တောင်ကြီး နိုဝင်ဘာ ၁၅
အစိုးရနဲ့ ငြိမ်းချမ်းရေး
သဘောတူညီမှုရရှိထားတဲ့ ၀ တပ်ဖွဲ့တွေအနေနဲ့ တပ်ဖွဲ့ဝင်အင်အားတွေ တိုးမြှင့်ဖို့ အတွက်
ဝ တပ်ဖွဲ့ဝင်တွေထိန်းချူပ် တဲ့ဒေသတွေမှာရှိတဲ့ ယောက်ျားမှန်သမျှ ၀ တပ်ဖွဲ့မှာ ပါဝင်စစ်မှုထမ်းဖို့
နိုဝင်ဘာ(၁)ရက်နေ့ကအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ၀တပ်ဖွဲ့တွေအနေနဲ့ တစ်ဖက်မှာလည်း အစိုးရနဲ့
ငြိမ်းချမ်း ရေးရယူထားသလို တစ်ဖက်မှာလည်း တပ်အင်အားတွေတိုးမြှင့်နေပါတယ်။
ဝတပ်ဖွဲ့တပ်အင်အားတိုးမြှင့်ရန်အတွက်လူသစ်များစုဆောင်းရာတွင်
ကျေးရွာများ၌ တစ်အိမ် တစ်ယောက် မ၀င်မနေရ စုဆောင်းခြင်း၊ တစ်အိမ်တစ်ယောက်မပေးနိုင်ပါက
ဒဏ်ကြေးငွေများ ပေးဆောင်စေခြင်း၊ အရွယ်မရောက်သေးသောကလေးသူငယ်များကိုပင် စုဆောင်းမှုများ
ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။ ယခုကဲ့သို့ အတင်းအဓမ္မ စုဆောင်းမှုများရှိသောကြောင့်
ဒေသခံများမှာ နေရပ်ကို စွန့်ခွာ၍ပြည်မအတွင်းသို့ ထွက်ပြေးမှုများပြုလုပ်နေကြပြီး အတင်းအဓမ္မ
လူသစ်စုဆောင်းမှုများ အတွက် တားဆီးကာကွယ်ရန် ကုလသမဂ္ဂသို့ တိုင်ကြားလိုကြောင်း မိုင်းဟန်
ကျေးရွာသား တစ်ဦးမှ ပြောကြားခဲ့သည်။