Tuesday, November 27, 2012

ပါကစ္စတန် နိုင်ငံ၌ အဆိပ် ဖြစ်စေသော ချောင်းဆိုးပျောက် ဆေးရည် သောက်သုံး မိသူ ၁၃ ဦး သေဆုံး

0 comments
နိုဝင်ဘာ(၂၇)


ပါကစ္စတန် နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့၌ နိုဝင်ဘာ ၂၄ ရက်က အဆိပ် ဖြစ်စေသော ချောင်းဆိုးပျောက် ဆေးရည်များ သောက်သုံး ပြီးနောက် လူ ၁၃ ဦး သေ ဆုံးခဲ့ပြီး အခြား လူအများ အပြား စိုးရိမ်ရသော အခြေ အနေတွင် ရှိနေကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

နိုဝင်ဘာ ၂၄ ရက် ညနေ ပိုင်းက ဒေသတွင်း ထုတ်လုပ်သော အဆိုပါ ချောင်းဆိုးပျောက် ဆေးရည်အား မူး ယစ်စေရန် မူးယစ်ဆေးဝါး စွဲနေသူ ၂ဝ ကျော်က သောက်သုံး ခဲ့ကြပြီး ချောင်းဆိုးဆေး ပမာဏ များများ သောက်သူမှာ အချိန် အနည်းငယ် အတွင်း အခြေအနေ ဆိုးရွား ခဲ့သည်။

ထိုကဲ့သို့ သောက်သုံးပြီး မကြာမီ နေရာ၌ပင် လူငါးဦး သေဆုံးခဲ့ပြီး ကျန်ရှိသော သူများကိုလည်း ဒေသတွင်း ရှိ မေရိုး ဆေးရုံသို့ အလျင် အမြန် ပို့ဆောင် ခဲ့ရသည်။
အဆိုပါ ဆေးရည်သည် ခန္ဓာကိုယ်  ကိုယ်တွင်း အင်္ဂါ အစိတ် အပိုင်း များအား ပျက်စီး စေသည်ဟု မေရိုး ဆေးရုံမှ ဆရာဝန် များက ပြောကြားသည်။ နိုဝင် ဘာ ၂၅ ရက်က ရှစ်ဦး ထပ်မံ သေဆုံး၍ ကျန်ရှိသော လူနာ ခုနစ်ဦးမှ ၁ဝ ဦး အထိ မှာလည်း အရေးပေါ် အခြေ အနေနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။

အဆိုပါ အဆိပ် ဖြစ်စေသော ချောင်းဆိုးပျောက် ဆေးရည်များကို မြို့တွင်းရှိ ဆေးဆိုင်များ၌ ရူပီး ၄ဝ ဖြင့် ရောင်းချ နေကြောင်းနှင့် ၎င်း ချောင်းဆိုးပျောက် ဆေးရည် ထုတ်လုပ်သော ကုမ္ပဏီ များနှင့် ရောင်းချသော ဆေးဆိုင်များအား ချိတ်ပိတ်ရန် အတွက် ဒေသခံ ရဲတပ်ဖွဲ့ဝင် များအား ပြည်နယ် ဝန်ကြီးချုပ်က ညွှန်ကြား ခဲ့ကြောင်း သိရသည်။
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here