Tuesday, November 27, 2012

မြေကျင်းထဲတွင် အမျိုးသား ၃ ဦး သေဆုံး

0 comments
နိုဝင်ဘာ(၂၇)

၂၅-၁၁-၂၀၁၂ ရက်နေ့ ၁၉:၃၀အချိန် မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊ ကမ္မကျေးရွာနေဦးချစ်လှိုင် (၅၈)နှစ်၏ နေအိမ်ဝိုင်းရှိ ရေလောင်းအိမ်သာမြေကျင်းထဲတွင် အမျိုးသား ၃ ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့်ငါန်းဇွန်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ သေဆုံးသူ ပေါက်ကျိုင်း(၂၅)နှစ်သည် အိမ်သာတက်နေစဉ် သီချင်းနားထောင်သည့် ဟန်းစက်မှာ အနက်(၁၅)ပေ ခန့်ရှိအိမ်သာကျင်းထဲပြုတ်ကျသွား၍ဆင်းဆယ်ခဲ့ရာ က ပြန်တက် မလာ သဖြင့်သူငယ်ချင်းဖြစ်သူ ကုလား(၂၅)နှစ်က ထပ်မံဆင်း ဆယ် ခဲ့သည်။

ထိုသို့ ဆင်းဆယ်သော်လည်း ၂ဦးစလုံး ပြန်တက်မလာသဖြင့်အနီးရှိ ဒွေးမောင်(၁၇)နှစ်က အော်ဟစ်အကူ  အညီတောင်း ခံသဖြင့် ပေါက်ကျိုင်း၏ ဖခင်ဖြစ်သူ ဦးချစ်လှိုင်(၅၈)နှစ်ရောက်ရှိလာပြီး ထပ်မံဆင်းသွား ရာ မှ မြေကျင်းအတွင်း အောက်ဆီဂျင်ပြတ်၊အသက်ရှုကြပ်ကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရ၍ ငါန်းဇွန်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၂၆-၁၁-၂၀၁၂ ရက်နေ့ ၀၂၀၀ အချိန်ငါန်းဇွန်ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီသတင်းဌာန 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here