အောင်ပန် ၊ ၊ရွှေကြိဂံနယ်မြေတွင် အပိုင်စိုးသော မူးယစ်နယ် စားနော်ခမ်းသည်မဲခေါင်မြစ်ကြောင်းတလျောက်ပြေးဆွဲနေသော ကုန်စည် သဘောင်္များကိုပြန်ပေးဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်းနှင့် အဓိကစီးပွားရေးလုပ်ငန်းမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန် ချီခြင်း လုပ်ငန်းများလုပ်ကိုင် ခဲ့သည်။ ကမ္ဘာတလွှားတွင် အက်ဖက်တ မင်းမူး ယစ်ဆေးဝါး များကို ရွှေတြိဂံဒေသမြန်မာ ဖက်ခြမ်းတွင် ထုတ်လုပ်ပြီး အများစုမှာထိုင်းနိုင်ငံကိုဖြတ်ကျော်၍ ကမ္ဘာဈေးကွက်သို့တင် ပို့ခဲ့သည်။
ထိုင်းနိုင်ငံအတွင်းအက်ဖက်တမင်းမူးယစ် ဆေးဝါးအန္တရာယ်ကြီးမြှင့်လာမှုကြောင့် မူးယစ်နယ်စားနော်ခမ်းကိုဆုငွေထုတ်ခဲ့ပြီးနောက် မကြာခင် လာအိုနိုင်တွင်ဖမ်းဆီးရမိပြီး တရုပ်နိုင်ငံသို့လွဲပြောင်းပေးအပ်ခဲ့သည်။၂၀၁၁ခုနှစ် အောက်တိုဘာလ တွင် မဲခေါင်မြစ်အ တွင်း ခုတ်မောင်းနေသော တရုပ်သဘောင်္ ၂စီးအားတိုက်ခိုက်ပြီး တရုပ်သဘောင်္သား ၁၃ဦးသတ်ဖြတ်ခဲ့မှုဖြင့် နော်ခမ်းအပါအဝင် (၅)ဦးအားယူနန်ပြည်နယ်မြို့တော်ကူမင်းတရားရုံးတွင်တရားစွဲဆိုခဲ့သည်။အဆိုပါတိုက်ခိုက်မှုတွင်နော်ခမ်းအဖွဲ့အပြင်ထိုင်းစစ်သားအချို့ပူးပေါင်း ပါဝင်ကြောင်းလည်းစွဲချက်တင်ထားသည်။
နော်ခမ်းနှင့်အဖွဲ့အား အရေးယူအပြစ်ပေးရန်အတွက် ကူမင်းတရားရုံးတွင် အမှုစစ်ဆေးနေစဉ်အတွင်း တရားသူကြီးနှင့် အဖွဲ့အား မူးယစ်နယ်စားနော်ခမ်းက ” မိမိမှာငွေသားပိုင်ဆိုင်မှု ဒေါ်လာ၁သန်းလျောလျော့ရှိပါတယ်။ မိမိသတ်ဖြတ်ခဲ့မိတဲ့သူတွေ အတွက်ဝမ်းနည်းရပြီး ကျန်ရစ်သူမိသားစုဝင်တွေအား မိမိအနေဖြင့် နစ်နာလျော်ကြေးပေးလိုကြောင်း”အား defendant တင်ပြတောင်း ဆိုခဲ့ကြောင်း တရုပ်မီဒီယာသတင်းများကိုကိုးကားပြီး UPI သတင်းတွင်ဖေါ်ပြထားသည်။
ref: FNG