မိုင်းဆက်မြို့နယ်၊ မိုင်းတွမ်းကျေးရွာအုပ်စုအတွင်းရှိရွာများမှ
ဆက်ကြေးကောက်ရန် မအို့ရွာသူကြီး ဦးလုံးကျိုင်း ထံသို့ အောက်(၅)ရက်နေ့တွင် SSA ရွက်ဆစ်အဖွဲ့မှ
စာပို့ပြီး ဆက်ကြေးကောက် ခိုင်းခဲ့ကြောင်း သိရပါတယ်။
``အရင်တုန်းကတော့ သူတို့လူတစ်ယောက်လွှတ်ပြီး
ဆက်ကြေးကောက်ခိုင်းပါတယ်။ အခုနောက်ပိုင်းလူမ လာတော့ဘဲ စာပို့ပြီး ရွာသူကြီးတွေကို ခိုင်းတယ်။
အစိုးရစစ်ကြောင်းတွေလည်း အ၀င်အထွက်ရှိတော့ သူတို့ရွာထဲကို မလာရဲတော့ဘူး။ သူတို့ အဖွဲ့က
ရွာတစ်ရွာကို ဆက်ကြေးတောင်းတော့မယ်ဆိုရင် အဲဒီ့ရွာသား(၄/၅) ယောက် လောက်ကို အရင်ဆုံးဖမ်းခေါ်သွားတယ်။
အချုပ်ခန်းတွေနဲ့ထည့်ထားပြီး သူတို့ စခန်း ပြင်ဆင်တာတွေ၊ ကျင်းတူး တာတွေ၊ ဘိန်းစိုက်ခိုင်းတာတွေမှာသုံးပါတယ်။
ဆက်ကြေးမပေးတဲ့ရွာက အ ချုပ် သားတွေကို သတ်ပစ်ပြီး ဆက်ကြေး ပေးတဲ့ရွာက အချုပ်သားတွေကို
အလှည့်ကျပြန်လွှတ်ပေးတယ်´´လို့ ယခင်အချုပ်သား ဘ၀ရောက်ခဲ့ဘူးသူ မဟုန်ထွယ် ရွာက အမည်မဖော်လိုသူ
တစ်ဦးမှ ပြောပြသွားပါတယ်။
SSA(ရွက်ဆစ်)အဖွဲ့မှ မိုင်းတွမ်းးမြေပြန့်ကျေးရွာအုပ်စုရှိ
မအို့ရွာသူကြီးထံ ပေးတဲ့စာကို မေးနဲ့ ပို့ပေးတဲ့
ကိုထွန်း (မိုင်းဆက်)ကို (Shannews)မှ ကျေးဇူးအထူးတင်ရှိပါတယ်။

