်းနှင့်ပတ်သက်၍ ပြည် ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ''မြန်မာအားကစားအဖွဲ့ရဲ့ ပထမ ဆုံးရွှေတံဆိပ် ကို ရိုးရာခြင်းလုံးက နေ စတင်ရရှိမှာဖြစ်ပါတယ်။ ဒီ အခမ်းအနားကို ရုပ်သံတွေကနေ ထုတ်လွှင့်ပေးမယ်'' ဟု ယင်းက ပြောသည်။ အဆိုပါ ပြိုင်ပွဲ ကို ပရိသတ် ၅၀၀၀ ဝင်ဆံ့သည့်နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်း ပမည်ဖြစ်ပြီး ပိုက်ကျော်ခြင်းပြိုင် ပွဲကိုလည်း ယင်းနေရာ၌ပင်ကျင်းပ သွားမည်ဖြစ်သည်။ ရိုးရာခြင်းလုံးပြိုင်ပွဲကို ရွှေ တံဆိပ်ရှစ်ခုချီးမြှင့်ရန် စီစဉ် ထား ပြီး မြန်မာ့ရိုးရာခြင်း လုံး အဖွဲ့အနေ ဖြင့် အဆိုပါအားကစားနည်းမှ အနည်းဆုံး ရွှေတံဆိပ်ခြောက်ခု ရရှိမည်ဖြစ်ကာ (၂၇) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာအား ကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ် ၁ဝဝရရှိရန် မျှော်မှန်း ထားကြောင်း သိရ သည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ၌ မြန်မာ့ရိုးရာခြင်းလုံးပြိုင် ပွဲကို အမျိုးသားပြိုင်ပွဲလေးမျိုး၊ အမျိုးသမီး ပြိုင်ပွဲလေးမျိုး ထည့် သွင်းထားသော်လည်း ပါဝင်ယှဉ် ပြိုင်မည့်နိုင်ငံများအနေဖြင့် တစ် နိုင်ငံလျှင် ပြိုင်ပွဲအမျိုးအစားသုံး မျိုးသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိသည်။ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံ များအနေဖြင့် တစ်နိုင်ငံလျှင် အား ကစားသမား (ကျား/မ)၁၆ဦးစီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲ သုံးမျိုးစလုံးတွင် ပါဝင်ကစားနိုင် သည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ၌ ရိုးရာခြင်းလုံးအားကစား နည်းပြိုင်ပွဲအမျိုးအစား လေးမျိုး မှာ အခြေခံ အထိ ခြောက်ချက် မျိုးကွဲပြိုင်ပွဲ၊ အခြေခံအထိခြောက် ချက်အမျိုးတူပြိုင်ပွဲ၊ အခြေခံ အထိ ခြောက်ချက် အတွဲပြိုင်ပွဲနှင့် ဒုတိ ယအဆင့် မျိုးကွဲပြိုင်ပွဲ များထည့် သွင်းကျင်းပ မည်ဖြစ်ကြောင်း သိ ရသည်။

YMG
Read more...
Friday, November 22, 2013

မြန်မာအသင်း အပြီးသတ်လူရွေးချယ်မှု ဆီးဂိမ်းအဖွင့် ပွဲမကစားမီ တစ်ရက်အလိုမှ ဆုံးဖြတ်မည်

0 comments
22.11.2013

ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်မှုများပြုလုပ်နေသော မြန်မာ ယူ-၂၃ အသင်းအနေဖြင့် ဆီးဂိမ်း အဖွင့် ပွဲစဉ်မကစားမီ တစ်ရက်အလိုမှသာ အပြီးသတ်လူစာရင်း ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း နည်းပြပတ်ဆောင်ဟွာက မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။“အသင်း နောက်ဆုံးလူစာရင်းကို ဒီဇင်ဘာ ၆ ရက်မှာ ကြေညာပါမယ်။ ဒီအနေအထားက အငြင်းပွားစရာ ဖြစ်နေပေမယ့် ဒဏ်ရာရတဲ့ ကစားသမားတွေ ရှိလာမှာ စိုးတာကြောင့် အခုလို စီစဉ်ထားတာပါ” ဟု ပတ်ဆောင်ဟွာက ဆိုသည်။ မြန်မာ ယူ-၂၃ အသင်းသည် ဒီဇင်ဘာ ၇ ရက်တွင် ကမ္ဘောဒီးယား အသင်း နှင့် ဆီးဂိမ်းအဖွင့် ပွဲကစားရမည် ဖြစ်ပြီး ပြိုင်ပွဲ မတိုင်မီ ယူ-၂၃(ခ) အသင်း၊ ဧရာဝတီ ယူနိုက်တက် အသင်း၊ ကမ္ဘောဇ အသင်း တို့နှင့် ခြေစမ်းပွဲ ကစားရန် လည်း စီစဉ်ထားသည်။

ဆီးဂိမ်းအသင်းကို အထောက်အကူ ဖြစ်စေရန် ဖွဲ့စည်းထားသည့် ဆီးဂိမ်း (ခ) အသင်းနှင့်ပတ်သက်၍ ပတ်ဆောင်ဟွာက“ဆီးဂိမ်း(ခ)အသင်းက ကစားသမားတွေကို ရွေးချယ်ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့က ဖွဲ့တာနောက်ကျတဲ့အတွက် ကျွန်တော့်အသင်းက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကိုမီဖို့ မလွယ် ပါဘူး” ဟု ဆိုသည်။လက်ရှိ မြန်မာယူ-၂၃အသင်း လူစာရင်းတွင် အဓိက ကစားသမားအချို့ ဒဏ်ရာ ရနေပြီး အားထားရ သော တောင်ပံကစားသမား ကြည်လင်းမှာလည်း ဒဏ်ရာကြောင့် နှစ်ပတ်ခန့် နားရ မည် ဖြစ်သည်။လာမည့်ဆီးဂိမ်းပြိုင်ပွဲဝင်ပြိုင်မည့်ယူ-၂၃ အသင်းမှာ မြန်မာ့ဘောလုံး သမိုင်း တစ်လျှောက် ပြင်ဆင်မှု အကောင်းဆုံးအသင်းဖြစ်ပြီး ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ သွားရောက်ကာ တစ် လကျော် ခန့် လေ့ကျင့် မှုများ ပြုလုပ်ထားသည်။

Mizzima
Read more...
Monday, November 11, 2013

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အူရီးဒူးကုမ္ပဏီပံ့ပိုးမည်

0 comments
ပီအက်စ်ဂျီကဲ့သို့ ထိပ်သီးကလပ်များနှင့် မြန်မာလူငယ်များတွဲဖက်လေ့ကျင့်နိုင်မည့် အခွင့်အရေး ဖန်တီးပေးမည်ဟုဆို

လာမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ တွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကို မိုဘိုင်းလ်ဆက်သွယ်ရေးကုမ္ပဏီ မြန်မာအူရီးဒူးက တရားဝင်ပံ့ပိုးသွား မည်ဖြစ်ကြောင်း သိရသည် ။ မြန်မာနိုင်ငံ၏ အားကစား ကဏ္ဍများနှင့် အားကစားသမားကောင်းစိတ်ဓာတ် များတိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်း စဉ်များတွင်အဓိက ပံ့ပိုးသွားမည်ဖြစ်ကြောင်း အူရီးဒူးကထုတ်ပြန် သည့်သတင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။ ဘောလုံးအားကစားသည် မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး အားကစားနည်းဖြစ်သဖြင့် မြန်မာဘောလုံးလောက တိုးတက်လာစေရေး အတွက် သာမန်လူထုထဲမှ အရည်အချင်းရှိသည့် လူငယ်များကို ဘောလုံးအကျော်အမော်များဖြစ် လာစေရန်ရည်ရွယ်၍ နိုင်ငံတကာမှ နာမည်ကြီး ဘောလုံးအားကစားသမားများကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်လာပြီး လေ့ကျင့်ပေးသွားမည့် အစီအစဉ် များကို အူရီးဒူးက ပြုလုပ်ပေးသွားမည်ဖြစ်သည်။

အူရီးဒူးကုမ္ပဏီသည် ပီအက်စ်ဂျီအသင်းကို အဓိကပံ့ပိုးပေးကြောင်း မကြာသေးမီကကြေညာ ခဲ့ပြီးအူရီးဒူး ၏ ဆက်သွယ်ရေးလုပ်ငန်းများလည် ပတ်ရာအရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက တိုက်မြောက်ပိုင်းနှင့် အရှေ့ တောင်အာရှ ဒေသ များတွင် အူရီးဒူးနှင့် ပီအက်စ်ဂျီအသင်းတို့သည် လူထုအကျိုးပြု လုပ်ငန်းများအဖြစ် လူထုပညာပေး အစီအစဉ်များအပြင်ကလေးများအတွက်ဘောလုံး လေ့ကျင့်ရေး စခန်းများထားရှိမည့် အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်သည်။ လူငယ်များသည် ထိုလေ့ကျင့်ရေး စခန်းများတွင် လေ့ကျင့်သင်ယူ ခြင်းဖြင့် ကမ္ဘာ့ဘောလုံးလောကနှင့် နီးစပ်ရန် အခွင့်အလမ်းများစွာ ရရှိစေရန် ရည်ရွယ်သည်ဟု ဆိုသည်။ ထို့အပြင် အူရီးဒူးနှင့်ပီအက်စ်ဂျီအသင်း တို့သည် ကျွမ်းကျင်သော နည်းပြများကို ဖိတ်ခေါ် လာ ကာဖွံ့ဖြိုးဆဲဒေသများမှ ဘဝအခွင့်အလမ်း များစွာမရရှိသေးသော ကလေးများကို အဓိက ထားပံ့ပိုး လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် ရော့စ်ကော်မက်က ''မြန်မာနိုင်ငံမှာ အားကစား ကဏ္ဍတွေနဲ့ အားကစားသမားကောင်းစိတ်ဓာတ် တွေ တိုးတက်ဖွံ့ဖြိုးဖို့အတွက် အူရီးဒူးက တစိုက် မတ်မတ် ပံ့ပိုးသွားပါမယ်။ ကျွန်တော်တို့အနေနဲ့ အားကစားရေးရာတွေအပြင် လူမှုရေးရာတွေမှာ ပါဝင် ပတ်သက်တာ ဟာ အားကစားလှုပ်ရှားမှု တွေကို စိတ်အားထက်သန်ကြောင်းပြချင်တာ ရော၊ ပြီးတော့ ဒီအားကစားတွေမှာကပ်ပါလာတဲ့ လူထုရဲ့ မျိုးချစ်စိတ်နဲ့လူမှုရေးရာတွေမှာ ပါဝင်ပတ်သက် ကူညီချင်စိတ်တွေ ကိုနှိုးဆွပေးချင်လို့ ဖြစ်ပါတယ်''ဟုပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်ထောက် ပြန်ကြားရေးတာဝန်ခံ ဦးဇော်မင်းထိုက်ကလည်း ''ဘောလုံး မှာ ပြင်ပကနေပြီး ဝိုင်းဝန်းပံ့ပိုးပေးတဲ့ စပွန်ဆာတွေမရှိလို့ရှိရင် အောင်မြင်ဖို့အရမ်းခက်ခဲ ပါလိမ့်မယ်။
စပွန်ဆာတွေရှိမှ ဘောလုံးပွဲတွေ၊ ဘောလုံးလူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပို ကောင်းအောင် လုပ်လို့ရ မယ်။ အခုလိုပူးပေါင်း လာတာကို ကြိုဆိုပါတယ်။

ဘယ်စီးပွားရေး လုပ်ငန်းပဲဖြစ်ဖြစ် ဘောလုံးနဲ့ပတ်သက်ပြီးတော့ ပံ့ပိုးကူညီမယ်၊ ပူးပေါင်းပါဝင်မယ်ဆိုရင် အစ်ကို တို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ နောက်ပြီး ဒီဟာက လူငယ်စီမံကိန်းတွေအတွက်၊ ဒီဟာပိုပြီးတော့ ကောင်းတဲ့အတွက် ဝမ်းသာ စရာသတင်းပါပဲလို့ပြောချင်ပါတယ်''ဟုပြော ခဲ့သည်။

The Union Daily
Read more...
Saturday, November 9, 2013

ဆီးဂိမ်းစ်ပြိုင်မည့် မလေးရှား ယူ၂၃ ကို မြန်မာ ယူ၁၉အသင်း အနိုင်ယူပြီး ဗိုလ်လုပွဲတက်

0 comments
မြန်မာ့လက်ရွေးစင် ယူ၁၉ အသင်းသည် BIDC Cup 2013 ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ယနေ့ ညနေ (၄း၀၀)နာရီက မလေးရှား ယူ၂၃ အသင်းနှင့် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့ အိုလံပစ် အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ (၁-၀)ဂိုးဖြင့် အနိုင်ရရှိ ခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက် သွားခဲ့သည်။

မလေးရှား ယူ၂၃ အသင်းသည် လာမည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ၀င်ရောက် ကစားမည့် အသင်းဖြစ်ပြီး မြန်မာ ယူ၁၉ နှင့် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ဒဏ်ရာရ ကစားသမား များမှအပ ကျန်အဓိက ကစားသမား များအား လူစုံထုတ် ကစားသွား ခဲ့သည်။ ဂျာမန် နည်းပြ ဂတ်ဆီဇီ၏ မြန်မာ ယူ၁၉ အသင်းမှာ ငယ်ရွယ်နုပျို သောကစားသမား များပီပီ မလေးရှား အသင်းအား မိနစ် (၉၀)အပြည့် ကစား အားမကျဆင်းဘဲ မာမာထန်ထန် ယှဉ်ပြိုင် ကစားသွားခဲ့သည်။ မြန်မာ အသင်းတွက် ပွဲကစားချိန် မိနစ် ၂၀ တွင် ရှိုင်းသူရက တစ်လုံးတည်း သောအနိုင် ဂိုးသွင်းယူပေး ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ၁၉ အသင်းသည် ပထမပိုင်း ပြီးဆုံးသည်အထိ မလေးရှား ယူ၂၃ အသင်းအား ခြေအသာ၊ ဂိုးအသာဖြင့် ဦးဆောင် ထားနိုင်ခဲ့ သော်လည်း ဒုတိယပိုင်း ပွဲချိန် ၅၁ မိနစ်တွင် မောင်မောင်စိုး အနီကတ်ပြ ထုတ်ပယ် ခံရ၍ ၁၀ ယောက်တည်းဖြင့် မလေးရှား အသင်း အားယှဉ်ကစား ခဲ့ရသည်။ ယနေ့ ပွဲစဉ်တွင် မလေးရှား ယူ၂၃ အသင်း အပိုင်ကန်သွင်း ချက်များကို မြန်မာဂိုးသမား ပုတ်ထုတ် ကာကွယ်နိုင် ခဲ့ပြီး ကွင်းလယ်နှင့် နောက်တန်း အချိတ်အဆက် မိမှုများ ကြောင့်လည်း မလေးရှား ယူ၂၃ အသင်း ထိထိရောက်ရောက် လှုပ်ရှားခွင့် မရခဲ့ပေ။ မိနစ် ၉၀ ကျော်လွန်ပြီးနောက် နာကျင်အချိန်ပို (၅)မိနစ် အထိ ပေးထားသော်လည်း မလေးရှားအသင်း ဂိုးသွင်းခွင့် မရခဲ့ဘဲ မြန်မာယူ၁၉ အသင်းကသာ ဒုတိယဂိုး ရရှိရန်ပင် ပို၍နီးစပ်ခဲ့သည်။

ဆီမီးဖိုင်နယ် ပထမ ပွဲစဉ်တွင် ထိုင်း ယူ ၂၃ အသင်းနှင့် အိမ်ရှင် ကမ္ဘောဒီးယား ယူ၂၃ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ သာမန် ပွဲကစားချိန် အတွင်း (၁-၁)ဂိုးစီ သရေကျ နေခဲ့ပြီး အချိန်ပို မိနစ် ၃၀ ဆက်ကစား ခဲ့ရသည်။ အချိန်ပို ၁၁၂ မိနစ်တွင် ထိုင်းက ဆာဆတ်၏ သွင်းဂိုးဖြင့် (၂-၁)ဂိုး အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်သွားခဲ့သည်။ မြန်မာ ယူ၁၉ အသင်းသည် လာမည့် နိုဝင်ဘာ (၁၀)ရက်နေ့ ညနေ ၄း၀၀ နာရီတွင် ထိုင်း ယူ၂၃ နှင့် BIDC Cup 2013 ဗိုလ်လုပွဲစဉ် ဆက်လက် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

မြန်မာ ယူ၁၉ အသင်းသည် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ၁၉ ချန်ပီယံရှစ် (2014 AFC U19 Championship)နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်သည့် အနေဖြင့် ဖွဲ့စည်း လေ့ကျင့်နေသော အသင်းဖြစ်ပြီး နိုင်ငံတကာ ပြိုင်ပွဲများအား အတွေ့အကြုံ ရရှိစေရန် မကြာခဏ သွားရောက် ယှဉ်ပြိုင်လျက် ရှိသည်။

မြန်မာ ယူ၁၉ အသင်း၏ ယခုနှစ်အတွင်း ပြည်တွင်း ပြည်ပ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မှုများ
၁။ Myanmar National League 2 (ပြည်တွင်းလိဂ်)
၂။ တရုတ် ဖိတ်ခေါ်ဖလား ( Weifang Cup 2013) - တရုတ်
၃။ ၂၀၁၃ အာဆီယံ ယူ၁၉ ချန်ပီယံရှစ် (အင်ဒိုနီးရှား)
၎။ ၂၀၁၃ ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲ (Newspaper Cup- ဗီယက်နမ်)
၅။ BIDC Cup 2013
Read more...
Wednesday, November 6, 2013

ဆီးဂိမ်းမဲခွဲပွဲ အမျိုးသားဘောလုံး အုပ်စုများ ထွက်ပေါ်

0 comments
ဆီးဂိမ်း ပြိုင်ပွဲ၏ မဲခွဲပွဲစဉ်များကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိကွင်းတွင် ကျင်းပရာ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု
မဲခွဲပွဲ အပြီးတွင် အိမ်ရှင်မြန်မာအသင်းမှာ အုပ်စု (ခ) တွင် အင်ဒို၊ တီမော၊ ထိုင်း၊ ကမ္ဘောဒီးယား တို့နှင့် အတူ ကျရောက်ခဲ့ပြီး တစ်ဘက်အုပ်စု (က)တွင် လက်ရှိချန်ပီယံ မလေးရှားမှာ ၊စင်ကာပူ၊ဗီယက်နမ်၊လာအို၊ ဘရူနိုင်း ၊ ဖိလစ်ပိုင် တို့နှင့် အုပ်စု ကျပ်အတွင်းကျရောက်နေကြောင်းသိရသည်။

အမျိုးသမီး ပွဲစဉ်များ မဲ ခွဲပွဲ အပြီးတွင် မြန်မာအမျိုးသမီး အသင်းမှာ အုပ်စု (က) တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နှင့် ကျရောက်ခဲ့ပြီး အုပ်စု (ခ)တွင် ထိုင်း၊ လာအို၊ မလေးရှားနှင့် တီမောတို့ ကျရောက်နေသည်။

အမျိုးသား ဖူဆယ် ပြိုင်ပွဲ မဲခွဲပွဲအပြီးတွင် အုပ်စု(က) မြန်မာ၊ အင်းဒိုနီးရှား၊ မလေရှားပါဝင်ပြီး အုပ်စု (ခ) တွင်
ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ဘရူနိုင်း ပါဝင်သည်။

အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကိုမူ မြန်မာ ၊ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ ပတ်လည်စနစ်ဖြင့်
ကစားကြမည်ဖြစ်သည်။

မဇ္ဈိမသတင်းဌာန
Read more...
Monday, November 4, 2013

ဘောလုံးပွဲရလဒ်များ (နိုဝင်ဘာ ၂ - ၄)

0 comments
အင်္ဂလန်ပရီးမီးယားလိဂ်
~~~~~~~~~~~~~
ကာဒစ် ၁ - ၀ ဆွမ်ဆီး
အဲဗာတန် ၀ - ၀ တော့တင်ဟမ်
အာဆင်နယ် ၂ - ၀ လီဗာပူးလ်
ဖူလ်ဟမ် ၁ - ၃ မန်ချက်စတာယူနိုက်တက်
ဟားလ်စီးတီး ၁ - ၀ ဆန်းဒါးလန်း
မန်ချက်စတာစီးတီး ၇ - ၀ နောဝစ်ခ်ျ
စတုတ်စီးတီး ၁ - ၁ ဆောက်သမ်တန်
ဝက်စ်ဘရွန်း ၂ - ၀ ခရစ္စတယ်ပဲလေ့စ်
ဝက်စ်ဟမ်း ၀ - ၀ အက်စတန်ဗီလာ
နယူးကာဆယ် ၂ - ၀ ချယ်လ်ဆီး

စပိန်လာလီဂါ
~~~~~~~~
မာလာဂါ ၃ - ၂ ဘက်တစ်
လီဗန်တေး ၀ - ၁ ဂရန်နာဒါ
အက်သလက်တီကို မက်ဒရစ် ၂ - ၀ ဘီဘာအို
ဂီတာဖေး ၀ - ၁ ဗလင်စီယာ
ဆီဗီလာ ၀ - ၁ ဆဲလ်ဆာဗီဂို
ဗယ်လက်ကာနို ၂ - ၃ ရီးရဲလ်မက်ဒရစ်
အယ်လ်မီးရီးယား ၁ - ၀ ဗယ်လာဒိုလစ်
ဆိုစီဒက် ၅ - ၀ အိုဆာဆူနာ
ဘာစီလိုနာ ၁ - ၀ အက်စပန်ညို

ဂျာမန်ဘွန်ဒက်စ်လီဂါ
~~~~~~~~~~~~
ဝါဒါဘရီမင် ၃ - ၂ ဟန်နိုဗာ
အော့စ်ဘတ် ၂ - ၁ မိန့်ဇ်
ဖရန့်ဖတ် ၁ - ၁ ဝုလ်ဘတ်
ဘရွန်ရှိဝိန်းဂ် ၁ - ၀ လေဗာကူဆင်
ဟမ်းဘတ် ၀ - ၂ မိုချန်ဂလာဘတ်
ဟာသာဘာလင် ၀ - ၂ ရှော်ကေး
ဟော်ဖန်ဟိမ်း ၁ - ၂ ဘိုင်ယန်မြူးနစ်
နုရင်ဘတ် ၀ - ၃ ဖရိုင်းဘတ်
ဒေါ့မန် ၆ - ၁ စတုဂတ်

အီတလီစီးရီးအေ
~~~~~~~~~~
တိုရီနို ၁ - ၁ ရိုးမား
လာဇီယို ၀ - ၂ ဂျီနိုအာ
ဆမ်ဒိုးရီးယား ၃ - ၄ ဆက်ဆူအိုလို
အူဒီးနီးစ် ၀ - ၃ အင်တာ
ဗီရိုနာ ၂ - ၁ ကက်ဂလီယာရီ
လီဗော်နို ၀ - ၁ အတ္တလန္တာ
အေစီမီလန် ၀ - ၂ ဖီအိုရင်တီးနား
နာပိုလီ ၂ - ၁ ကာတာနီးယား
ပါးမား ၀ - ၁ ဂျူဗင်တပ်စ်
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here