နေအိမ်ခန်းတစ်ခုအသွင် အသုံးပြုနိုင်သော အဆင့်မြင့်နည်းပညာများ ပါဝင်သည့် Volkner Mobile Performance Bus ဟု အမည်ပေးထားသော ဇိမ်ခံဘတ်စ်ကားကြီး၏ တန်ဖိုးမှာ ပေါင်စတာလင် ၁ ဒသမ ၂ သန်းအထိပင်ရှိနိုင်ကြောင်း သိရသည်။အဆိုပါကားကြီးပေါ်တွင် အိပ်ခန်း၊ မီးဖိုခန်း၊ ဧည့်ခန်း၊ ရေချိုးခန်းနှင့် အခြား ဇိမ်ခံဖျော်ဖြေးရေးပစ္စည်းများ ပါဝင်သည်။ ထို့အပြင် ပြိုင်ကားအရွယ် Ferrari သို့မဟုတ် Lamborghini စူပါကားတစ်စီးကိုလည်း ထည့်သွင်းသယ်ဆောင်သွားနိုင်မည် ဖြစ်သည်။

အရှည် ပေ ၄၀ ရှိသော အဆိုပါဘတ်စ်ကားကြီးကို မှာကြားဝယ်ယူလိုသူများ အနေဖြင့် ကားပေါ်တွင် မိမိတို့ စိတ်တိုင်းကျ တပ်ဆင်ထည့်သွင်းလိုသည်များ၊ မွမ်းမံပြင်ဆင်လိုသည်များကို ရွေးချယ်နိုင်ပြီး မိမိထည့်သွင်းသမျှ၊ မွမ်းမံပြင်ဆင်သမျှပေါ်မူတည်၍ ဘတ်စ်ကားတစ်စီးလျှင် ပေါင်စတာလင် ၇၅၀,၀၀၀ မှ ၁ ဒသမ ၂ သန်းအထိ ကျသင့်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းရှိ ချမ်းသာကြွယ်ဝသူများထံမှ အမှာစာများကို လက်ခံရရှိထားပြီးဖြစ်ကြောင်း သိရသည်။
From -Planet.com.mm