အမျိုးသား
ပြတိုက်(ရန်ကုန်)သို့ မိုင်းရှူး စော်ဘွားဆက် ကိုးဆက်မြောက် နောက်ဆုံး
စော်ဘွားကြီး စဝ်မန်ဖ၏ ဇနီးဖြစ်သူ နန်းမိုတစ်သည် ရှမ်းပြည်နယ်
(တောင်ပိုင်း) မိုင်းရှူး စော်ဘွား ဆက် လေး ဆက် မြောက် စော်ဘွားကြီး
စဝ်ခွန်မုံ (မြန်မာ သက္ကရာဇ် ၁၂၁၁- ၁၂၄၂)အား မင်းတုန်း မင်းတရားကြီးက
ချီးမြှင့် ထားသော ''မဟာဇေယသီရိ သိုဟုံဘွား'' ရွှေတံဆိပ်တော် ကို လည်းကောင်း၊
မိုးနဲမြို့ ဈေး ရပ်ကွက်နေ ဒေါ်ဝင်းခိုင် လှူဒါန်းသည့် ရှေးရှမ်း
သူရဲကောင်း များ ဆောင်ထားသော အင်းလက်ဖွဲ့ (၂)ကုံးကို အလှူရှင် ကိုယ်စား
ဦးစိုင်းအောင်ထွန်း က လည်းကောင်း အောက်တိုဘာ ၁၃ ရက် မွန်းတည့် ၁၂ နာရီက
လာရောက် လှူဒါန်းကြရာ ယဉ်ကျေးမှု ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသန်းဆွေက
လက်ခံပြီးကျေးဇူးတင် စကား ပြောကြား ကာ ဂုဏ်ပြု မှတ်တမ်းလွှာများပေး
အပ်ခဲ့ကြောင်း သိရသည်။
မြ၀တီ