သျှမ်းပြည်မြို့တော် တောင်ကြီး၌ ပြုလုပ်ကျင်းပသည့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲ၌ မူစယ်ခရိုင်မှ နမ့်ခမ်းမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ပထမ ရရှိခဲ့သော် လည်း ဗဟိုအဆင့် နေပြည်တော်သို့ သွားရောက်ယှဉ်ပြိုင်ခွင့် မရကြောင်း သိရှိရပါသည်။

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲကို တောင်ကြီး၌ အောက်တိုဘာ ၅ ရက် နံနက် ၈ နာရီ မှ ၁၁ နာရီထိ ပြုလုပ်ကျင်းပခဲ့ရာ မူစယ်ခရိုင် ကိုယ်စားပြုသည့် နမ့်ခမ်း သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ပထမ၊ မိုင်းဖြတ်ခရိုင်မှ လားဟူယဉ်ကျေးမှုအဖွဲ့က ဒုတိယ၊ ၀ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသမှ ၀ ယဉ်ကျေးမှုအဖွဲ့က တတိယ ရရှိသွားကြောင်း ဆို၏။
“နေပြည်တော်မှာ သွားကိုသွားပြိုင်စေရမယ်လို့ အားခဲပြီး လူငယ်တွေက ကြိုးစားကြတာ။ ပထမ ရလာ ပေမဲ့ နေပြည်တော်မှာ သွားမပြိုင်ရတော့ ဝမ်းနည်းကြတာပေါ့။ ကြိုးစားလာသမျှ အချည်းနှီးဘဲ။ မူစယ်ခရိုင်က ၂ ယောက်ခေါ်လာတယ်။ အားလုံးမသွားရတော့ မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြ တယ်” ဟု နမ့်ခမ်း သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ လူငယ်တစ်ဦးက ပြောပါသည်။
နမ့်ခမ်းမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သည် ခရိုင်အဆင့် မူစယ်၌ သွားရောက်ယှဉ်ပြိုင်ရာတွင် ပထမ ရရှိခဲ့သဖြင့် ပြည်နယ်အဆင့် တောင်ကြီး၌ သွားရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။
အောက်တိုဘာ ၁၂ ရက်(သောကြာနေ့)တွင် အဆိုပါ ပထမဆု ရရှိခဲ့သည့် နမ့်ခမ်း သျှမ်းစာပေနှင့် ယဉ်ကျေးမှုမှ လူငယ်အကအဖွဲ့အား နမ့်ခမ်းမြို့ခံများက ညစာစားပွဲဖြင့် ဂုဏ်ပြုပွဲ ပြုလုပ်ပေးမည်ဖြစ် ကြောင်း၊ အဆိုပါ ဂုဏ်ပြုပွဲမှလည်း ကချင်ပြည်အတွင်း စစ်ဘေးဒုက္ခခံနေရသည့် သျှမ်းလူမျိုးများ အတွက် အလှူငွေ ကောက်ခံသွားမည်ဖြစ်ကြောင်း ဆိုသည်။

ပထမဆု ရရှိခဲ့သည့် နမ့်ခမ်း သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (Photo:SHAN)
“အစကတော့ ပထမရတဲ့အဖွဲ့ကို သျှမ်းပြည်ကိုယ်စားပြုတဲ့အနေနဲ့ နေပြည်တော်မှာ သွားပြိုင်ရမယ်လို့ ပြောတယ်။ နောက်ဆုံးတော့ တောင်ကြီး (ယဉ်ကျေးမှုဌာန) က နေပြည်တော် သွားပြိုင်ဖို့ဆိုပြီး သျှမ်းဆိုရင် တစ်ခရိုင် ၂ ယောက်၊ တခြားတိုင်းရင်းသားကတော့ လူမျိုးတမျိုးကို ၂ ယောက် ဆိုင်ရာ ယဉ်ကျေးမှုအဖွဲ့ကို ရွေးခိုင်းပြီး တောင်ကြီးကို ပို့စေတယ်။ ၁၈ ရက်နေ့အထိ camp ထဲဝင်ပြီး နေပြည်တော်မှာ သွားပြိုင်ဖို့ လေ့ကျင့်ပေးနေတယ်” ဟု မူစယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ လူငယ်တစ်ဦးက ပြောပါသည်။မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲကို တောင်ကြီး၌ အောက်တိုဘာ ၅ ရက် နံနက် ၈ နာရီ မှ ၁၁ နာရီထိ ပြုလုပ်ကျင်းပခဲ့ရာ မူစယ်ခရိုင် ကိုယ်စားပြုသည့် နမ့်ခမ်း သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ပထမ၊ မိုင်းဖြတ်ခရိုင်မှ လားဟူယဉ်ကျေးမှုအဖွဲ့က ဒုတိယ၊ ၀ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသမှ ၀ ယဉ်ကျေးမှုအဖွဲ့က တတိယ ရရှိသွားကြောင်း ဆို၏။