ပုဂ္ဂလိကဘဏ်များအနေဖြင့် ဟောင်းနွမ်းနိုင်ငံခြားငွေများကို လဲလှယ်ပေးရန် ဗဟိုဘဏ်က တိုက်တွန်းထားေ ကြာင်း သိရသည်။ တရားဝင်နိုင်ငံခြားငွေလဲလှယ်ရေးဌာနများ ကအမေရိကန်ဒေါ်လာကဲ့သို့ သော နိုင်ငံခြားငွေ အဟောင်းအနွမ်းများကို လဲလှယ်မပေးသည့်အတွက် ငွေလဲလှယ်လိုသူများမှာ အခက် အခဲကြုံတွေ့နေရကြောင်း၊ ၎င်း ကိစ္စကို အလွယ်တကူလဲလှယ် ပေးနိုင်ရန်အတွက် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်တာဝန်ရှိသူများတွေ့ ဆုံပွဲတွင် ဗဟိုဘဏ်မှ တာဝန်ရှိ သူများက တိုက်တွန်းခဲ့ကြကြောင်း နိုင်ငံတကာတွင် ငွေအဟောင်း အနွမ်း များကို ပေါက်ဈေးထက် အနည်းငယ် လျှော့ပြီး လဲလှယ် ပေးသင့်ကြောင်း၊ ဗဟိုဘဏ်က တိုက်တွန်းခဲ့သည်ဟု သိရသည်။
ယခင်က အမေရိကန် စီးပွား ရေးပိတ်ဆို့ထားသဖြင့် အမေရိ ကန် ဒေါ်လာကို နိုင်ငံခြားဘဏ် များတွင် လဲလှယ်ရန် အခက်အခဲ ရှိကြောင်း၊ ယခုအခါ ဗဟိုဘဏ် က တိုက်တွန်းသည့်အတိုင်းလက် ခံယူတော့မှာဖြစ်ကြောင်း၊ ယခု ရက်ပိုင်းအတွင်းတွင် အမေရိကန် ဒေါ်လာ ဈေးကျနေပြီး မြန်မာ ငွေပို မာလာတာတွေ့ရကြောင်း၊ ဗဟိုဘဏ်၏ သတ်မှတ်ဈေးနှုန်း အရ တစ်ဒေါ်လာကို ကျပ်(၈၈၀) မှ (၈၅၄)ကျပ်ထိ ဖြစ်သွားကြောင်း အာမခံလိုင်စင် အသစ်များ ချ ပေးခြင်းခရီးသွားလုပ်ငန်းတွင်ခရီး သွားများ များပြားလာခြင်း ကြောင့် ဒေါ်လာ ရောင်းသူများ မှာ ၀ယ်ယူသူ နည်းသည့်အတွက် ဒေါ်လာဈေးကျခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ် တာဝန်ရှိသူတစ် ဦးထံမှ သိရသည်။
မင်းလွင် (ဘဏ်)