Tuesday, September 25, 2012

မီးသုံးစွဲလိုသူနည်းသဖြင့် ကော့သောင်း ကျောက်မီးသွေးစက်ရုံ မလည်နိုင်သေး

0 comments

 တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် တည်ဆောက်ခဲ့ သည့် ကော့သောင်းကျောက်မီးသွေးစက်ရုံအား ဒေသခံများ၏ မီးသုံးစွဲ အားနည်းသေးသည့်အတွက် စက်ရုံလည်ပတ်ရန် မဖြစ်နိုင်သေးကြောင်း စက်ရုံမန်နေဂျာ ဦးလှမော် က ပြောကြားသည်။ ကော့သောင်းမြို့တွင် မြို့နယ် လျှပ်စစ်ဓာတ်အားလုပ်ငန်း (EPC )မှ ထုတ်လွှတ်သည့် မီးသုံးအားမှာ နေ့ဘက်တွင် ၅ဝဝ ကီလိုဝပ်ခန့် ရှိပြီး ညဘက်တွင် ၁ ဒသမ ၂ မဂ္ဂါဝပ် ခန့်ရှိသာ ရှိသည့်အတွက် ၈ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်နိုင် သည့် ကျောက်မီးသွေးစက်ရုံမလည် ပတ်နိုင်ခြင်းဖြစ်ကြောင်း ဦးလှမော် က ရှင်းပြသည်။ ”စက်က အနည်းဆုံး မီးသုံး အား ၃ မဂ္ဂါဝပ်နဲ့ ၄ မဂ္ဂါဝပ် လောက် သုံးအားရှိမှ ငြိမ်တာ။ အခုတော့ မီးသုံးအားက နည်းနေတော့ စက်ကို ထိန်းလို့မရဘူး”ဟု ဦးလှမော်က ဆိုသည်။ စက်ရုံ လည်ပတ်နေသော သန်းဖြိုးသူကုမ္ပဏီအနေနှင့် ကျောက်မီးသွေးစက်ရုံ အဆိုပြုရန် လေ့လာစဉ် ကော့သောင်းမြို့၏ မီးသုံးအားသည် ၂ မဂ္ဂါဝပ် ခန့် ရှိသည့်အတွက် ၂ဝ၁၂ ခုနှစ်ခန့်တွင် ၅ မဂ္ဂါဝပ်ခန့်ရှိလာမည်ဟု ခန့်မှန်းပြီး ၈ မဂ္ဂါဝပ် ကျောက်မီးသွေး ဓာတ် အားပေးစက်ရုံအား တည်ဆောက်ခဲ့ ခြင်းဖြစ်သည်ဟု ဦးလှမော်က ရှင်းပြ သည်။ ကော့သောင်းမြို့တွင် ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်ဓာတ်အားလိုင်း ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဝေသည့် ပုဂ္ဂလိက လုပ်ငန်း ၆ ခု၏ ဓာတ်အားထုတ်လုပ်မှုသည် ၁ မဂ္ဂါဝပ်ခန့် ရှိပြီး ဖိုးသီးချိုမှ ဖြန့်ဝေနေသည် မှာ ၅ဝဝ ကီလိုဝပ်ခန့်ရှိမည်ဟု ဖိုးသီးချိုမှ တာဝန်ရှိသူက ခန့်မှန်း ပြောဆိုသည်။ ဖိုးသီးချိုမှာ ကော့သောင်းမြို့ တွင် ဒီဇယ်အင်ဂျင်ဖြင့် လည်ပတ် ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေ သော ကုမ္ပဏီတစ်ခု ဖြစ်သည်။ လျှပ်စစ်ဝန်ကြီးဌာနနှင့် ဖိုးသီး ချိုကုမ္ပဏီ စာချုပ်ချုပ်ဆိုပြီး ဖိုးသီးချိုကုမ္ပဏီမှ လျှပ်စစ်မီးဖြန့်ဝေခဲ့သည့် EPC မီတာနှင့် မီးလိုင်းများအား သန်းဖြိုးသူကုမ္ပဏီသို့ စက်တင် ဘာလ ၁ ရက်နေ့မှ စပြီး လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း၊ လက်ရှိတွင် သန်းဖြိုးသူကုမ္ပဏီက ကျောက်မီးသွေးစက်ရုံဝင်းအတွင်းရှိ မီးစက်နှစ်လုံး၊ EPC ဝင်းအတွင်းမှ ဖိုးသီးချိုကုမ္ပဏီပိုင် မီးစက်နှစ်လုံးဖြင့် လျှပ်စစ်ဓာတ်အား စတင် ဖြန့်ဝေလျက်ရှိကြောင်း ဖိုးသီးချိုမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။ ”ဒီလ EPC မီးလိုင်းမီတာခကို သန်းဖြိုးသူ ကုမ္ပဏီက ကောက်ပါ လိမ့်မယ်”ဟု ၄င်းက ဆိုသည်။ ကော့သောင်းကျောက်မီးသွေး စက်ရုံကို တည်ဆောက်ခဲ့သည့် သန်းဖြိုးသူကုမ္ပဏီမှ စက်တင်ဘာလမှစတင်ပြီး ဒီဇယ်ဖြင့် စတင်လည်ပတ်ကာ လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးနေပြီး တစ်ယူနစ်ဈေးနှုန်း ကျပ် ၃၇ဝ ဖြစ်ကြောင်း ဦးလှမော်ထံမှ သိရသည်။ ပုဂ္ဂလိက လျှပ်စစ်ဖြန့်ဖြူးရေးများတွင် ဈေးကွက်ဝေစု အများဆုံး ဖြစ်သည့်ဖိုးသီးချို လျှပ်စစ်ဓာတ်အား ဖြန့်ဝေရေးလုပ်ငန်းမှ ကိုယ်ပိုင်မီတာ ကိုယ်ပိုင်မီးလိုင်းဖြင့် လက် ရှိ ဖြန့်ဝေနေသည့် ဈေးနှုန်းသည် ဒီဇယ်တစ်လီတာဈေးနှုန်း အတက်အကျကို မူတည်ပြီး ထိုင်းဘတ်ငွေဖြင့် ပေးချေရသည့်ဒေသအခေါ်”ဘတ်မီး”မီတာခသည် တစ်ယူနစ် လျှင် ကျပ် ၄၅ဝနှင့် ၅ဝဝကြားရှိသည်။ သန်းဖြိုးသူကုမ္ပဏီမှ လက်ရှိ ဒီဇယ်ဖြင့် ပေးနေသည့် ဈေးနှုန်းသည် ဖိုးသီးချိုကုမ္ပဏီထက် နည်းပါးသည့် အတွက် ပြောင်းသုံး သူရှိနိုင် သော်လည်း မီးပြောင်းသုံးလျှင် မီ တာပြောင်းရမည့် ကုန်ကျစရိတ် ရှိသည့်အတွက် လူတိုင်း ပြောင်းသုံးနိုင်မည်ဟု မထင်ကြောင်း EPC မီတာနှင့် ဖိုးသီးချိုမီတာ နှစ်ခုတွဲပြီး မျှသုံးနေသည့် ရွှေပြည်သာ ရပ်ကွက် နေဒေသခံတစ်ဦးကသုံးသပ်သည်။ ”ဈေးက အရမ်းမကွာဘူးဆို တော့ မပြောင်းနိုင်ဘူးထင်တာပဲ” ဟု ယင်းဒေသခံက မှန်းဆ ပြောဆို သည်။ သန်းဖြိုးသူ ကုမ္ပဏီအနေဖြင့် အအေးခန်းလုပ်ငန်းများ၊ ရေခဲစက်များနှင့် ဝပ်ရှော့ရုံများတွင် မီတာတိုး ချဲ့နိုင်ရန်အဓိကထား ကြိုးစား မည်ဖြစ်ပြီး ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံလည်ပတ် နိုင်ရန်အတွက် မိမိတို့ကုမ္ပဏီမီးလိုင်းအား သုံးစွဲသူများ လာမည့် အချိန်ကို စောင့်ရမည် ဖြစ်ကြောင်း၊ လက်ရှိဒီဇယ်ဖြင့် လည်ပတ်နေ ချိန်တွင် တစ်ယူနစ် ကျပ် ၃၇ဝ ဖြင့် အရှုံးခံပေးထား ကြောင်း ဦးလှမော်ကဖွင့်ဟသည်။ ”ကျောက်မီးသွေးနဲ့ လည်တဲ့အချိန်ဆိုရင်တော့ ၂ဝဝ ကျပ်နဲ့ ပေးမှာပါ”ဟု ဦးလှမော်ကပြောသည်။ သန်းဖြိုးသူကုမ္ပဏီမှ တည်ဆောက်သည့် ကော့သောင်း ကျောက်မီးသွေးစက်ရုံအား လူနေရပ်ကွက်နှင့် ဆယ်မိုင်အကွာ သို့ ပြောင်းရွှေ့ပေးရန် ဒေသခံများက အကြိမ် ကြိမ် တောင်းဆိုခဲ့ကြပြီး စက်ရုံစမ်းသပ် လည်ပတ်ချိန်တွင် အသံဆူညံ လွန်းခြင်း၊ ညှော်နံ့ပြင်းခြင်းကြောင့် ရပ်ကွက်နေလူထုများ အထိတ်တလန့် ဖြစ်ခဲ့ကြသည်။ 
From : Popular

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here