စစ်တပ်နှင့် မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်သူများကြားပဋိပက္ခတွင် မာရီယာ ဆူဆာနာဖလောရက်စ် ဂါမက်ဇ် သေနတ်ထိ
စစ်တပ်နှင့် မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်သူများကြား ပဋိပက္ခတွင် မာရီယာ ဆူဆာနာ ဖလောရက်စ် ဂါမက်ဇ် သေနတ်ထိမှန်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ ရုပ်အလောင်းကို စနေနေ့က တွေ့ရှိခဲ့သည်။
မာရီယာအနီးတွင် ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ်တစ်လက် ရှိနေသည်ကိုလည်း တွေ့ရှိရသည်။ အတန်ငယ် အစွန်အဖျားကျပြီး တောင်ထူထပ်သည့် ဆီနိုလိုအာ ပြည်နယ်တွင် စစ်တပ်နှင့် မူးယစ်မှောင်ခိုဂိုဏ်းများကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်မျိုးသည် မက္ကစီကိုတွင် မဆန်းတော့သည့် ကိစ္စတစ်ခုနှယ် ဖြစ်ပျက်လေ့ ရှိနေသည်။ မာရီယာ၏ အနီးတွင် လက်နက် ရှိနေခြင်းက သူမအနေဖြင့် ယင်းကို အသုံးပြုခဲ့ခြင်း ရှိမရှိ မဝေခွဲနိုင်သေးဘဲ ဖြစ်နေသည်။
"အဲဒီအချိန်က မာရီယာဟာ ရာဇဝတ် ဂိုဏ်းနဲ့တူတူ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီအတွက် ခုလို အပစ်အခတ် ကိစ္စမှာ သူပါ ပါဝင်နေတယ်လို့တော့ မပြောနိုင်သေးဘူး"ဟု အစိုးရရှေ့နေ မာကို အန်တိုနီယို ဟီဂွာရာက ပြောကြားခဲ့သည်။
အရပ် (၅)ပေ၊ (၇)လက်မရှိသော သွယ်သွယ်လျလျ အလှမယ်သည် (၂၀၁၂)ခုနှစ်၏ ဆီနိုအိုလာ ကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ် ခံခဲ့ရခြင်း ဖြစ်သည်။
သူမသည် ဖေဖော်ဝါရီလ အလှမယ် ပြိုင်ပွဲတွင် အနိုင်ရခဲ့သည့်နောက် အခြားအလှမယ် (၈)ဦးနှင့်အတူ Our Beauty Sinoloa ပြိုင်ပွဲတွင် ထပ်မံ ပါဝင်ခဲ့သော်လည်း ဆုမရရှိခဲ့ဟု သိရှိရသည်။
ရွှေမြန်မာ