ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် အောင်ပန်းမြို့ရှိ ဧရာဝတီဘဏ် လီမိတက်၏ (၂၈)ခုမြောက် အောင်ပန်းဘဏ်ခွဲ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၁)ရက် နံနက် (၈)နာရီ က အဆိုပါ ဘဏ်အဆောက်အအုံ တွင်ကျင်းပခဲ့ကြောင်း သိရှိရသည်။
ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း နှင့် မြို့မိမြို့ဖများ ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသရှိ စီးပွားရေး လုပ်ငန်ရှင်များ ဧရာဝတီဘဏ် လီမိတက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဘဏ်ဝန်ထမ်းများ တက်ရောက် ခဲ့ကြကာ ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်ကျော် ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း ဟိုတယ် လုပ်ငန်းရှင် ဒေါက်တာကြည်လွင် တို့ မှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဧရာဝတီဘဏ် လီမိတက် အောင်ပန်းဘဏ်ခွဲ သည် ငွေလွှဲလုပ်ငန်း များကို ဧရာဝတီဘဏ် လီမိတက်၏ ဘဏ်ခွဲများရှိရာ မြို့များသို့ လည်းကောင်း ချိတ်ဆက်ထားသော ပုဂ္ဂလိက ဘဏ်(၈)ခု တည်ရှိရာ မြို့ကြီး(၅၀) သို့လည်းကောင်း လွယ်ကူလျှင် မြန်စိတ်ချစွာဖြင့် ငွေလွှဲ ပေးပို့နိုင်ကြောင်း သိရှိရသည်။
ပြည်ချစ်သား