Friday, August 24, 2012

Childhood......ရွှေစင်

0 comments

သုံးလသမီး အရွယ် ဓာတ်ပုံလေးက စရမယ်ပေါ့။ မွေးခါစက ကိုးပေါင်နဲ့ လေးအောင် စလို့ ရွှေစင့်ရဲ့မေမေ ကပြောဖူးတယ်။ သမီးကို ဒီလို မွေးနိုင် ပါ့မလား လို့ပြောခဲ့ တာတော့ အ မှတ်တရပါပဲ။
နောက်ဓာတ်ပုံလေး တစ်ပုံကဂါဝန်အဖြူလေးနဲ့ကျောက် ဆည်အိမ်ရှေ့မှာ ငါးနှစ်သမီးအ ရွယ်တုန်းက မွေးနေ့အမှတ်တရ ရိုက်ထားတာပေါ့။ နောက်ဓာတ်ပုံ က ကျောက်ဆည်မြို့မှာ အလှူလုပ် တာပေါ့။ ဘေးမှာ အစ်ကိုကြီး၊ အစ် ကိုလေးတို့နဲ့တွဲပြီးရိုက်ထားတဲ့ပုံ လေးပေါ့။ အိမ်မှာအလှူလုပ်ရင်း အမှတ်တရဖြစ်အောင်ရိုက်ထား တာ။ နောက်တစ်ခုက ရွှေစင်က ငယ်ငယ်လေးကတည်းက ကျောင်း မှာ ပန်းဖွားကတယ်။ ကရာတေး ဆိုလည်း အကုန်တတ်တယ်လေ။ ကျောင်းမှာ ဘယ်ပွဲမဆိုပါနေကျ ပေါ့။
ရွှေစင်က အ.ထ.က(၁) ကျောင်းသူ၊ အဲဒီမှာ ဆုရတဲ့ ပွဲလေး ပေါ့။ ခြောက်တန်းနှစ်လောက် က နောက်တစ်ပုံ က ကျောက်ဆည် ဘောလုံးကွင်း ထဲမှာ ကရာ တစ်ပုံက ဆယ်တန်းအောင်ခါစ မန္တလေးမှာ အနုပညာလုပ်ခါစ ဓာတ်ပုံလေးပေါ့။ Canon အတွက် ရိုက်ပေးတဲ့ပုံလေးပါ။ ဆိုင်ကယ် လေးက သူပဲစီစဉ်ပေးတာပေါ့။ အ ခုလိုငယ်ငယ်တုန်းကဓာတ်ပုံလေး တွေကို အမှတ်တရပြန်ကြည့်မိရင် ဪသာ်..ငယ်ငယ်တုန်းက ဒီလိုပါ လားပေါ့ဆိုပြီး စိတ်ခံစားမှုက အဲဒီ အချိန်လေးကိုခဏလေးပြန်ရောက် သွားပြီး လွမ်းမိတယ်။
ဓာတ်ပုံလေး တွေကို ပြန်ကြည့်မိရင် လွမ်းမိတာ ပဲ။ ဒါကြောင့် ဓာတ်ပုံလေးတွေ ကို ပြန်ကြည့်ရတာကြိုက်သလို၊ အ ရင်တုန်းကမဂ္ဂဇင်းမှာပါတဲ့ဓာတ်ပုံ လေးတွေပြန်ကြည့်မိရင် လွမ်းမိတာ ပေါ့။ ဒါကြောင့် ဓာတ်ပုံလေးတွေ ကို သေချာသိမ်းထားပြီး ဓာတ်ပုံ လေးတွေနောက်မှာ အမှတ်တရ ရက်စွဲ၊ နေရာလေးတွေကိုမှတ်ထား လေ့ရှိတယ်လေ။
ငယ်ငယ်တုန်းက အမှတ်တရတွေထဲကဆိုရင်ကျောင်း စုံညီပွဲတော်မှာကပြီးသွားတာတောင် ရွှေစင်ကမဆင်းဘဲနဲ့ မေမေတို့က တက်ခေါ်ရတဲ့အထိပေါ့။ နောက်တစ် ခုက ဆယ်တန်းမှာတုန်းက စကား ရည်လုပွဲပြိုင်ဖူးတယ်။ အားလုံးကို အဆင်ပြေပြေပြောနိုင်ပေမယ့် ပရိ သတ်ကိုကျေးဇူးတင်စကားပဲပြော ရမယ့်အချိန်မှာ အောက်ကပရိ သတ်ကလက်ခုပ်တွေတီးနေပြီ။ အဲ ဒီအချိန်မှာ ရွှေစင်က ဘယ်လိုအ ဆုံးသတ်ရမယ်မှန်းမသိဘူးဖြစ်နေ တယ်။
အဲဒါကိုရောချပြီး ပရိသတ် တွေလက်ခုပ်တီးမှကျေးဇူးတင်ပါ တယ်လို့ပြောခဲ့တာ ဘယ်သူမှမသိ လိုက်ဘူး။ အဲဒီပွဲလေးက ပြင်ဦး လွင်ဘော်ဒါဆောင်မှာ ပထမဆုရ ခဲ့တာပေါ့။ နောက်တစ်ခုက ဆယ် တန်းမှာ အင်္ဂလိပ်စာအမှတ်များပြီး ဂုဏ်ထူးထွက်ခဲ့တယ်။ ဒါပေမဲ့ အ မှတ်တရဆိုရင် စာမေးပွဲဖြေတုန်း က အကုန်ရပြီး စာကျက်တာများ နေတော့ ခေါင်းကဟုန်နေပြီလေ။
အဲဒီအချိန်မှာBecause ကို ဘယ် လိုပေါင်းရမယ်ဆိုတာကိုမေ့နေပြီး Because နေရာတွေကိုချန်ထား ပြီးဆက်ဖြေသွားတာ။ နောက်ဆုံး သတိရမှ လိုက်ဖြည့်ခဲ့ရတာမျိုးပေါ့။ အရမ်းလွယ်တဲ့ဟာကို ကြောင်သွား တာပေါ့။ အဲဒါတွေကတော့ ငယ် ငယ်တုန်းက အမှတ်တရတွေပါပဲ။
ဓာတ်ပုံ - ခင်မောင်လတ် (Silver Image)
ref: 8Days

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here