Wednesday, August 22, 2012

နိုင်ငံတော် သမ္မတ အမျိုးသား စီးပွားရေး နှင့် လူမှုရေး အကြံပေး ကောင်စီအဖွဲ့ဝင်များ တွေ့ဆုံခဲ့ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဆွေးနွေး

0 comments

နိုင်ငံတော်သမ္မတနှင့်  အမျိုးသား စီးပွားရေးနှင့်လူမှုရေး အကြံပေးကောင်စီ (National Economic and Social Advisory Council- NESAC) အဖွဲ့ဝင်များသည် သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်
၌ တွေ့ဆုံခဲ့ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

တွေ့ဆုံဆွေးနွေးမှုတွင် လယ်ယာကဏ္ဍ၌ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသည့် တောင်သူလယ်သမား များ ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမည့် ကိစ္စရပ်များ၊ ၀န်ကြီး ဌာနများ၏ ၀န်ထမ်းရေးရာ ဆိုင်ရာ အထောက်အကူပြု လုပ်ငန်းစဉ်များနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း အစိုးရသတင်းစာများတွင် သတင်းဖော်ပြ ခဲ့ပြီး အသေးစိတ် သတင်းထုတ်ပြန်မှု မပြုလုပ်ခဲ့ကြောင်း သိရပါသည်။

နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံရာတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်
ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်း၊ နိုင်ငံတော် သမ္မတနှင့်  အမျိုးသား စီးပွားရေးနှင့် လူမှု
ရေး အကြံပေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး(CEO, ARDC)၊ ဒေါက်တာ ဆက်အောင် (နိုင်ငံတော် သမ္မတရုံး စီးပွားရေး အကြံပေး)၊ ဒေါက်တာ ကျော်ရင်လှိုင် (ပါမောက္ခ၊ ဟောင်ကောင် တက္ကသိုလ်၊ Myanmar Egress) ၊ ဒေါက်တာ ဇော်ဦး(ဗဟု ဖွံ့ဖြိုးရေး အဖွဲ့) ၊ ဦးသီဟံမျိုးညွန့်(ဥပဒေ ပညာ ရှင်)၊ ဦးတင်မောင်သန်း (Myanmar Egress) ၊ ဦးဝင်းအောင်(ဥက္ကဋ္ဌ၊မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌ၊ Dagon International Co.,Ltd) ဦးသောင်းတင်(ဒုတိယ ဥက္ကဋ္ဌ၊မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌ KMD) ဦးလှမောင်ရွှေ (Myanmar Egress၊ ဒုတိယ ဥက္ကဋ္ဌ၊မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်၊ ပြည့်ဖြိုးကျော် ကုမ္ပဏီပိုင်ရှင်) ၊  ဦးသန်းလွင် (ဒုတိယ ဥက္ကဋ္ဌ-၂ ၊ ကမ္ဘောဇဘဏ်) ၊  ဦးမိုးကျော် (MMRD) နှင့် ဦးခင်မောင်
အး (ဥက္ကဋ္ဌ၊ CB ဘဏ်) တို့ ပါဝင်ခဲ့သည်။

အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီ (National Economic and Social Advisory Council- NESAC) ကို ၂၀၁၂ခုနှစ် ဇွန်လ ၁၃ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၁၇ ဦးပါဝင်ခဲ့ပါသည်။ အဆိုပါ အဖွဲ့တွင် နာယကအဖြစ် ပါမောက္ခ ဦးမော်သန်းက ဆောင်ရွက်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် ဦးတင်ထွဋ်ဦး (CEO, ARDC) က ဆောင်ရွက်ခဲ့ကာ ဒေါက်တာ ဆက်အောင်(နိုင်ငံတော် သမ္မတရုံး စီးပွားရေး အကြံပေး) က အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပါသည်။

သတင်း
Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here