Friday, August 24, 2012

မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေး ဖွံ့ဖြိုးမှုအတွက် ဂျပန်ပညာရှင်များနှင့် နည်းပညာဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲပြုလုပ်

0 comments


jica1
  မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံမှ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ နည်းပညာဆိုင်ရာ အဆင့်မြင့် ဆွေးနွေးမှုများကို သြဂုတ်လ ၂၄ ရက်နေ့က Chatrium Hotel တွင်ပြုလုပ်ခဲ့ကြ သည်။
အဆိုပါ အဆင့်မြင့် ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒါရိုက်တာ ဦးဌေးဝင်းတို့နှင့် ဂျပန်နိုင်ငံ၏မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ခရီးသွား ၀န်ကြီးဌာန (MLIT) မှ ဒုတိယ၀န်ကြီး မစ္စတာ တာကာရှီ ကိတမူရနှင့် ဂျပန်နိုင်ငံမှ အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်များ တက်ရောက် ခဲ့ကြသည်။
'' ဒီဆွေးနွေးပွဲကြီးဟာ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန် ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဂျပန်နိုင်ငံမှာ ဂျပန်ဝန်ကြီးချုပ် မစ္စတာနိုဒါနဲ့ ထိပ်သီးအစည်းအဝေးပြုလုပ်အပြီးမှာ ပထမဆုံးပြုလုပ်တဲ့ ဆွေးနွေးပွဲကြီး ဖြစ်ပါတယ်'' ဟု NLIT မှ ဒုတိယ၀န်ကြီး မစ္စတာ ကိတမူရကပြော ကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံအတွင်း အသုံးပြုလျက်ရှိသော ပို့ဆောင်ဆက်သွယ်ရေး နည်းပညာများနှင့် မြန်မာနိုင်ငံအပေါ် ကူညီပေးနိုင်မည့် နည်းပညာများ အကြောင်း ဆွေးနွေးတင်ပြခဲ့ ကြသည်။
ထိုသို့ ဆွေးနွေးခဲ့ကြရာတွင် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ မြန်မာနိုင်ငံသို့ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်ခြင်း၊  ကာလရှည် အတိုးနှုန်းနိမ့်  Official Development Assistant (ODA) ချေးငွေများပေးအပ်ခြင်းနှင့် အခြားငွေကြေး အထောက်အပံ့များ ပေးအပ်ခြင်းတို့ဖြင့် ပူးပေါင်းကူ ညီဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
''အမျိုးသား ပို့ဆောင်ရေး ဖွံ့ဖြိုးမှုအစီအစဉ် Survey Program အတွက် ပို့ဆောင်ရေး ဒုဝန်ကြီးနဲ့ သဘောတူညီမှု လက်မှတ်ရေး ထိုးထားပြီးပါပြီ'' ဟု JICA  မြန်မာရုံးမှ ကိုယ်စားလှယ်မစ္စတာ မတ်ဆုအိုကာက ပြောကြားခဲ့သည်။
၎င်းက မြန်မာနိုင်ငံတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တို့ကို JICA မှ အကူအညီပေးသွားမည်ဖြစ်ပြီး ကဏ္ဍအလိုက် လေ့လာရေး အစီအစဉ်(ှSurvey Program) များကိုရေး ဆွဲသွားမည်ဖြစ်ကာ တစ်နှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ၏မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ခရီးသွား ၀န်ကြီးဌာန (MLIT) မှ ဒုတိယ၀န်ကြီး မစ္စတာ တာကာရှီ ကိတမူရအား ဆွေးနွေးပွဲတွင် တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံမှ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ နည်းပညာဆိုင်ရာ အဆင့်မြင့် ဆွေးနွေးမှုများကို သြဂုတ်လ ၂၄ ရက်နေ့က Chatrium Hotel တွင်ပြုလုပ်ခဲ့ကြ သည်။ 
အဆိုပါ အဆင့်မြင့် ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒါရိုက်တာ ဦးဌေးဝင်းတို့နှင့် ဂျပန်နိုင်ငံ၏မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ခရီးသွား ၀န်ကြီးဌာန (MLIT) မှ ဒုတိယ၀န်ကြီး မစ္စတာ တာကာရှီ ကိတမူရနှင့် ဂျပန်နိုင်ငံမှ အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်များ တက်ရောက် ခဲ့ကြသည်။ 
'' ဒီဆွေးနွေးပွဲကြီးဟာ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန် ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဂျပန်နိုင်ငံမှာ ဂျပန်ဝန်ကြီးချုပ် မစ္စတာနိုဒါနဲ့ ထိပ်သီးအစည်းအဝေးပြုလုပ်အပြီးမှာ ပထမဆုံးပြုလုပ်တဲ့ ဆွေးနွေးပွဲကြီး ဖြစ်ပါတယ်'' ဟု NLIT မှ ဒုတိယ၀န်ကြီး မစ္စတာ ကိတမူရကပြော ကြားခဲ့သည်။ 
အဆိုပါဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံအတွင်း အသုံးပြုလျက်ရှိသော ပို့ဆောင်ဆက်သွယ်ရေး နည်းပညာများနှင့် မြန်မာနိုင်ငံအပေါ် ကူညီပေးနိုင်မည့် နည်းပညာများ အကြောင်း ဆွေးနွေးတင်ပြခဲ့ ကြသည်။ ထိုသို့ ဆွေးနွေးခဲ့ကြရာတွင် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ မြန်မာနိုင်ငံသို့ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်ခြင်း၊  ကာလရှည် အတိုးနှုန်းနိမ့်  Official Development Assistant (ODA) ချေးငွေများပေးအပ်ခြင်းနှင့် အခြားငွေကြေး အထောက်အပံ့များ ပေးအပ်ခြင်းတို့ဖြင့် ပူးပေါင်းကူ ညီဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
''အမျိုးသား ပို့ဆောင်ရေး ဖွံ့ဖြိုးမှုအစီအစဉ် Survey Program အတွက် ပို့ဆောင်ရေး ဒုဝန်ကြီးနဲ့ သဘောတူညီမှု လက်မှတ်ရေး ထိုးထားပြီးပါပြီ'' ဟု JICA  မြန်မာရုံးမှ ကိုယ်စားလှယ်မစ္စတာ မတ်ဆုအိုကာက ပြောကြားခဲ့သည်။ 
၎င်းက မြန်မာနိုင်ငံတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တို့ကို JICA မှ အကူအညီပေးသွားမည်ဖြစ်ပြီး ကဏ္ဍအလိုက် လေ့လာရေး အစီအစဉ်(ှSurvey Program) များကိုရေး ဆွဲသွားမည်ဖြစ်ကာ တစ်နှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ref: Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here