Wednesday, August 22, 2012

မြန်မာ အပါအဝင် ၁၀ နိုင်င်ငံ သဘာဝ ဘေးအန္တရာယ် များကြောင့် စီးပွားရေး ထိခိုက်မှု များနိုင်

0 comments

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၀ နိုင်ငံမှာ ရေကြီးခြင်း အပူပိုင်း မုန်တိုင်း တိုက်ခတ်ခြင်းနှင့် ငလျင်လှုပ် ခြင်းများကြောင့် အဆိုပါ နိုင်ငံများ ၏ ဘဏ္ဍာရေးကို ကြီးမားစွာထိ ခိုက်နိုင်ကြောင်း The Economic မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
နိုင်ငံပေါင်း ၁၉၇ နိုင်ငံအား လေ့လာထားသော အင်္ဂလန်နိုင်ငံ အခြေစိုက် Maplecroft ဘေး အန္တရာယ် လေ့လာရေးအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကား၍ The Economic သတင်း စာက ရေးသားထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် စီး ပွားရေး များစွာထိခိုက်နိုင်သော နိုင်ငံဆယ်နိုင်ငံတွင် အိန္ဒိယ၊ ဖိ လစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ ဘင်္ဂ လားဒေ့ရှ်နှင့် ဟွန်းဒူးရပ်စ်နိုင်ငံများ လည်း ပါဝင်သည်ဟု ဖော်ပြထား သည်။
“ဒီမှာက ရေကြီးတာအပြင် မိုးခေါင်တာပါ ကြုံ နေရတာ။ အရင်ထဲက စီးပွားရေးက ကျနေ တာကို ထပ်ကြုံရတော့ အတိုင်းအ တာတစ်ခုထိတော့ စီးပွားရေးမှာ ထိခိုက်နိုင်ပါတယ်”ဟုမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က သုံးသပ်သည်။ ဇူလိုင်လကုန်တွင် ရေကြီးခဲ့ ခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှ လယ် ၆ ဧက လုပ် ကိုင်သူ တောင်သူတစ်ဦးက ကျပ် တစ်သိန်းဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း ပြောကြားသည်။
ဆန်စပါးအဓိကစိုက်ပျိုး သော ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းဒေ သတို့တွင် ရေကြီးနစ်မြုပ်ခဲ့သော စပါးခင်းများမှ ထက်ဝက်ခန့် မှာ ပျက်စီးနိုင်ကြောင်း ကျွမ်းကျင်သူ များက ခန့်မှန်းနေကြသည်။ ထိုအတူ ဆီထွက်သီးနှံများ အဓိကစိုက်ပျိုးသော စစ်ကိုင်းတိုင်း တောင်ပိုင်း၊ မန္တလေးတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ တွင် မိုးခေါင်နေသဖြင့် ပျက်စီးဆုံး ရှုံးမှုများ ကြုံတွေ့နေရသည်။ ယခုနှစ်တွင်မိုးခေါင်ခဲ့သဖြင့် ယာသုံးဧကလုပ်ခဲ့သော ပခုက္ကူ မြို့နယ်မှ တောင်သူဦးညွန့်ရွှေက ကျပ်သုံးသိန်းကျော်ဖိုး ဆုံးရှုံးခဲ့ ကြောင်း ပြောသည်။
“ထိခိုက်မှုလျော့နည်းအောင် အစိုးရအပါအဝင် အရပ်ဘက်အ ဖွဲ့အစည်းတွေပါ ပူးပေါင်းလုပ်ရ မယ့်အခြေအနေပါ”ဟု ဦးချစ်ခိုင် က ဆိုသည်။ တောင်တရုတ်ပင်လယ်ပြင် တွင် တစ်နှစ်ပျမ်းမျှမုန်တိုင်း ၂၉ လုံးဖြစ်ပေါ်ပြီး ထပ်မံဖြစ်ပေါ်ရန် ကျန်ရှိသေးကြောင်းနှင့် ယခုရေ ကြီးမှုမှာ ထိုမုန်တိုင်းမိုးများကြောင့် ပါဝင်ကြောင်း မိုးလေဝသပညာ ရှင်ဒေါက်တာထွန်းလွင်က ပြော သည်။
ထို့အပြင် ယခုနှစ်တွင် ဘင်္ဂလားပင်လယ်အော်တွင် မုန် တိုင်းမဖြစ်သေးခြင်းနှင့် အယ်လ် နီညိုရာသီဥတုဖြစ်ပေါ်နိုင်ခြင်း ကြောင့် စိုက်ပျိုးရေးလုပ်ငန်းလုပ် ကိုင်နေသူများအတွက် စိုးရိမ်ရ ကြောင်း ဦးထွန်းလွင်က ဆက် လက်ပြောသည်။ ပြီးခဲ့သည့်နှစ် မိုစပါးရာသီ တွင်လည်း ရေကြီးနစ်မြုပ်ခဲ့သဖြင့် မိုးစပါးတင်သန်းပေါင်း ၁၇၇ သန်း အထွက်လျော့ခဲ့ပြီး နွေစပါးတွင် လည်း သန်းပေါင်း ၃၇ သန်းလျော့ ကျခဲ့သည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့သည်။
အောင်သူရ
ref: 7day news

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here