Friday, September 28, 2012

ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသထွက် ရွှေဖရုံသီးများဈေးကောင်းရ

0 comments
 Photo: ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသထွက် ရွှေဖရုံသီးများဈေးကောင်းရ

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်း၊ ရွာငံ၊ ပင်းတယ၊ တီကျစ်၊ နောင်တရားနှင့် အောင်ပန်း ဒေသ ထွက် ရွှေဖရုံသီးများ ယခု ရက်ပိုင်းတွင် အောင်ပန်းမြို့ ပြည်သာယာ ကုန်စိမ်းဈေး ၌ ဈေးကောင်း ရလျက်ရှိကြောင်း သိရသည်။
ရွှေဖရုံ သီးကို ဒေသတွင်း၌ မီးဖိုချောင် သီးနှံအဖြစ် အသုံးပြုလျက် ရှိပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြား နယ်မြို့များတွင် ဟင်းချက်စရာ အဖြစ် အသုံးပြုမှု အပြင် နည်းပညာ အသုံးပြု၍ အခြား စားသုံးစရာ ထုတ်ကုန်များ အဖြစ် အသွင်ပြောင်း ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ရောင်းချလျက် ရှိကြောင်း သိရသည်။ သို့ဖြစ်၍ ယခု စက်တင်ဘာ နောက်ဆုံးပတ် တွင် ရွှေဖရုံသီး တစ်လုံး ဈေးနှုန်းမှာ အလုံး အကြီးအသေး အပေါ် မူတည်၍ ငွေကျပ် ၃၅ဝမှ ငွေကျပ် ၄၁ဝ ဈေးနှုန်းဖြင့် ဝယ်ယူ ရရှိ နိုင်ကြောင်းနှင့် ဖော်ပြပါ ဈေးနှုန်းမှာ လက်ကား ဈေးနှုန်းဖြစ် ပြီး လက်လီ ဝယ်ယူ ပါက ဈေးနှုန်း ပိုမို မြင့်မားကြောင်း သိရသည်။

မြ၀တီ
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်း၊ ရွာငံ၊ ပင်းတယ၊ တီကျစ်၊ နောင်တရားနှင့် အောင်ပန်း ဒေသ ထွက် ရွှေဖရုံသီးများ ယခု ရက်ပိုင်းတွင် အောင်ပန်းမြို့ ပြည်သာယာ ကုန်စိမ်းဈေး ၌ ဈေးကောင်း ရလျက်ရှိကြောင်း သိရသည်။
ရွှေဖရုံ သီးကို ဒေသတွင်း၌ မီးဖိုချောင် သီးနှံအဖြစ် အသုံးပြုလျက် ရှိပြီး နေပြည်တော်၊ ရန်ကုန်၊
မန္တလေးနှင့် အခြား နယ်မြို့များတွင် ဟင်းချက်စရာ အဖြစ် အသုံးပြုမှု အပြင် နည်းပညာ အသုံးပြု၍ အခြား စားသုံးစရာ ထုတ်ကုန်များ အဖြစ် အသွင်ပြောင်း ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ရောင်းချလျက် ရှိကြောင်း သိရသည်။ သို့ဖြစ်၍ ယခု စက်တင်ဘာ နောက်ဆုံးပတ် တွင် ရွှေဖရုံသီး တစ်လုံး ဈေးနှုန်းမှာ အလုံး အကြီးအသေး အပေါ် မူတည်၍ ငွေကျပ် ၃၅ဝမှ ငွေကျပ် ၄၁ဝ ဈေးနှုန်းဖြင့် ဝယ်ယူ ရရှိ နိုင်ကြောင်းနှင့် ဖော်ပြပါ ဈေးနှုန်းမှာ လက်ကား ဈေးနှုန်းဖြစ် ပြီး လက်လီ ဝယ်ယူ ပါက ဈေးနှုန်း ပိုမို မြင့်မားကြောင်း သိရသည်။
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here