Monday, November 19, 2012

လားရှိုးမြို့၌ ငွေကျပ် ၁၆ ၁ သိန်း တန်ဖိုးရှိ မူးယစ် ဆေးဝါးများ သိမ်းဆည်း ရမိ

0 comments
နိုဝင်ဘာ(၁၉)


လားရှိုးမြို့၌ နိုဝင်ဘာ ၁၃ ရက်က အက်ဖီဒရင်း ဆေးပြား တစ်သိန်း၊ ဆူဒို အက်ဖီဒရင်း အာနိသင် ပါဆေး ပြား ငါးသိန်းကျော် တို့ကို သိမ်းဆည်း ရမိခဲ့ ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ လားရှိုး (မူးယစ်) အထူးအဖွဲ့မှ တာဝန်ရှိသူများ သည် နိုဝင် ဘာ ၁၃ ရက် နံနက်ပိုင်း က လားရှိုးမြို့ ရပ်ကွက် (၁) ဘူတာ လမ်း နှင့် မြဝတီ လမ်းထောင့်၌ မြဝတီလမ်း ဘက်မှ ဘူတာလမ်း ဘက်သို့ မောင်းနှ င် လာသော လိုင်စင်မဲ့ ဖိုးဝှီးဟိုင်းလတ် ယာဉ်တစ်စီး အား ရှာဖွေရာမှ ယာဉ်ပေါ်ပါ အိန္ဒိယ နိုင်ငံ ထုတ်  အက်ဖီဒရင်း ဆေးပြား တစ်သိန်း အလေးချိန် ၁၅ ကီလို(ဒေသ ပေါ က်ဈေး ငွေကျပ် ၆၄၅ သိန်း)၊ဆူဒိုအက် ဖီဒရင်း ဆေးပြား ၅၁၈ဝဝဝ ပြား အလေးချိန် ၁၁၁ ကီလို (ဒေသ ပေါက်ဈေး ငွေကျပ် ၁ဝ၃၆ သိန်း) တို့ကို သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ယာဉ်ပေါ်ပါ ဆေးပြား သယ် ဆောင်သူ ဆမ်ခွက်(အမျိုးသား)နှင့် အိုက်ရုန်း (အမျိုးသား) တို့နှစ် ဦး အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်များ အရ ဆက်စပ် ပတ်သက်သူများ ဖြစ်သော ခင်မောင်ဦး (ခ) မောင်ဦး၊ ကျော်ကျော်ဝင်း၊ နန်းမွန်း(ခ) အား မေတို့အား ဆက်လက် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
 
မြ၀တီ



Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here